ညနေဆိုတော့အလင်းရောင် သိပ်မရလို့ ပုံက နည်းနည်းမှောင်နေသလိုပဲ။
စင်္ကာပူမှာ ရောင်းတာ Fried Oyster Omelette နှစ်မျိုး ရှိတယ်။ တစ်မျိုးက ကြက်ဥ၊ Oyster နဲ့ ကော်မှုန့် ( ထင်တာပဲ ) ကို ခေါက်ပြီး အကြေပုံစံမျိုး ကြော်ထားတာ။ နောက်တစ်မျိုးက ရိုးရိုး ကြက်ဥခေါက်ကြော် အပြင်လိုက်ပေါ်မှာ Oyster တွေ တင်ပေးထားတာ။ ဒုတိယ အမျိုးအစားမှာ ပါတဲ့ Oyster က ပိုပြီး ကြီးတတ်ပါတယ်။ ကျွန်မကတော့ ပထမ အမျိုးအစားကို ပိုကြိုက်တယ်။ ဆိုင်တွေမှာ ၀ယ်စားတဲ့အခါ Oyster မကြိုက်ဘူးဆို ပုဇွန်နဲ့  မှာလို့ ရတယ်။ ပုဇွန်နဲ့ တစ်ခါ စားဖူးတယ်။ ပုံမှန်ဆို Oysterုမကြိုက်ပေမယ့် အဲလို ကြက်ဥနဲ့ ကြော်တာမှာတော့ ပုဇွန်ထက်စာရင် Oyster နဲ့ ကြော်တာက ပိုပြီးစားကောင်းတယ်လို့  ထင်မိတယ်။
ဒီပုံ နည်းနည်းဝါးသွားတယ်
ဘယ်လိုကြော်ရလည်း သိချင်တယ်ဆို Google မှာ Fried Oyster Omelette Recipes ဆိုပြီး ရှာကြည့် လိုက်ပါ။ ကြော်ရတာ မြန်လည်းမြန် လွယ်လည်းလွယ်မယ်။ အထင်ပြောတာပါ။ ခုချိန်ထိ ကိုယ့်ဘာသာကိုယ် တခါမှ ကြော်မစား ကြည့်ဖူးသေးဘူး။ တစ်ချိန်ချိန်တော့ ကြော်ကြည့်ဖြစ်လောက်တယ်။
ဒီနေ့  အလုပ်မှာ Deployment ရှိတယ်။ အခုအချိန်အထိ အိမ်မပြန်ရသေးဘူး။ ကိုယ့်လုပ်ရမယ့် အလုပ်တွေပြီးပြီ။ တခြားသူတွေကို စောင့်ရင်း အချိန်ဖြုန်းတဲ့ အနေနဲ့  ညနေခင်းက စားဖြစ်တဲ့ ညစာအကြောင်း အခုလို မှတ်တမ်းတင်ဖြစ် သွားပါတယ်။
Pleace to eat Fried Oyster Omelette - GoodFood(SG)
5 comments:
ဗိုက်ဆာလိုက်တာ
စားပါ..စားပါ.. အစ်မကိုသတိမရဘူးမဟုတ်လား။
တခါမှ မစားဖူးဘူး။ ကောင်းမယ့်ပုံပဲ။
ကြော်ဖြစ်တဲ့တစ်နေ့ လာစားပါရစေ။
ဗိုက်ဆာသွားတာ အားနာစရာ။
မခင်ဦးမေးကို သတိရပါတယ်။ ပျောက်နေလို့  ဘာတွေများဖြစ်သလဲလို့  အိမ်တောင်လိုက်လာမလို့  စိတ်ကူးနေတာ။
မမီယာ ကြော်နည်းက လွယ်တယ်။ အင်တာနက်ပေါ်က နည်းတွေကြည့်ပြီး ကြော်စားကြည့်ပါလား။
မမွန် ကြော်တဲ့အခါ နီးနီးနားနားဆို လာစားလှည့်ပါ။ လုတော့စားရမယ် ထင်တယ်။
Post a Comment