Pages

January 25, 2009

တရုတ်နှစ်ကူးပိတ်ရက်မှာ....

ပထမဆုံးအနေနဲ့ ..
Happy New Year to all my Chinese friends!!


မနက်ဖြန် ဆို တရုတ်နှစ်ကူးလေ။ ဒီမှာ ကြားနေရတာတွေ၊ မြင်နေရတွေကြောင့် နောက်လာမယ့် နှစ်က နွားနှစ်ဆိုတာ သိထားတယ်။ နွားနှစ်ဆိုတော့ ဘာဖြစ်လဲ... ။ မသိဘူး။ ကျွန်မက တရုတ်လူမျိုးမှ မဟုတ်တာ။

တရုတ်နှစ်ကူးနဲ့  ပတ်သက်တာ ..... ဘာတွေ ထပ်သိလဲဆို ဒီနှစ် တနင်္လာ၊ အင်္ဂါ အလုပ်နှစ်ရက်ပိတ်တာ သိတယ်။ အဲဒီနှစ်ရက်မှာ ဆိုင်တွေ ပိတ်တာလည်း သိတယ်။ အဲဒီလို ပိတ်တဲ့ အတွက် အပြင်မှာသာ ၀ယ်စားလေ့ရှိတဲ့ ကျွန်မလို လူတွေအတွက် အခက်အခဲရှိတယ် ဆိုတာလည်း သိတယ်။ ဒီလိုတွေ သိတဲ့ အတွက် ဒီနေ့  ဈေးနည်းနည်း ၀ယ်တယ်။ ၀ယ်သာ ၀ယ်တာ၊ သိပ်တော့ မထူးပါဘူး။ ချက်စားလို့ ရတာတွေ ၀ယ်တာမှ မဟုတ်တာ။ ဘာမှ စားဖို့ မရှိတာထက်စာရင် စားလို့ ရတာလေးတွေရှိတော့ နည်းနည်း အဆင်ပြေသေးတာပေါ့လို့  တွေးမိတာနဲ့  စားချင်တာတွေ ၀ယ်လာ ခဲ့တယ်။ အဖော်လိုက်လာတဲ့ သူငယ်ချင်းကလည်း မြှောက်ပေးတယ်။ ဘာဝယ်ရင်ကောင်းမလဲ ဆိုတော့ စားချင်တာသာဝယ်တဲ့။ ၀ယ်ပြီး ပိုက်ဆံရှင်းခါနီးမှ နင်ဒါတွေစားပြီး နောက်ရက်တွေ အလုပ်မသွားနိုင် ဆေးခွင့်ယူနေရမယ်တဲ့။ ထည့်နေတုန်းကတော့ မတားဘူး။ မတတ်နိုင်ဘူး ၀ယ်ဖို့ စိတ်ကူးပြီးမှတော့ ၀ယ်မှာပဲဆိုပြီး ၀ယ်လာခဲ့တယ်။

ဘာတွေလည်းဆိုတာ မြင်ရမယ် ထင်တယ်။ ထူးထူးဆန်းဆန်း နွားနို့ တစ်ဗူး ပါတာ တွေ့ တယ် မဟုတ်လား။ နွားနှစ်မို့  နွားနို့ သောက်မှ ဆိုပြီး ၀ယ်လာတာ မဟုတ်ဘူး။ မနေ့ က အိမ်နဲ့  ဖုန်းပြောဖြစ်တယ်။ နွားနို့ သောက်ဖြစ်လား အမေက မေးတယ်။ အဲဒီလို မမေးတာ အတော်လေးကြာပြီ။ မမေးထဲက မသောက်ပဲနေတာ။ ညာတာလည်း မဖြစ်အောင်၊ အမေလည်း စိတ်ချမ်းသာအောင် မရှိဘူး၊ ဈေးသွားဖြစ်ရင် ၀ယ်သောက်မယ် ပြောမိခဲ့တဲ့ အတွက် ဒီနေ့  နွားနို့ တစ်ဗူး ၀ယ်ဖြစ်သွားတယ်။

နောက်လာမယ့် နှစ်ရက် အပေါ်က ပုံထဲကဟာတွေစားပြီး အိမ် မှာနေဖြစ်မယ် ထင်ပါတယ်။ မြန်မာပြည်က တရုတ်နှစ်ကူး နဲ့ ကွာပါ့လို့  စိတ်ထဲက တွေးနေတယ်။ အင်း ... စိတ်ကောင်းရှိတဲ့ သူငယ်ချင်းက ထမင်းဟင်းချက်ကျွေးမယ် ဆိုရင်တော့ သူတို့ အိမ်မှာ ထမင်း သွားစားဖြစ်နိုင်ပါတယ်။

13 comments:

:P said...

အိမ်လာစားပါလား..။
ဂျီမေးအိုင်ဒီပေး..၊ လိပ်စာပို့ပေးမယ်..။

khin oo may said...

N2 အစ်မ အိမ်ကိုတော့ မမျော်နဲ့ ။ အစ်မကိုယ်တိုင်လည်း ရှိတာလေး…စားပြီး နေတယ်။ but ဒါလောက်နဲ့တော့ ဝမယ် မထင်ဘူး ကလေးမရယ်။ တို့ အတွက် တော့ အဲဒါ snack ဘဲ ဖြစ်ပါတယ။်

khin oo may said...

စင်စင် ဒီလို ခွဲခြားခွဲခြား လုပ်တာတော့ မကောင်းပါဘူး. တို့လဲ...အဲလိုဘဲ ဥစ္စာ

Nay Nay Naing said...

အစ်မ ခင်ဦးမေစီက မမျှော်ဘူး။ စားစရာ မရှိဘူးဆိုတာတော့ မယုံဘူး။ ဒီမှာက ရှိတဲ့ စားစရာ အကုန် ဓာတ်ပုံရိုက်ပြထားတာနော်။ အစ်မလည်း အဲလို ဓာတ်ပုံရိုက်ပြ။

စင်ဒဏ်လာ သဘောကောင်း၊ မနောဖြူဆိုတာ အရင်ထဲက သိပြီးသားပါ။ :D..

ခုလို ဖိတ်ခေါ်တာ ကျေးဇူးတင်ပါတယ်။ လာစားရမှာ အားနာ စရာကြီး။ သူငယ်ချင်းတစ်ယောက်က တချို့  First Food ဆိုင်တွေဖွင့်တယ်ပြောတယ်။ အဆင်ပြေမှာပါ။

:P said...

ခွဲခြားခွဲခြား လုပ်ပါဘူး မမရဲ့..
မမလာရင် အမြဲကြိုဆိုလျက်ပါ..။

Ko Boyz said...

ဆင်ဆင်.. တို့ရော မပါဘူးလားကွယ်...။ ခွဲခြားခွဲခြား မလုပ်ပါနဲ့ကွယ်...။

မီယာ said...

နေနေရေ အမြဲ အများကြီး စားနေတာ ဒီ ၂ရက်လောက်နဲ့တော့ နေနိုင်မှာပါ။ COKE တွေတော့ သိပ်မသောက်နဲ့ ၀လာလိမ့်မယ်။ မလေးဆိုင် ကုလားဆိုင်တွေ မဖွင့်ဘူးလား။

Soe Moe said...

နင်က အခုအချိန်ထိ အိပ်နေတော့ စိတ်ကောင်းရှိတဲ့သူက ထမင်းလာစားပါလို့ ဖုန်းဆက်ရင်တောင် နင်သိမှာမဟုတ်ဘူး။

MrDBA said...

မစင်ဒါလား အကျွန်ုပ်လဲ အစားအသောက် အခက်အခဲဖြစ်နေပါတယ် အသင်ချက်ပြီးလျှင် အကျွန်ုပ်အား သံချောင်းခေါက်ပေးပါ

khin oo may said...

မြေ့ပာမရှိနဲ့။

http://heartstations.blogspot.com/2009/01/blog-post_27.html

khin oo may said...

27 Jan 09, 05:36 PM
kom: ထမင်းအိုးကလေးတည်။။ ဘာရှိသလဲရှာဖွေ။
ဘဲဥကြောမယ်။ လက်ဘက်သုတ်. ဝက်အူချောင်ကြော်. စမူဆာကြော် (NTUC မှ)
ရှိတာ အကုန်ကြော်.။

ခေါက်ဆွဲပြူတ်စားပြီး အားတွေ ရှိလြာ့ပီ.သဘော်သီးဆက်စားလိုက်ဦးမယ်။ N2 ရော စားစရာမှ ရှိရဲ့လားမသိ

Nay Nay Naing said...

ဒီရက်ပိုင်း ခေါင်းကိုက်နေတာများလို့  အိပ်နေတာများတယ်။ ဒီမှာ ဟိုရေးဒီရေး လုပ်မယ် စိတ်ကူးပေမယ့် မရေးနိုင်ဘူး။ စားစရာရှိပါ့မလားလို့  စိုးရိမ်နေတဲ့ အစ်မခင်ဦးမေကို ကျေးဇူးတင်တယ်။ ခေါက်ဆွဲပြုတ် မစားတတ်ဘူး။ မကြိုက်ဘူး။ လက်ဖက်သုတ်၊ ဘဲဥကြော် နဲ့  ထမင်းတော့ စားချင်တယ်။

ဒီရက်မှာ ၃ ခါတော့ စားဖြစ်တယ်။ မြနန္ဒာနဲ့  အင်းလေး မြန်မာ ထမင်းဆိုင်က အစားအသောက်တွေနဲ့  KFC က ကြက်ကြော် စားတယ်။ မြနန္ဒာက အစားအသောက်ကို မကြိုက်တော့ တစ်ဝက်လောက်ပဲ စားဝင်တယ်။ မကြိုက်ရင် စားလို့ မရတဲ့ အကျင့်ကို ပြင်ရအုံးမယ်။ အရင် ၃-၄ နှစ်က နဲ့  မတူတော့ဘူး။ အသက်ပဲကြီးလားလို့ လား၊ လူက ခံနိုင်ရည် အားနည်းလာလို့ လား မသိဘူး ခုနောက်ပိုင်း အစာမစားရင် သိပ်သိသာတယ်။ မူးနေရော ( ဒီနေရာမှာ မသောက်ပဲ မူးနေတယ်ဆိုပြီး အားကျနေမယ့် သူတွေရှိနိုင်တယ်။ )

ဟင်းချက်ကျွေးမယ် လာစားဆိုပြီး ဖိတ်ခေါ်တဲ့ သူငယ်ချင်း စိုးမိုး ကိုလည်း ကျေးဇူးတင်တယ်။ သွားစားချင်ပေမယ့် နေသိပ်မကောင်းတာနဲ့  ဝေးဝေးမသွားချင်လို့  သွားမစားဖြစ်လိုက်ဘူး။ အိမ်ထမင်း အိမ်ဟင်း မစားရတာ အတော်ကြာပြီ။ နီးတယ်ဆို သွားစားဖြစ်မှာ။ နောက်ပိုင်း စိတ်ကောင်းရှိတဲ့ သူငယ်ချင်းတွေ နေတဲ့ နေရာတွေ နဲ့  နီးနီးနားနားနေမှာ သွားနေရင် ကောင်းမလား စဉ်းစားနေရပြီ။

khin oo may said...

စားပါ..စားပါ..လူလေးသေးသလောက် အတော်စားနိုင်တဲ့ကလေးမ.. စားနိုင်တယ် ဆိုတာ အများကြီးစားတာ ကိုပြောတာ မဟုတ်ဘူး.အစုံ စားနေတာ ကိုပြောတာ..

.