Got those Mirrors from target.com
Pages
January 19, 2009
Be Yourself , Be Strong and Be Silly
မှန်ချပ်တွေပါ။ အိမ်ခန်းတွေမှာ အလှဆင်ဖို့  အသုံးပြုကြတယ် ထင်တာပဲ။ ဘောင်ခပ်လိုက်တော့ တမျိုး ကြည့်ကောင်း သွားတယ်။

Got those Mirrors from target.com
Got those Mirrors from target.com
January 18, 2009
Chinese New Year promotion for Apple Products (SG)
အခုရက်ပိုင်း Apple က ထုတ်တဲ့ Mac laptop တွေကို ပိုပြီး စိတ်ဝင်စားတာနဲ့  အချိန်ရရင် ရသလို ဆိုင်တွေမှာ လိုက်ကြည့်ဖြစ်နေတယ်။ ဘာတွေ ဘယ်ဈေးပေါက်တယ် ဆိုတာတွေ နဲ့  တခြားအချက်အလက်တွေကိုလည်း အင်တာနက်ပေါ်မှာပါ သတိထားပြီး လိုက်ဖတ်ကြည့်ဖြစ်တယ်။ ဒါတောင် ဟိုရက်က အလုပ်ရှုပ်နေတာနဲ့  ၁၄ ရက်နေ့ တုန်းက SG နဲ့  Malaysia အတွက် Apple Online Promotion ရှိတာကို မသိလိုက်ဘူး။
မနေ့ ညနေပိုင်းကလည်း ထုံးစံအတိုင်း ကွန်ပြူတာ ပစ္စည်းတွေ လျှောက်ကြည့်ဖို့ သွားရင်း Apple's Promotions တွေ ရှိနေကြောင်း တွေ့ ခဲ့ရတယ်။ Apple(Mac) Computers အမျိုးအစား ပေါ်လိုက်ပြီး Printer နဲ့  (Apple Care Protection Plan + 4GB Ram) တွေထပ်ဆောင်းဝယ်မယ်ဆို လျှော့ဈေးနဲ့ ရောင်းပေးတာမျိုးပါ။ မူရင်း ဈေးကို လျှော့ပေးမျိုး၊ လက်ဆောင်ပစ္စည်း အပို ပေးတာမျိုး မဟုတ်ပါဘူး။ တဆက်တည်း Apple Sofrwares တွေပါ ၀ယ်မယ် ဆိုရင် 15% / 30% ဈေးလျှော့ပေးမယ် သိရပါတယ်။
ခုရက်ပိုင်း ဆိုင်တွေမှာ ဈေးတွေ လိုက်စုံစမ်းကြည့်၊ မေးကြည့်တဲ့ အခါ Apple ပစ္စည်းတွေရဲ့ ဆိုင်တွေမှာ ရောင်းတဲ့ ဈေးတွေက အွန်လိုင်းဈေးတွေနဲ့  တူတူပဲ၊ ထူးပြီး ဈေးလျှော့နေတာမျိုး မရှိဘူး ဆိုတာသိရတယ်။ ဒါပေမယ့် ဆိုင်ကိုလိုက်ပြီး တခြား အပိုပစ္စည်းတွေကို လက်ဆောင်ပေးတာတို့ ၊ တခြားပစ္စည်းတွေကို ဈေးလျှော့ပေးတာတွေ ရှိတယ်။ ဒါတွေကတော့ ၀ယ်မယ်ဆိုပြီး သေချာမေးမှ သိရတယ်။ ဈေးတွေလိုက်မေး၊ ဈေးဝယ်ရတာ စိတ်မရှည်ဘူး။ ခုတော့ နည်းနည်းတိုးတတ်လာပြီ။
မနေ့ ညနေပိုင်းကလည်း ထုံးစံအတိုင်း ကွန်ပြူတာ ပစ္စည်းတွေ လျှောက်ကြည့်ဖို့ သွားရင်း Apple's Promotions တွေ ရှိနေကြောင်း တွေ့ ခဲ့ရတယ်။ Apple(Mac) Computers အမျိုးအစား ပေါ်လိုက်ပြီး Printer နဲ့  (Apple Care Protection Plan + 4GB Ram) တွေထပ်ဆောင်းဝယ်မယ်ဆို လျှော့ဈေးနဲ့ ရောင်းပေးတာမျိုးပါ။ မူရင်း ဈေးကို လျှော့ပေးမျိုး၊ လက်ဆောင်ပစ္စည်း အပို ပေးတာမျိုး မဟုတ်ပါဘူး။ တဆက်တည်း Apple Sofrwares တွေပါ ၀ယ်မယ် ဆိုရင် 15% / 30% ဈေးလျှော့ပေးမယ် သိရပါတယ်။
မနေ့ က ဆိုင်မှာ တွေ့ ရတဲ့ Promotions ကြော်ငြာ
ဒါတွေက ဟိုတစ်ရက်က လျှောက်ကြည့်ရင်း ရိုက်ထားတဲ့ ဓာတ်ပုံတွေ။ တချို့ ဆိုင်တွေမှာ ဓာတ်ပုံရိုက်ရင် မရိုက်ဖို့ လာတားပေမယ့် အဲဒီမှာတော့ တားတာမတွေ့ ရဘူး။ တခြားသူတွေ ဟိုရိုက်ဒီရိုက်လုပ်နေတာတွေ့ တာနဲ့  ကိုယ်လည်း အားကျမခံ ဓာတ်ပုံရိုက်ယူထားလိုက်တယ်။ခုရက်ပိုင်း ဆိုင်တွေမှာ ဈေးတွေ လိုက်စုံစမ်းကြည့်၊ မေးကြည့်တဲ့ အခါ Apple ပစ္စည်းတွေရဲ့ ဆိုင်တွေမှာ ရောင်းတဲ့ ဈေးတွေက အွန်လိုင်းဈေးတွေနဲ့  တူတူပဲ၊ ထူးပြီး ဈေးလျှော့နေတာမျိုး မရှိဘူး ဆိုတာသိရတယ်။ ဒါပေမယ့် ဆိုင်ကိုလိုက်ပြီး တခြား အပိုပစ္စည်းတွေကို လက်ဆောင်ပေးတာတို့ ၊ တခြားပစ္စည်းတွေကို ဈေးလျှော့ပေးတာတွေ ရှိတယ်။ ဒါတွေကတော့ ၀ယ်မယ်ဆိုပြီး သေချာမေးမှ သိရတယ်။ ဈေးတွေလိုက်မေး၊ ဈေးဝယ်ရတာ စိတ်မရှည်ဘူး။ ခုတော့ နည်းနည်းတိုးတတ်လာပြီ။
January 17, 2009
မေတ္တာရေစုန်မျောခဲ့သူ
မေတ္တာရေစုန်မျောခဲ့သူ

ငုံချိန်ကိုမှီခဲ့သလို .. ကြွေချိန်ကိုမှီခဲ့ပြီ ...
အိုဘယ့် မနှင်းဆီရယ်..
အရောင်ပြယ်ပြီး အနံ့ လေး ကွယ်ကာပျောက်သွားလည်း ဆူးဒဏ်က နာကောင်းတုန်းပဲ ..
ရင်မှာ ပေါက်ဖွားစ မလည်မ၀ယ် အချစ်ကလေးနဲ့  ဘ၀ဒုက္ခ မမြင့်တမြင်အရွယ်
လာချင်ရင်လွယ်ပြီး... ပြန်ချင်တော့ခက်တဲ့... မေတ္တာရေစုန်မျောခဲ့တယ်...
ဘယ်သူတွေ ဘာပြောပြော ကိုယ်ထင်တာကိုယ်လုပ်မယ်
အိုဘယ့် မနှင်းဆီရယ်...
နင်ကပဲ လှသလား ငါကပဲ အသလား.. အခုတိုင်အောင် အဖြေမရှိသေးတယ်..
ရင်မှာလေဟုန်းကနဲ အရှိန်အဟုန်နဲ့  တောက်တဲ့ ကောက်ရိုးမီးချစ်သူနဲ့ ..
ပျော်ရင် အရယ်လွယ်ပြီး ငိုရင် အရှိုက်ခက်တဲ့ ... မေတ္တာရေစုန်မျောခဲ့တယ်..
တခါတလေ ကိုယ်အသာရဖို့  ဘယ်နှစ်ခါ အနာခံရမလဲ ...
အိုဘယ့် မနှင်းဆီရယ်...
နွေနေ့ ခင်း လမင်းသာနိုင်တဲ့ အခြင်းအရာ မချစ်ရင် ညာလို့ မရဘူးကွယ်
မကြုံလို့  မသိသေးတဲ့... မမြင်လို့  မကြောက်တတ်တဲ့ မျက်ကန်းနဲ့  ချစ်တစ္ဆေနဲ့ ..
ယူချိန်မှာလွယ်ပြီ်း... လျော်ချိန်ကျခက်တဲ့... မေတ္တာရေစုန်မျောခဲ့တယ်..

♠ ဒန်ပေါက်ဋီကာ
ဟိုတလောက စားဖြစ်တဲ့ ဒန်ပေါက်။ ရနံ့ သစ်မှာ စားတာ။ အဲဒီက ဒန်ပေါက် မဆိုးဘူး။ စားလို့  အဆင်ပြေတယ်။ အထဲမှာပါတဲ့ ကြက်သားလည်း စားလို့ ကောင်တယ်။ ဘာလချောင်ကြော်လည်း ပေးတယ်။ အတူသွားစားတဲ့ သူငယ်ချင်းတွေလည်း ကြိုက်တယ်လို့  ဆိုပါတယ်။ ဒါပေမယ့် တစ်ခုပဲ ပြောစရာရှိတာက ကျွန်မ ပါးစပ်ထဲ နည်းနည်းလေး လေးတယ် (ငံတယ်) လို့ ခံစားရတယ်။ တခြားသူတွေက အနေတော်ပါပဲလို့ တော့ ပြောတာပဲ။ ။ ကျွန်မက အငံ မစားလို့ ဖြစ်နိုင်ပါတယ်။ ခုနောက်ပိုင်း မြန်မာ ဒန်ပေါက်စားချင်တယ်ဆို ရနံ့ သစ်ကို ပထမ ဦးစားပေးအနေနဲ့ သွားဖြစ်တယ်။

အင်းလေးက ဒန်ပေါက်။ သူ့ ရဲ့ ဒန်ပေါက်က အရောင်စုံပဲ။ သူငယ်ချင်းတစ်ယောက်နဲ့  တစ်ခါသွားစားတာ၊ နည်းနည်းတော့ကြာပြီ။ ဓာတ်ပုံ မရိုက်ထားမိဘူး။ မှတ်မိသလောက် အစိမ်းရောင်တွေ လည်းပါတယ်။ မြန်မာပြည်က ဒန်ပေါက်နဲ့ သိပ်မတူဘူး။ ဒီက ဒန်ပေါက်တွေလိုပဲ ဘာတွေမှန်းမသိတဲ့ ( ကျွန်မ မခံနိုင်တဲ့ အနံ ရှိတဲ့) အစေ့တွေ အများကြီး ထည့်ထားလို့ ဖယ်စားနေရတာ အလုပ်အတော် ရှုပ်တယ်။ ဒန်ပေါက်နဲ့ အတူထည့်ပေးတဲ့ ကြက်သားကလည်း မြန်မာဒန်ပေါက်ဆိုင်တွေက ကြက်သားဟင်းနဲ့ မတူပဲ ဒီက ကြက်သားကြော်တွေနဲ့  ပိုတူတယ်။ အဲလောက်ကြီး မကြိုက်ပေမယ့် ဒန်ပေါက်စားချင်နေတဲ့ အချိန်၊ ထပ်ဝယ်စားမိနိုင်တယ်။
မြနန္ဒာ ဆိုင်မှ ဒန်ပေါက်။ ဒါပေမယ့် မြနန္ဒာက ဒန်ပေါက် ထမင်းက အရောင်လေးပါတာ ကလွဲရင် ရိုးရိုးထမင်းနဲ့ သိပ်မကွာဘူးလို့ ခံစားရတယ်။ အနှစ်မပါဘူး။ သွားစားတုန်းက ထည့်ပေးတာ အတော်လေး နည်းတယ်။ (တခါသာစားဖူးသည်) ကြက်သားက အထွေအထူးပြောလို့ ရအောင် မကောင်းသလို ၊ အရမ်းကြီးလည်း မဆိုးဘူး။ စားလို့ ဖြစ်တယ်။ ဒီနိုင်ငံမှာ စားဖူးသမျှ ဆိုင်မှာရောင်းတဲ့ မြန်မာဒန်ပေါက်တွေထဲမှာတော့ မြနန္ဒာက ဒန်ပေါက်ကို တတိယ အဆင့်အနေနဲ့  သတ်မှတ်တယ်။
ရဲရင့်ဆိုင်မှ ဒန်ပေါက်။ ရဲရင့်က လူရှုပ်တော့ ကိုယ့်ဘာသာဆို လုံးဝ မသွားဖြစ်ဘူး။ TT နဲ့  NG တို့ နဲ့ သွားမှသာလျှင် အဲဒီဆိုင်မှ စားဖြစ်တယ်။ ရဲရင့်က ဒန်ပေါက် မစားဖြစ်တာ အတော်လေးကို ကြာပြီ။ စားဖူးသလောက်တော့ မဆိုးဘူး။ ကျွန်မ စားလို့ ဖြစ်တယ်။ တစ်ပန်းကန်လုံး ကုန်တယ်။ အရင်က ဒန်ပေါက်စားချင်တယ်ဆို ရဲရင့်ကို ပထမ ဦးစားပေးအနေနဲ့  သွားဖြစ်တယ်။ ဟိုး ၄-၅ လကျော်က ဒန်ပေါက်စားချင်လို့  ရဲရင့်သွားတာ ကုန်သွားပြီတဲ့။ တနင်္ဂနွေနေ့  နေ့ လယ် ၂ နာရီကျော်ပဲ ရှိသေးတယ်။ အဲဒီနောက်ပိုင်းတော့ ရဲရင့်ကို နောက်ထပ် မရောက်ဖြစ်တော့ဘူး။
ဒန်ပေါက်အကြောင်း အနှစ်ချုပ်ကြည့်ရင်
၁။ မြနန္ဒာ - နည်းတယ်။ အရသာ မဆိုး၊ စားလို့ ဖြစ်တယ်။
၂။ အင်းလေး - အရသာ မဆိုး။ မြန်မာဒန်ပေါက်နဲ့ သိပ်မတူ။ စားလို့ တော့ဖြစ်တယ်။
၃။ Oriental House - များတယ်။ အရသာ မကြိုက်။
၎။ ရနံ့ သစ် - စားဖူးသမျှ စင်္ကာပူက ဆိုင်တွေမှာ အနှစ်သက်ဆုံး။ (အခုချိန်ထိ)
၅။ ရဲရင့် - အရင်က စားဖူသလောက် ကြိုက်တယ်။ အခုနောက်ပိုင်း မရောက်ဖြစ်တာကြာလို့  အခြေအနေမသိ။
၆။ ဧရာဝတီ - အဲဒီဆိုင်မှာ ဒန်ပေါက်ရလား၊ မရလား သေချာ မသိ။ မစားဖူးပါ။
တခြား မြန်မာဆိုင်တွေ ရှိအုံးမယ် ထင်တယ်။ ကျွန်မ သိတာ ဒီလောက်ပဲ။

ရနံ့ သစ်ဆိုင်က မုန့် ဟင်းခါးလည်းမဆိုးဘူး။ စားလို့ အတော်လေး ကောင်းတယ်။ ၄-၅ ခါ လောက်စား ဖူးတယ်။ မှတ်မှတ်သားသားရှိတာက ၂ ခါမှ မုန့် ဟင်းခါးဖတ်က နည်းနည်းမာ နေတယ်။ မနေ့ က သွားစားတာကတော့ အဆင်ပြေတယ်။ ကျွန်မ ပတ်ဝန်းကျင်က လူအတော်များများကလည်း ရနံ့ သစ်က မုန့် ဟင်းခါး ကောင်းတယ် ပြောကြပါတယ်။

ရနံ့ သစ် မှာ စားလို့  ကောင်းတာတွေ ရှိသလို မကောင်းတာတွေလည်းရှိတယ်။ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ထမင်းကြော်တို့ တော့ ယောင်လို့ တောင် မစားလေနဲ့  လုံးဝ မကောင်းဘူး။ ထမင်းကြော်ကလည်း ပြောင်းဖူးအ၀ါတွေပဲ ပါတယ်။ ကိုယ့်အိမ်မှာ သာမန်ကြော်စားတဲ့ ထမင်းကြော်တောင် အဲဒီဆိုင်က ထမင်းကြော်ထက် အဆပေါင်း များစွာ ကောင်းတယ်။ ခေါက်ဆွဲကြော်လည်း ထိုနည်း လည်းကောင်းပဲ။ လုံးဝ မကောင်း။ Oriental House မှာလည်း ခေါက်ဆွဲကြော် မကောင်းဘူး။ ခုနောက်ပိုင်း ခေါက်ဆွဲကြော်၊ ကြာဇံကြော် စားမယ်ဆို အင်းလေး ကပဲ ၀ယ်စားတော့တယ်။ ဈေးနည်းနည်းကြီးပေမယ့် စားလို့ ကောင်းတယ်။
ဒီမှာ ရေးသားထားတဲ့ စားကောင်းခြင်း၊ မကောင်းခြင်းဟာ ကျွန်မ အစားအသောက်တွေ ၀ယ်စားတဲ့ အချိန်မှာ ခံစားလို့ ရလိုက်တဲ့ အရသာနဲ့  ဆုံးဖြတ်ထားတာဖြစ်လို့  တခြားသူတွေ အမြင်နဲ့  ကွဲလွဲနိုင်ပါတယ်။
အထဲမှာ ကြက်သား ၀ှက်ထားတယ်
Oriental House မှ ဒန်ပေါက်။ တစ်ခါသွားစားဖူးတယ်။ ထည့်ပေးတာ များတော့ များတယ်။ ဒါပေမယ့် ဒန်ပေါက် ထမင်းက ပွတတဖြစ်နေတယ်။ ကျွန်မ မကြိုက်ပါ။ ဆန်မကောင်းလို့  ထင်ပါတယ်။ အထဲမှာပါတဲ့ ကြက်သားလည်း စားလို့  သိပ် မကောင်းဘူး။ အဲဒီနေ့ က ဗိုက်အတော်ဆာနေလို့  Coke ဗူးတစ်ခွက် အကူအညီယူပြီး စားတာတောင် သုံးပုံတစ်ပုံ မကုန်ခဲ့ဘူး။ ကြက်သားလည်း နှမြောလို့ စားဖို့ ကြိုးစားတာ စားလို့ မရ။ အဲဒီဆိုင်က ဒန်ပေါက် ကိုယ့်ဘာသာကိုယ်သာ ပိုက်ဆံပေးပြီး ၀ယ်စားရမယ်ဆိုရင် လုံးဝ ထပ်စားဖြစ်တော့မယ် မထင်။မြနန္ဒာ ဆိုင်မှ ဒန်ပေါက်။ ဒါပေမယ့် မြနန္ဒာက ဒန်ပေါက် ထမင်းက အရောင်လေးပါတာ ကလွဲရင် ရိုးရိုးထမင်းနဲ့ သိပ်မကွာဘူးလို့ ခံစားရတယ်။ အနှစ်မပါဘူး။ သွားစားတုန်းက ထည့်ပေးတာ အတော်လေး နည်းတယ်။ (တခါသာစားဖူးသည်) ကြက်သားက အထွေအထူးပြောလို့ ရအောင် မကောင်းသလို ၊ အရမ်းကြီးလည်း မဆိုးဘူး။ စားလို့ ဖြစ်တယ်။ ဒီနိုင်ငံမှာ စားဖူးသမျှ ဆိုင်မှာရောင်းတဲ့ မြန်မာဒန်ပေါက်တွေထဲမှာတော့ မြနန္ဒာက ဒန်ပေါက်ကို တတိယ အဆင့်အနေနဲ့  သတ်မှတ်တယ်။
ရဲရင့်ဆိုင်မှ ဒန်ပေါက်။ ရဲရင့်က လူရှုပ်တော့ ကိုယ့်ဘာသာဆို လုံးဝ မသွားဖြစ်ဘူး။ TT နဲ့  NG တို့ နဲ့ သွားမှသာလျှင် အဲဒီဆိုင်မှ စားဖြစ်တယ်။ ရဲရင့်က ဒန်ပေါက် မစားဖြစ်တာ အတော်လေးကို ကြာပြီ။ စားဖူးသလောက်တော့ မဆိုးဘူး။ ကျွန်မ စားလို့ ဖြစ်တယ်။ တစ်ပန်းကန်လုံး ကုန်တယ်။ အရင်က ဒန်ပေါက်စားချင်တယ်ဆို ရဲရင့်ကို ပထမ ဦးစားပေးအနေနဲ့  သွားဖြစ်တယ်။ ဟိုး ၄-၅ လကျော်က ဒန်ပေါက်စားချင်လို့  ရဲရင့်သွားတာ ကုန်သွားပြီတဲ့။ တနင်္ဂနွေနေ့  နေ့ လယ် ၂ နာရီကျော်ပဲ ရှိသေးတယ်။ အဲဒီနောက်ပိုင်းတော့ ရဲရင့်ကို နောက်ထပ် မရောက်ဖြစ်တော့ဘူး။
ဒန်ပေါက်အကြောင်း အနှစ်ချုပ်ကြည့်ရင်
၁။ မြနန္ဒာ - နည်းတယ်။ အရသာ မဆိုး၊ စားလို့ ဖြစ်တယ်။
၂။ အင်းလေး - အရသာ မဆိုး။ မြန်မာဒန်ပေါက်နဲ့ သိပ်မတူ။ စားလို့ တော့ဖြစ်တယ်။
၃။ Oriental House - များတယ်။ အရသာ မကြိုက်။
၎။ ရနံ့ သစ် - စားဖူးသမျှ စင်္ကာပူက ဆိုင်တွေမှာ အနှစ်သက်ဆုံး။ (အခုချိန်ထိ)
၅။ ရဲရင့် - အရင်က စားဖူသလောက် ကြိုက်တယ်။ အခုနောက်ပိုင်း မရောက်ဖြစ်တာကြာလို့  အခြေအနေမသိ။
၆။ ဧရာဝတီ - အဲဒီဆိုင်မှာ ဒန်ပေါက်ရလား၊ မရလား သေချာ မသိ။ မစားဖူးပါ။
တခြား မြန်မာဆိုင်တွေ ရှိအုံးမယ် ထင်တယ်။ ကျွန်မ သိတာ ဒီလောက်ပဲ။
ရနံ့ သစ်မှ ဒန်ပေါက်ထဲတွင် ၀ှက်ထားသော ကြက်သားကို ဖော်ပြီးနောက်....
ရနံ့ သစ်ဆိုင်က မုန့် ဟင်းခါးလည်းမဆိုးဘူး။ စားလို့ အတော်လေး ကောင်းတယ်။ ၄-၅ ခါ လောက်စား ဖူးတယ်။ မှတ်မှတ်သားသားရှိတာက ၂ ခါမှ မုန့် ဟင်းခါးဖတ်က နည်းနည်းမာ နေတယ်။ မနေ့ က သွားစားတာကတော့ အဆင်ပြေတယ်။ ကျွန်မ ပတ်ဝန်းကျင်က လူအတော်များများကလည်း ရနံ့ သစ်က မုန့် ဟင်းခါး ကောင်းတယ် ပြောကြပါတယ်။
ဒီမှာ ရေးသားထားတဲ့ စားကောင်းခြင်း၊ မကောင်းခြင်းဟာ ကျွန်မ အစားအသောက်တွေ ၀ယ်စားတဲ့ အချိန်မှာ ခံစားလို့ ရလိုက်တဲ့ အရသာနဲ့  ဆုံးဖြတ်ထားတာဖြစ်လို့  တခြားသူတွေ အမြင်နဲ့  ကွဲလွဲနိုင်ပါတယ်။
January 16, 2009
ပျိုတိုင်းကြိုက်တဲ့...

ကိုယ့်ဘာသာ အပင်တွေစိုက်ဖို့  စိတ်မရှည်ပေမယ့် သစ်ပင်တွေ အများကြီးနဲ့  ပန်းတွေပွင့်၊ အသီးတွေသီးတာမျိုးဆိုရင် အရမ်း သဘောကျတယ်။ ရန်ကုန် အိမ်မှာ သစ်ပင်စိုက်ဝါသနာပါတဲ့  အစ်ကိုက အလှပန်းပင်တွေ တင်မကဘူး၊ စားလို့ ရတဲ့ အပင်တွေပါ အစုံ စိုက်ထားတယ်။ငယ်ငယ်ကဆို အစ်ကိုစိုက်တဲ့ အပင်တွေကပွင့်တဲ့ ပန်းတွေယူပြီး မေမေ နဲ့  ကျောင်းက ဆရာမတွေ ပန်ဖို့  မျက်နှာလုပ် လက်ဆောင်ပေးနေကြ။
January 15, 2009
မရမ်းသီး စားချင်တယ်..
နေးတစ်မှာ မန်ဘာတစ်ယောက်က ရေးထားတယ်၊ ရန်ကုန်မှာ မရမ်းသီးပေါ်ပြီ တစ်ဆယ်သား ၈၀၀ တဲ့။ ပုဇွန်ဘော့ချိတ်ကလေးတွေ နဲ့  ထောင်းစားတယ်ဆိုတော့ မရမ်းသီးအနုလေးတွေလား မသိဘူး။ အဲဒီအစ်မ ရေးထားတာ ဖတ်ပြီး မရမ်းသီးစားချင်တဲ့ စိတ်ပေါ်လာတယ်။
မရမ်းသီးထောင်းတို့  မရမ်းသီးသုတ်တို့ စားချင်တာ မဟုတ်ဘူး။ မရမ်းသီးထောင်းတို့  မရမ်းသီးသုတ်တို့  စားလေ့မရှိဘူး။ မရမ်းသီး အစိမ်း အရင့်ကို ထက်ခြမ်းခွဲ ထားတာကို ဆား၊ သကြား ( တစ်ပုလင်းကို ဆေးသကြားတစ်ခဲ လောက်ထည့် လည်း ကောင်းတယ်၊ အမေ ခွင့်ပြုရင်ပေါ့ ) နဲ့  စိမ်ပြီး နည်းနည်း ၀ါတာတာလေး ဖြစ်တဲ့ အချိန်ထုတ် ဆား၊ နွယ်ချို၊ ငရုတ်သီး နဲ့  သကြား စပ်ထားတဲ့ အမှုန့် နဲ့ စားချင်တာ။ ဒါမှမဟုတ်၊ မရမ်းသီး အစိမ်းကို ဒီတိုင်း ပါးပါးလေးတွေ ဖြစ်အောင် လှီးပြီး ဆား၊၊နွယ်ချို၊ ငရုတ်သီးမှုန့်  တွေထည့်ပြီး စပ်စပ်လေး နယ်စားချင်တယ်။
မရမ်းသီးစိမ်း အရင့်တွေ ဈေးမှာ ရောင်းနေပြီဆိုတာနဲ့  အိမ်က အမြဲဝယ်ပေးတယ်။ အိမ်ရှေ့ အိမ်မှာလည်း မရမ်းသီးပင်ကြီးရှိတော့ သူတို့ စီကလည်း အလကားရတယ်။ မရမ်းသီးတွေကို ထက်ခြမ်းခွဲပြီး စားဖို့  ပုလင်းနဲ့  စိမ်ထားတယ်။ တခါစိမ်ရင် ၂ ရက်လောက်စောင့်ပြီးမှ စားလို့ ရတယ်။ မရမ်းသီးခြမ်းတွေ အရောင်ပြောင်းပြီဆို စားလို့ ရပြီ။ အမြန်အရောင် ပြောင်းစေချင်ရင် အခြမ်းတွေကို ဆားရည် မြန်မြန် ၀င်အောင် ဓားနဲ့  နည်းနည်း မွှမ်းပေးတယ်၊ ဒါမှမဟုတ် ရေနွေး နည်းနည်းထည့် လိုက်တယ်။ :D ပုလင်းနဲ့ စိမ်တဲ့အချိန်မှာ ထည့်တဲ့ ဆားသကြား အချိုးက အရေးကြီးတယ်။ နည်းသွားရင် ချဉ်နေပြီး များသွားရင်လည်း ချိုရဲကြီး ဖြစ်နေရော။ တခြားသူတွေ လုပ်ပေးရင် စိတ်တိုင်းမကျတာများလို့  ကိုယ့်ဘာသာကိုယ်ပဲ လုပ်တယ်။ ကျွန်မ လုပ်ထားသမျှ မောင်လေးနဲ့ ညီမလေးက အားပေးတယ်။ အိမ်မှာဆို ကျွန်မတို့  အငယ်သုံးယောက်လုံး အချဉ်စားတယ်။ အစ်ကို အကြီးဆုံးကတော့ မစားဘူး။ အမေကလည်း အချဉ်မစားဘူး၊ အဖေကတော့ တခါတလေ စိတ်ကူးပေါက်ရင် ကျွန်မတို့ စီက တောင်းယူစားတယ်။
အပြင်မှာ အဲလို စိမ်ပြီး အထုတ်နဲ့ ရောင်းတဲ့ မရမ်းသီးတွေ မကြိုက်ဘူး။ သန့် တယ် မထင်ဘူး။ ပြီးတော့ ကိုယ်ဘာသာ လုပ်စားသလောက် အရသာမရှိဘူး။ ပျော့နေတာလဲ များတယ်။ အိမ်မှာ စိမ်ထားတဲ့ မရမ်းသီးခြမ်းတွေကို ပုလင်းထဲကနေ ဇွန်းနဲ့ ခပ်ယူစားရတယ်။ သန့် ရှင်းဖို့ လိုတယ်။ တစ်ပုလင်းကို ၃-၄ ရက်လောက်ပဲ ထားလို့  ကောင်းတယ်။ နည်းနည်းကြာသွားရင် မရမ်းသီးခြမ်းတွေက ပျော့သွားရော။ အဲလို့ ပျော့သွားရင် ၀မ်းပျက်မှာစိုးလို့ ဆိုပြီး မစားရတော့ဘူး။ ပျော့တဲ့ဟာက စားလို့ လည်း မကောင်းဘူး၊ နည်းနည်း မာဆပ်ဆပ်လေးမှ စားကောင်းတာ။ ပျော့ပြီး ပစ်လိုက်ရတဲ့ အဆင့်မရောက်ပါဘူး။ မပျော့ခင် ကုန်တာပဲ။ မရမ်းအရင့် ပေါ်စကနေ အသီး မတုန်းမခြင်း အဲဒီလိုလုပ် စားတာပဲ။ အဲဒီ အချိန်တွေဆို ထမင်းလည်း မှန်မှန်စားဖြစ်တယ်။ အချဉ်တွေ ဒီအတိုင်း အများကြီး စားတယ်ဆိုရင် အစာအိမ်ရောဂါဖြစ်မှာစိုးလို့ ဆိုပြီး ထမင်းစားပြီးမှသာ စားခွင့်ပေးတယ်လေ။
မရမ်းသီးဆိုလို့  တစ်ခု ရှိသေးတယ်။ ကျွန်မ မရမ်းချိုသီး မကြိုက်ဘူး။ လုံးဝ မစားသလောက်ပဲ။ ချဉ်ရမယ့် နေရာလာပြီး ချိုနေတယ်။ အချိုစားချင်မှဖြင့် တခြားချိုတဲ့ အသီးတွေ သွားစားမှာပေါ့။ မရမ်းသီး မချဉ်တာထက်စာရင် မစပ်တဲ့ ငရုတ်သီးဆိုတာကို ပိုပြီး လက်ခံနိုင်တယ်။ ငရုတ်သီးက စပ်ရမယ့်နေရာ မစပ်တာက ဖြစ်သင့်တာ မဖြစ်သင့်ပေမယ့် အစပ်ကြောက်ပြီး၊ ငရုတ်သီးအနံ့  ကြိုက်သူတွေအတွက် အသုံဝင်သေးတယ်လို့  ယူဆတယ်။
သရက်သီးအကြောင်းရေးတဲ့ ပိုစ့်မှာ ဒီနိုင်ငံမှာလည်း မရမ်းသီး အစိမ်း ၀ယ်လို့ ရတယ် လို့  တစ်ယောက်က လာပြောဖူးတယ်။ ဒါပေမယ့် မရမ်းသီးအစိမ်းက ရင့်ရင့်၊ အလုံးအကြီးကြီးတွေမှ စားလို့  ကောင်းတာ။ မရမ်းသီးပေါ်တဲ့ အချိန်ရောက်ပြီဆို လူကြုံရှိတာနဲ့  အမေက မရမ်းသီးစိမ်းတွေ ထည့်ပေးမှာ သေချာတယ်။ စောင့်လိုက်အုံးမယ်၊ ဘယ်တော့ စားရမလဲ မသိဘူး။ အိမ်က မရမ်းသီးပို့ ပေးတဲ့အခါမှ ပုံနှင့်တကွ ဒီမှာ မှတ်တမ်း တင်အုံးမယ်။ ငယ်တုန်း အချဉ်စား နိုင်တုန်း၊ စားခွင့်ရတုန်း စားရတာ၊ အသက်ကြီးလာရင် ဒီလိုအချဉ်အစပ်တွေကို စားချင်စိတ် ရှိချင်မှရှိတော့မှာ။
ရေးထားတာဖတ်ပြီး သွားရည်တွေကျသွားလား၊ သွားတွေကြိမ်းသွားကြလား၊ ဘာဖြစ်သွားကြမလဲ မသိဘူး။ သည်းခံပါ။ အလုပ်လုပ်ရင်း ခေါင်းရှုပ်လာလို့  စားချင်တာတွေ ရေးလိုက်တယ်။ ခုတလော ခေါင်းရှုပ် စရာတွေ ကြုံလာရင်၊ အပြောင်းအလဲအနေနဲ့  အစားအသောက် အကြောင်းကိုပဲ စိတ်ဝင်စား၊ တွေးမိတယ်။ ရေးချင်တာတွေရေး ပြီး မလုပ်ချင်ပဲ လုပ်ရမယ့်ဟာတွေ ဆက်လုပ်လိုက်အုံးမယ်။

Lullaby For A Stormy Night
Lullaby For A Stormy Night - Vienna Teng
Little child,.... Be not afraid
The rain pounds harsh against the glass
Like an unwanted stranger
There is no danger
I am here tonight
Little child,.... Be not afraid
Though thunder explodes
And lightning flash
Illuminates your tearstained face
I am here tonight
And someday you'll know
That nature is so
This same rain that draws you near me
Falls on rivers and land
And forests and sand
Makes the beautiful world that you see
In the morning
Little child,.... Be not afraid
The storm clouds mask your beloved moon
And its candlelight beams
Still keep pleasant dreams
I am here tonight
Little child,.... Be not afraid
The wind makes creatures of our trees
And the branches to hands
They're not real, understand
And I am here tonight
And someday you'll know
That nature is so
This same rain that draws you near me
Falls on rivers and land
And forest and sand
Makes the beautiful world that you see
In the morning
For you know, once even I
Was a little child
And I was afraid
But a gentle someone always came
To dry all my tears
Trade sweet sleep for fears
And to give a kiss goodnight
Well, now I am grown
And these days have shown
Rain's a part of how life goes
But it's dark and it's late
So I'll hold you and wait
'til your frightened eyes do close
And I hope that you'll know
That nature is so
This same rain that draws you near me
Falls on rivers and land
And forests and sand
Makes the beautiful world that you see
In the morning
Everything's fine in the morning
The rain will be gone in the morning
But I'll still be here in the morning
January 14, 2009
♠ Fried Oyster Omelette (Orh Luak)
ဒီနေ့ ညစာ အဖြစ် Fried Oyster Omelette (Orh Luak) နဲ့  ထမင်း တစ်လုံးနဲ့  စားဖြစ်တယ်။ ဒီနိုင်ငံမှာ စားဖူးသမျှ Oyster နဲ့ ကြက်ဥကြော်တွေထဲမှာ ဒီနေ့ စားတဲ့ဆိုင်က ဟာကို အတော်လေး ကြိုက်တယ်။ အရမ်း မအီဘူး။ စားလို့ ကောင်းတယ်။

ညနေဆိုတော့အလင်းရောင် သိပ်မရလို့ ပုံက နည်းနည်းမှောင်နေသလိုပဲ။
စင်္ကာပူမှာ ရောင်းတာ Fried Oyster Omelette နှစ်မျိုး ရှိတယ်။ တစ်မျိုးက ကြက်ဥ၊ Oyster နဲ့ ကော်မှုန့် ( ထင်တာပဲ ) ကို ခေါက်ပြီး အကြေပုံစံမျိုး ကြော်ထားတာ။ နောက်တစ်မျိုးက ရိုးရိုး ကြက်ဥခေါက်ကြော် အပြင်လိုက်ပေါ်မှာ Oyster တွေ တင်ပေးထားတာ။ ဒုတိယ အမျိုးအစားမှာ ပါတဲ့ Oyster က ပိုပြီး ကြီးတတ်ပါတယ်။ ကျွန်မကတော့ ပထမ အမျိုးအစားကို ပိုကြိုက်တယ်။ ဆိုင်တွေမှာ ၀ယ်စားတဲ့အခါ Oyster မကြိုက်ဘူးဆို ပုဇွန်နဲ့  မှာလို့ ရတယ်။ ပုဇွန်နဲ့ တစ်ခါ စားဖူးတယ်။ ပုံမှန်ဆို Oysterုမကြိုက်ပေမယ့် အဲလို ကြက်ဥနဲ့ ကြော်တာမှာတော့ ပုဇွန်ထက်စာရင် Oyster နဲ့ ကြော်တာက ပိုပြီးစားကောင်းတယ်လို့  ထင်မိတယ်။

ဒီပုံ နည်းနည်းဝါးသွားတယ်
ဘယ်လိုကြော်ရလည်း သိချင်တယ်ဆို Google မှာ Fried Oyster Omelette Recipes ဆိုပြီး ရှာကြည့် လိုက်ပါ။ ကြော်ရတာ မြန်လည်းမြန် လွယ်လည်းလွယ်မယ်။ အထင်ပြောတာပါ။ ခုချိန်ထိ ကိုယ့်ဘာသာကိုယ် တခါမှ ကြော်မစား ကြည့်ဖူးသေးဘူး။ တစ်ချိန်ချိန်တော့ ကြော်ကြည့်ဖြစ်လောက်တယ်။
ဒီနေ့  အလုပ်မှာ Deployment ရှိတယ်။ အခုအချိန်အထိ အိမ်မပြန်ရသေးဘူး။ ကိုယ့်လုပ်ရမယ့် အလုပ်တွေပြီးပြီ။ တခြားသူတွေကို စောင့်ရင်း အချိန်ဖြုန်းတဲ့ အနေနဲ့  ညနေခင်းက စားဖြစ်တဲ့ ညစာအကြောင်း အခုလို မှတ်တမ်းတင်ဖြစ် သွားပါတယ်။
Pleace to eat Fried Oyster Omelette - GoodFood(SG)

ဒီည၊ ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ - မိုဃ်းဇော်
အစက
နင်းထားရတာ မြေကြီဆို
အဆုံးတော့
မော့ကြည့်ရတာလည်း မြေကြီးပဲ
ဒီမြေကြီးပေါ်မှာမှ
တစ်ဦးနှင့်တစ်ဦး မဝေမျှနိုင်ခဲ့ဘူး။
ဒီည
ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ။
မြေကြွက်တစ်ကောင်လို
ကြုံရာတွင်းမှာ မအောင်းချင်ဘူး.
ငါ့ဝိညာဉ်ကို
ဓာတ်တိုင်ထိပ်မှာ မချိတ်နိုင်ဘူး။
ငန်းဖမ်းနေတဲ့ "ဂျစ်ပစီ" ဟာ
ငါ မဟုတ်ဘူး။
မထူးတော့တဲ့ ဒီည
အာဖရိက ခြင်္သေ့တစ်ကောင်လို အော်ဟစ်ပြီး
ကမ္ဘာကြီးကို ကုတ်ခြစ်ပစ်ချင်ရဲ့။
ဒီည
ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ။
လူ့ ဘ၀မှာ ကြယ်တွေလတွေ မစုံပေမယ့်
မိုးလုံလေလုံ အိပ်ရာကလေးတော့ လိုအပ်တယ်။
"မေမေရေ"
သော့ခတ်ထားတဲ့ လမ်းတစ်လျှောက်
အိပ်ရာပျောက်ညတဲ့ညများ များပေါ့။
ဒီည
ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ။
စက်ဝိုင်းထဲ
ညတိုင်းတော့တိုးနေရတဲ့ ဒီည။
တရားထူးရခဲ့ရင်
အရင်ဦးဆုံး ဟောကြားလှည့်ပါ "အရှင်"။
မြေကြီးကို ခင်တွယ်ခဲ့သမျှ
မြေကြီးကို ပစ်ချခဲ့တဲ့ ဒီည
ဒီည
ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ။ ။
မိုဃ်းဇော်
နင်းထားရတာ မြေကြီဆို
အဆုံးတော့
မော့ကြည့်ရတာလည်း မြေကြီးပဲ
ဒီမြေကြီးပေါ်မှာမှ
တစ်ဦးနှင့်တစ်ဦး မဝေမျှနိုင်ခဲ့ဘူး။
ဒီည
ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ။
မြေကြွက်တစ်ကောင်လို
ကြုံရာတွင်းမှာ မအောင်းချင်ဘူး.
ငါ့ဝိညာဉ်ကို
ဓာတ်တိုင်ထိပ်မှာ မချိတ်နိုင်ဘူး။
ငန်းဖမ်းနေတဲ့ "ဂျစ်ပစီ" ဟာ
ငါ မဟုတ်ဘူး။
မထူးတော့တဲ့ ဒီည
အာဖရိက ခြင်္သေ့တစ်ကောင်လို အော်ဟစ်ပြီး
ကမ္ဘာကြီးကို ကုတ်ခြစ်ပစ်ချင်ရဲ့။
ဒီည
ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ။
လူ့ ဘ၀မှာ ကြယ်တွေလတွေ မစုံပေမယ့်
မိုးလုံလေလုံ အိပ်ရာကလေးတော့ လိုအပ်တယ်။
"မေမေရေ"
သော့ခတ်ထားတဲ့ လမ်းတစ်လျှောက်
အိပ်ရာပျောက်ညတဲ့ညများ များပေါ့။
ဒီည
ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ။
စက်ဝိုင်းထဲ
ညတိုင်းတော့တိုးနေရတဲ့ ဒီည။
တရားထူးရခဲ့ရင်
အရင်ဦးဆုံး ဟောကြားလှည့်ပါ "အရှင်"။
မြေကြီးကို ခင်တွယ်ခဲ့သမျှ
မြေကြီးကို ပစ်ချခဲ့တဲ့ ဒီည
ဒီည
ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ။ ။
မိုဃ်းဇော်
January 12, 2009
Top 25 Most Dangerous Programming Errors
NSA (National Security Agency) ၊ DHS (U.S. Department of Homeland Security) ၊ Microsoft ၊ Symantec စသည်ဖြင့် US က high-profile organizations ကြီး အခု ၃၀ တို့ ပူးပေါင်းပြီး ဒီနေ့ ပဲ ထုတ်ပြန်လိုက်တဲ့ 25 most dangerous coding errors list ဖြစ်ပါတယ်။ Hacker တွေက အဲဒီ Programming error တွေကို အခွင့်ကောင်းယူပြီး attack လုပ်ကြတယ်လို့ ရေးသားထားပါတယ်။ ဒီ Error 25 ချက်ကို Programmer တွေ မဖြစ်မနေ လေ့လာသင့်တယ်လို့ ထင်ပါတယ်။
* Category: Insecure Interaction Between Components (9 errors)
* Category: Risky Resource Management (9 errors)
* Category: Porous Defenses (7 errors)
CATEGORY: Insecure Interaction Between Components
CATEGORY: Risky Resource Management
CATEGORY: Porous Defenses
အဲဒီ Errors တွေကို ဘယ်သူတွေက ဘယ်လိုသတ်မှတ်ပြီး တစ်ခုခြင်းစီရဲ့ အသေးစိတ်ရှင်းလင်းချက်တွေ ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
Credit to ****
* Category: Insecure Interaction Between Components (9 errors)
* Category: Risky Resource Management (9 errors)
* Category: Porous Defenses (7 errors)
CATEGORY: Insecure Interaction Between Components
- CWE-20: Improper Input Validation
- CWE-116: Improper Encoding or Escaping of Output
- CWE-89: Failure to Preserve SQL Query Structure (aka 'SQL Injection')
- CWE-79: Failure to Preserve Web Page Structure (aka 'Cross-site Scripting')
- CWE-78: Failure to Preserve OS Command Structure (aka 'OS Command Injection')
- CWE-319: Cleartext Transmission of Sensitive Information
- CWE-352: Cross-Site Request Forgery (CSRF)
- CWE-362: Race Condition
- CWE-209: Error Message Information Leak
CATEGORY: Risky Resource Management
- CWE-119: Failure to Constrain Operations within the Bounds of a Memory Buffer
- CWE-642: External Control of Critical State Data
- CWE-73: External Control of File Name or Path
- CWE-426: Untrusted Search Path
- CWE-94: Failure to Control Generation of Code (aka 'Code Injection')
- CWE-494: Download of Code Without Integrity Check
- CWE-404: Improper Resource Shutdown or Release
- CWE-665: Improper Initialization
- CWE-682: Incorrect Calculatio
CATEGORY: Porous Defenses
- CWE-285: Improper Access Control (Authorization)
- CWE-327: Use of a Broken or Risky Cryptographic Algorithm
- CWE-259: Hard-Coded Password
- CWE-732: Insecure Permission Assignment for Critical Resource
- CWE-330: Use of Insufficiently Random Values
- CWE-250: Execution with Unnecessary Privileges
- CWE-602: Client-Side Enforcement of Server-Side Security
အဲဒီ Errors တွေကို ဘယ်သူတွေက ဘယ်လိုသတ်မှတ်ပြီး တစ်ခုခြင်းစီရဲ့ အသေးစိတ်ရှင်းလင်းချက်တွေ ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
SAM : 2009 CWE/SANS TOP 25 Most Dangerous Programming Errors
CWE : 2009 CWE/SANS Top 25 Most Dangerous Programming Errors
CWE : 2009 CWE/SANS Top 25 Most Dangerous Programming Errors
Credit to ****
January 11, 2009
Enable Root login in Ubuntu
ပုံမှန်အတိုင်းဆို Ubuntu မှာ Adiminstration [root] account နဲ့  ၀င်လို့ မရပါဘူး။ Root User ကို ပိတ်ထားပေမယ့် Account က ရှိနေတဲ့ အတွက် Root User နဲ့  Login ၀င်ပြီး အသုံးပြုချင်တယ်ဆို ရအောင်လုပ်ဖို့ နည်းလမ်း ရှိပါတယ်။
၁။ Root user အတွက် Password သတ်မှတ်ပေးဖို့ လိုပါတယ်။
Terminal ကိုသွား sudo passwd root ဆိုတာကို ရိုက်ထည့်ပြီး root user အတွက် password ကို သတ်မှတ်ပေးလို့ ရပါတယ်။
၂။ Root User login ကို ဖွင့်ပေးရပါမယ်။
System -->Administration-->Login Window ကိုသွားပါ။
Password ထည့်ခိုင်းတဲ့အခါ လက်ရှိ ၀င်ထားတဲ့ user ရဲ့ passowrd ကိုထည့်ပေးပါ။ Pop-up window တစ်ခု ပေါ်လာပါလိမ့်မယ်။ "Security" tab ကိုသွားပါ။
"Allow local system administrator login". ဆိုတဲ့ checkbox ကို ရွေးပြီး အဲဒီ Widnow ကို ပိတ်လိုက်ပါ။
ဒါဆိုရင် Ubuntu ကို root user နဲ့  login လုပ် သုံးနိုင်ပါပြီ။ password အမြဲတမ်း ရိုက်ထည့်နေရတာကို နှစ်သက်ခြင်း မရှိ၊ အလုပ်ရှုပ်တယ် ထင်တဲ့အတွက် Ubuntu သုံးတဲ့အခါတိုင်းမှာ root အကောင့်နဲ့ ပဲ သုံးဖြစ်ပါတယ်။ ကျွန်မအနေနဲ့  တခြား Security အရေးတွေကို သိပ်ပြီး ဂရုစိုက်စရာမှ မလိုတာ။ ဒါနဲ့  Root Account ကို သုံးခြင်းရဲ့ ကောင်းတဲ့ အချက်နဲ့  မကောင်းတဲ့ အချက်တွေကို သိချင်တယ်ဆို ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။
Root User အတွက် Password သတ်မှတ်ရာမှာ နောက်တစ်နည်းက System--> Administration -->Users and Groups ကိုသွားပြီး သတ်မှတ်လို့ လည်းရပါတယ်။ အဲဒီမှာ root account က lock ဖြစ်နေရင် unlock အရင်လုပ်ဖို့ လိုပါတယ်။ အဲဒီနောက် "root" အပေါ်မှာ Double-click နှိပ်ပြီး ပေါ်လာတဲ့ Window ထဲက "Set password by hand" ဆိုတဲ့ နေရာမှာ ကိုယ့်သတ်မှတ်ချင်တဲ့ Password ကို ထည့်လို့ ရပါတယ်။

January 10, 2009
Google’s New Favicon
အမည်မဖော်လိုသူ တစ်ယောက်က ကွန်မန့် ကနေ Google Favicon ပြောင်းသွားတာ သတိထားမိလား မေးတယ်။ Google Blog မှာ အဲဒီသတင်း တက်လာတာ တွေ့ လို့  ကြည့်နေတာ။ တွေ့ တွေ့ ခြင်း Firefox ကိုသုံး သွားကြည့်တော့ မပြောင်းသေးဘူး။ မအိပ်ချင်သေးတာနဲ့  သတင်းတွေ လိုက်ဖတ်ရင်း တချက်တချက် ဂူးဂဲလ်သွားပြီး ဘယ်တော့ ပြောင်းမလဲဆို သတိထား ကြည့်နေမိတယ်။ အခုလေးတင် သတိရလိုက်လို့ Firefox တင်မကဘူး တခြား Browser တွေကိုပါ သုံးပြီး google.com သွားကြည့်လိုက်တဲ့အခါမှာ တချို့  Browser တွေမှာ ပြောင်းပြီးပေါ်နေပြီဆိုတာ တွေ့ လိုက်ရတယ်။
အသစ်က အရောင်စုံလေး။ ဂူးဂဲလ် အရောင် အပြာ၊အနီ၊အ၀ါ၊အစိမ်း နဲ့  အဖြူရောင် ကိုသုံးထားတယ်။ စာလုံးက g အသေးပဲ။ မပြောင်းတဲ့ Firefox နဲ့  IE ကို ဟိုးရှင်းဒီရှင်းလုပ်ပြီး ပြောင်းမလား စမ်းကြည့်တာ မရတာနဲ့  ထားလိုက်တော့တယ်။ တစ်ချိန် ပြောင်းလိမ့်မယ်။
Other related post : Google's New Blue Favicon

January 09, 2009
☺အတင်းလား သတင်းလား...
အတင်းလား သတင်းလား...
ဘာလဲ..
....
မပြောတတ်တော့ အတင်း..
ပြောတတ်ရင် သတင်း ဖြစ်တယ်။
..........
....
☺
ဘာလဲ..
....
မပြောတတ်တော့ အတင်း..
ပြောတတ်ရင် သတင်း ဖြစ်တယ်။
..........
....
☺
Sun Java Certification eB00k
မနေ့ ညက စာဖတ်ရင်း ကွန်ပြူတာထဲမှာ ရှိနေတဲ့ eB00k တွေကို လျှောက်ကြည့် ဖြစ်တယ်။ သိတဲ့ အတိုင်းပဲ စာကြည့်မယ်ဆို ဖတ်မယ် စိတ်ကူးတဲ့ စာအုပ်ကလွဲရင် ကျန်တဲ့ အရာအားလုံးဟာ စိတ်ဝင်စားနေခဲ့တယ်။ ဒီစာအုပ်တွေ ဒေါင်းလုတ်လုပ် စုထားတာ မနှစ်က နှစ်ဆန်းပိုင်းလောက်က တည်းက။ အတော်ကြာနေပြီ။ အလုပ်က သူငယ်ချင်း တချို့  စာမေးပွဲဖြေ ကြလို့  သူတို့ အတွက် စာအုပ်တချို့ လိုက်ရှာပေးဖြစ်ခဲ့တာ။ကျွန်မကတော့ အီးဘုတ်တွေ ဖတ်ရတာ ထက်စာရင် စာအုပ်ဖတ်ရတာ ပိုအားသန်တယ်။
ဒါကတော့ Java 6 အတွက် စာအုပ်။ သိသမျှ သူငယ်ချင်း အသိုင်းအ၀ိုင်းထဲမှာ အခုအချိန်အထိ Java 6 ဖြေတဲ့သူ တစ်ယောက်မှမရှိသေးဘူး။
ခုနောက်ပိုင်းတော့ Java နဲ့  ပတ်သက်တာ နည်းနည်း ပြန်ဖတ်မလား စိတ်ကူးနေတယ်။ အလုပ်လည်း အသစ်ထပ်ရှာဖို့ လည်း စိတ်ကူးရှိတယ် ဆိုတော့ အင်တာဗျူးတွေအတွက် ပြင်ဆင်ရင်း တစ်ခါတည်း Java Ceftificate တွေအတွက်ပါ ဖတ်ရင်ကောင်းမယ်။ တစ်ချက်ခုတ်ယုံနဲ့  နှစ်ချက်များ ပြတ်မလား။
J2ME ကို မသိတော့ SCMAD ကိုလည်း ဖြေဖို့  စိတ်ကူးကို မရှိဘူး။ J2SE (SCJD) ကိုတော့ မဖြေတော့ဘူး စိတ်ကူးတယ်။ အခုလက်ရှိ လုပ်နေတာက J2EE နဲ့  ဆိုင်တော့ အလုပ်နဲ ဆိုင်တဲ့ SCWCD နဲ့  SCBCD ဘာဖြေရင် ကောင်းမလဲ။ တကယ်ဆို အဲလို စဉ်းစားတာ ၂-၃ နှစ်ရှိပြီ။ ကောင်အထည်သာ မဖော်ဖြစ်တာ။ ချစ်သူကတော့ အားပေးတယ်။ အားနေတာပဲ နှစ်ခုလုံး ဖြေလိုက်တဲ့။ ကျွန်မ သိပ်အားနေတာ သူ မကြည့်ရက်ဖူးထင်ပါတယ်။ မအားဘူးပြီး ဆင်ခြေတတ်လို့ လည်းမရ။ ကျွန်မ ဘာမှ မလုပ်ပဲ၊ အချိန်ယူတတ်ရင် လုပ်လို့ ရနိုင်တာ သူသိနေတာပဲ။ ခုတော့ စားမေးပွဲဖြေဖို့ ဆိုတဲ့ စကာသံကြားရင် နည်းနည်း ဝေးဝေးပုန်းချင်နေတယ်။ ဘယ်တော့ ဖြေမှာလဲ ဘာတွေ ဖြေမှာလဲ မမေးနဲ့  ဖြေဖြစ်မှာ တကယ်ဖြစ်မယ်။ အားတင်း နေပါတယ်။
eBooks source from Internet and all credit goes to original uploader!!
အရှေ့ က စာမေးပွဲတစ်ခါ ဖြေခဲ့တုန်းက အစစအရာရာ အဆင်ပြေပြေ လေ့လာနိုင်အောင် စာအုပ်ဝယ် လက်ဆောင်ပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက် နဲ့  သူစီမှာရှိသမျှ သူပြင်ဆင်ထားသမျှ မချွင်းမချန် အကုန် ပေးခဲ့တဲ့ သူငယ်ချင်းယောက်ကို ကျေးဇူးတင်တယ်။ :-)
ဒါကတော့ Java 6 အတွက် စာအုပ်။ သိသမျှ သူငယ်ချင်း အသိုင်းအ၀ိုင်းထဲမှာ အခုအချိန်အထိ Java 6 ဖြေတဲ့သူ တစ်ယောက်မှမရှိသေးဘူး။
ဒီအောက်က စာအုပ်ကတော့ SCWCD (CX-310-081) အတွက် စာအုပ်။
ခုနောက်ပိုင်းတော့ Java နဲ့  ပတ်သက်တာ နည်းနည်း ပြန်ဖတ်မလား စိတ်ကူးနေတယ်။ အလုပ်လည်း အသစ်ထပ်ရှာဖို့ လည်း စိတ်ကူးရှိတယ် ဆိုတော့ အင်တာဗျူးတွေအတွက် ပြင်ဆင်ရင်း တစ်ခါတည်း Java Ceftificate တွေအတွက်ပါ ဖတ်ရင်ကောင်းမယ်။ တစ်ချက်ခုတ်ယုံနဲ့  နှစ်ချက်များ ပြတ်မလား။
J2ME ကို မသိတော့ SCMAD ကိုလည်း ဖြေဖို့  စိတ်ကူးကို မရှိဘူး။ J2SE (SCJD) ကိုတော့ မဖြေတော့ဘူး စိတ်ကူးတယ်။ အခုလက်ရှိ လုပ်နေတာက J2EE နဲ့  ဆိုင်တော့ အလုပ်နဲ ဆိုင်တဲ့ SCWCD နဲ့  SCBCD ဘာဖြေရင် ကောင်းမလဲ။ တကယ်ဆို အဲလို စဉ်းစားတာ ၂-၃ နှစ်ရှိပြီ။ ကောင်အထည်သာ မဖော်ဖြစ်တာ။ ချစ်သူကတော့ အားပေးတယ်။ အားနေတာပဲ နှစ်ခုလုံး ဖြေလိုက်တဲ့။ ကျွန်မ သိပ်အားနေတာ သူ မကြည့်ရက်ဖူးထင်ပါတယ်။ မအားဘူးပြီး ဆင်ခြေတတ်လို့ လည်းမရ။ ကျွန်မ ဘာမှ မလုပ်ပဲ၊ အချိန်ယူတတ်ရင် လုပ်လို့ ရနိုင်တာ သူသိနေတာပဲ။ ခုတော့ စားမေးပွဲဖြေဖို့ ဆိုတဲ့ စကာသံကြားရင် နည်းနည်း ဝေးဝေးပုန်းချင်နေတယ်။ ဘယ်တော့ ဖြေမှာလဲ ဘာတွေ ဖြေမှာလဲ မမေးနဲ့  ဖြေဖြစ်မှာ တကယ်ဖြစ်မယ်။ အားတင်း နေပါတယ်။
eBooks source from Internet and all credit goes to original uploader!!
အရှေ့ က စာမေးပွဲတစ်ခါ ဖြေခဲ့တုန်းက အစစအရာရာ အဆင်ပြေပြေ လေ့လာနိုင်အောင် စာအုပ်ဝယ် လက်ဆောင်ပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက် နဲ့  သူစီမှာရှိသမျှ သူပြင်ဆင်ထားသမျှ မချွင်းမချန် အကုန် ပေးခဲ့တဲ့ သူငယ်ချင်းယောက်ကို ကျေးဇူးတင်တယ်။ :-)
January 08, 2009
Northern Chinese Cuisine
.jpg)
.jpg)

ဆိုင်နာမည်ကို တရုတ်လို ရေးထားပြီး၊ ဆိုင်ပြင်မှာတော့ အစားအသောက်ပုံတွေကပ်ထားတာ တရုတ်၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ ရေးထားတယ်။ ဆိုင်ရှင်ကလည်း တရုတ်လိုပဲ ပြောတယ်။ အထဲမှာ ချပေးတဲ့ မီနူးမှာလည်း တရုတ်လိုပဲပါတယ်။ အင်္ဂလိပ်လို မီနူးမရှိဘူးလားဆိုတော့ ပုံနဲ့ တစ်ခုရှိတယ်ဆိုပြီးပြတယ်။ တစ်ဆိုင်လုံးမှာ အင်္ဂလိပ်လို ပုံနဲ့ မီနူးက တစ်ခုပဲရှိတော့ တခြားဝိုင်းက တရုတ်စာ မဖတ်တတ်သူတွေ လာမယ်ဆို ပေးလိုက်ရမယ်။ အဆင်သိပ်မပြေဘူး။
အဲဒီမှာသွားစားမယ်ဆို အနည်းဆုံး ၄ ယောက်လောက်သွားစားမှ ကောင်းတယ်။ ဟင်းပွဲတွေက ထည့်ပေးတာများတယ်။ ရှယ်ယာ လုပ်စားတာမျိုးပေါ့။ ဈေးတွေက ဟင်းတစ်ပွဲကို ၈-၁၀ ကြားရှိတယ်။ ခေါက်ဆွဲတွေ ဘာတွေကတော့ ၆ ဒေါ်လာ လောက်ပဲရှိမယ်။ ဖက်ထုတ်တွေလည်း ရှိတယ်။ သူငယ်ချင်းမှာပေးတဲ့ အစားအသောက်တွေက စားလို့ ကောင်းတယ်။ အရသာ အတော်ရှိတယ်။ ကျွန်မ စားလို့ ရတယ်ပေါ့။ အခု ၃ မျိုးစားခဲ့တယ်။ ထမင်းကတော့ တစ်ယောက် တစ်လုံးစီ။ တစ်ယောက်ကို S$5.0 ကုန်တယ်။ အအေးတစ်ဘူးက S$1.20 ဆိုတော့ ဒီနေ့  နေ့ လယ်စာ S$6.20 ကုန်ခဲ့တယ်။ နောက်ရက်တွေမှာလည်း ထပ်သွားစားအုံးမယ်လို့  စိတ်ကူးထားကြတယ်။
ဒီနေ့ သွားစားတဲ့အထဲ အကြိုက်ဆုံးက ဒီအောက်ကဟာ။ ပထမဆုံးစားဖူးတာပါ။ ခေါက်ဆွဲလိုပဲ။ ခေါက်ဆွဲတော့ မဟုတ်ဘူး။ ကြည်ကြည်လေးတွေ၊ ကြော်ထားတာ စားလို့ အတော်လေး ကောင်းတယ်။ လုံးဝ မအီဘူး။ ဘာလဲဆိုတာ ရှင်းပြတယ်။ မမှတ်မိတော့ဘူး။ အရေးကြီးတာ စားလို့ ကောင်းဖို့ ပဲ။
.jpg)
January 07, 2009
KDE vs Windows 7
ခုရက်ပိုင်း Desktop မှာ ဟို OS ပြောင်းလိုက် ဒီ OS ပြောင်းလိုက်လုပ်နေတယ်။ အရင်က Window XP နဲ့  Ubuntu သွင်းထားတယ်။ ခုရက်ပိုင်း အားလပ်ရက်များလို့ သာ လျှောက်ပြောင်းနေနိုင်တာ။ Install လုပ်ရတာ ဘာမှမဟုတ်ပေမယ့် အတော်တော့ အချိန်ကုန်တယ်။ စမ်းချင်တာတွေ များနေတဲ့ အတွက် ဘာကို အတည်တကျသွင်းမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။
Linux OS တွေမှာ Desktop အတွက်ဆို Ubuntu ကို သုံးလေ့ရှိတယ်။ ပုံမှန် Ubuntu ဆိုတော့ GNome နဲ့ ။ KDE သုံးတဲ့ Kubuntu ဟိုးအရင်က တစ်ခါပဲ စမ်းတဲ့အနေနဲ့  သွင်းကြည့်ဖူးတယ်။ ဒါလည်း အတော်ကြာနေပြီ။ သောကြာနေ့ ကတော့ Ubuntu မသုံးပဲ Kubuntu သွင်းပြီး KDE ကို စမ်းချင်စိတ်ပေါ်လာလို့  install လုပ်ဖြစ်တယ်။ သောကြာည ၁၁ ကျော် အိမ်ပြန်ရောက်ကတည်းက စမ်းလိုက်တာ မိုးလင်း သွားတယ်။ ဟိုစမ်းဒီစမ်း လုပ်တာတွေတော့ မရေးတော့ပါဘူး။ အိုင်တီသမားတွေ အဖို့  သိချင်တယ်ဆို အလွယ်တကူ စမ်းလို့ ရနေတယ်။ Ubuntu/Kubuntu က Install လုပ်စရာတောင် မလိုဘူး CD နဲ့  boot တက်ကြည့်လို့  လည်း ရတာပဲ။
Windows 7 နဲ့ interface ဟာ Kubuntu ရဲ့ interface နဲ့  တူနေတာ တွေ့ ရတယ်။ အထူးသဖြင့် Task Bar ။ Microsoft က ထုံးစံအတိုင်း ကူးပြန်ပြီလို့ တွေးရင် Google ကြည့်တော့ အဲဒီကြောင်း ရေးထားတာတွေ အတော်များများ တွေ့ လိုက်ရတယ်။ မတူတာတွေ ရှိတယ်ပေါ့။ ဟုတ်မှာပါ။ လုံးဝ ထပ်တူ တူတယ်လို့ တော့ မဟုတ်လောက်ဘူး။ Window 7 က KDE ရဲ့ ပုံစံကို အခြေခံ ယူပြီး ပိုကောင်းအောင် လုပ်ထားတာမျိုးသာ ဖြစ်မယ်။ မထူးဆန်းပါဘူး။ သူများတွေစီက ကောင်းတာတွေဆို အကုန် ကူးတာ Microsoft ရဲ့ ထုံးစံ တစ်ခုလိုပဲ မဟုတ်လား။
ဒီနေရာမှာ Widnows 7 နဲ့  KDE တွေကို ယှဉ် ပြထားတယ်။

Windows 7, the KDE 3.5 Wannabe?
Does the new Windows 7 taskbar look like the KDE 4 taskbar?
Widnows 7 Screenshots
♪ ရှင်းရင်းရှင်းရှင်း ရှုပ်လာ...
ရှင်းရင်းရှင်းရှင်း ရှုပ်လာ...
....
အမှိုက်များ..
....
လျှင်မြန်ခြင်း မိုးကြိုးသွား..
အင်အားတွေ သုံးပြီး ကိုယ့်အမှိုက်များ..
ရှင်းအောင် ရှင်းပစ်လိုက်ချင်တယ်.. ရှင်းချင်တယ်..
အားတွေ မိုးကြိုးသွားထံမှ .. တောင်းကာ ရှင်းလို့ ရရင်လည်း
ပေးပါ ရှင်းပစ်လိုက်ချင်တယ် .. အမှိုက်များ..
တကယ်ရှုပ်တဲ့ အမှိုက်တွေနဲ့ ကိုယ်ပဲ..
စိတ်ပျက်ခြင်းရဲ့ အမှိုက်တွေနဲ့ ..
နားမလည်ခြင်းရဲ့ အမှိုက်တွေနဲ့ ...
အကြွေးလို ၀ိုင်းချ အမှိုက်တွေ..
ရှင်းလို့ လည်း မနိုင်ဘူး..
အဆိုးများ ကိုယ့်အမှိုက်များ..
အချစ်ရယ် .. အလွမ်းများ ကိုယ့်အမှိုက်များ..
အကြွေးတွေ တဖြည်းဖြည်း ၀ိုင်းပတ်ထား.. အမှိုက်များ..
ရှင်းလေ တိုးလို့ ရှုပ်လေပဲ...
သိလား.
ဒါဟာ ဘ၀ရဲ့ အမှိုက်တွေပဲ...
ရှင်းလိုက်ရှုပ်လိုက် အမှိုက်များ..
ကိုယ်ဘယ်လို ရှင်းလိုက်ရမှာလဲ...
ရှင်းရင်းရှင်းရှင်း ရှုပ်လာ...
ရှင်းရင်းရှင်းရှင်း ရှုပ်လာ...
အမှိုက်များ... အမှိုက်များ...
ရှင်းရင်းရှင်းရှင်း ရှုပ်လာ...
.....
အမှိုက်များ.. ရှုပ်တယ်... ဘ၀ အမှိုက်များ.
ရှင်းရင်းရှင်းရင်း... ရှုပ်လာ.. အမှိုက်များ..
အခက်အခဲတွေ... အမှားအယွင်းများ..
ရှင်းပစ်လိုက်မယ် အားများပေး
ရှင်းရင်းရှင်းရင်း... ရှုပ်လာ...
ရှင်းရင်းရှင်းရင်း... ရှုပ်လာ...
..
ရှင်းပစ်လိုက်...

အခု နားထောင်ပြီး သဘောကျနေတဲ့ သီချင်း.... ♪ အမှိုက်များ - ဇော်ဝင်းထွဋ် (ခရီးသွားမီးခိုးတန်းများ စီးရီးမှ...).. ဇော်ဝင်းထွဋ် ရဲ့ သီချင်းခွေအသစ် (တစ္ဆေလမ်း) နားထောင်ကြည့်တာ အခုအချိန်အထိ နားထောင်ဖြစ် သလောက် မကြိုက်ဘူး၊ ခံစားလို့ မရဘူး ဖြစ်နေတယ်။ ဒီတော့ အဟောင်းတွေပဲ ပြန်နားထောင် ဖြစ်နေတယ်။
January 06, 2009
♣ Believe it or not!!
ယုံချင်ယုံ မယုံချင်လည်းယုံ..

ရန်မထောင်တတ်သလို
ဟန်လည်းမဆောင်တတ်ဘူး...
♣
တီတီတာတာတွေ မဆိုတတ်သလို
မူယာမာယာတွေလည်း မပိုတတ်ဘူး...
♣
မကြုံစဖူးထူးသည်။
♣

ရန်မထောင်တတ်သလို
ဟန်လည်းမဆောင်တတ်ဘူး...
♣
တီတီတာတာတွေ မဆိုတတ်သလို
မူယာမာယာတွေလည်း မပိုတတ်ဘူး...
♣
မကြုံစဖူးထူးသည်။
♣
ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်လုပ်ရင်း ဒါလေးတွေ့ တယ်။ ရေးထားတာ တော်တော်လေး ကြာပြီ။ ကိုယ်က ဒီလိုပါ ဆိုပြီး ရေးထားတာ မဟုတ်ဘူး။ သူများရေးတာတွေ ကြိုက်လို့ ပြန်ဖော်ပြတာ မဟုတ်ရင် ဒီနေရာမှာ ကိုယ့်အကြောင်းကိုယ် အဓိကရေးတတ်တော့ ဒါလည်း သူ့ အကြောင်းသူ ရေးထားတာဖြစ်မယ်လို့  ထင်နေမှာ စိုးရိမ်တယ်။ ဒီလိုပဲ စိတ်ကူးထဲ ပေါ်တာလေး ချရေး ဖြစ်ခဲ့တာ။ ခုရေးတာ ဖတ်ပြီး မလိုတာတွေ စိုးရိမ်မနေပါနဲ့ ကွယ်... ကိုယ့်အကြောင်းကိုယ်ရေးတယ် လုံးဝ မထင်ပါဘူးလို့  တိတ်တခိုး စိတ်ထဲကြိတ်ရွတ်တဲ့သူတွေလည်း ရှိချင်ရှိနေမှာ။ ဘာမှမဟုတ်ဘူး။ ထမင်းစားချိန် အချိန်နည်းနည်း အားနေလို့  စာရှည်အောင် ရေးလိုက်တာ။ အပေါ်က ရေးထားတဲ့ အဲဒီမှာ ၃-၄ ကြောင်းလေးထဲမှာတင် သီချင်းတစ်ပုဒ်ထဲက စာသားတွေ ပါတယ်။ အခု ပြန်ပြီး စဉ်းစာကြည့်တဲ့ အခါ ဘယ်သူဆိုတဲ့ ဘယ်သီချင်းကလည်း ဆိုတာ မမှတ်မိတော့ဘူး။ နောက်မှပဲ ပြန်မေးကြည့်တော့မယ်။
January 05, 2009
☺ ဘာလဲ ဘယ်လဲ
အခု
ဘာဖြစ်နေလဲ။
လက်ရှိ ဘာတွေ လုပ်နေလဲ။
ဘာတွေ လုပ်သင့်လဲ နဲ့  ဘာတွေလုပ်နိုင်လဲ။
စဉ်းစားရင်း...
☺
ဘာဖြစ်နေလဲ။
လက်ရှိ ဘာတွေ လုပ်နေလဲ။
ဘာတွေ လုပ်သင့်လဲ နဲ့  ဘာတွေလုပ်နိုင်လဲ။
စဉ်းစားရင်း...
☺
ကာလအပိုင်းအခြားတစ်ခုမှာ ဘာဖြစ်ချင်တယ်၊ ဘာဖြစ်အောင်လုပ်မယ် ဆိုတာမျိုး အသေအချာ စဉ်းစားဖို့ လိုအပ် နေပြီ။ ရည်မှန်းချက်တစ်ခု တိတိကျကျ မရှိဘူးဆိုရင် လူက ဘာမှ အားတတ်သရော ကြိုးစားပြီး မလုပ်ဖြစ်ဘူး။ ပျင်းနေတယ်။ ပျင်းရိခြင်း (၆) ပါးရှိတယ် လို့  ငယ်ငယ်က မှတ်ခဲ့ရတယ်။ အေးတော့လည်း အေးလို့ ၊ ပူတော့လည်း ပူလို့ ၊ မိုးချုပ်သွားလို့ ၊ စောနေသေးလို့ ၊ ဗိုက်ဆာနေလို့ ၊ ဗိုက်ပြည့်နေလို့ ။ ခုနောက်ပိုင်း အဲဒီ ၆ မျိုးလုံး ခဏခဏ သုံးနေ၊ ပြောနေမိ တယ်။ ဒါတွေတင်မကပါဘူး မလုပ်ချင်လို့  တခြားဟာတွေ အကြောင်းပြ ဆင်ခြေပေးတဲ့ နည်းတွေကလည်း အများကြီး ရှိသေးတယ်။
အသေအချာ ပြန်စဉ်းစားတော့ အလုပ်တစ်ခုကို လုပ်တော့မယ်ဆို ဒါလေးလုပ်လိုက်ရင် ငါပင်ပန်းသွားမှာ ဆိုပြီး ကိုယ့်ကိုကိုယ် ညှာနေမိတာက အဓိက အချက်ပါ။ ကိုယ့်ကိုကိုယ် လိုတာထက်ပိုပြီး သနားနေမိတယ်။ လူတွေကို တိုးတက်မှု့ မရှိ၊ ပျက်ဆီး ဆုံးရှုံးမှု့တွေသာ များစေတဲ့ အဓိက အကြောင်းက မိမိကိုယ်ကို သနားခြင်းပဲ ဖြစ်မယ် ထင်တယ်။ ခုနောက်ပိုင်း အိပ်ချိန်လည်း များနေတယ်။ ကျန်းမာရေးအတွက် အိပ်ရေး၀၀ အိပ်ရမယ် ဆိုပြီး အိပ်နေတာ တခါတလေ တစ်နေ့  ၈ နာရီမကဘူး။ တကယ်ဆို ၆ နာရီလောက်အိပ်ရင် လုံလောက်မယ်။ အခုဆို လိုတာထက် အတော်လေး ပိုနေပြီ။ အင်း... မလိုတာလျှော့ပြီး လိုအပ်တာတွေ လုပ်ဖြစ်အောင် ကြိုးစားဖို့ လိုတာ သေချာနေပြီ။ အလိုက်သင့် နေသာသလိုလေး နေပြီး၊ အီးလေးဆွဲ အပျင်းထူနေလို့  မဖြစ်ဘူး။
ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲ ရမှာပဲ။ ဒီအသက်အရွယ်မှာ ကိုယ့်ကို ဘာလုပ်သင့်တယ်၊ ဘာလုပ်ရမယ် ဆိုတာ ဘယ်သူမှ လာပြောနေမှာ မဟုတ်ဘူး။ သူများပြောမှ သိတယ်၊ လုပ်မယ်ဆိုတာမျိုးလည်း ဘာဖြစ်သင့်တော့ဘူး။ ကိုယ့်စိတ်ကို ကိုယ်အလိုလိုက်ပြီး နေလို့ မဖြစ်ဘူး။ လုပ်သင့်တာနဲ့  လုပ်ချင်တာတွေကို မျှတာအောင် ကိုယ့်အသိတရားနဲ့ ပဲ ထိန်းချုပ်ရမှာပဲ။ အချိန်တွေ ကြာလာ လေလေ ကွာခြားချက်တွေက ပိုပြီး သိသာလေလေ မဟုတ်လား..
January 04, 2009
♪ Someone who believes in you
You have someone who believes in you
♥ ♥ ♥ ♥
When there's a dark storm on your horizon
And you think you can't get through it
Just put your hand in my hand
And I'll show you how to do it
When the future looks uncertain
You can count on me to be there
And when your heart and soul are hurtin'
Just look and you'll see me there
Just follow where I lead
I'll give you what you need
A love that's always true
And someone who believes in you
♥
So when you're searching for that rainbow
I will help you find it
And when a mountain stands before you
I will help you climb it
Just follow where I lead
I'll give you what you need
A love that's always true
And someone who believes in you
♥♥
It's time to come alive
Your moment has arrived
I'll bring out the best in you
We can have it all
No, we will never fall
Looking down from our celestial view
Just follow where I lead
I'll give you what you need
And I'll tell you something else
You'll start believing in yourself
It's an easy thing to do
When you have someone who believes in you
♥
Someone who believes
Someone who believes
I'm someone who believes
And you've got someone who believes in you

Watching Dramas
ခုအားလပ်ရက်တွေမှာ ထမင်းစားဖို့ ထွက်ဝယ်တာက လွဲရင် အပြင် မထွက်ဖြစ်ဘူး။ အချိန် အများစုမှာ စကားပြောရင်း ကွန်ပြုတာ ကလိနေတာများတယ်။ ကျန်တဲ့ အချိန်တွေကြတော့ ရုပ်ရှင်တွေ ကြည့်ရင် ကြည့်၊ မကြည့်ရင် အိပ် ဒါပဲလုပ်ဖြစ်တယ်။ ရုပ်ရှင်ကို အွန်လိုင်းက ဒရမ်မာတွေ ကြည့်ဖြစ်သလို၊ အလုပ်က သူငယ်ချင်း တစ်ယောက် ကူးပေးတဲ့ ရုပ်ရှင်တွေလည်း ကြည့်ဖြစ်တယ်။
အခုရက်ပိုင်း ဒရမ်မာ ဇာတ်လမ်းရှည်ကြီးတွေ အတော်များများ ကြည့်ဖြစ်တယ်။ ကိုရီယား၊ ထိုင်ဝမ်၊ ဂျပန် စုံလို့ ပဲ။ နေးတစ်ဖိုရမ်က တခြားသူတွေ ညွန်းတဲ့ ဇာတ်ကားတွေ ကြည့်ဖြစ်သလို၊ ကိုယ့်ဟာကို လိုက်ရှာပြီး ကောင်းမယ် ထင်တာလေးတွေ ကြည့်ဖြစ်တယ်။ ရှုပ်ရှုပ်ရှက်ရှက် စိတ်ရှုပ်စရာ ကောင်းနေတာမျိုးဆို တစ်ပိုင်းတစ်စကြည့်ပြီး ဆုံးအောင်မကြည့်ပဲ ရပ်လိုက်တာများတယ်။ တကယ်ဆို Coffee Prince နဲ့  Air City ကြည့်ပြီးကတည်းက ဒရမ်မာ ဇာတ်ကားအရှည်ကြီးတွေ မကြည့်ဖြစ်တာ အတော်ကြာပြီ။ ကြည့်ရတာ အချိန်ကုန်တယ်လေ။ ဒေါင်းလုတ်လုပ်ဖို့ လည်း စိတ်မရှည်ဘူးလေ။ အွန်လိုင်းက Streaming ကြည့်ဆို ညပိုင်းမှ ကြည့်လို့  အဆင်ပြေတာဆိုတော့ ညဆို အရမ်းညနက်ထိ မနေပဲ အတတ်နိုင်ဆုံး စောစော အိပ်ဖြစ်အောင် ကြိုးစားနေတယ်ဆိုတော့ မကြည့်ဖြစ်တော့ဘူး။ ဒီရက်ပိုင်းကတော့ အပြင်လည်းမထွက်ချင်၊ ညနက်ထိနေလည်း ပြဿနာမရှိဘူးဆိုတော့ အွန်လိုင်းကနေ ဒရမ်မာ ဇာတ်လမ်းတွဲတွေ ကြည့်ဖြစ် သွားခဲ့တယ်

ပထမဆုံး အစအဆုံး ကြည့်ဖြစ်တဲ့ ဇာတ်လမ်းတွဲက ထိုင်ဝမ် ဒရမ်မာ။ ထိုင်ဝမ် ဇာတ်လမ်းတွဲတွေ ဟိုနည်းနည်း ဒီနည်းနည်း လျှောက်ကြည့်ဖြစ် သလောက်တော့ သူတို့ ရိုက်ထားတာ နည်းနည်းပေါတောတော နိုင်တယ်၊ ပြီးတော့ ကိုရီးယား နဲ့  ဂျပန် ဇာတ်လမ်းတွဲတွေလောက် ဇာတ်လမ်းမရှိ၊ ကြည့်လို့ မကောင်းဘူး။ ဒါပေမယ့် ကြည့်ဖြစ်တဲ့ Miss No Good ဇာတ်လမ်းကလည်း နည်းနည်း ပေါတောတော နိုင်ပေမယ့် ရီရလို့  ကြည့်ဖြစ် သွားတယ်။ ဇာတ်လမ်းထဲမှာ မင်းသမီး (Xiao Hua) က ဆံပင်ကောက်ကောက် နဲ့  ၀တ်တာစားတာ အရောင်စုံနေတာပဲ။ သူရဲ့ nick name က Christmas Tree။ သူက ချမ်းသာတဲ့ ငယ်သူငယ်ချင်း တစ်ယောက်နဲ့  လက်ထပ်ချင်လို့  ပုံစံပြောင်းဖို့ အတွက် Stylelist (Tang Men) ကို အကူအညီတောင်းတယ်.. ဘာညာသရကာပေါ့လေ.... လူတွေ ကိုယ့်ကို စိတ်ကြည်လင် ပျော်ရွှင်မှု့ ပေးတဲ့သူနဲ့ သာ ဘ၀တစ်လျှောက်လုံး ကုန်ဆုံးချင်ကြတယ်။ ပူလောင်နေတဲ့ သူတွေနဲ့  မတူမနေချင်တာ လူ့ သ၀ ပဲနေမယ်။ သူ့ အပူတွေ ကိုယ့်ကူးမှာ စိုးရတယ်။ ဇာတ်လမ်းလေး ကြည့်ရတာ မဆိုးပါဘူး ပေါ့ပေါ့ပါးပါး ကြည့်လို့ ကောင်းပါတယ်။ အင်းတစ်ခုပဲ .. မင်းသမီးကို ကြည့်ရတာ မျက်စိတော့ နည်းနည်း နောက်မယ်။
အဲဒီ ဇာတ်ကား နှစ်ကားရဲ့ ကြားထဲမှာ ကြည့်ဖြစ်တဲ့ ဇာတ်ကားတစ်ချို့ ရှိသေးတယ်။
Hello! Miss ဆိုတဲ့ ကိုရီးယား ဒရမ်မာ။ မင်းသမီးက သွက်သွက်လက်လက် နဲ့  ချစ်စရာလေး။ နည်းနည်းလေး ကြည့်ပြီး သူ့ ကိုကြိုက်တာနဲ့  ဆက်ကြည့်ဖြစ်သွားတာ။ ရီလည်း ရီရတယ်။ ဇာတ်လမ်းလေးကလည်း အရမ်း အဆန်းကြီး မဟုတ်ပေမယ့် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သရုပ်ဆောင် မင်းသမီးက Jae Ahn Lee Clan ရဲ့ ၃၈ ဆက်မြောက် အမွေဆက်ခံတဲ့သူ။ သူအမွေဆက်ခံ တာဝန်ယူထားရတဲ့ Jae Ahn Lee Clan ကို ထိန်းသိမ်းဖို့  ကြိုးစားတဲ့ ဇာတ်လမ်း။ သရုပ်ဆောင် မင်းသားတွေက အဲဒီ Clan ကို ၀ယ်ချင်တဲ့ သူဋ္ဌေးကြီးရဲ့ မြေးတွေ။ သူဋ္ဌေးကြီးက ဘာလို့ ဝယ်ချင်တာလဲ ဆိုတာ၊ ဘယ်လို ၀ယ်ဖို့ ကြိုးစားမယ် ဆိုတာ။ မြေးတွေမှာ မြေးအကြီးက ရိုးရိုးအအ၊ မြေးအငယ်က သွက်သွက်လက်လက်။ ကိုရီးယားကားတွေက လူတွေရဲ့ အပြင်မှာရှိတဲ့ လူတွေရဲ့ စိတ်သဘာဝတွေကို ဖော်ပြတဲ့ ကာရိုက်တာတွေ အများကြီးပါတယ်။ ကိုယ်လိုချင်တာ ရဖို့ အတွက် ဘာပဲလုပ်ရလုပ်ရ တရားမျှတတယ်၊ ဘာမဆိုလုပ်မှာပဲ ဆိုတဲ့သူတွေ၊ လက်စားချေချင်တဲ့ ဆန္ဒဟာ ပြင်းထန်တဲ့သူတွေ၊ အိုး ... စုံနေတာပဲ... အရှေ့ မှာ ပြောထားသလို ဒီဇာတ်ကားက တခြား ကိုရီးယား ဇာတ်လမ်းတွဲတွေလို စိတ်ညစ်စရာတွေနဲ့  အရမ်းပြည့်မနေဘူး၊ ပေါ့ပေါ့ပါးပါးနဲ့  ရီရတယ်။ အချိန်ရရင် ကြည့်သင့်တယ်။ အပျင်းပြေတာပေါ့။
To watch The 1st Shop of Coffee Prince (K Drama)
To watch Air City (K Drama)
To watch Absolute Boyfriend (Zettai Kareshi) (J Drama)
ဟိုးငယ်ငယ်က ကြည့်ဖူးခဲ့တဲ့ ၁၀၁ ကြိမ်မြောက်ချစ်ခွင့်ပန်ခြင်းဆိုတဲ့ ဇာတ်လမ်း
To watch 101st Marriage Proposal (J Drama)
အခုရက်ပိုင်း ဒရမ်မာ ဇာတ်လမ်းရှည်ကြီးတွေ အတော်များများ ကြည့်ဖြစ်တယ်။ ကိုရီယား၊ ထိုင်ဝမ်၊ ဂျပန် စုံလို့ ပဲ။ နေးတစ်ဖိုရမ်က တခြားသူတွေ ညွန်းတဲ့ ဇာတ်ကားတွေ ကြည့်ဖြစ်သလို၊ ကိုယ့်ဟာကို လိုက်ရှာပြီး ကောင်းမယ် ထင်တာလေးတွေ ကြည့်ဖြစ်တယ်။ ရှုပ်ရှုပ်ရှက်ရှက် စိတ်ရှုပ်စရာ ကောင်းနေတာမျိုးဆို တစ်ပိုင်းတစ်စကြည့်ပြီး ဆုံးအောင်မကြည့်ပဲ ရပ်လိုက်တာများတယ်။ တကယ်ဆို Coffee Prince နဲ့  Air City ကြည့်ပြီးကတည်းက ဒရမ်မာ ဇာတ်ကားအရှည်ကြီးတွေ မကြည့်ဖြစ်တာ အတော်ကြာပြီ။ ကြည့်ရတာ အချိန်ကုန်တယ်လေ။ ဒေါင်းလုတ်လုပ်ဖို့ လည်း စိတ်မရှည်ဘူးလေ။ အွန်လိုင်းက Streaming ကြည့်ဆို ညပိုင်းမှ ကြည့်လို့  အဆင်ပြေတာဆိုတော့ ညဆို အရမ်းညနက်ထိ မနေပဲ အတတ်နိုင်ဆုံး စောစော အိပ်ဖြစ်အောင် ကြိုးစားနေတယ်ဆိုတော့ မကြည့်ဖြစ်တော့ဘူး။ ဒီရက်ပိုင်းကတော့ အပြင်လည်းမထွက်ချင်၊ ညနက်ထိနေလည်း ပြဿနာမရှိဘူးဆိုတော့ အွန်လိုင်းကနေ ဒရမ်မာ ဇာတ်လမ်းတွဲတွေ ကြည့်ဖြစ် သွားခဲ့တယ်
ဇာတ်လမ်းတွဲတွေကို ကြည့်ရလွယ်တဲ့ MySoJu ကနေပြီးကြည့်တာပါ။

To watch Miss No Good (T Drama)
ဒီနေ့  နောက်ဆုံးကြည့်တဲ့ ဇာတ်လမ်းက ဂျပန်ဒရမ်မာ။ နေးတစ်ဖိုရမ်မှာ ဆမ်းဝမ်းနား ညွန်းထားတာတွေ့ လို ကြည့်ဖြစ်သွာတာ။ ဇာတ်လမ်းက Ken ဆိုတဲ့ ကောင်လေးနဲ့  Rei ဆိုတဲ့ ကောင်မလေး။ သူတို့ နှစ်ယောက်က မူလတန်းထဲက ခင်လာတဲ့ သူငယ်ချင်းတွေ။ သူငယ်ချင်း အားလုံး ၅ ယောက်ရှိတယ်။ Ken က အေးအေး ထုံထုံအအ၊ Rei ကို သံယောဇဉ်ရှိနေတာကို ထုတ်ဖော်မပြခဲ့ဘူး။ Rei တခြား တစ်ယောက်နဲ့  လက်ထပ်တဲ့ မင်္ဂလာပွဲကို သူငယ်ချင်တွေအားလုံးတတ်ကြတယ်။ အဲဒီမင်္ဂလာပွဲမှာ Ken ဟာ သူတို့ ငယ်ငယ်ကရိုက်ထားတဲ့ ဓာတ်ပုံတွေကို အမှတ်တရ အနေနဲ့ ပြတာကိုကြည့်ရင် Rei ကို ဆုံးရှုံရမှာ စိုးလာတယ်ပေါ့လေ။ အဲဒီမှာ fairy တစ်ပါးက Ken ကို ပြီးခဲ့တဲ့ အတိတ်ကို အချိန်အကန့် အသတ် နဲ့  ပြန်သွားနိုင်ဖို့ ကူညီတယ်။ Ken ဟာ အတိတ်ကိုပြန်သွားပြီး သူချစ်တဲ့ ကောင်မလေး (Rei) ရဲ့ အချစ်ကို ရယူပြီး လက်ရှိ အခြေနေကိုပြောင်းဖို့  ကြိုးစားတယ်။ အတိတ်ကိုပြန်သွားလိုက်၊ လက်ရှိပုစ္စပ္ပန်ကို ပြန်ရောက်လာလိုက်၊ ဘာတွေ ပြောင်းလဲ သွားသလဲဆို တာ ကြည့်လိုက်နဲ့  ........... စိတ်ဝင်စားဖို့ ကောင်းတယ်။ သမရိုးကျ ဇာတ်လမ်း မဟုတ်တော့ အပျင်းပြေတာပေါ့။To watch Proposal Daisakusen (J Drama)
အပြင်မှာတော့ ဒီလိုဇာတ်လမ်းမျိုးက ဘယ်ဖြစ်နိုင်မလဲ။ Time Machine ဆိုတာကြီး ထွင်နိုင်ရင်တော့ မသိဘူး။ ဇာတ်လမ်းကတော့ အချစ်ဇာတ်လမ်းပေါ့။ ကြည့်ရင်း စဉ်းစားမိတယ်။ ။ အပြင်မှာ ဒီလို ကိစ္စမှ မဟုတ်ပါဘူး ... ဘာကိစ္စမဆို.. ငယ်ငယ်က ပဲဖြစ်ဖြစ်၊ အခုပဲဖြစ်ဖြစ် တစ်ခုခုကို တကယ်ဆန္ဒရှိ လုပ်ချင်တယ်၊ လိုချင်တယ်၊ ဖြစ်ချင်တဲ့ ဆန္ဒရှိတယ်ဆို ချက်ချင်းလုပ်ပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားသင့်တယ်။ အချိန်တွေနှောင်းမှ ပြီးဆုံးတဲ့ အချိန်တွေကိုသာ ပြန်ရမယ်ဆို ငါဘာတွေလုပ်လိုက်မှာမျိုး တွေးလို့  နောင်တရ ကြေကွဲနေတာမျိုး မဖြစ်သင့်ဘူး။ လုပ်ချင်တာကို ကြိုးစားဖို့  အခွင့်အရေးရှိတယ်ဆို ကြိုးစားတယ်၊ ကြိုးစားရက်နဲ့  မဖြစ်လာတာဆို တော်သေးတယ်။ အင်း တကယ့်အပြင်မှာလဲ တစ်ခုခုဆို ကိုယ်ဘာဖြစ်လို့  ဖြစ်ချင်မှန်း မသိတဲ့သူတွေလည်း အများသား။ ကျွန်မ စိတ်နဲ့ တော့ မကိုက်ပါဘူး။အဲဒီ ဇာတ်ကား နှစ်ကားရဲ့ ကြားထဲမှာ ကြည့်ဖြစ်တဲ့ ဇာတ်ကားတစ်ချို့ ရှိသေးတယ်။
Hello! Miss ဆိုတဲ့ ကိုရီးယား ဒရမ်မာ။ မင်းသမီးက သွက်သွက်လက်လက် နဲ့  ချစ်စရာလေး။ နည်းနည်းလေး ကြည့်ပြီး သူ့ ကိုကြိုက်တာနဲ့  ဆက်ကြည့်ဖြစ်သွားတာ။ ရီလည်း ရီရတယ်။ ဇာတ်လမ်းလေးကလည်း အရမ်း အဆန်းကြီး မဟုတ်ပေမယ့် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သရုပ်ဆောင် မင်းသမီးက Jae Ahn Lee Clan ရဲ့ ၃၈ ဆက်မြောက် အမွေဆက်ခံတဲ့သူ။ သူအမွေဆက်ခံ တာဝန်ယူထားရတဲ့ Jae Ahn Lee Clan ကို ထိန်းသိမ်းဖို့  ကြိုးစားတဲ့ ဇာတ်လမ်း။ သရုပ်ဆောင် မင်းသားတွေက အဲဒီ Clan ကို ၀ယ်ချင်တဲ့ သူဋ္ဌေးကြီးရဲ့ မြေးတွေ။ သူဋ္ဌေးကြီးက ဘာလို့ ဝယ်ချင်တာလဲ ဆိုတာ၊ ဘယ်လို ၀ယ်ဖို့ ကြိုးစားမယ် ဆိုတာ။ မြေးတွေမှာ မြေးအကြီးက ရိုးရိုးအအ၊ မြေးအငယ်က သွက်သွက်လက်လက်။ ကိုရီးယားကားတွေက လူတွေရဲ့ အပြင်မှာရှိတဲ့ လူတွေရဲ့ စိတ်သဘာဝတွေကို ဖော်ပြတဲ့ ကာရိုက်တာတွေ အများကြီးပါတယ်။ ကိုယ်လိုချင်တာ ရဖို့ အတွက် ဘာပဲလုပ်ရလုပ်ရ တရားမျှတတယ်၊ ဘာမဆိုလုပ်မှာပဲ ဆိုတဲ့သူတွေ၊ လက်စားချေချင်တဲ့ ဆန္ဒဟာ ပြင်းထန်တဲ့သူတွေ၊ အိုး ... စုံနေတာပဲ... အရှေ့ မှာ ပြောထားသလို ဒီဇာတ်ကားက တခြား ကိုရီးယား ဇာတ်လမ်းတွဲတွေလို စိတ်ညစ်စရာတွေနဲ့  အရမ်းပြည့်မနေဘူး၊ ပေါ့ပေါ့ပါးပါးနဲ့  ရီရတယ်။ အချိန်ရရင် ကြည့်သင့်တယ်။ အပျင်းပြေတာပေါ့။
To watch Hello! Miss (K Drama)
နောက်တစ်ကားက ထိုင်ဝမ် ဒရမ်မာပဲ။ မင်းသမီးက ခပ်တုံးတုံး ၀တ်တာစားတာ စတိုင်မရှိ၊ Sticky Note Girl လို အများက ခေါ်တာခံရတဲ့သူ။ ရည်းစားနဲ့  အပျော်ခရီးထွက်ဖို့ သူက အကုန်အကျခံစီစဉ်ထားတဲ့ ခရီးမှာ ရည်းစားရဲ့ သစ္စာဖောက်တာကို ခံရတယ်.. အင်း ကျွန်မကလည်း ဇာတ်လမ်းပြောမကောင်းဘူး။ သိချင်ရင် ရှာဖတ်၊ စိတ်ဝင်စားရင် အောက်က လင့်မှာသာ ကြည့်ပေတော့။ ဒီဇာတ်ကားက အရှည်ကြီး ၂၄ ပိုင်းတောင်ရှိတယ်။ အရမ်းကြီး မကြိုက်ပေမယ့် မဆိုးပါဘူး။ ဟိုကျော်ဒီကျော်ကြည့်တာ ကြည့်လို့ ပြီးသွားတယ်။To watch Fated To Love You (T Drama)
ဟိုးအရင်က ကြည့်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေ.. အချိန်တွေပိုနေတယ်၊ ဘာလုပ်ရမှန်းမသိ ပျင်းနေတယ်ဆို အပျင်းပြေအောင် ကြည့်နိုင်တယ်..To watch The 1st Shop of Coffee Prince (K Drama)
To watch Air City (K Drama)
To watch Absolute Boyfriend (Zettai Kareshi) (J Drama)
ဟိုးငယ်ငယ်က ကြည့်ဖူးခဲ့တဲ့ ၁၀၁ ကြိမ်မြောက်ချစ်ခွင့်ပန်ခြင်းဆိုတဲ့ ဇာတ်လမ်း
To watch 101st Marriage Proposal (J Drama)
January 03, 2009
♪ Nothing Else Matters
Forever trust in who we are, nothing else matters

Nothing Else Matters
So close no matter how far
Couldn’t be much more from the heart
Forever trust in who we are
And nothing else matters
Never opened myself this way
Life is ours, we live it our way
All these words I don’t just say
And nothing else matters
Trust I seek and I find in you
Every day for us something new
Open mind for a different view
And nothing else matters
...
.....
...
Never cared for what they say
Never cared for games they play
Never cared for what they do
Never cared for what they know
And I know
So close no matter how far
Couldn’t be much more from the heart
Forever trust in who we are
No, nothing else matters

Nothing Else Matters
So close no matter how far
Couldn’t be much more from the heart
Forever trust in who we are
And nothing else matters
Never opened myself this way
Life is ours, we live it our way
All these words I don’t just say
And nothing else matters
Trust I seek and I find in you
Every day for us something new
Open mind for a different view
And nothing else matters
...
.....
...
Never cared for what they say
Never cared for games they play
Never cared for what they do
Never cared for what they know
And I know
So close no matter how far
Couldn’t be much more from the heart
Forever trust in who we are
No, nothing else matters
January 02, 2009
Maximise Your Leave 2009 (Singapore)
မနှစ်က (၃၁ ဒီဇင်ဘာ ၂၀၀၈) စဉ်းစားထားတာ ဒီနှစ် ၂၀၀၉ မှာ ဘလော့ရေးတဲ့အခါ နှစ်သစ်ကူး ဆုတောင်းမဟုတ်ပဲ ပထမဆုံး ရေးမယ့် ပိုစ့်ကို ပီနန်မြန်မာကျောင်း အကြောင်း ဓာတ်ပုံတွေနဲ့ တင်မယ်ပေါ့။ ဖုန်းထဲကနေ ကွန်ပြူတာထဲကို ကူးတဲ့အဆင့်တော့ ပြီးသွားပြီ၊ ဒါပေမယ့် ပုံတွေက အများကြီးဆိုတော့ ဘယ်မှာ ဘယ်လို အဆင်ပြေအောင် တင်ရမလဲ စိတ်ကူးလို့ မရသေးဘူး။ စာရေးဖို့ လဲ အာရုံမရဘူး။ ဒီတော့ အရင် ဒီမှာ တင်ခဲ့ဖူးတဲ့ ၂၀၀၉ မှာ ဘယ်လို ခွင့်ယူရင် အကောင်းဆုံးဖြစ်မယ် ဆိုတာလေး ပြန်တင်လိုက်တယ်။ အားလပ်ရက်ဆိုတာ အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ။
စင်္ကာပူမှာ ၂၀၀၉ အတွက် အားလပ်ရက် စုစုပေါင်း ၁၁ ရက် ရှိတယ်။ ထုံးစံအတိုင်း အားလပ်ရက်က တနင်္ဂနွေဆို ကပ်လျက်ရှိတဲ့ တနင်္လာနေ့ က အလုပ်ပိတ်ရက်။
အလုပ်မှာ 1st Quarter 2009 အတွက် ခွင့်တင်ခိုင်းနေပြီ။ ခွင့်ယူဖို့  မရှိဘူးလို့ တော့ ပြောလိုက်တယ်။ အလုပ်မှာ အရင်က ရှေ့ တစ်နှစ်စာ ခွင့်ကို နောက် တစ်နှစ်အထိယူသွားလို့ ရတယ်။ ၂၀၀၈ ကခွင့်တွေမ သုံးပဲ ၂၀၀၉ မှ နှစ် နှစ်စာ စုယူလို့ ရတယ်။ အခုတော့ ခွင့်နဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ ရှိမယ်လို့  သိရတယ်။ ဘာတွေဖြစ်မလဲ မသိဘူး။
၂၀၀၈ အတွင်း ကိစ္စရှိလို့  ခွင့်ယူတာ ၂-၃ ရက် လောက်ပဲ ရှိတယ်။ အဲဒီတွေကလည်း ၂၀၀၇ မှာ ကျန်နေတဲ့ ခွင့်ရက်တွေ။ နောက်ဆုံး အိမ်ပြန်တာ ၂၀၀၇ မတ်လက။ ၂ ပတ်ပဲ ကြာခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာတော့ အိမ်ကို မပြန်ဖြစ်ခဲ့ဘူး။ ၂၀၀၉ မှာရော အိမ်ပြန် ဖြစ်မလား။ မသေချာသေးဘူး။ အခြေအနေအရပဲ။
Read this doc on Scribd: Maximise Your Leave 2009 - Singapore
စင်္ကာပူမှာ ၂၀၀၉ အတွက် အားလပ်ရက် စုစုပေါင်း ၁၁ ရက် ရှိတယ်။ ထုံးစံအတိုင်း အားလပ်ရက်က တနင်္ဂနွေဆို ကပ်လျက်ရှိတဲ့ တနင်္လာနေ့ က အလုပ်ပိတ်ရက်။

၂၀၀၈ အတွင်း ကိစ္စရှိလို့  ခွင့်ယူတာ ၂-၃ ရက် လောက်ပဲ ရှိတယ်။ အဲဒီတွေကလည်း ၂၀၀၇ မှာ ကျန်နေတဲ့ ခွင့်ရက်တွေ။ နောက်ဆုံး အိမ်ပြန်တာ ၂၀၀၇ မတ်လက။ ၂ ပတ်ပဲ ကြာခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာတော့ အိမ်ကို မပြန်ဖြစ်ခဲ့ဘူး။ ၂၀၀၉ မှာရော အိမ်ပြန် ဖြစ်မလား။ မသေချာသေးဘူး။ အခြေအနေအရပဲ။
January 01, 2009
Happy New Year 2009
ပျော်ရွှင်သော...
ကိုယ်ကျန်းမာ စိတ်ချမ်းသာသော...
အောင်မြင်မှု့ အပေါင်းနှင့် ပြည့်စုံသော...
နှစ်တစ်နှစ်ဖြစ်ပါစေ။
ကိုယ်ကျန်းမာ စိတ်ချမ်းသာသော...
အောင်မြင်မှု့ အပေါင်းနှင့် ပြည့်စုံသော...
နှစ်တစ်နှစ်ဖြစ်ပါစေ။
December 31, 2008
ပီနန်သို့ တစ်ခေါက်
ပီနန်သွားတဲ့ အကြောင်း နည်းနည်း ရေးပြီး ဆက်မရေးဖြစ်ဘူး။ ခုရက်ပိုင်းက အားလပ်ရက်တွေများတော့ အိမ်မှာ နားနေရတဲ့ ရက်ဆို အားတဲ့ ရက်လေးမှာ လုပ်စရာရှိတာလေးတွေ ပြီးအောင် လုပ်မှ ဆိုပြီး ကြိုးစားလုပ်နေတာ့ ဘာမှ မရေးဖြစ်ဘူး။ အားတဲ့အချိန်မှာ အွန်လိုင်းက ရုပ်ရှင်တွေကြည့်ရသေးတယ်။ ဒီနေ့ တော့ နေ့ တစ်ဝက်အလုပ်ဆိုတော့ အချိန်လေး အားတာနဲ့  မှတ်ထားတာလေးတွေ မမေ့ခင် ချရေးထား အုံးမယ်။
ခရီးအတွက်ဆို ဗီဇာယူတာက စရမယ်။ အမေလာတုန်း မလေးသွားဖြစ်တဲ့အချိန်ယူထားတဲ့ ဗီဇာက ကုန်သွားတော့ ထပ်လျှောက်ရတယ်။ ပင်နီဆူးလားက မြန်မာဆိုင်မှာ လျှောက်လိုက်တယ်။ တနင်္လာနေ့ လျှောက်တာ သွားမယ့် သောကြာနေ့ လယ်မှ ရတယ်။ အတူသွားတဲ့ သူတွေမှာ တချို့ က ဗီဇာ ရှိပြီးသား။ အလုပ်က စောထွက်လို့ ရတဲ့သူငယ်ချင်းတစ်ယောက်က အလုပ်ကနေ စောထွက်ပြီး ယူဇာသွားယူလို့  အဆင်ပြေသွားတယ်။
ပီနန်သွားတဲ့ ခရီးစဉ်တစ်ခုလုံး ကျွန်မစီစဉ်တာ ဘာမှ မပါဘူး။ သူငယ်ချင်းတွေ စီစဉ်ထားတဲ့ အတိုင်း နောက်ကလိုက်တာကြီးပဲ။ ပထမ လူငယ် လေးယောက်ရယ်၊ သူငယ်ချင်းတစ်ယောက်ရဲ့ ရန်ကုန်ကလာတဲ့ မိဘနှစ်ပါး ရယ် အားလုံး ၆ ယောက်။ နောက်သွားမယ်ရက်မှာမှ သူငယ်ချင်းတစ်ယောက်ရဲ့ အမေနဲ့  ညီမပါ လိုက်မယ်ဆိုတော့ တကယ်သွားဖြစ်တဲ့ အချိန်မှာ အားလုံး စုစုပေါင်း ၈ ယောက် သွားဖြစ်သွားခဲ့တယ်။
အသွားမှာ စင်္ကာပူကနေ ကားတန်းမစီးပဲ မလေးရှား ဂျေဘီကိုသွား၊ ဟိုကမှ ကားစီးတယ်။ အဲဒီလို စီးတဲ့အတွက် ကားခ တ၀က်သက် သာတယ်လို့ သိရတယ်။ စီစဉ်တဲ့သူငယ်ချင်းရဲ့ညီက ဂျေဘီကို တစ်ရက်သွားပြီး ကားလတ်မှတ်ကြို ၀ယ်ပေးတယ်။ အပြန်မှာတော့ ပီနန်ကနေ စင်္ကာပူအထိ တိုက်ရိုက် ကားလတ်မှတ်ဝယ်ပြီး ပြန်ပါတယ်။ ဂျေဘီကို ဘတ်စ်နဲ့ အသွား စင်္ကာပူကာစတန်လည်းကျော်ပြီးရော တံတားပေါ်မှာ ကားဟွန်းတီးသံတွေ ဆူညံနေအောင်ကြားလိုက်ရတယ်။ ဒီလို အကြောင်းမရှိ တီတီတွမ်တွမ်းတီးနဲ့  ဟွန်းသံပေါင်းစုံ ကြားလိုက်ရတာ ထူးဆန်သွားတယ်။ ဒါမျိုး မကြားရတာ ကြာပြီလေ။ ပြေးပြေးလွှားလွှား သွားလိုက်တာ ပီနန်အသွား ကားဂိတ်ရောက်မှ အမောဖြေရတော့တယ်။
ဂျေဘီကနေ ည ၉ နာရီလောက်က ကားစစီးတာ ပီနန်ကို မနက် ၅-၆ နာရီလောက်ရောက်တယ်။ ဂျေဘီက ထွက်ပြီး သိပ်မကြာပါဘူး၊ ဓာတ်ဆီဆိုင်တစ်ခုမှာ ကားရပ်နေတာ ကြုံရတာ။ နောက်မှသိရတယ်၊ လူတစ်ယောက်ကျန်ခဲ့လို့  စောင့်နေတာတဲ့။ ကျန်ခဲ့တဲ့သူက တက်စ်စီနဲ့ ရောက်လာမှ ကားဆက်ထွက်တယ်။ အသွားလမ်းမှာ ကြုံရတာတွေက ဘာမှ ထွေထွေထူးထူးပြောဖို့ မရှိဘူး။ မှောင်လို့ မည်းလို့ ။ ကျွန်မ အတွက် မမှတ်ရစရာဆိုလို့ ... အဲယားကွန်းက အရမ်းအေးတယ်။ တစ်ညလုံး ကားပေါ်မှာ ချမ်းတာလည်း မပြောနဲ့ ။ အနွေးထည်မှ မပါတာ။ ယူဖို့ လိုတယ် မထင်ဘူးလို တစ်ထည်မှ ယူမသွားဘူးလေ။ လမ်းမှာ ကားခဏရပ်တဲ့ အချိန်မှာ သူငယ်ချင်းရဲ့ အမေက ပုဝါတစ်ထည်ပေးလို့  တော်သေးတယ်။ ဒါပေမယ့် အေးတာပဲ။ အရမ်းအေးတဲ့နေရာတွေမှာ နေဖူးပါတယ်။ ခရီးလည်း သွားဖူးတယ်။ အေးမှန်းသိတော့ အနွေးထည် အပြည့်အစုံ အမြဲရှိနေတတ်တော့ ကိစ်စမရှိဘူး။ အဲဒီ ပီနန်အသွားညကတော့ အအေးကြောက်တဲ့၊ အထူသဖြင့် အဲယားကွန်းတွေ အရမ်းဖွင့်လို့  အေးတဲ့ အအေးကို မခံနိုင်တဲ့ ကျွန်မ အတွက် တကယ့်ကို ငရဲပဲ။ ပူတဲ့ ငရဲမဟုတ်ဘူး အေးတဲ့ ငရဲ။
တစ်လမ်းလုံး အိပ်လိုက်နိုးလိုက်နဲ့  မနက်အလင်းရောင်လေး နည်းနည်းရကတည်းက ဆက်မအိပ်ဖြစ်ပဲ ကားပြူတင်းပေါက်က မြင်နေရတဲ့ မြင်ကွင်းတွေကို လိုက်ကြည့်နေမိတယ်။ ဘယ်ရောက်လို့  ရောက်မှန်းမသိ၊ ကြည့်နေရင်း ၀ိုးတိုးဝါးတာ အလင်းရောင်အောက်မှာ တံတားတစ်ခုကိုတွေ့ လိုက်ရတယ်။ အဲဒီတံတားကို ကား ဖြတ်တာ အတော်လေးကြာတယ်။ နောက်မှ အဲဒီတံတားကြီးက နာမည်ကျော် ပီနန်းတံတား(Penang Bridge) မှန်း သိလိုက်ရတယ်။ အောက်ကပုံက အင်တာနက် ဒီနေရာ ယူထားတဲ့ ပုံပါ။
ကားရပ်တဲ့ နေရာကနေ ဟော်တယ်ကို တက်စ်စီ နှစ်စီးနဲ့  သွားကြတယ်။ မနက်စောနေတဲ့ အတွက် CheckIn ၀င်လို့ မရသေးတာနဲ့  ခဏထိုင်၊ မျက်နှာသစ် အ၀တ်အစားလဲတဲ့သူကလဲပြီး အနီးအနား မှာ မနက်စာ ထွက်စားဖြစ်တယ်။ ပြီးတော့ အလည်အပတ်ခရီးစဉ်ကို စခဲ့ကြတယ်။ မနက်စားပြီး ဟိုတယ်မပြန်သေးပဲ အနီးနားက ပီနန်းဘုန်းကြီးကျောင်းကို သွားခဲ့တယ်။ ပြန်မယ့်နေ့  မနက်စောစောပိုင်းကလည်း ဘုန်းကြီးကျောင်းကို ထပ်သွားဖြစ်တယ်။ ပီနန်းခရီးစဉ်မှာ ပထမဆုံး သွားခဲ့တဲ့ နေရာနဲ့  နောက်ဆုံး ရောက်ခဲ့တဲ့ နေရာက ပီနန်ဘုန်းကြီးကျောင်းပါပဲ။
ပြီးတော့ ဟိုတယ်ပြန်ပြီး ဘယ်လို လျှောက်လည်မလည်း စဉ်းစား စီစဉ်တယ်။ ဟိုမေးဒီမေးနဲ့  နောက်ဆုံး ကားငှါးပြီး သွားတာ ပိုပြီးအဆင်ပြေမယ် ဆုံးဖြတ်သဘောတူကြပြီး ဟိုတယ်က အစီအစဉ်နဲ့  ကားငှါးလို့  လယ်ပတ်မှု့ တွေကို စတင်ခဲ့ကြပါတယ်။
ဘယ်တွေ သွားခဲ့လည်းဆိုတာ ပြန်စဉ်းစားရတယ်..
ပထမနေ့ .....
ပီနန်းဘုန်းကြီးကျောင်း.. (လမ်းလျှောက်သွားတာ)
ပီနန်တံတား နဲ့  Jerejak Island ကိုဖို့  ferry စီတဲ့နေရာ (ကားဆရာက ခေါ်သွားလို့  သွားကြည့်ရုံပဲ - ကျွန်းကိုတော့ မသွားဖြစ်ဘူး)
မြွေဘုရားကျောင်း
ကွမ်ရင်မယ်တော်
လင်းနို့ ဘုရားကျောင်း
ကမ်းခြေသွားပြီး ဆော့တယ်..
ညဈေးတန်းသွားပြီး ညစာစား
ပြီးတော့ ဟော်တယ်ပြန်နားတယ်။
ဒုတိယနေ့  ..
Breakfast
Penang Hill
Butterfly Farm
Tropical Fruit Farm
Fishing village
Plaza Gurney သွားပြီးဈေးဝယ်တယ်
ပြီးတော့ ဟောတယ်ပြန် ရေမိုးချိုး..
သူငယ်ချင်းလေးယောက် အပြင်ထွက်ပြီး စကားပြောကြတယ်။
တတိယနေ့  မနက်
စောစောထ လမ်းလျှောက် ဘုန်းကြီးကျောင်းသွားဖြစ်တယ်။
နောက်တော့ ဟောတယ်ပြန် မနက်စာစား
ကားဂိတ်သွားလို့  ကားကြီးစီးပြီး စင်္ကာပူကို ပြန်ခဲ့တာ ည ၇ နာရီလောက်ပြန်ရောက်တယ်။
နည်းနည်းရှည်ရှည်ရေးတာ ဒီလောက်ပါပဲ။ တစ်ခုခြင်းစီ သွားတဲ့ အတွေ့ အကြုံနဲ့  ပုံတွေကို နောက်မှ ထပ်ရေးတော့မယ်။ ပုံတွေ resize လုပ်တာတို့  ရွေးတာတို့ လုပ်ရအုံးမယ်။ အခုတော့ ပင်ပန်းသွားပြီ။
(လက်ဆောင်ရတဲ့ ကွန်ပြူတာနဲ့  ပထမဆုံး ရေးတဲ့ပိုစ့်ပဲ)

December 30, 2008
Nasi Briyan - Golden Nur at Golden Shoe
မနက်က အိပ်ယာထနောက်ကျလို့  မနက်စာလည်း မစားခဲ့ရဘူးလေ။ အလုပ်ရောက်တော့လည်း ပရော့ဂျက် မန်နေဂျာ အသစ်က တစ်ဖွဲ့ လုံးကို အဖွဲ့ မီတင်လုပ်မယ် ဆိုပြီး ဖိတ်ခေါ်လို့  သွားလိုက်ရတာ ၁၂း၃၀ မှ မီတင်ပြီးတယ်။ မီတင်က ၃ နာရီလောက် ကြာပေမယ့် အားလုံးစိတ်ဝင်တစား ရှိပြီး ဆွေးနွေးမှု့ တွေ လုပ်ကြတယ်။ မန်နေဂျာအသစ်က အဟောင်းထက်ပိုပြီး ကောင်းမယ် မျှော်လင့်ရတယ်။ မီတင်ခန်းထဲက ထွက်လာတော့ တော်တော်လေးကို ဗိုက်ဆာနေပြီ။ အစားအသောက် မှန်မှန်စားတဲ့ အကျင့်လုပ်ယူနေတာ အခုဆို မနက်စာ မစားရင် ဗိုက်ဆာတတ်လာပြီ။
သူငယ်ချင်းတစ်ယောက်က ဖုန်းဝယ်ဖို့  StarHub သွားချင်တယ်ဆိုတာနဲ့  အဲဒီနေရာနဲ့ နီးတဲ့ Golden Shoe Car Park မှာ နေ့ လယ်စာ သွားစားဖြစ်တယ်။ ဘာစားရမယ်မှန်းမသိ လျှောက်ကြည့်နေရင်း လူတော်တော်များများ စားတာတွေ့ လို့  ပုံစံကလည်း ကောင်းမယ်ပုံပေါ်နေတာနဲ့  Malaysia Nasi Biryani (Chicken) စားဖြစ်သွားတယ်။

Briyani with Crispy chicken
စားရတာ အတော်လေး အဆင်ပြေတယ်။ ဗိုက်ဆာနေလို့ လား မသိဘူး။ ကြက်သားကြော်က နူးနူးညံ့ညံ့နဲ့  အရသာ ရှိတယ်။ ထမင်းက နည်းနည်း လေးသလိုပဲ။ ဒါပေမယ့် တစ်ပန်းကန်လုံး စားလို့ ကုန် သွားပါတယ်။ တိုးတတ်လာပြီ ဒီနိုင်ငံက ဒန်ပေါက်ကို ကုန်အောင် စားနိုင်လာတယ်။ ဒီမှ ဒန်ပေါက်ဝယ် စားတိုင်း ငံတယ် လို့  ထင်တယ်။ ကျွန်မက ဟင်းဆို အငံ မစားဘူးလေ။ ကျွန်မ အစ်ကိုလာတုန်းက ကျွန်မ ချက်တဲ့ဟင်းတိုင်းနီးပါးကို ပေါ့တယ်လို့ သူကပြောဖူးတယ်။ သူငယ်ချင်း တစ်ယောက်ကတော့ အခုဆိုင်ကဟာ အရသာ အတော်ပါပဲလို့ ပြောတာပဲ။ ဆိတ်သား နဲ့ လည်း စားလို့ ရတယ်။ တစ်ပွဲကို S$4.00 ပေးရတယ်။
Golden Nur at Golden Shoe originally uploaded by Camemberu
အပေါ်က ဆိုင်ပုံကို ဒီနေရာက ကူးယူထားတာ။ အဲဒီမှာ ပြောထားတာ အရဆို ဒီနေ့  ကျွန်မ စားဖြစ်တဲ့ Golden Nur ဆိုတဲ့ ဆိုင်က ကြက်သားဒန်ပေါက်က နာမည်ကြီးပဲ ဆိုတာ သိလိုက်ရတယ်။ ဆိတ်သားနဲ့  ကြက်သား နှစ်မျိုးလုံး မှာလို့ လည်းရတယ်တဲ့။ နောက် တခါသွားစားမှ နှစ်မျိုးလုံးမှာ စားကြည့်အုံးမယ်။Golden Nur (Stall 02-02)
Golden Shoe Car Park
ဒါအောက်က ပုံကတော့ Bonus အနေနဲ့  ထည့်ပေးတာ။( ဒီကိုလာ ကိုအားကျလို့ ပါ)။ ဒန်ပေါက်ဆိုင်ဘေးက ဆိုင်က သူငယ်ချင်းတစ်ယောက် ၀ယ်စားတဲ့ ငါးကြော်။ လှလို့  ဓာတ်ပုံရိုက်ထားလိုက်တာ။ဓာတ်ပုံထဲက ငါးကတော့ အကြော်ခံရယုံမကဘူး အဖဲ့ပါခံထားရပြီးပြီ။Golden Shoe Car Park

December 29, 2008
Celebration Cake @ commIT(22-Dec-2008)

အခု ဓာတ်ပုံထဲက ကိတ်မုန့် ကြီး အရမ်းစားချင်လို့  ဒီပိုစ့် တင်ဖြစ်တာ။ ဗိုက်ဆာနေတယ်။
.....
ဓာတ်ပုံထဲက ကိတ် ပြီးခဲ့တဲ့ တနင်္လာနေ့ (22-Dec-2008)မှာ လုပ်တဲ့ commIT က ကိတ်မုန့် ။ စားလို့  တော်တော်လေး ကောင်းတယ်။ အရသာကြိုက်လို့ နှစ်ခေါက် သွားပြန်ယူစား ဖြစ်တယ်။ အဲဒီနေ့ က ကိတ်မုန့်  စားတာနဲ့  ဗိုက်ဝသွားပြီး နေ့ လယ်စာအဖြစ်ကျွေးတဲ့  တခြားအစားအသောက်တွေတောင် နည်းနည်းပဲ စားနိုင်တော့တယ်။.....
အလုပ်မှာ ပွဲတွေ လုပ်တဲ့ အခါတိုင်း ပွဲပြီးတဲ့အချိန်မှာ Cake မုန့်  အကြီးတစ်ခုကို သက်ဆိုင်သူတွေက ခွဲတဲ့ အလေ့တစ်ခု ရှိတယ်။ ဘာမှန်းတော့ မသိဘူး။ ကိတ်ခွဲတယ် ဆိုတာလဲ ဟန်ပြပါ။ စားချင်တဲ့သူ ကိုယ်စားချင်သလောက် ကိုယ့်သာသာ လှီးယူစားပဲ။
တခြားပွဲတွေတော့ အထိမ်းအမှတ်ကိုလိုက်ပြီး ဟိုလူကြီး၊ ဒီလူကြီးတွေ ဟန်ပြ ကိတ်ခွဲကြတယ်။ commIT မှာ ကျွေးတဲ့ ကိတ်တွေက အဲဒီလမှာ ကျရောက်တဲ့ မွေးနေ့  ရှင်တွေအတွက် ကိတ်ဖြစ်တာများတော့ မွေးနေ့ ရှင်တွေကို အရှေ့ ကိုဖိတ်ခေါ်၊ ကိတ်မုန့် ကြီးပေါ် ဓားလေးဝိုင်တင်ခိုင်းလို့  ကျန်တဲ့သူတွေက မွေးနေ့  သီချင်းတွေ ဆိုပြီး ဓာတ်ပုံရိုက်ကြတယ်။ ပြီးရင် ကုမ္ပဏီက တစ်လတစ်ခါထုတ်တဲ့ စာစောင်ထဲနဲ့  Staff net မှာ ပါတယ်လေ။ ဒီတခါ Cake က CMMI Level 3 ရတဲ့ အထိမ်းအမှတ် ကိတ်ဆိုတော့ ကုမ္ပဏီတစ်ခုလုံးနဲ့  ဆိုင်နေတဲ့အတွက် ဟန်ပြလေး ခွဲပေးမယ့် သူတောင် မရှိဘူး။ အီးဗီပီ ကလည်း မခွဲဘူး။ ကျွန်မ ဓာတ်ပုံရိုက်တဲ့ အချိန် အီးဗီပီနဲ့  တခြား သူတွေ အရှေ့ က ဘူဖေးစားဖို့ တန်းစီနေကြပြီ။
အဲဒီနေ့ က commIT လုပ်နေတုန်း ၁၂ နာရီထိုးခါနီး ကျွန်မ ဘေးနားမှထိုင် ၀မ်တင်းက ဟိုရှေ့ စားပွဲပေါ် တင်ထားတဲ့ ဗူးထဲက ကိတ်က ဘာဖြစ်မလဲ မှန်းကြည့်ကြမယ်လို့  အဖော်ညှိတယ်။ နှစ်ယောက်လုံး ရှေ့က ပြောနေတာတွေကို အရမ်းစိတ်ဝင်စား ကြတာလေ။ ကျွန်မက X'mas နားနီးနေတော့ ချောကလက်ကိတ် ဖြစ်မယ်ထင်တယ် မှန်းလိုက်တယ်။ သူက သရက်သီးကိတ် ဖြစ်မှာတဲ့။ ဘာလို အဲလိုမှန်းတာလဲ ဆိုတော့ သူစားချင်တာကို ပြောတာတဲ့လေ။ ပုံစံလှပေမယ့် ခရင်အများကြီးပါတဲ့ ကိတ်တွေကို သူရော၊ ကျွန်မရော မကြိုက်ကြဘူး။ ကိတ်ကိုကြည့်ပြီး မကြိုက်ဘူးဆို မစားပဲ ထမင်းပဲစားမယ်လို့  နှစ်ယောက်သားပြောဖြစ်ကြတယ်။ ၉ နာရီက စပြီး ထိုင်နားထောင် နေရတာ၊ ၁၂ ထိုးခါနီး မှာ ဘာပြောပြော စိတ်ဝင်စား၊ မကြားတော့ပဲ မကြာခင်စားရတော့မယ် အစားအသောက်အကြောင်းကိုပဲ တွေးမိတာ ကျွန်မတို့ အလွန် မဟုတ်ဘူး ထင်ပါတယ်။
December 26, 2008
Busy Boxing Day
Boxing လုပ်ပြီး Busy နေတာလားလို့  လာမမေးနဲ့ ။
ဒီနေ့  Boxing day။ Boxing Day မှာ Busy နေတယ် ပြောချင်တာ။
တချို့ နိုင်ငံတွေမှာ အားလပ်ရက်။ ဒီမှာတော့ အလုပ်လုပ်ရတယ်။
ဒီနေ့  Boxing day။ Boxing Day မှာ Busy နေတယ် ပြောချင်တာ။
တချို့ နိုင်ငံတွေမှာ အားလပ်ရက်။ ဒီမှာတော့ အလုပ်လုပ်ရတယ်။
ဒီနေ့ တစ်ရက် ခွင့်ယူလိုက်ရင် ၄ ရက်ခွဲ ဆက်တိုက် အားလပ်ရက်ရတာဆိုတော့ အတော်များများ အလုပ်မလာ ခွင့်ယူကြတယ်။ အိမ်မှာနားတဲ့သူက နား ခရီးသွားတဲ့သူကသွားတဲ့။
ခွင့်တွေ အများကြီးကျန်သေးပေမယ့် ဘယ်မှလည်း သွားစရာမရှိ၊ အိမ်မှာနေလည်း ပျင်းစရာမို့  သွားစရာရှိတဲ့သူတွေ သွားကြ၊နားကြပါစေဆိုပြီး ကျွန်မ အလုပ်လုပ်မယ် ပြောလိုက်တယ်။
အဖွဲ့ ထဲမှာ အနည်းဆုံး ၁ ယောက်တော့ အလုပ်လာမှ ဖြစ်မှာလေ။ မနက်ပိုင်း အလုပ်သိပ်မရှုပ်ပေမယ် နေ့ လယ် ထမင်းစားပြီးပြန်အလာ Helpdesk က ဖုန်းခေါ်တယ်။ Production မှာ Users တချို့ ဟိုဟာ လုပ်မရ၊ ဒီဟာလုပ်မရဖြစ်လို့ တဲ့။
Data တွေ လိုက်စစ်၊ Server တွေလိုက်ကြည့် တာလည်း အားလုံး အဆင်ပြေနေတယ်။
ဟိုဘက် ယူဆာတွေကလည်း လုပ်မရဘူးတဲ့။
ဒီနေ့  သောကြာဆိုတော့ အားလုံးက အရေးကြီးတယ်၊ ပြဿနာတွေ ဒီနေ့ ရှင်းပေးစေချင် ဆိုတာကြီးပဲ။
လွှဲချစရာလူလည်းမရှိ၊ ကူရှင်းပေးမယ့်သူလဲ မရှိ၊ နောက်ဆုံး ရှိသမျှ Logs တွေအကုန် လိုက်ဖတ်ကြည့်ရတယ်။
ကိုယ်ကလည်း ဒီမနက်မှ အငြိမ်နေ Company ထဲမှာ သုံးတဲ့ Chat ကို သွားဝင်ထားမိတယ် ဆိုတော့ Helpdesk ကလူတွေကလည်း Any Update? ဆိုပြီး msg တွေပို့ ။ Chat က ထွက်သွားလို့ ကလည်း မဖြစ်၊ Message မပြန်လို့ ကလည်းမရ။ Chat ကထွက်လိုက်လည်း ဖုန်းခေါ်မှာပဲဆိုတော့ မထူးပါဘူး။
logs တွေလိုက်ဖတ်ပြီး ခေါင်းတွေမူးနောက် ရူးချင်လာတယ်။ ထူးထူးခြားခြား ဘာ error မှလည်းမတွေ့ ။
အရေးထဲ မန်နေဂျာအသစ်က ဟိုနေ့ က Business User တွေပို့ တဲ့ အီးမေးမှာပါတဲ့ ပြဿနာက ဘာလည်းဆိုတာ ရှင်းပြနိုင်မလားတဲ့။ မအားဘူး နောက်မှ ပြောနိုင်မယ် ပြောလိုက်တယ်။ အားရင် ပြောပါတဲ့။
ခေါင်းရှုပ်နေတဲ့ အချိန်စကားများများ မပြောချင်ဘူး၊ အဲဒီကိစ္စကလည်း အတော်လေး ရှင်းပြမှ ရမှာ။ မောတယ်။ စိတ်ထဲမှာ ၆ နာရီ အမြန်ထိုးပါတော့လို့ ပဲ ဆုတောင်းနေမိတယ်။
ခုနကတော့ ပြဿနာတွေ အားလုံးရှင်းသွားပြီ။ Helpdesk က တစ်ယောက်က ချက်ကနေပြီး ပြဿနာတတ်နေတဲ့ ယူဆာတွေ အဆင်ပြေသွားပြီလို့ ပြောတယ်။
ဘာလုပ်လိုက်လဲလို့  လာမေးတယ်။ ဘာမှမလုပ်ဘူး ပြန်ပြောလိုက်တယ်။
တစ်ခုခု ကိုယ်ရှင်းလို့  ပြဿနာအဆင်ပြေသွားတာဆို report က တင်ရအုံးမယ်။
စိတ်ထင် ယူဆာတွေသုံးတဲ့ Internet Service Provider က တူတယ် ထင်တယ်။ ဟိုတခါလည်း ပြဿနာ တတ်သေးတယ်။ ထားပါ။ ဒီနေ့ ကတော့ ပြဿနာတွေ ရှင်းသွားရင် ပြီးတာပဲ။
ဘာပြဿနာမှ မတွေ့ တော့ ဘာမှရှင်းမရဘူးဆိုလို့ ပြောလိုက်တော့ Helpdesk က လူတွေက We are so luckly တဲ့။ ဒီနေ့  Cases တွေ မရှင်းနိုင်ရင် တနင်္လာနေ့ မှာ ဘာကြောင့်ဆိုတာကြီးကို အဆင့်ဆင့်ရှင်းရတော့မယ်လေ။
သူတို့ လည်း ခွင့်သွားတဲ့သူများတော့ အတော်အလုပ်ရှုပ်သွားတယ် ပြောတယ်။
ငါလည်းတစ်ယောက်တည်း မူးနောက် ရူးချင်သွားတာဆိုတော့ သူတို့ လည်းတူတူပဲလို့ ပြောတဲ့အခါ သူတို့ က ထမင်းတောင် မစားရသေးဘူးတဲ့။ အချိန်ကြည့်တော့ ညနေ ၄ နာရီကျော်နေပြီ။
အဲဒီပြဿနာရှင်းအပြီး မန်နေဂျာနဲ့ ဆက်စကားပြောရတယ်။ မောတယ်။
မောလို့ အလုပ်ဆက်မလုပ်ပဲ ဘလော့ရေးနေတယ် ..
ခဏနေ ၆ နာရီထိုးတော့မယ်။
Xmas ပြီးနောက်တနေ့ ကို Boxing day ကို Shopping day လို့ လည်းခေါ်တဲ့ အတွက် အလုပ်အပြန် ညနေ အိမ်တန်းမပြန်ဘူး၊ Shopping သွားမယ် စိတ်ကူးတယ်။ Boxing Day အကြောင်းသိချင်ရင် ဒီမှာ ဖတ်ကြည့်နိုင်တယ်။
ဘာဝယ်မလဲဆို ဘာမှ ၀ယ်ဖို့ စိတ်ကူး မရှိဘူး။ Widnow Shopping။ ဟိုကြည့်ဒီကြည့် လုပ်မှာ။ အဓိက Computer ပစ္စည်းတွေ သွားကြည့်ဖြစ်မယ် ထင်တယ်။
New ez-link card from 2009 (Singapore)
အခုလက်ရှိ စင်္ကာပူမှာ မီးရထား၊ ကားစီးရာတွေမှာ အသုံးပြုနေတဲ့ EZ-Link Cards တွေကို Contactless ePurse Application (CEPAS) Standard မှီတဲ့ Cards အသစ်တွေနဲ့  အစားထိုးမယ်လို့  သိရပါတယ်။
၂၀၀၉ ဇန်န၀ါရီလမှ စပြီး အခုလက်ရှိအသုံးပြုနေတဲ့ Cards အဟောင်းတွေကို Cards အသစ်တွေနဲ့  (one-to-one exchange) လဲပေးမှာဖြစ်ကြောင်း သိရှိရပြီး ဘယ်လို ပုံစံလဲလှယ်ပေးမယ် ဆိုတဲ့ အသေးစိတ် အချက်အလက် တွေကို ၂၀၀၉ ဇန်န၀ါရီမှာ သတင်းထုတ်ပြန်မယ်လို့  သိရပါတယ်။
အသစ်နဲ့ အဟောင်း ဘာတွေကွာခြားသလဲဆို.. Card အသစ်တွေမှာ အခုလက်ရှိ အသုံးပြုနေတဲ့ ez-link card တွေလို deposit S$3 မပါတော့ပဲ card အသစ်ကို အသုံးပြုတဲ့အချိန်မှာ ကိုယ့်ရဲ့ card ထဲမှာ ကိုယ်သွားမယ့် ခရီးအတွက် လုံလောက်တဲ့ ပိုက်ဆံပမာဏ ရှိနေမှသာ အသုံးပြုလို့ ရမှာ ဖြစ်တယ်လို့  ရေးထားတယ်။
ကတ်အသစ်တွေမှာ ပြောထားတဲ့ လုံလောက်တဲ့ ပမာဏဆိုတာ MRT(ရထား) စီးမယ်ဆို S$3 လို့ ဆိုလိုခြင်း ဖြစ်တယ်လို့  သိရတယ်။ ကိုယ့်ရဲ့ ကတ်အသစ်မှာ S$2.99 ဒါမှမဟုတ် ဒီထက် နည်းတဲ့ ပမာဏပဲရှိနေမယ် ဆိုရင် MRT Counter တွေကို ကတ်လေး ကတ်လိုက်တဲ့အခါ အသံတွေ တတီတီမြည်ပြီး ဖြတ်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကားစီးမယ် ဆိုရင်တော့ ကိုယ်တက်တဲ့ Bus Stop ကနေ အဲဒီကား နောက်ဆုံးရောက်မယ့် Bus Top အထိ ကုန်ကျမယ့် ခရီးသွားစရိတ်ထက်များတဲ့ ပမာဏရှိနေမှာသာ ကတ်ကိုအသုံးပြုပြီး ကားစီးလို့ ရပါလိမ့်မယ်။ Bus တွေ သွားတဲ့ ခရီးအနီးအဝေးတွေက မတူတော့ ဘယ်လောက်ကုန်မယ် မှန်းမသိရင် အနည်းဆုံး S$3 လောက်ထည့်ထားပို့  တိုက်တွန်းပါတယ်လို့ ရေးထားတယ်။
ပထမ ဖတ်ကြည့်ပြီး စိတ်ထဲ Deposit S$3 ပါတဲ့ card အဟောင်းတွေနဲ့  Deposit မပါနဲ့  Card အသစ်တွေ ဘာမှ သိပ်မကွာဘူးလိုပဲ။
အခု လက်ရှိ Card တွေဆို Card ထဲမှာ Deposit ဆိုပြီး ပေးထားရတဲ့ ပိုက်ဆံ S$3 ရှိနေတဲ့ အတွက် အသုံးပြုချိန်မှာ အသုံးပြုလို့ ရတဲ့ ပိုက်ဆံ S$0.01 ရှိတယ်လို့  ပြနေရင် ရထားစီး၊ ကားစီးလုပ်လို့ ရပြီ။ ခရီးဆုံးတဲ့ အချိန်မှာ Card ကို ပိုက်ဆံဖြတ်တဲ့ အခါ အနှုတ်ဖြစ်သွားမယ်။ ကိုယ်သွားတဲ့ ခရီးက S$1.00 ကျတယ်ဆို Card မှာ ပိုက်ဆံ (0.01-1.00) -S$0.99 ဖြစ်သွားမယ်။ အဲလို အနှုတ် ဖြစ်နေရင်တော့ ပိုက်ဆံထပ် ဖြည့်ပြီးမှသာ အဲဒီကတ်ကို သုံးပြီး ခရီးဆက်လို့ ရတယ်။ Deposit S$3 ကြောင့် အနှုတ်ဖြစ်ခွင့်ပေး လိုက်တာ။
အသေအချာ ထပ်စဉ်းစားကြည့်တော့ ကွာတယ်ဆိုတာ သိလိုက်ရတယ်။
Deposit S$3 က ez-link card စ ၀ယ်ကတည်းက ထည့်ထားရပြီး၊ အနှုတ်တခါတလေ ဖြစ်လို့ ရတာက လွဲရင် ကိုယ်သုံးလို့ မရတဲ့ ပိုက်ဆံ။ ခရီးသွားတဲ့ ကိစ္စပဲ စဉ်းစားမယ်ဆို သိပ်မထူးခြားသလို ဖြစ်ပေမယ့် အခု နောက်ပိုင်းက ez-link card တွေကို ကား၊ ရထားစီးတဲ့ နေရာမှာတွေတင် အသုံးလို့ ရတာ မဟုတ်ဘူး။ တခြား payment တွေအတွက်ပါ သုံးလို့ ရလာတယ်။ အဲဒီနေရာတွေ အတွက်စဉ်းစားလိုက်ရင် Card ထဲရှိတဲ့ ပိုက်ဆံ အကုန် သုံးလို့ ရသွားတာဟာ ပိုကောင်းသွားတယ်။ ITL အနေနဲ့ လည်း ez-link card တိုင်းကနေ S$ 3 ယူထားပြီး သူတို့ လုပ်ချင်တာ လုပ်လို့ မရတော့ဘူး။
နောက်ထပ် ဘာပိုကောင်းလဲ မကောင်းလည်း စဉ်းစားတာကို ဒီလောက်နဲ့ ရပ်လိုက်တယ်။ ခေါင်းပူတယ်၊ အချိန်ကုန်ခံပြီး ထပ် မစဉ်းစားတော့ဘူး။ ကောင်းကောင်း မကောင်းကောင်း သုံးရမှာပဲလေ။
ကိုယ့်အတွက် အဆင်ပြေမပြေဆိုတာကိုပဲ ဆက်တွေးမိတယ်။ အခု Card တွေမှာ ခရီးအဆုံးအထွက် MRT Station ထဲက အထွက် card ကတ်လိုက်တယ်ဆို အနှုတ်ပြ သွားပြီဆို အနီရောင်ပြပေးတယ်။ ပိုက်ဆံရှိတယ်ဆို အစိမ်းရောင်။ အဲလိုနီသွားရင် ကျွန်မ ပိုက်ဆံ ဖြည့်လိုက်တယ်။ ဒါမှ နောက်တစ်နေ့ မနက် အလုပ်သွားတဲ့အခါ အဆင်ပြေမှာ။ အလုပ်သွားဖို့ ဆို အချိန်အတိအကျပဲ အိမ်ကထွက်လေ့ရှိတော့ မနက်ပိုင်းမှာ Card ကို ပိုက်ဆံဖြည့်ဖို အချိန်မရဘူး။ အခု card အသစ်တွေမှာရော S$3 အောက် ရောက်သွားရင် အနီရောင်ပြ မလား။
တချို့ သူတွေက ဘဏ်တွေကနေပြီး ez-link ကတ်ထဲကို ပိုက်ဆံအလိုအလျောက် ထည့်တာတို့ ၊ City Bank က SMRT Credit Card ကိုသုံးတာတို့ လုပ်ကြတယ်။ ဒီလူတွေအတွက် Bank တွေက အရင်လို ပိုက်ဆံကုန်မှ မဟုတ်ပဲ S$3 ထက် နည်းတယ်ဆို ပိုက်ဆံဖြည့်ပေးကြမယ် ထင်တယ်။ ဟိုးအပေါ်က ပြောသလို အနီရောင်ဖြစ် မဖြစ် စိတ်ပူနေမယ့် အစား ဒီအထက်က နည်းတွေ၊ City Bank ကတ်တွေသုံးပါလားဆို မသုံးချင်လို့  ရိုးရိုး ez-link ကတ်ပဲ သုံးနေတာ အလွယ်တကူတော့ ပြောင်းသုံးဖြစ်မှာ မဟုတ်ဘူး ထင်တယ်။
ez-link Card ကို အစားထိုးမယ့် Card အသစ် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အပြည့်အစုံကို အသေးစိတ်အချက်အလက်တွေကို သိချင်တယ် ဆိုရင် (Land Transport Authority Singapore) မှာ နဲ့  ပိုစတာ ကို ဒီနေရာ မှာသွားကြည့်နိုင်ပါတယ်။
နောက် စလုံးက MRT Station တွေမှာ ezlink card အသုံးပြုပုံ သိချင်တယ်ဆို How to ride MRT in Singapore မှာ ပုံတွေနဲ့  တကွ ကြည့်နိုင်ပါတယ်။

Subscribe to:
Posts (Atom)