ဒီနေ့  တနင်္လာနေ့ .. မနေ့ (တနင်္ဂနွေနေ့ ). နေ့ လယ်စာ စားပြီးကတည်းက အိပ်လိုက်တာ ညစာပါ လွတ်သွားတယ်... ဘယ်လို ဘယ်နှယ်ကြောင့် ဒီလောက်ထိအောင် အိပ်နိုင်သွားသလဲ စဉ်းစားမရဘူး.. အံ့သြဘာရဲ့..
ဒီမနက် အလုပ်ရောက်မှ မနေ့ က ညစာ နဲ့  ဒီနေ့ မနက်စာ ပေါင်းစား ဖြစ်သွားတယ်။ စားလိုက်တဲ့ မနက်စာ များသွားလို့  လား၊ မနေ့ က အိပ်ထားတဲ့ အရှိန်မသေသေးလို့ လား မသိဘူး တမနက်လုံး အိပ်ချင်နေတယ်။ အလုပ်လေး လုပ်လိုက် စာလေးဖတ်လိုက် နဲ့  ၁၂ နာရီ ထိုးတာတောင် သတိမထားမိ လိုက်ဘူး။ ထမင်းသွားစာဖို့ လာခေါ်တာကို မလိုက်တော့ဘူး ငြင်းလိုက်တယ်။ အစာမစားချင်ပဲ အိပ်ချင်စိတ်ပဲ ရှိနေတယ်။ နောက်ဆုံး ဒီတိုင်းထိုင်နေလို့ မဖြစ်ဘူး တစ်ခုခုစားမှ ဖြစ်မယ်တွေးမိတာနဲ့  ၁ နာရီလောက်မှ ထမင်းစားထွက်ဖြစ်ခဲ့တယ်။ မိုးကလဲ နည်းနည် အုံ့ နေတယ်။ လူကလည်း မလန်းဘူး။ ထမင်း မစားချင်ဘူး။ ဒါနဲ့  ပူပူလောင်လောင် တစ်ခုခုစားမယ် ဆုံးဖြတ်ပြီး Bak Kut Teh သွားစားဖြစ်ခဲ့တယ်။
Spare Ribs Soup + Rice
စားလို့ ကောင်းတယ်။ ဟင်းရည်က ပူပူ၊ အသားဖတ်တွေကို ငရုတ်သီးလေးနဲ့ စားလိုက်တော့ လူပါပွင့်သွားပြီး အာတွေလျှာတွေ ပူသွားလို့  အအေး ၁ ခွက်နဲ့ မ လောက်ပဲ ၂ ခွက်မှာ သောက်လိုက်ရတယ်။ အဲဒီဆိုင်က ငရုတ်သီက အတော်လေး စပ်တယ်။ စားတိုင်း မျက်ရည်ကျလုနီးပါး မနေနိုင် မထိုင်နိုင်ဖြစ်အောင် စပ်တယ်။ ဒါလည်း အမှတ်မရှိဘူး စားတာပဲ။ တခြားနေရာမှာသာ ငရုတ်သီး သိပ်မစားဖြစ်တာ၊ စားရင်တော့ ငရုတ်သီး အမြဲစားဖြစ်တယ်။ အဲလို စားမှ အရသာရှိတယ် ထင်တယ်လေ။
ဒီဆိုင်မှာ သူငယ်ချင်းတွေနဲ့ သွားစားရင် သူတို့ တွေက Lunch Set ကို မှာစားလေ့ရှိတယ်။ လာစားသူ တော်တော်များများ ကလည်း Set Meal တွေပဲ မှာစားကြတယ်။ ကျွန်မက Set Meal မှာပါတဲ့ အီကြာကွေး၊ မှိုခြောက်၊ ငံတန်တန် တို့ ဖူးပြား တွေကို မကြိုက်လို့  ရိုးရိုးပဲ မှာစားလေ့ ရှိတယ်။ ရိုးရိုးမှာ စားတာနဲ့  Set Meal နဲ့ က ဈေးသိပ်မကွာဘူး။ ဒါပေမယ့် ပုံမှန် ဟာတွေက အသားပိုများတယ်။ Set Meal က အပိုပါ တာတွေ မကြိုက်တဲ့ အတူတူ အသားများတဲ့ ပုံမှန် ဟာတွေပဲ မှာ စားဖြစ်တော့တယ်။ Bak Kut Teh ကို ကျွန်မသူငယ်ချင်းတစ်ချို့ က မကြိုက်ကြဘူး။ ကျွန်မကတော့ ပူပူလောင်လောင် အဆီမပါတဲ့ ဟင်းခါးမျိုးတွေ ကြိုက်တတ်လို့ လား မသိဘူး အတော်လေး ကြိုက်တယ်။ စားလို့ ဝင်တယ် ပေါ့လေ။ ထမင်းမစားချင်တဲ့ အခါတွေဆို စားတတ်တယ်။ မြန်မာအစားအသောက်ဆို ရခိုင်မုန့် တီတို့  ကြာဇံဟင်းခါးတို့  ကြိုက်တယ်။
ဒီပုံက ဟိုတစ်ခါသွားစားတုန်းက သူငယ်ချင်းရိုက်ထားတဲ့ပုံ.. သူငယ်ချင်းစီက ယူထားတာ
Spare Ribs Soup ဒါမှမဟုတ် Pork Ribs Soup တစ်ခုခုမှာ စားလေ့ရှိတယ်။ အဲဒီမှာ ၀က်သား၊ ၀က်သားလုံး၊ ၀က်နံရိုး၊ ၀က်ကလီစာ မျိုးစုံ (အူ၊ အသည်း၊ကျောက်ကပ်) အကုန် ရှိတယ်။ နောက်ပြီး ၀က်မြှီး လဲရှိတယ်။ ၀က်မြှီးကို သူငယ်ချင်း တစ်ယောက် မှာ စားဖူးလို့ သိနေတာ။ အဟား... အရင် စလုံးရောက်ခါစက Ox Tail Soup ရှိတယ်၊ ဒီကလူတွေ ကြိုက်ကြတယ် ကြားဖူးတုန်းက အတော်လေး အံ့သြသွားတာ။ အခု တခါ Pig Tail Soup..
ဒီနေ့  ပိုက်ဆံပေးဖို့  စောင့်နေရင်း ဘေးဝိုင်းက ထသွားတာနဲ့  လက်အငြိမ်နေ ရိုက်လိုက်တာ။ အရင်အခါတွေက သူငယ်ချင်းတွေနဲ့  စားလေ့ရှိတာဆိုတော့ အဲဒီဆိုင်က လူတွေ အင်္ဂလိပ်လို မပြောတတ်တာကို သတိမထားမိဘူး။ ဒီနေ့  ပိုက်ဆံရှင်းမယ်လုပ်မှာ ဆိုင်ရှင် တရုတ်မက ဘယ်လောက်ကျတယ် ဆိုတာကို တရုတ်လိုတွေ ပြောတယ်။ ကျွန်မကလည်း နားမလည်။ သူကလည်း အင်္ဂလိပ်လို Seven တစ်လုံးပဲ ပြောတတ်တယ်။ ၁၀ တန် ထုတ်ပေးတာကို တစ်ခုခု ထပ်ပြောနေတယ်။ အကြွေတောင်းတာ ဖြစ်နိုင်လို့  ရှိသမျှ အကြွေ ချပြလိုက်မှ ၁၀ ပြား ယူသွားပြီး S$3 ပြန်လာအမ်းတယ်။ တကယ်က S$7.10 ကျတာ။ တကယ်ပါပဲ။ မှာတုန်းက ခပ်လွယ်လွယ် Menu က ပုံကို ထောင်ပြလိုက်တာဆိုတော့ ကိုယ့်စကား သူနားမလည်၊ သူ့ စကား ကိုယ်နားမလည်တာကို သတိမထားမိလိုက်ကြဘူးလေ ...
Imperial Bak Kut Teh
90 Circular Road
For Delivery , Please call 65344118
ဒီပိုစ့်ရေးရင်း Google ကြည့်တာ အဲဒီဆိုင်က blogspot မှာ ဘလော့ ရှိနေတာကို တွေ့ ရတယ်။ UpdateToDate တော့ဖြစ်နေဘူး။ ဈေးက အဒီထဲက Menu ကထက် S$1 ကျော်ကျော်ဈေးတတ်နေပြီ။ အရင်က NTU students တွေအတွက် ဈေးသက်သက်သာသာနဲ့  Deliver ရှိခဲ့မှန်း ဘလော့ဖတ်မှ သိလိုက်ရတယ်။ အခုတော့ Deliver ကို ရပ်ထားတယ်။ ဘာလို့ လဲတော့ မသိ...
Imperial Bak Kut Teh (Blogspot) Lunch Set အကြောင်း ဓာတ်ပုံတွေနဲ့  တခြားသူတွေ ရေးထားတဲ့ အကြောင်းတွေ ဖတ်ချင်၊ သိချင်တယ် ဆို.
Imperial Bak Kut Teh in Japanese Bento Style Imperial Bak Kut Teh, Circular Roadမှာ သွားကြည့်နိုင်တယ်။ ဒီဆိုင်လည်း လူသိများ၊ လူကြိုက်များတဲ့ ဆိုင်တစ်ခု နဲ့ တူပါတယ်။
Bak Kut Teh ဆိုလို့  အမှတ်ရစရာ တစ်ခုက ... ဒီနိုင်ငံရောက်ခါစ Bugis Junction နားက Office မှာ အလုပ်လုပ်တုန်းကဆို အဲဒီနားမှာရှိတဲ့ Bak Kut Teh ဆိုင်တစ်ဆိုင်မှာ ခနခနသွားစား ဖြစ်တယ်။ အဲဒီတုန်းက ကျွန်မ တူနဲ့ မစားတတ်ဘူး။ တူကို လုံးဝ မကိုင်တတ်တာ။ (အခုလည်း သိပ်မကိုင်တတ်သေးပါဘူး)။ ဒီတော့ ဇွန် နဲ့  ခရင်း စားမှ စားလို့ ရတယ်။ ကျွန်မ အမြဲမှာလေ့ရှိတာက Pig Trotter နဲ့  Bak Kut Teh ။ ဘယ်တော့မှ မပြောင်းလဲဘူးလေ။ ထူးထူးဆန်းဆန်း ဇွန် နဲ့ ခရင်း မှာ လေ့ရှိလို့ လား၊ ခနခန လာစားတတ်လို့  လား၊ မှာတိုင်း ဘယ်တော့မှ မပြောင်းလဲလို့ လား မသိဘူး အဲဒီဆိုင်က လူတွေ ကျွန်မကို မှတ်မိနေတယ်။ ဟိုတလောက လမ်းကြုံတာနဲ့ သွားစားမလားလို့ ကြည့်တာ အဲဒီဆိုင်မရှိတော့ဘူး။ အခုတော့ တူနဲ့  စား တတ်လာပါပြီ.... ဟိုအရင်တုန်းက အမှတ်ရစရာ တစ်ခုပေါ့....