Pages

July 02, 2007

Boring Day

တနင်္ဂနွေနေ့ .. ( 1st day of July) မနက် ၇း၀၀ ထဲက နိုးနေတယ်.. မနေ့ ညက ၂း၀၀ ကျော်မှအိပ်ပေမယ့် စောစောထတာ အကျင့်တစ်ခုဖြစ်သွားတယ် ထင်ပါတယ်။ သူငယ်ချင်းတွေနဲ့ စကားနည်းနည်းပြော.. မနေ့ က လွတ်သွားတဲ့ မနက်စာ၊ ညစာပေါင်းပြီး ဒီနေ့  ဟင်းချက်ဖြစ်တယ်။ ပုဇွန်ဟင်း နဲ့ ကြက်တောင်ပံကြော်... ဒီနေ့  နေလို့  သိပ်မကောင်းဘူး. မနက်စာစားပြီး စားဖတ်နေရင်း ခေါင်းကိုက်လာလို့  အိပ်ပျော်သွားတာ သူငယ်ချင်းတစ်ယောက် နှိုးမှ နိုးတော့တယ်။ နာရီကြည့်လိုက်တော့ နေ့ လယ် ၂ နာရီခွဲ။ ခေါင်းနည်းနည်း ကိုက်နေတယ်။ သာမန်အနေအထား မဟုတ်မှန်း သိပေမယ့် ပြန်မအိပ်ဖြစ်တော့ပဲ သူငယ်ချင်းတွေနဲ့ စကားပြောရင်း ရုပ်ရှင်ကြည့်လိုက် စာဖတ်လိုက် သီချင်းနားထောင်လိုက် လုပ်နေဖြစ်တယ်။ ကျန်တာတော့ မဖြစ်မနေ လုပ်ရမယ့် အ၀တ်လျှော်တာတို့  ဘာတို့ လောက်ပဲ လုပ်ဖြစ်တယ်။ မထူးဆန်းတဲ့ ပျင်းရိဖွယ် တနင်္ဂနွေနေ့ တစ်နေ့ ပါပဲ။

ညဘက်ရောက်တော့ စောစော( ၁၁ နာရီလောက်) အိပ်ရာဝင်ဖြစ်တယ်။ တကယ်ဆို မအိပ်ခင် ရေအချိုးသင့်ပေမယ့် အိပ်ခါနီး ရေးချိုးပြီးမှ အိပ်တတ်တဲ့ အကျင့်ကြောင့် ဘာပဲဖြစ်ဖြစ်ဆိုပြီး အ၀တ်လျှော်၊ ရေချိုးလုပ်လိုက်တယ်။ ညပိုင်းမှာ အိပ်ပျော်သွားလိုက်၊ လန့် နိုးလာလိုက်နဲ့ တညလုံး ကောင်းကောင်း အိပ်မပျော်ဘူး။ ဖျားချင်နေပြီ ထင်ပါတယ်။ လည်ချောင်းတွေလည်း နာနေတယ်။ ထပြီး ဆေးသောက်သင့်တယ် ဆိုပေမယ့် မသောက်ဖြစ်ခဲ့ဘူး။ မထချင်သလို၊ ဆေးသောက်ချင်စိတ်လည်းမရှိဘူး။ ဆေးသောက်မယ်ဆို စားစရာတစ်ခုခု လုပ်စားရဦးမယ်။ မုန့် တခုခု အမြဲ ၀ယ်ထားပါ အခါခါမှာကြပေမယ့် မ၀ယ်ထားဖြစ်ဘူး။ ပြောသာပြောတာပါ. တကယ် ဆေး သောက်မယ်ဆိုတောင်မှ သောက်ဖို့ ဆေးက မရှိဘူး။ အင်း... ရောဂါကို မွေးယူတယ်ဆိုပြီး ဆူမယ်ဆိုလည်း ဆူတယ့်သူ လွန်တယ်လို့  မပြောနိုင်မှန်း သိသာပါတယ်။

ဖျားနေသလိုလို ဘာလိုလိုနဲ့  နေရတာ တမျိုးကြီးပဲ။ ပူစပ်ပူလောင်နဲ့  လည်ချောင်းတွေနာနေသလိုလို။ အင်း ဖျားတယ်ဆိုတာ အတော်သိရခက်တဲ့ အရာပဲ။ ကိစ္စမရှိပါဘူး။ ခုတော့ ငါမဖျားသေးဘူးလို့  မှတ်ထားပြီး လုပ်စရာလေးတွေ လုပ်နေတယ်။ တကယ်ဖျားပြီဆိုတော့ လည်း အသိသားကြီး နေမှာပါ။

3 comments:

Anonymous said...

Hey Sis,

Take care and get well soon. Since there is outbreak of Dengue fever in Singapore, little worry for u.

Trust you will be fine soon.

Ta,
Zin

Nay Nay Naing said...

ခုလို ဂရုတစိုက် နဲ့ ပြောတာ ကျေးဇူးတင်ပါတယ်။ ထုံးစံအတိုင်း ဆေးခန်းမသွာချင်လို့  မသွားဖြစ်သေးဘူး။ နေလို့ ကောင်းပြီလားဆိုတော့ ကိုယ်ပူသလိုလို၊ ခေါင်းကိုက်နေသလိုလို နဲ့  ... သလိုလိုတွေကြီး ဖြစ်နေတယ်။ ခုတော့ အလုပ်မှာ.. ဒီနေ့ မှ နေလို့ မကောင်းရင်တော့ ဆေးခန်းသွားမှ ဖြစ်တော့မယ် ထင်ပါတယ်။

Anonymous said...

ရာသီပြောင်းချိန်မှာ.. အဖော်ကွာလို့
အပြင်ရောအတွင်းရောဥပါဒ်ဝင်