Happy 30th Pearl Wedding Anniversary
to
Mum and Dad
to
Mum and Dad


JUnit ကို အသုံးပြုရတဲ့ Java Programmer တွေ အတွက် ဒီ JunitFactory ဟာ အလွန်အသုံးဝင် နိုင်ပါတယ်။ JUnitFactory ကိုသုံးမယ်ဆိုရင် ကိုယ်တိုင် JUnit Code တွေ ရေးစရာမလိုတော့ပါဘူး။ JUnitFactory Site မှာ ကိုယ့်ရဲ့ Java Program တွေကို Upload လုပ်လိုက်မယ်ဆိုရင် အဲ့ဒီ Website ကနေပြီး JUnit Code တွေကို Auto Generate ပြန်ထုတ်ပေးပါတယ်။
ပထမနည်းက သူတို့ ရဲ့ Website မှာ ကိုယ့်ရဲ့ Program ကို Copy and Paste လုပ်ပေးတဲ့ နည်းပါ။ ဒီနည်းက Single ၊ Stand-alone Java Class တွေ အတွက်ပဲ သင့်တော်တယ်လို့  ပြောထားပါတယ်။ အဲ့ဒီ Demo Page မှာ ရေးပြီးသား Code တစ်ချို့ ကို တင်ပေးထားတာ ရှိတော့ လွယ်လွယ်ကူကူ စမ်းကြည့်လို့ ရပါတယ်။
ဒုတိယနည်း ကတော့ Eclipse Plug-in ကို သုံးပြီး ကိုယ် JUnit Code ထုတ်ချင်တဲ့ Project/ Package/ Class ကို ရွေးပြီး သူတို့ Site ကို Upload လုပ်ပေးတဲ့ နည်းပါ။ ဒီနည်းသုံးဖို့ ဆို JUnitFactor ကနေ Plugin ကိုအရင် Download လုပ်ပြီး Install လုပ်ဖို့ တော့လိုတယ်။ Java IDE အနေနဲ့ Eclipse ကိုပဲ သုံးရပါမယ်။ အခု လက်ရှိ အချိန်ထိတော့ JUnitFactory က Eclipse IDE တစ်ခုတည်းကိုပဲ Support လုပ်ပါသေးတယ်။
AgitarOne အကြောင်းသိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။ ကျွန်မကတော့ သိရုံလောက်ပဲ သွားဖတ်ကြည့်လိုက်တယ်။ ကိုယ်က စမ်းကြည့်ရုံ၊ တချို့  File တွေအတွက်ပဲ သုံးမှာ၊ ၀ယ်သုံးဖို့ လည်း စိတ်ကူးမရှိသေးတော့ JUnitFactory နဲ့ တင် လုံလောက်ပါတယ်။ အင်း.... နောက်ပိုင်း ကိုယ်ပိုင် Software Company ထောင်နိုင်မှပဲ AgitarOne အကြောင်း အသေးစိတ်သိအောင် ထပ်သွားဖတ်တော့မယ်။
ငါ့ညီ ပြောင်ဝင်း၊ မောင်သစ်ဆင်း
Browser wars over, say Microsoft, Mozilla, Opera and Google (computerworld.com)
ဒီနေရာမှာ ကျွန်မ နားလည်မိတဲ့ ညီညွတ်ရေးဆိုတာ၊ လူတွေအားလုံးဟာ တလေတည်း၊ တသံတည်း ထွက်နေစရာ မလိုပါဘူး။ ဘယ်လောက်ပဲ အကြိတ်အနယ် ပြိုင်ဆိုင်နေကြတဲ့ ပြိုင်ဖက်တွေပဲဖြစ်ဖြစ်၊ အများအတွက် အကျိုးရှိစေမယ့် ကိစ္စတွေမှာဆို အတ္တတွေ၊ မာနတွေ ခ၀ါချပြီး အတူပူးပေါင်း ဆောင်ရွက်နိုင် စွမ်းပါပဲ။ ဒီလို ဆောင်ရွက်နိုင်စွမ်းဟာ ညီညွတ်မှု့ အပြင် ထိုသူတို့ ရဲ့ စိတ်ဓာတ်ရေးရာအရ ဘယ်လောက်ရင့်ကျက်မှု့ ရှိတယ်ဆိုတာကို ပြနေတာပါပဲ။
ဆေးပညာလေ့လာနေသူများအတွက် အသုံးဝင်မယ်လို့  ထင်တဲ့ Blog တစ်ခု... ကိုယ်မကျွမ်းကျင်တဲ့ Area တစ်ခုမို့  အဲ့ဒီမှာ တင်ထားတဲ့ e-Books တွေက ကောင်းမကောင်းနဲ့  လေ့လာသူတွေကို အထောက်အကူပြုနိုင် မပြုနိုင်၊ အကျိုးရှိနိုင် မရှိနိုင်ကိုတော့ ကျွန်မ သေချာမသိပါဘူး။ တခြား E-Books တွေ က ရှာရလွယ်ပေမယ့် Medical နဲ့ ဆိုင်တာတွေတော့ သိပ်ပြီး မတွေ့ ဖူးလို့  တွေ့ မိတာလေးကို မျှဝေလိုက်တာပါ။ အဲ့ဒီမှာ e-Books တွေတင်မဟုတ်ပါဘူး၊ Medical နဲ့ ဆိုင်တဲ့ Links တွေ တင်ထားတာပါတွေ့ ရပါတယ်။ အသုံးဝင်မယ်လို့  ထင်ပါတယ်။ Medical Field က လေ့လာလိုသူများ သွားရောက် ကြည့်ရှုကြပါ။
မကြောက်အရွံ့ နှင့်
ကျွန်မကတော့ ဒီစာအုပ်ကို စာအုပ်နာမည်ကအစ သဘောကျနှစ်သက်မိတယ်။ စာအုပ်ထဲမှာ ဘာတွေပါလဲ ဆိုတာ သိရအောင် မာတိကာကို ရေးပေးလိုက်ပါတယ်။

4D Approach ဆိုတာစပြီး ကြားတုန်းက Singapapore Pool ရဲ့ နာမည်ကြီး 4D က စိတ်ထဲမှာ အရင်ဆုံး ပေါ်လာတယ်။ ဒီနေ့  ပြောတဲ့ 4D approach ကတော့ ( Discover, Dream, Design, and Deliver)။ ဘာတွေလည်း သိချင်ရင်တော့ Google ကြည့်လိုက်ကြပါ။ :D Dream အကြောင်း ရှင်းပြတဲ့အချိန်မှာ ကျွန်မတို့ ကို ဒီ Company ရဲ့ ရှေ့ မှာ ဘာတွေဖြစ်စေချင်တယ်ဆိုတဲ့ ကျွန်မတို့ ရဲ့ Dream ကို ပန်းချီ တစ်ချပ်ဆွဲပြီး ပုံဖေါ်ခိုင်းတယ်။ ဒီမှာ လူ ၁၀ ယောက်ကျော် တစ်ယောက် တစ်လက် ၀ိုင်းဆွဲတဲ့ ပန်းချီကား။
ဒီနေ့  Sessionမှာ အားလုံးအပြီး ပြန်ခါနည်းမှာ အရုပ်လေး တစ်ရုပ်စီ လက်ဆောင်ပေးတာကို ကျွန်မ အကြိုက်ဆုံးပါပဲ။ ရေမြင်းရုပ်လေးပေးမယ့်အစား Compnay Logo ဖြစ်တဲ့ ခြင်္သေ့ရုပ်လေး ပေးသင့်တယ် ထင်တာပဲ။ ဒါပေမယ့် အလကားရတာကို ဂျီးများနေလို့်  မဖြစ်တော့ ပေးတာ ယူလာလိုက်တယ်။ ၂၀၀ရအတွက် ပထမဆုံးရတဲ့ အရုပ်ပါပဲ။
တကယ်တော့ အင်တာနက်မှာ ဟိုပုံ ဒီပုံတွေ Forward ပို့ နေတာ မထူးဆန်းပါဘူး။ တချို့ ကလည်း တကယ့်ဟာမဟုတ်ပဲ ဖိုတိုရှော့ လို ဟာမျိုးတွေနဲ့ လုပ်ထားတာတွေပါ။ ခုပုံလည်း Fake ဟာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခုပုံနဲ့  တကွ ပါလာတဲ့ စာက ထူးဆန်းနေလို့ ပါ။ ဒီမှာကြည့်ကြပါ။
နောက်မှ ဒီမှာ ကြုံရတာတွေ ထပ်ရေးတော့မယ်။ ခုနက ပုံက အစစ်ဟုတ်တာမဟုတ်တာ အသာထား ပုံလေးကတော့ လှသား၊ အမျိုးသမီးတစ်ယောက်ရယ် လက်အုပ်ချီနေတဲ့ ကလေးလေး တစ်ယောက်ရယ်။ အဲ့ဒီပုံကို ကျွန်မစီ forward လုပ်တာ ကျွန်မရဲ့ မြန်မာသူငယ်ချင်းတွေ မဟုတ်ပါဘူး။ သူတို့ က အစစ်ထင်လို့  forward လုပ်တာလားမသိဘူး။ ကျွန်မကတော့ အဲ့ဒီပုံကို အစစ်လို့  မထင်ပါဘူး။ ဒါပေမယ့် တကယ်လို့  အစစ်သာဖြစ်များ ဖြစ်နေမယ်ဆို ဘယ်နေရာကလည်း သိချင်မိပြန်တယ်။ အတုဆိုလည်း အတုဖြစ်ကြောင်း၊ အစစ်ဆိုလည်း ဘယ်နေရာမှာ ဖြစ်နိုင်တယ်ဆိုတာလေး သိကြရင် သတင်းပေးကြပါအုံး။


ရေဗက္ကာဝင်းရဲ့ သီချင်းတွေတော့ ကျွန်မသိပ်မသိပါဘူး။ လူကိုလည်း ဒီနေ့ မှပဲ ဘယ်လို ပုံစံရှိလည်း သေချာသိတော့တာပါ။ တချိန်လုံး လှုပ်ခါနေပြီး အိုက်တင်ထုတ်တာ နည်းနည်းလွန်နေသလို ရှိပေမယ့် ချစ်စရာလေးနဲ့  အဆိုးဘူးလို့  ဆိုရမယ်။ ကာလသားတွေ အကြိုက်ပေါ့။ သူငယ်ချင်းတစ်ယောက်က သတင်းပေးတယ်။ ရေဗက္ကာဝင်းကို မြန်မာပြည်ရဲ့ Britney Spears လို့  ပြောတာကြားဖူးတယ် ဆိုပဲ။ သူ့ ကိုယ်သူ ပြောတာလား၊ တခြားသူတွေက မြှောက်ပြောတာလား၊ အချွန်နဲ့ မပြီး ပြောတာလားတော့ အသိပါဘူး။ အရမ်းကို အိုင်တင်အပြည့် လှုပ်ရမ်းပြီး ဆိုသွားတာကတော့ နိုင်ငံခြား အဆိုတော်တွေ စတိုင်ပါပဲ။ သူ့ ရဲ့ သီချင်း မဟုတ်တဲ့ သီချင်းဟောင်းတွေကိုလည်း ဆိုသွား ပါသေးတယ်။
နောက်ထပ်သီဆိုတာကတော့ မခိုင်ပါ။ ဟိုနေ့ က အပြင်မှာတွေ့ ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က အတော်အိုနေပြီဆိုပေမယ့် စင်ပေါ်မှာတော့ သူအလှဆုံးပါပဲ။ ပထမဆုံး ထွက်လာတော့ ၀တ်ထားတာက အစိမ်းရောင် ဂါဝန်နဲ့ ပါ။ သူ့ ထုံးစံအတိုင်း ၀တ်ထားတယ် ပြောရမယ်။ အဝေးကနေတောင် လှမ်းပြီး သတိထားမိစေတာကတော့ သူ့ နားဆွဲကြီးတွေနဲ့  ဘယက်ကြီးပါပဲ။ မြူးမြူးကြွကြွနဲ့  သီချင်းတွေ သီဆို သွားပါတယ်။ ပွဲထိန်း အတော်ကောင်းပါတယ်။ တကိုယ်တော် ဖျော်ဖြေရုံမက ဇော်ဝင်းထွဋ်နဲ့ တွဲပြီး၊ မျိုးကျော့မြိုင်နဲ့ ရောတွဲပြီးပါ စုံတွဲ သီဆိုသွားပါတယ်။
နောက်တစ်ခေါက် သီဆိုသူကတော့ မျိုးကျော့မြိုင်ပါ။ မျိုးကျော့မြိုင်က တကိုယ်တော် အနေနဲ့  စုစုပေါင်း လေးပုဒ်ပဲ ဆိုသွားတဲ့ အတွက် သူသီချင်းတွေ နားထောင်ရတာ အားမရလိုက်ပါဘူး။ သူကတော့ ရိုးရိုးပဲ ၀တ်ထားပါတယ်။ သူ့ ကြည့်ရတာ တမျိုးကြီးပဲ။ နေမကောင်းလို့ များလား။ အရင်က မကြည့်ဖူးတာ ဒါ normal ပုံပဲလား မသိပါဘူး။ ပထမဆုံး သူ့ ကိုယ်သူ မိတ်ဆက်တဲ့ အနေနဲ့  ကျွန်တော့် နာမည် မျိုးကျော့မြိုင်၊ နောက်တော့ သူရဲ့မကောင်းတဲ့ အကျင့်အကြောင်း သီချင်းဆိုမယ်ဆိုတာနဲ့  အားလုံးက သိလိုက်ကြတဲ့ သူအမြဲ နောက်ကျတတ်တဲ့ ဆိုတဲ့ သီချင်းရယ်၊ သူအသက် ၃၅ ကျော် ၃၆ နား ကပ်နေပေမယ် သူအသက် ၃၃ နှစ်အရွယ်တုန်းက သူ့  ရဲ့ မကောင်းတဲ့ အကျင့်တွေ အကြောင်းကို စပ်ဆိုထားတာပါဆိုတဲ့ ( ခုလည်း ဒီတိုင်းပဲ မပြောင်းလဲ ပါဘူးလို့  ပြောသွားတယ်) သီချင်းတစ်ပုဒ်ရယ်။ နောက် နေရာတိုင်းမှာဆိုတဲ့ သီချင်းရယ်ကို သီဆိုသွားပါတယ်။ မျိုးကျော့မြိုင်ဆိုတဲ့ နေရာတိုင်းမှာ သီချင်းကို ကြိုက်တယ်။
မျိုးကျော့မြိုင်နောက်မှာ စင်ပေါ်တက်လာသူတွေက Examplez အဖွဲ့ ပါပဲ။ စိန်နားကပ်တွေ တ၀င်းဝင်းနဲ့  သူတို့ ရဲ့ သီချင်းတွေကို သီဆိုသွားပါတယ်။ ၄ ယောက်မှာ သုံးယောက်က နားကပ်တွေနဲ့ ပါ။ ထွန်းထွန်း နားကပ်ကတော့ အကြီးဆုံးပါပဲ။ သူတို့  ၄ ယောက်ထဲမှာ ကျွန်မ သတိထား အထားမိဆုံးကတော့ ထွန်းထွန်း ပါပဲ။ သရုပ်ဆောင်ပါလုပ်နေလို့ လားမသိဘူး အရမ်းကို အိုက်တင်အပြည့်နဲ့  သီချင်းဆိုသွားပါတယ်။ တချို့ သီချင်းတွေမှာဆို စင်ရှေ့ လေးမှာ (ဘာလို့ မှန်းတော့ မသိဘူး) ဒူးလေးထောက်ပြီး သီဆိုသွားတာ သနားစရာလေး ပါပဲ။ (တကယ် စိတ်လေတယ်) သူငယ်ချင်းတွေ ကတော့ အဲ့ဒီပုံကို အမိအရ ဓာတ်ပုံ ရိုက်ယူထားပါသေးတယ်။ ကျန်တဲ့ သူတွေကတော့ ပုံမှန်ပါပဲ။ Examplez က ကျွန်မ ကြားဖူးနေတဲ့ သူတို့ ရဲ့ နာမည်ကြီးတဲ့ သီချင်းတွေပဲ ဆိုသွားပါတယ်။ နောက်ထပ်ထွက်မယ့် အခွေက သီချင်းသစ် တပုဒ်ကိုလည်း သီဆိုသွားပါသေးတယ်။ အဲ့ဒီသီချင်းက မြူးတော့ အတော်မြူးပေမယ့် ရှေ့ ကကြည့်တော့ ဘာဖြစ်တယ်၊ နောက်က ကြည့်တော့ ဘာဖြစ်တယ် ဆိုလား ဆိုတဲ့ ( တိကျနေလိုက်တာ) စာသားကလွဲရင် ဘာကိုဆိုသွားမှန်း မသိပါဘူး။
ဒုတိယအကြီမ် ထပ်ပြီး စင်ပေါ်တက်လာတဲ့ မခိုင်ကတော့ ဒီတခါ အနက်ရောင်ဘောင်ဘီရှည်နဲ့  လှလှပပ လေးပါ။ ဟန်မူယာ အပြည့် နဲ့  ပရိတ်သတ်တွေ ကျေနပ်အောင် သီချင်းအများအပြား ဆိုသွားပါတယ်။ သီချင်းဆိုနေတုန်း ခနခန ရေသောက်တာတော့ တွေ့ ရတယ်။ ဇော်ဝင်းထွဋ်ကတော့ နောက်ပိုင်းကျမှ နည်းနည်း ရေသောက်တာ တွေ့ ရတယ်။ မခိုင်က အားရပါးရ သီချင်းတွေ သီဆိုပြီးနောက် ဇော်ဝင်းထွဋ်ကို ခေါ်လိုက်ပြီး နောက်ဆုံး နှတ်ဆက်တဲ့ အနေနဲ့  စုံတွဲသီချင်းတစ်ပုဒ် သီဆိုသွားပါတယ်။
စုံတွဲသီချင်း မဆိုခင်မှာ ဇော်ဝင်းထွဋ်က ပရိတ်သတ်ကြီးကို အိမ်ပြန်ချိန်အထိ သူတာဝန်ယူလိုက်ပါမယ်လို့  ပြောလိုက်တော့ မျိုးကျော့မြိုင်များ ထပ်သီဆိုဦးမလား မျှော်နေမိတဲ့ ကျွန်မ အတော်လေး စိတ်မကောင်း ဖြစ်သွားခဲ့ ရတယ်။ ဒါပေမယ့်လည်း နောက်ပိုင်း ဇော်ဝင်းထွဋ်ရဲ့ တကိုယ်တော် Rock သီချင်းတွေ အများကြီး သီဆိုတာကို ကြည့်လိုက်ရတာတော့ သဘောကျ ကျေနပ်သွားပါတယ်။ ပထမဆုံး သီဆိုတဲ့ ဆေးပေါင်းခတဲ့ည ကနေ နောက်ဆုံး သီဆိုတဲ့ သီချင်းအထိ အကုန်ကြိုက်တယ်။ ဆေးပေါင်းခတဲ့ ည သီချင်းနှစ်ပုဒ်လုံးကို ဒီပွဲမှာ သီဆိုသွားပါတယ်။ ဗုံတီးပြီး ဆိုသွားတာ အရမ်းမိုက်တယ်။ အဲ့ဒီပုံတွေ သူငယ်ချင်းတွေ ဓာတ်ပုံရိုက်တာ တွေ့ လိုက်တယ်။
ဇော်ဝင်းထွဋ်က သီချင်းတချို့ သီဆို အပြီးမှာ သူ့ သား အီတိုး နဲ့  သားအဖတွေ စင်ပေါ်မှာ ရန်ဖြစ်မယ်ဆိုပြီး သီချင်း တစ်ပုဒ် ကို သားနဲ့  အတူ တွဲဆိုပါတယ်။ သူ့ သားကို အတော်ဖြစ်စေချင်၊ အတော်ပန့် ပိုးပေးတဲ့ သူတစ်ယောက်ပါပဲ။ နောက်တော့ အီတိုးက တကိုယ်တော် သီချင်း ၃ ပုဒ် သီဆိုသွားရာမှာ နောက်ဆုံး ဆိုတဲ့ သူ ရဲ့ နာမည်ကြီးသီချင်း ဖြစ်တဲ့ စိတ်ချချင်တယ် ဆိုတဲ့ သီချင်းကိုပဲ ကျွန်မတော့ သေချာကြားလိုက် ပါတယ်။ ရှေ့ က သီချင်းနှစ်ပုဒ်ကိုတော့ ဘာတွေဆိုသွားမှန်း မသိလိုက်ပါဘူး။ အဲ့ဒီသီချင်းတွေဟာ သူရဲ့ ပထမဆုံးအခွေထဲက သီချင်းတွေ လို့ ပြောသွားပါတယ်။ သီချင်းခွေ အသစ်ထွက်ရင် နားမထောင်ဖြစ်တောင်မှ သိတာများပေမယ် အီတိုး သီချင်းခွေ ထွက်ပြီးပြီ ဆိုတာကိုတော့ ဒီနေ့ မှပဲ သိလိုက်ရတော့တယ်။ အီတိုးက လူကောင်ကြီးကတော့ သူအဖေထက် ကြီးနေပေမယ့် အသံကတော့ ကလေးသံ မပျောက်သေးပါဘူး။ သီချင်းဆိုနေရင် တစ်ချက် တစ်ချက် အသံပျောက်သွား သလိုပဲ။ အီတိုး သီချင်းဆိုနေချိန်မှာ ယောက်ဖခေါ်ပြီး၊ မင်းအဖေကို မမှီသေးဘူး၊ ထပ်ကြိုးစားလိုက်ဦးလို့  အားပေးသူ အတော်များများရဲ့ အသံတွေကိုလည်း ကြားလိုက်ရပါတယ်။
အိတိုး သီဆိုပြီးနောက် ဇော်ဝင်းထွဋ်ပြန်ထွက်လားပြီး ဆက်လက် သီဆိုပါတယ်။ဇော်ဝင်းထွဋ်ကိုလည်း ယောက်ခမကြီးလို့  အော်ခေါ်နေသံတွေ ကြားရတယ်။ သြော် သမီးရှင်ဖြစ်ရတာ မလွယ်ပါလားနော်။ ဇော်ဝင်းထွဋ် သီဆိုသွားတဲ့ Rock သီချင်းတွေကိုတော့ အကုန်ကြိုက်ပြီးသားမို့  ဘာမှ ပြောစရာမရှိပါဘူး။ အင်ပါယာ ဖျော်ဖြေပွဲဆိုတော့ ဇော်ဝင်းထွဋ်ကပဲ အဓိကဖြစ်ပြီး၊ သီချင်းတွေ အများကြီး သီဆိုသွားပါတယ်။ Rock သီချင်းတွေ အပြင် ထူးထူးခြားခြား သီဆိုသွားတဲ့ ၂၀၀၁ လက်ဆောင် သီချင်းကိုလည်းကြားရော အင်္ဂလန်မှာ ရှိနေတဲ့ သူငယ်ချင်း စုံတွဲကို အထူး သတိရသွားတယ်။ သူတို့ အတွက် အမှတ်တရ သီချင်းတပုဒ် ဖြစ်မယ် ထင်တယ်။ :D