Pages

January 07, 2009

♪ ရှင်းရင်းရှင်းရှင်း ရှုပ်လာ...

ရှင်းရင်းရှင်းရှင်း ရှုပ်လာ...
....
အမှိုက်များ..
....
လျှင်မြန်ခြင်း မိုးကြိုးသွား..
အင်အားတွေ သုံးပြီး ကိုယ့်အမှိုက်များ..
ရှင်းအောင် ရှင်းပစ်လိုက်ချင်တယ်.. ရှင်းချင်တယ်..
အားတွေ မိုးကြိုးသွားထံမှ .. တောင်းကာ ရှင်းလို့ ရရင်လည်း
ပေးပါ ရှင်းပစ်လိုက်ချင်တယ် .. အမှိုက်များ..
တကယ်ရှုပ်တဲ့ အမှိုက်တွေနဲ့ ကိုယ်ပဲ..

စိတ်ပျက်ခြင်းရဲ့ အမှိုက်တွေနဲ့ ..
နားမလည်ခြင်းရဲ့ အမှိုက်တွေနဲ့ ...
အကြွေးလို ၀ိုင်းချ အမှိုက်တွေ..
ရှင်းလို့ လည်း မနိုင်ဘူး..

အဆိုးများ ကိုယ့်အမှိုက်များ..
အချစ်ရယ် .. အလွမ်းများ ကိုယ့်အမှိုက်များ..
အကြွေးတွေ တဖြည်းဖြည်း ၀ိုင်းပတ်ထား.. အမှိုက်များ..
ရှင်းလေ တိုးလို့ ရှုပ်လေပဲ...
သိလား.

ဒါဟာ ဘ၀ရဲ့ အမှိုက်တွေပဲ...
ရှင်းလိုက်ရှုပ်လိုက် အမှိုက်များ..
ကိုယ်ဘယ်လို ရှင်းလိုက်ရမှာလဲ...

ရှင်းရင်းရှင်းရှင်း ရှုပ်လာ...
ရှင်းရင်းရှင်းရှင်း ရှုပ်လာ...
အမှိုက်များ... အမှိုက်များ...
ရှင်းရင်းရှင်းရှင်း ရှုပ်လာ...
.....
အမှိုက်များ.. ရှုပ်တယ်... ဘ၀ အမှိုက်များ.
ရှင်းရင်းရှင်းရင်း... ရှုပ်လာ.. အမှိုက်များ..
အခက်အခဲတွေ... အမှားအယွင်းများ..
ရှင်းပစ်လိုက်မယ် အားများပေး
ရှင်းရင်းရှင်းရင်း... ရှုပ်လာ...
ရှင်းရင်းရှင်းရင်း... ရှုပ်လာ...
..
ရှင်းပစ်လိုက်...
....

အခု နားထောင်ပြီး သဘောကျနေတဲ့ သီချင်း.... ♪ အမှိုက်များ - ဇော်ဝင်းထွဋ် (ခရီးသွားမီးခိုးတန်းများ စီးရီးမှ...).. ဇော်ဝင်းထွဋ် ရဲ့ သီချင်းခွေအသစ် (တစ္ဆေလမ်း) နားထောင်ကြည့်တာ အခုအချိန်အထိ နားထောင်ဖြစ် သလောက် မကြိုက်ဘူး၊ ခံစားလို့ မရဘူး ဖြစ်နေတယ်။ ဒီတော့ အဟောင်းတွေပဲ ပြန်နားထောင် ဖြစ်နေတယ်။

2 comments:

khet myint myint said...

ဇော်ဝင်းထွဋ် ရဲ့ တစ္ဆေလမ်းအခွေထဲက ခင်ဗျားရဲ့အကြောင်း ဆိုတဲ့သီချင်းလေးကိုလည်း နားထောင်ကြည့်ပါဦး။ လောလောဆယ် နားထဲစွဲနေတဲ့သီချင်းထဲမှာ အဲဒီသီချင်းလဲပါတယ်။

Nay Nay Naing said...

ကျွန်မ နားထောင်တဲ့ သီချင်း ၁၁ ပုဒ်ထဲမှာာ အဲဒီ သီချင်း မပါဘူးဖြစ်နေတယ်။ အခု လိုက်ရှာလိုက်တာ တွေ့ ပြီ။ ကျေးဇူးပဲ။ နားထောင်ကြည့်လိုက်အုံးမယ်။