Pages

January 10, 2009

Google’s New Favicon

အမည်မဖော်လိုသူ တစ်ယောက်က ကွန်မန့် ကနေ Google Favicon ပြောင်းသွားတာ သတိထားမိလား မေးတယ်။ Google Blog မှာ အဲဒီသတင်း တက်လာတာ တွေ့ လို့  ကြည့်နေတာ။ တွေ့ တွေ့ ခြင်း Firefox ကိုသုံး သွားကြည့်တော့ မပြောင်းသေးဘူး။ မအိပ်ချင်သေးတာနဲ့  သတင်းတွေ လိုက်ဖတ်ရင်း တချက်တချက် ဂူးဂဲလ်သွားပြီး ဘယ်တော့ ပြောင်းမလဲဆို သတိထား ကြည့်နေမိတယ်။ အခုလေးတင် သတိရလိုက်လို့ Firefox တင်မကဘူး တခြား Browser တွေကိုပါ သုံးပြီး google.com သွားကြည့်လိုက်တဲ့အခါမှာ တချို့  Browser တွေမှာ ပြောင်းပြီးပေါ်နေပြီဆိုတာ တွေ့ လိုက်ရတယ်။

အသစ်က အရောင်စုံလေး။ ဂူးဂဲလ် အရောင် အပြာ၊အနီ၊အ၀ါ၊အစိမ်း နဲ့  အဖြူရောင် ကိုသုံးထားတယ်။ စာလုံးက g အသေးပဲ။ မပြောင်းတဲ့ Firefox နဲ့  IE ကို ဟိုးရှင်းဒီရှင်းလုပ်ပြီး ပြောင်းမလား စမ်းကြည့်တာ မရတာနဲ့  ထားလိုက်တော့တယ်။ တစ်ချိန် ပြောင်းလိမ့်မယ်။

Other related post : Google's New Blue Favicon

3 comments:

Ko Boyz said...

မြေခွေးမီးလျှံမှာ ခုထိ မပြောင်းသေးဘူး...။ ၁၀း၁၂ နာရီ... ၁၀ ရက်နေ့ မနက် ရှိနေပြီ။

Ko Boyz said...

အိုင်အီးနဲ့ကတော့ ပြောင်းသွားပြီ...။ ခရုမ်းလိုမျိုး ကာလာတွေ သုံးထားတယ်။ ကြည့်လို့ မလှဘူး ထင်တာပဲ...။

Unknown said...

ပြောင်းသွားပြီ