Pages

November 14, 2007

မိုး နှင့် အမ်စီ

မနေ့ ညနက်ပိုင်းကတည်းက ရွာတဲ့မိုး အလုပ်သွားချိန်အထိ သည်းကြီးမည်းကြီး ရွာနေတုန်းပါပဲ။ မိုးတွေ ဒီလောက်တောင် ရွာနေမှတော့ အလုပ်မသွားချင်တော့ဘူး။ ပြန်အိပ်ချင်တဲ့စိတ်၊ ပျင်းနေတဲ့စိတ်ကို အသာထိန်းလို့  ရေအမြန်ချိုး၊ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး မိုးရွာထဲမှာ အလုပ်ကို ထွက်လာခဲ့တယ်.. အခန်းတံခါးဖွင့် အထွက်မှာ အိမ်ရှေ့မှာ ထိုင်နေတဲ့ သူငယ်ချင်းက မိုးတော်တော်ရွာနေတယ်၊ အလုပ်သွားမလို့ လား၊ အမ်စီမယူဘူးလားတဲ့။ မယူဘူး၊ အလုပ်သွားလိုက်ဦးမယ် ဆိုတော့ မိုးရွာထဲ အလုပ်သွားလို့ နေမကောင်းရင် ဘယ်သူမှ ဆေးကုပေး၊ ဘယ်သူမှလည်း ဂရုလာစိုက်မှာ မဟုတ်ဘူးနော်လို့  သတိပေးတယ်။

အလုပ်အလာ လမ်းမှာတင် sms တစ်ခုရတယ်။ အလုပ်က သူငယ်ချင်းတစ်ယောက်က သူ ဒီနေ့  အလုပ်မလာဘူး၊ အမ်စီ ဆိုတဲ့အကြောင်း လှမ်းအကြောင်းကြားတာပါ။ အနားယူလိုက်အုံးမယ်တဲ့။ အလုပ်ရောက်တော့ နည်းနည်းနောက်ကျနေပြီ။ ၉း၂၀ လောက် ရှိနေပေမယ့် ကိုယ့်အနားမှာ ထိုင်တဲ့သူတွေ ထဲမှာ ကိုယ်ထက်စောပြီး အလုပ်ရောက်နေတာဆိုလို့  တစ်ယောက်ပဲ ရှိကြောင်း တွေ့ လိုက် ရတယ်။ ပရော့ဂျက် မန်နေဂျာက ၃ ပတ် ခွင့်ယူထားတာကြောင့်လည်း ပါမှာပေါ့။ မိုးအေးအေး ချမ်းစိမ့်စိမ့်လေးမို့  ရေးနွေးတစ်ခွက် သွားယူသောက်ပြီး ပြန်စရာရှိတဲ့ အီးမေးတွေ ပြန်ပို့ နေတာ၊ ၁၀ ကျော်လို့  ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ခုနကတစ်ယောက်ပဲ အနားမှာရှိကြောင်း သတိထားမိလိုက်တယ်။ ဒီအချိန်မှ မရောက်သေးတာ မဖြစ်နိုင်တာကြောင့် ကျန်တဲ့သူတွေ မီတင်များ သွားနေကြလားလို့  မေးကြည့်လိုက်တော့ ဒီနေ့  မနက် ဘာမီတင်မှ မရှိပါဘူးတဲ့။ ဒါဆို သေချာပြီပေါ့။ အားလုံး မိုးအေးအေးနဲ့  အမ်စီယူပြီး အိမ်မှ ကွေးကုန်ကြပြီ။ ဒီနေ့  အလုပ်မှာ ကျွန်မရဲ့ ရှေ့၊ နောက်၊ ဘေးတွေမှာ ထိုင်တဲ့ လူ ၄ ယောက် အပါအ၀င် အမ်စီယူတာ ကျွန်မတို့  အဖွဲ့  တစ်ခုတည်းကတင် ၆ ယောက် ရှိပါတယ်။

တွေးမိတယ်။ ဒီနေ့ မိုးရွာထဲအလုပ်လာရင် ဘယ်လိုလာလာ မိုးနည်းနည်းတော့မိမှာပဲ၊ ပြီးတော့ ခြေထောက် ရေစိုနဲ့  အေးစိမ့်နေတဲ့ အဲယားကွန်းခန်းတွေ ထဲမှာ တစ်နေကုန် အလုပ်လုပ်ရမယ်ဆို နောက်နေ့ မှ နေမကောင်းဖြစ်ဖို့ က ၈၀% သေချာနေပြီ။ ဒါဆို နောက်တစ်နေ့ မှာ အမ်စီရတော့မယ်။ တစ်ရက် အမ်စီယူရတာချင်း အတူတူ တစ်နေ့ ကြိုယူလိုက်တော့ လူလည်း မပင်ပန်း ဆေးသောက်စရာမလိုပဲ အနားရတာပေါ့။ အင်း... ဒီနေ့ လို မိုးသည်းကြီးမည်းကြီး ရွာတဲ့ မနက်ခင်းတွေမှာ အလုပ်မသွား၊ အမ်စီ ယူသူများကို အမျှော်အမြင်ကြီးသူများလို့  ခေါ်ရမယ်။ အခု အနွေးထည် ထူထူဝတ်ထားပြီး ရေနွေးပူပူတွေ သောက်နေတဲ့ကြားက ချမ်းစိမ့်စိမ့်နဲ့  သိပ်ပြီး နေလို့ မကောင်းတော့ဘူး။ မနက်ဖြန်ဆို ဖျားတော့ မလားမသိ။ မဖျားချင်ဘူး။ မိဝေးဖဝေး တစ်ယောက်တည်း နေတဲ့အချိန် ဖျားနာနေရင် ဘယ်လောက် ဒုက္ခရောက်တယ် ဆိုတာ ခံစားဖူးမှ သိကြမှာ။ အင်း... နောက်ဆို မနက်အလုပ်သွားချိန် မိုးရွာရင် အမ်စီယူဖို့  စဉ်းစားမှ ဖြစ်တော့မယ်။ ကျန်းမာရေးက အရေးကြီးတယ် မဟုတ်လား။ ဒီလိုနဲ့ ပဲ ဒီနိုင်ငံမှာ မနက်စောစော အလုပ်သွားချိန် မိုးသည်းကြီးမည်းကြီးရွာရင် အမ်စီယူပြီး အလုပ်မလာကြတာ ထုံးစံတစ်ခုလို ဖြစ်လာတာ ထင်ပါတယ်။

November 13, 2007

Browsershots : Cross Browser Testing

Browser တွေအကြောင်း လျှောက်ဖတ်ကြည့်နေရင်း Website တစ်ခုကို တွေ့ တယ်။ အင်တာနက်ပေါ်က Site တစ်ခုကို Different Operation System တွေမှာ Different Browser တွေသုံးပြီး ကြည့်မယ်ဆို ဘယ်လို မြင်ရမလဲဆိုတဲ့ Screenshot ပုံတွေ ထုတ်ပေးတဲ့ Website ပါ။ Website ရေးတဲ့သူတွေအတွက် အသုံးဝယ်မယ့် ဆိုဒ်တစ်ခုပါပဲ။ ဘလော့ရေးသူတွေ အတွက်လည်း အသုံးဝင်မယ်။ ကိုယ့် ဘလော့လေး Template ပြောင်းပြီးရင် တခြား Browser တွေနဲ့  အဆင်ပြေပြေ မြင်ရပါ့မလားဆိုတာကို အရင်ကလို တစ်ခုချင်း လိုက်စမ်းနေစရာ မလိုတော့ပဲ၊ ဒီဆိုဒ်လေး သုံးပြီး လွယ်လွယ်ကူကူ စမ်းသပ်နိုင်သွားတာပေါ့။

တကယ်ဆို Website တွေ၊ Web Application တွေရေးတဲ့အခါ Cross Platform Browser Independent ဖြစ်ဖို့  လိုပါတယ်။ ဟိုးအရင်ကဆို Website အတော်များများက ဘယ် Browser, ဘယ် version ကိုသုံးမှ ကြည့်လို့  ရမယ် ဆိုတာမျိုး အမြဲတွေ့  ရတယ်။ ခုနောက်ပိုင်းတော့ အရင်ကထက် စာရင်တော့ အင်တာနက်ပေါ်က websites တွေဟာ Browser Independent လာတာကို တွေ့ ရတယ်။

အခု ကျွန်မ တွေ့ တဲ့ Browsershots က အခု လက်ရှိအနေနဲ့  တော့ Linux, Windows , Mac OS တွေမှာ သုံးတဲ့ Browser တချို့ နဲ့  စမ်းသပ်လို့ ရပါတယ်။ Screen size, Color depth, Javascript, Java , Flash တွေပေါ် မူတည်ပြီးလည်း စမ်းသပ်လို့ ရပါတယ်။ စမ်းရတာလဲ လွယ်ပါတယ်။ ကိုယ့်ရဲ့ Webpage URL လေးကိုထည့်လိုက်ပြီးရင် process လုပ်နေတယ်ဆိုပြီး Page တစ်ခုရပါမယ်။ Process လုပ်တာ နည်းနည်းကြာတော့ သူပေးတဲ့ လင့်ကို မှတ်ထားလိုက်ပြီး ၁၀ - ၂၀ မိနစ် လောက်ကြာတော့မှ အဲဒီလင့်ကို ပြန်ခေါ်ကြည့်လို့ ရပါတယ်။
Browsershots makes screenshots of your web design in different browsers. It is a free open-source online service created by Johann C. Rocholl.

ကျွန်မ ဘလော့ကို စမ်းကြည့်လိုက်တယ်။ ကျန်တဲ့ Browser တွေမှာ မြန်မာစာလုံးမရှိရင်မမြင်ရတာကလွဲရင် တခြားဟာတွေ အဆင်ပြေပေမယ့် safari နဲ့  အဆင်မပြေဖြစ်နေတာတွေ့ ရတယ်။ အရင်တခါ safari နဲ့  စမ်းတုန်းက အဆင်ပြေပြေ မြင်ရပါတယ်။ အခု အဆင်မပြေဘူးဆိုတော့ ဒီကြားထဲ ပြင်လိုက်တဲ့ Code တွေမှာ ဘာတွေမှားသွားလဲ မသိဘူး။ အခုတော့ မပြင်အားသေးလို့ ဒီတိုင်းပဲ ထားလိုက်ဦးမယ်။ safari နဲ့  ကျွန်မ ဘလော့ကို ကြည့်တဲ့သူလည်း သိပ်ရှိမယ်လဲ မထင်ဘူးလေ။ နောက် အားတဲ့ တစ်ရက်ကြမှပဲ ပြန်စမ်းပြီး ပြင်ကြည့်တော့မယ်။
ဒါနဲ့  Webpage တွေကို Screen Size အလိုက် Test လုပ်ချင်တယ် ဆိုရင်တော့ Anybrowser က ScreenSizeTest Page ကို သုံးပြီးလည်း လွယ်လွယ်ကူကူ စမ်းကြည့်လို့ ရပါတယ်။

Source: browsershots.org

Busy Monday


အလုပ်များတဲ့ နေ့ တစ်နေ့ .. 12 November 2007

November 12, 2007

My Week End

ဒီတစ်ပတ် အားလပ်ရက်မှာ ဘယ်မှမထွက်ဖြစ်ဘူး။ ထမင်းဟင်းတောင် ဟိုနေ့ က ၀ယ်ထားတာတွေနဲ့ ပဲ ချက်ပြုတ် စားဖြစ်တယ်။ နှစ်ရက်လုံး အွန်းလိုင်းကနေ Lecture တက်နေရတော့ အချိန်တွေ ဘယ်လို ကုန်သွားမှန်းတောင် မသိလိုက်ဘူး။ မသိသေးတာတွေ အတော်များများ သိလိုက်တဲ့ အတွက် အကျိုးရှိရှိ အချိန်တွေ ကုန်သွားတယ်လို့ ပြောနိုင်မယ် ထင်တယ်။ ဘာစာမှ မဖတ် ဟိုလိုလို ဒီလိုလိုနဲ့  အားလပ်ရက်တွေ ကုန်နေတာ အတော်များနေပြီမဟုတ်လား။

စနေ နေ့ က မနက် ၁၀ နာရီလောက်ကနေ ညနေ ၃း၃၀ လောက်အထိ၊ တနင်္ဂနွေနေ့ ကတော့ မနက် ၁၁ နာရီလောက်ကနေ ညနေ ၅း၀၀ အထိ။ အဲ့လို စာမဖတ်တာကြာလို့ လားမသိဘူး၊ ထိုင်ရာမထ အာရုံစိုက်ပြီး နားထောင်ရတာ အတော် မလွယ်တဲ့ကိစ္စပဲ ဆိုတာကို သိလိုက်ရတယ်။ ဒါတောင် သက်သောင့်သက်သာ ကိုယ့်အိပ်ခန်းထဲက ကွန်ပြူတာရှေ့ မှာမို့  တော်ပါသေးတယ်။ Lecture ခန်းထဲမှာ ၈ နာရီလောက် အတန်းတက်ရမယ်ဆို တွေးတောင် မတွေးရဲတော့ဘူး။ အခြေအနေပေးရင် ကျောင်းဆက်တက်ရင် ကောင်းမလားဆိုတဲ့ အတွေးကို အတွေးတစ်ခုအနေနဲ့ ပဲ ရပ်ထားဖို့  စဉ်းစားနေပါပြီ။ ဒီနှစ်ရက်မှာ ညနေစောင်းလို့  နားလို့  ရပြီဆိုတဲ့ အချိန်တွေမှာ မခံမရပ်နိုင်အောင် ခေါင်းကိုက်နေတာ များတယ်။ ခေါင်းကိုက် ပျောက်ဆေး သောက်ပြီး အိပ်လိုက်မှ သက်သာရာရတဲ့ အခြေအနေ။ တစ်နေကုန်နီးပါး တတွတ်တွတ်ပြောဆို ရှင်းပြပေးရတဲ့လူတော့ ဘယ်လိုနေမလဲ မသိဘူး၊ ငြိမ်ငြိမ်လေး ထိုင်ပြီး နားထောင်ရသူ ကျွန်မတော့ အတော်ပင်ပန်းတယ်လို့  ခံစားသွားရပါတယ်။ တခြားဟာတော့ မြန်မာရုပ်ရှင် နည်းနည်းလည်း ကြည့်ဖြစ်လိုက်တာပဲ ရှိတယ်။

ဒီတစ်ပတ် အားလပ်ရက်တွေဟာ စိတ်ညစ်စရာ ထွေထွေထူးထူးလည်း မကြုံတွေ့ ရ၊ အိပ်ရေး၀၀လည်း အိပ်ဖြစ်၊ အစားမှန်မှန် စားဖြစ်၊ အကျိုးရှိတာတွေ လုပ်ဖြစ်ပြီး၊ အရင်က ကျွန်မ မသိသေးတဲ့ အကြောင်းအရာတွေ အတော်များမျာကို သိလိုက်ရတဲ့အတွက် အကျိုးရှိတဲ့ အားလပ်ရက်တွေလို့  ဆိုရပါမယ်။

November 11, 2007

Centro would release in late 2008

နောက်ထပ် ဖတ်မိတဲ့ Microsoft ရဲ့ Software Release သတင်းတစ်ပုဒ်ပါ။

code-named "Centro" လို့  အမည်ပေးထားတဲ့ Windows Essential Business Server (WEBS) ကို ၂၀၀၈ နှစ်ကုန်ပိုင်းမှာ ထွက်မယ်ဆိုတဲ့ အကြောင်းပါ။ Beta version ကို ဒီနှစ်ကုန်ပိုင်းမှာ ထွက်မယ်လို့ သိရတယ်။ ကွန်ပြူတာ အရေအတွက် ၂၅ လုံးကနေ ၂၅၀ အကြားရှိမယ့် အလယ်အလတ် ကုမ္ပဏီတွေကို ရည်ထုတ်တဲ့ အဲ့ဒီ Window Essential Business Server မှာ
Windows Server 2008,
Exchange Server 2007,
Forefront Security for Exchange,
System Center Essentials
တွေပါဝင်မယ် ဆိုတဲ့ အကြာင်း သိရပါတယ်။ Standard Edition မှာတော့ နောက်အသစ်ထွက်မယ့် ISA Server ပါဝင်ပြီး Pemium Edition မှာ SQL Server 2008 ပါမယ်လို့ လည်း ပြောထားတယ်။

SQL Server ဆိုလို့  Microsoft Platform မှာ အလုပ်လုပ်နေကြတဲ့ ကျွန်မသူငယ်ချင်းတွေ သူတို့  အလုပ်တွေမှာ MS SQL 2005 ကိုပြောင်းမသုံးကြသေးပဲ MS SQL Server 2000 ကို သုံးတုန်းပဲလို့ ပြောတာကို သတိရမိတယ်။ အခု 2008 ထွက်တော့မှာဆိုတော့ ပြောင်းဖို့ လိုအပ်ရင်တောင် 2005 ကို မပြောင်းပဲ 2008 ကို တန်းပြောင်းကြမယ် ထင်တယ်။ ဒီအတိုင်းဆို MS SQL 2005 ဟာ သုံးသူနည်းပြီး ပျောက်သွားမယ် ထင်တယ်။ ကျွန်မ အထင်ပြောတာပါ။

WEBS မှာ တခြား Microsoft ရဲ့ ပါတနာ Product တွေဖြစ်တဲ့ CA, Citrix, Full Armor, Symantec, and Trend Micro တွေဟာ built add-ins အနေနဲ့ ပါဝင်ပြီးသားလို့ လည်း ဖတ်လိုက်ရတယ်။ WEBS ကို Intel နဲ့  တခြား Hardware Partner တွေဖြစ်တဲ့ Fujitsu-Siemens, HP နဲ့ IBM မှာ run လို့ မယ်လို့ သိရတယ်။ ဒါပေမယ့် အဲ့ဒီ Server က 64-bit တစ်မျိုးထဲ အတွက် ထုတ်မှာလို့ သိရတယ်။ 2008 နောက်ပိုင်း ထွက်မယ့် Microsfot Server အားလုံးကို 32-bit အတွက်မထုတ်တော့ပဲ 64-bit တစ်မျိုးထဲအတွက် ထုတ်တော့မယ်လို့ လည်း ကြားမိပါတယ်။

Windows Essential Business Server အကြောင်း အသေးစိတ် ပိုပြီး သိချင်တယ်ဆိုရင်တော့ ဒီအောက်က Links တွေမှာ ဖတ်ကြည့်နိုင်ပါတယ်။

Credit to THKZ
Other Related Links :
Windows Essential Business Server Overview & Screenshots
Integrated IT Designed for Midsized Businesses
Widnow Small Business Server 2003

November 08, 2007

Microsoft Visual Studio 2008 & Open Source Code

ဒီနေ့  Microsoft က Visual Studio နဲ့ ပတ်သက်တဲ့ သတင်းနှစ်ခုကို ဖတ်လိုက်ရတယ်။

1- Visual Studio 2008 နဲ့  .Net Framework 3.5 ကို ဒီလကုန် ( end of november 2007 ) မှာ တရာဝင်ထုတ်မယ် ဆိုတဲ့ သတင်းပါ။ Visual Studio 2008 (Beta Version) ကို ဒေါင်းလုတ်လုပ် အသုံးပြုခွင့်ပေးနေတာတော့ လအတော်ကြာနေပါပြီ။ Beta Version ထွက်စ July လတုန်းက စိတ်ဝင်စားတာနဲ့  ပိုစ့်တစ်ခု (Visual Studio 2008 , .NET 3.5 reach Beta 2) ရေးဖြစ်ခဲ့သေးတယ်။ ခုတော့ တရာဝင် ထွက်လာတော့မယ်ပေါ့။ Version အသစ်အသစ်တွေက ထွက်တာ မြန်သလားတော့ မမေးနဲ့ ။ အခု လက်ရှိ Studio 2005 သုံးနေသူတွေထဲက ဘယ်လောက် % လောက် 2008 ကိုပြောင်းသုံးကြမလဲမသိဘူး။
Source : Microsoft sets date for Visual Studio 2008

2- နောက်သတင်းတစ်ခုက ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။ Visual Studio Source Code ကို Open လုပ်ပေးမယ် ဆိုတဲ့ သတင်းပါ။ အားလုံးကို ဖွင့်ပေးမှာတော့ မဟုတ်ဘူး။ Microsoft ရဲ့ Top Partners တွေကိုပဲ ဖွင့်ပေးမှာပါ။ debugging purposes အနေနဲ့  ဖွင့်ပေးတာ ဖြစ်တယ်လို့ ဆိုထားတယ်။ အဲ...licensing restriction ကိုလဲ ဖြုတ်ပေးမယ်တဲ့။ အရင်က Visual Studio development kit ကို Microsoft Platform မှာပဲ အသုံးပြုခွင့် ရှိတာပါ။ ခု အဲ့ဒီ ကန့် သတ်ချက်ကို ဖြုတ်လိုက်ရင် တခြားသူတွေက Visual Studio Application နဲ့  extensions တွေကို တခြား OS တွေမှာ လွတ်လွတ်လပ်လပ် ရေးသားနိုင်ပြီးလို့  ဆိုထားတယ်။ စိတ်ဝင်စားစရာပဲ။ ဘာတွေဖြစ်ဦးမလဲတော့ စောင့်ကြည့်ရတော့မှာပေါ့။
Source : Microsoft To Open Visual Studio Source Code to Top Partners

Credit to THKZ

November 06, 2007

Happy Ending - Mika

ခုတလော မြန်မာသီချင်းတွေပဲ နားထောင်ဖြစ်နေရာကနေ သူငယ်ချင်းတစ်ယောက် အီးမေကနေ ပို့ ပေးတာနဲ့  အင်္ဂလိပ်သီချင်းတွေ နားထောင်ဖြစ်သွားတယ်။ UK top 75 charts ထဲက သီချင်းတွေလို့  ပြောပါတယ်။ ဒီနေ့  နားထောင်ဖြစ်တဲ့ သီချင်းတွေထဲက တစ်ပုဒ်ကတော့...
Happy Ending Lyrics
Credit to P.J

Optical illusion Pictures

မနေ့ ညနေက Tea Break မှာ လက်ဘက်ရည်သောက်လိုက်မိလို့  အိပ်လို့ လည်း မပျော်၊ မောပြီး လူက တုန်တုန်ရင်ရင် ဖြစ်နေရတဲ့ အထဲ Amazing Picture ဆိုလို့  ဘယ်လို ပုံမျိုးလဲဆိုပြီး သိချင်စိတ်နဲ့  ကြည့်လိုက်မိတာ တစ်ခါတည်း ချာချာလည်သွားတယ်။ အဲ့လိုပုံတွေ အင်တာနက်ပေါ်မှာရော သူများပို့ တာတွေရော အများကြီးတွေ့ ဖူးပါတယ်။ ဒါမျိုးပုံတွေကို ကြည့်ရတာ လုံးဝ မကြိုက်ဘူး။ မျက်စိရှုပ်၊ ခေါင်းမူးတယ်။ မူးတဲ့ အရသာကို မကြိုက်လို့  လူကို မူးစေနိုင်တဲ့ အရာ ဘာမှဆိုဘာမှ မလုပ်ပဲနေတယ်။

This is an example of the truth of "Seeing is deceiving."
ဒီနေ့ တော့ အိပ်မရတာနဲ့  ဒီပုံက Animation မဟုတ်ဘူးလို့ ပြောထားတာ မှန်မမှန် သေချာသိရအောင် စမ်းကြည့်ဦးမှဆိုပြီး မျက်လုံး တစ်ဝက်လောက်ပဲ ဖွင့်ပြီး ကြည့်လိုက်တော့ လှုပ်လှုပ်ရွရွတွေကို မတွေ့ ရ တော့ဘူး။ ပုံမှန်အတိုင်း မျက်လုံးအပြည့် ဖွင့် ကြည့်မယ်ဆိုရင် လှုပ်တာတွေ တွေ့ ပြီး မူးသွားမှာသေချာတယ်။ ဒီလိုပုံတွေက တကယ်ဆို ရွေ့ နေတာ မဟုတ်ပဲ ရွေ့ နေတယ်လို့  အမြင်တွေမှားကြတာ ဘာကြောင့်လည်း ဆိုတာ သိချင်လို့  ရှာဖတ်ကြည့်တော့ ဒီလိုရှင်းထားတာတွေ့ ရတယ်။ နောင်တချိန် ပြန်ရှာရလွယ်အောင် မှတ်ထားလိုက်ပါတယ်။

Explanation : Since we live in a 3D world, our mind tries to convert a 2D object into a 3D one. In this optical illusion, we try to make sense of these 2D objects. The shading used is completely incongruous. The eyes lock onto a part of the illustration that looks appropriately shaded but then find it disjointed with shading in other nearby areas. The eyes keep jumping around the drawing trying to map out a 3-D solution that would make the shading illustration make sense, but it never seems to work.

Other Related Links:
123OpticalIllusions.com, IllusionOptical.com

November 04, 2007

Working on Sunday: 7 AM to 5 PM

MySoJu : Watch Korean Dramas Online

ဒီနေ့ တော့ အွန်လိုင်း ရုပ်ရှင်ကြည့်နေကြ SSUpload မှာ ပြင်ဆင်မှု့တွေ လုပ်နေတာကြောင့် ရုပ်ရှင်ကြည့်လို့  မရတာနဲ့  တခြား Online Site တစ်ခုမှာ Korea Movies တချို့  ကြည့်ဖြစ်တယ်။ ကျွန်မက Drama ဇာတ်လမ်းတွဲ အရှည်ကြီးတွေကို ကြည့်လေ့မရှိတာကြောင့် Movies လောက်ပဲ ကြည့်ဖြစ်ပါတယ်။ ကြည့်ဖြစ်သလောက်တော့ အဆင်ပြေပါတယ်။ အဲ့ဒီမှာ ကိုရီးယား နဲ့  ဂျပန် ရုပ်ရှင်တွေနဲ့  ဇာတ်လမ်းတွဲတွေပဲ ရှိတာဆိုတော့ တချို့ လူတွေတော့ ကြိုက်မယ် မထင်ဘူး။ ဒါပေမယ့် အင်တာနက် ကွန်နက်ရှင်ကောင်းပြီး၊ Asian Movies ကြိုက်သူတွေအတွက်တော့ အပျင်းပြေစေမယ့် ဆိုဒ်တစ်ခုပါ။

Credit to KoBoyz

November 03, 2007

မြန်မာပြည်မှ အစားအသောက်များ

www.ifood.tv က မြန်မာ အစားအသောက် ဗီဒီယိုတွေ ကြည့် ဖြစ်တယ်။ မြန်မာပြည်က အစားအသောက် တွေကို အပြင်မှာ တကယ် စားဖို့  အခွင့်အရေး မရနိုင်တောင်မှ အလွမ်းပြေလေး ကြည့်ချင်တယ်ဆိုရင် ကြည့်လို့ ရနိုင်တဲ့ နေရာတစ်ခုမို့  အသေအချာ မှတ်ထားလိုက်ပါတယ်။

အဲ့ဒီမှာ ရှိနေတဲ့ အစားအသောက်တွေကတော့ အမျိုးအစား အစုံပါပဲ။
မြန်မာပြည်မှ တရုတ်အစားအစားများ
ကချင်ရိုးရာအစားသောက်ဆိုင်
မြန်မာလမ်းဘေးမှ ခေါင်းရွက် ဗျက်ထိုးဈေးသည်များ
နံနက်ခင်းများတွေ စားလေ့ရှိသော အစားအစားများ ၁
နံနက်ခင်းများတွေ စားလေ့ရှိသော အစားအစာများ ၂ (အီကြာကွေး၊ ပဲပြုတ်နံပြား)
မြန်မာဘူဖေးစားသောက်ဆိုင် မှ အစားအစာများ
ပလာတာ ထပ်တစ်ရာ
ရှမ်းတို့ ဖူးကြော်
မိုးကုတ်မြီးရှည်
မန္တလေးရေမုန်
စမူဆာသုတ်၊ ဆိတ်သားကပတ် ၊ ဘယာကြော့်
မုန့် ဟင်းခါး
ဘုရားပွဲမှ မုန့် လင်မယား
မန္တလေး မြီးရှည်
ဝက်သားတုတ်ထိုး

ဒီထဲက ဗီဒီယိုအများစုကိုကြည့်ရတာ အစားအသောက်ရောင်းတဲ့ ဆိုင်တွေမှာ ကိုယ်လိုချင်တဲ့ အစားအသောက်တွေ မှာထားပြီးတဲ့ခါ ဈေးရောင်းသူက ကိုယ့်အတွက် ပြင်ဆင်ပေးနေတာကို ဘေးက စောင့်ကြည့်နေရသလို ခံစားချက်မျိုး ရတယ်။ ပြင်လို့ ဆင်လို့ ပြီးတာနဲ့ ကိုယ့်အတွက် ပန်းကန်လေးကိုယူပြီး စားရတော့ မလိုလို၊ သူပေးတဲ့ အထုတ်လေးဆွဲယူ ထွက်သားရတော့ မလိုလို ခံစားရတယ်။

Credit to original uploader meemalee and Ma C.cube from NativeMyanmar

November 01, 2007

Oh, little dove! Fly where you have to.

Oh, little dove! Fly where you have to. Fly where you have to.

“A Mission”

Where to
my dove… where to
never tired are you?
Out there
in the open wild,
flames and painful cries.

What then
my dove… what then
can you ever do?
All songs of peace
and words of love
non-stop, I’ll coo.

Know you
my dove,… know you
the dangers not a few?
I do but I don’t flinch
so I dare go through.

Oh, what .
my dove,…oh what
makes you steadfast?
If for peace, for life,
then it’s a .. “Must”.

By Moe Hein
[Oh, little dove! Fly where you have to]

Happy Halloween


October 31, 2007

31 October 2007

၂၀၀၇ အောက်တိုဘာလရဲ့  နောက်ဆုံးနေ့ ...

October 30, 2007

Introduction to Ruby Video Series

Ruby အကြောင်း လေ့လာနေသူတွေ အတွက် အသုံးဝယ်မယ့် Video Chips တွေပါ။ အားလုံးအပိုင်း ၄ ခုရှိပါတယ်။

- ပထမပိုင်းမှာ Ruby ဘာလဲဆိုတာနဲ့  Ruby မှာ Object Oriented Programming Concepts တွေကို ဘယ်လို Handle လုပ်သလဲ.
- ဒုတိယပိုင်းမှာ Ruby’s Installation လုပ်ပုံလုပ်နည်းတွေ
- တတိယပိုင်းမှာ Ruby Installation လုပ်တဲ့အခါ ပါဝင်နေတဲ့ Tools တွေ၊ Programs တွေအကြောင်း နဲ့ 
- နောက်ဆုံးအပိုင်းဖြစ်တဲ့ စတုတ္ထပိုင်းမှာတော့ Ruby Coding ရေးသားပုံ တချို့ နဲ့  Data Type တွေအကြောင်းကို ရှင်းပြထားပါတယ်။

Ruby အကြောင်း ပြောလက်စတဲ့  တဆက်ထဲ ဒီမှာကတော့ Ruby Association ကနေပြီး ဦးဆောင်ပြုလုပ်တဲ့ Ruby Logo Contest မှာ အနိုင်ရရှိသွားတဲ့ Ruby Logo ( by Tom Schaub) ပါ။ နောက်ပိုင်းမှာ Ruby Association က အခု Logo ကိုသာ သုံးစွဲသွားမှာဖြစ်ကြောင်း သိရပါတယ်။

Source: RubyInside

October 29, 2007

The most Important hour of the day

ရှေ့ ၃ ရက်ကလည်းအိမ်မှာ နားနေလိုက်ပြီး၊ ဒီနေ့ တနင်္ဂလာနေ့  မှာ အလုပ်ပြန်စတဲ့အခါ အလုပ်လုပ်ဖို့ ရာ စိတ်မပါဘူး ဖြစ်နေတယ်။ ဒါနဲ့  အရေးတကြီး ပြန်ပို့ စရာရှိတဲ့ အီးမေးလေးတွေပြန်လိုက်ပြီး အင်တာနက်ပေါ် လျှောက်သွားကြည့်ရင်း နာရီလေး တစ်လုံးတွေ မိတယ်။ The Most Important hour of the day ကိုပဲ ပြထားတဲ့ နာရီလေး။ မလိုတဲ့ တခြားအချိန်တွေ မပါတော့ ရှင်းလင်းနေတာပဲ။ အဲဒီအမျိုးအစား လက်ပတ်နာရီတော့ မလိုချင်ပါဘူး၊ အတော်ကြည့်ရခက်မှာ။ နံရံကတ် ဒါမှမဟုတ် စားပွဲတင်နာရီလေး တစ်လုံးလောက်တော့ လိုချင်တယ်။ အခုတော့ မဟုတ်ဘူးပေါ့။ နောင်ပိုင်း အဲ့ဒီအချိန် အတိအကျ အလုပ်ဆင်းနိုင်တဲ့ အလုပ်မျိုးမှာ လုပ်ရတဲ့အခါမှ.... အဲဒီလို နာရီလေးတစ်လုံး ၀ယ်ပြီး၊ အလုပ်က မြင်သာထင်သာတဲ့ နေရာမှာ ချိတ်ထားလိုက်ဦးမယ်...

စင်္ကာပူက လူအများစု အတွက်တော့ The Important hour of the day က ၆ နာရီဖြစ်မယ် ထင်ပါတယ်။ ဒီတော့ ၁၂ နဲ့  ၆ ပါတဲ့ နာရီမျိုး ၀ယ်ရင်ရပြီ။ ၁၂ နာရီကလည်း ထမင်းစားချိန် ဖြစ်လို့  တမျိုးအရေးကြီးတယ်။ ၆ နာရီကတော့ အရေးအကြီးဆုံး အချိန်ဖြစ်တဲ့  အိမ်ပြန်ချိန်ပေါ့။

October 28, 2007

Hack Attack : Install Leopard on your PC

26 ရက်နေ့ မှာ Apple က New OSX Leopard ထွက်လာတယ်။ တစ်ရက်ပဲ ကြာတယ် 27 နေ့  မှာတင် Hacker တွေက Leopard Patched DVD Image ကို ထုတ်လိုက်ကြတယ်တဲ့။ အဲ့ဒီ DVD Image ကို သုံးပြီး သာမန် PC တွေမှာ Leopard ကို သွင်းယူနိုင်တယ်လို့  ပြောထားတယ်။ Leopard ကို သုံးကြည့်ချင်ယုံနဲ့ တော့ Mac ကို ၀ယ်စရာမလို တော့ဘူးပေါ့။
Hack Attack : Install Leopard on your PC in 3 easy steps!
ဘယ်လို သွင်းယူရသလဲ ဆိုတာတွေနဲ့  အသေးစိတ် သတင်း အချက်အလက်တွေကို ဖတ်ကြည့်နိုင်ပါတယ်။
Credit to THKZ

October 27, 2007

Thank You - 27 Oct 2007

Thank you for brightening my world with your thoughtfulness.
It really meant a lot.

အဘိဓမ္မာအခါတော်နေ့

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

ဘုရားရှင်အား ရည်စူး ဆီမီးထွန်းကာ ကြည်ညို ပူဇော်ပါ၏။
Link:
သီတင်းကျွတ် လပြည့်နေ့ အကြောင်း

They're shooting monks in Burma

William F. DeVault ရေးထားတဲ့ "A Poem in Memory of the Monks of Myanmar" ကဗျာကိုဖတ်ပြီး တခြား ကဗျာတွေကို လိုက်ရှာဖတ်ကြည့်ရင်း William F. DeVault နဲ့  သူ့ ရဲ့ ဂီတအဖွဲ့ " The Gods of Love" သီဆိုထားတဲ့ သီချင်းတစ်ပုဒ် နဲ့  အဲ့ဒီသီချင်းအကြောင်းကို ရှင်းပြထားတဲ့ audio file တစ်ခုကို ရှာတွေ့ ပါတယ်။

ဒါနဲ့  ဒီနေ့ ဟာ သတင်းကျွတ်လပြည့်နေ့ ပါ။ ပြီးခဲ့တဲ့ တော်သလင်းလပြည့်နေ့ မှာ စစ်အစိုးရလက်ချက်နဲ့  ပတ္တနိက္ကုဇ္ဇန ကံဆောင်၊ ငြိမ်းချမ်းစွာ လမ်းလျှောက်၊ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြကြတဲ့ သံဃာတော်တွေရဲ့ သွေး မြေကျခဲ့ရတာ ဆိုတော့ ဒီနေ့ ဆိုရင် တစ်လတင်းတင်းပြည့်ခဲ့ပြီပေါ့။ ခုလက်ရှိ စစ်အစိုးရဟာ သူတို့  အာဏာတည်မြဲဖို့ ဆို မလုပ်ရဲဘူးဆိုတာ ဘာမှမရှိ၊ မလုပ်သေးဘူး ဆိုတာသာ ရှိတယ်ဆိုတဲ့ အကြောင်း နဲ့  ဗုဒ္ဓဘာသာ အမည်ခံထားတဲ့ သူတို့ ရဲ့ ဘာသာတရားမရှိ၊ ကမ်းကုန်အောင် ယုတ်မာရိုင်းစိုင်းမှု့တွေကို မြန်မာပြည်သူတွေသာ မက၊ ကမ္ဘာကပါ သိလိုက်ရတာ တစ်လပြည့်တဲ့ နေ့ ပါပဲ။

အခု ကျွန်မ ရှာတွေ့ တဲ့ သီချင်းနာမည်က "They're shooting monks in Burma" တဲ့။ ကျွန်မရင်ထဲမှာရှိနေတဲ့ စကားတွေကို ရေးသားပြဖို့ လည်း စကားတွေရှာမရတာနဲ့  နားထောင်ဖြစ်တဲ့ သီချင်းလေးအကြောင်းကိုပဲ ဒီနေ့ အတွက် ရေးတင် လိုက်တော့တယ်။ ဒီသီချင်းကို သာမက အဲဒီသီချင်း ရေးသားသီဆိုသူရဲ့ ရင်ထဲက စကားသံတွေကိုလည်း နားဆင်ကြည့် နိုင်ပါတယ်။ ကျွန်မ သီချင်းစာသားကိုပါ လိုက်ရှာ မှတ်ထားလိုက်ပါတယ်။


Source : City of Legands