Pages

May 08, 2007

အကျင့်

အရင်တုန်းကဆို ပေပေတေတေနဲ့  ညနက်မှသိပ် အိပ်လေ့ ရှိတော့ ထုံးစံလို ဖြစ်နေခဲ့တယ်။ တစ်နေကုန် အလုပ်လုပ်၊ ညဘက်ဆို ကောင်းကောင်းမအိပ်ပဲ Game ဆော့လိုက်၊ စာဖတ်လိုက်၊ တခါတလေလည်း ဒေါင်းလုတ်လုပ်ထားတဲ့ ရုပ်ရှင်ကြည့်လိုက်နဲ့  နေခဲ့တာပါပဲ။ အဲ့ဒီတုန်းက အကျင့်ရနေလို့ လားမသိဘူး ၃၊၄ ရက် အိပ်ရေးပျက်တာလောက်ကတော့ အပျော့ပေါ့။ အိပ်ရေးပျက်တာများရင် နည်းနည်းပင်ပန်းသလိုရှိပေမယ့် ခံနိုင်ရည်ရှိသေးတယ်။ ပုံမှန်လိုပဲ အလုပ်သွား၊ လုပ်စရာရှိတာ လုပ်နိုင်နေခဲ့တယ်။

ဒါပေမယ့် ၂၀၀၆ နှစ်ဆန်းပိုင်းက စပြီးတော့ လူက လိမ်မာလာတယ် ပြောရမလား၊ အိပ်ချိန်မှန်မှန် နဲ့  အိပ်ရေးဝအောင် အိပ်ဖြစ်လာတယ်။ ၁ ရက်၊ အလွန်ဆုံး ၂ ရက်ထက် ပိုပြီးအိပ်ပျက်အခံတာ အတော်ကြာပါပြီ။ ဒါပေမယ့် ဒီရက်ပိုင်းမှာ ကိုယ့်ဟာကိုယ် မအိပ်တာက တစ်ရက်၊ အလုပ်ရှုပ်နေလို့  အိပ်ရာဝင်နောက်ကြတာက ၁ ရက်၊ ဗိုက်အောင့်နေလို့  စောစောအိပ်မရတာက ၂ ရက်.. ၄ ရက်ဆက်တိုက်လည်း အိပ်ချိန် မမှန်၊ အိပ်ရေးမ၀ဖြစ်လာရော.. လူလည်း အီလည်လည်ကြီးဖြစ်လာတယ်။

ခုရက်ပိုင်းမှပဲ အလုပ်မှာလည်း အလုပ်နည်းနည်းရှုပ်တယ်ဆိုရမလား၊ Coding ရေးစရာ တချို့ က ရှိနေတယ်။ မူးနောက်နောက်နဲ့  ရေးနေပေမယ့် ခုချိန်ထိတော့ ဘာမှ ပြဿနာ မတတ်သေးဘူး ဆိုတော့ အခြေအနေ မဆိုးသေးဘူး ဆိုရမယ်။ အဲ.. ရေးသမျှကိုတော့ Double Confirm လုပ်ပြီးမှ Release လုပ်ရတာပေါ့။ ခုနက Program ကို Testing လုပ်ရင်း Blog မှာ တင်မလို့ Technical Post တစ်ခု့ ရေးတာမှာတော့ ရေးနေရင်းနဲ့  ဆက်စဉ်းစားမရဘူး ဖြစ်သွားတယ်။
ဒီတော့မှ ကျွန်မ ခံနိုင်ရည် ပုံမှန်မဟုတ်မှန်း သတိထားမိလိုက်တယ်။ အရင်ကလည်း ဒီလိုပဲ အလုပ်လုပ်ရင်း Technical အကြောင်းတွေ ရေးနေကြပါပဲ။ နောက်မှ သတိထားမိတယ်။ ခုရက်ပိုင်း လုပ်မယ်စဉ်းစားထားပြီး မလုပ်ဖြစ်ပဲ မေ့သွားတာ ၃၊၄ ခုလောက်ရှိနေပြီ။ မနေ့ နေ့ လယ်ကဆို အိမ်ကို Lunch Time မှာ ဖုန်းခေါ်ရမယ့်ဟာ လုံးဝ မေ့သွားတယ်။ သတိရတဲ့ အခ်ျိန်ကြတော့ ည ၁၂ နာရီ ကျော်သွားပြီ။

တွေးမိတယ်.. အကျင့်ဆိုတာ လူက လုပ်ယူတာ မဟုတ်လား။ ဘယ်အရာမဆို အလေ့အကျင့်ရှိလာရင် ခံနိုင်ရည် ရှိလာတာပါပဲ။ ခုဆို အိပ်ရေးပျက်ခံလေ့ မရှိတော့ မခံနိုင်တော့ဘူး။ ဒီတော့ အိပ်ပျက်ခံနိုင်အောင် ပြန်ပြီး ကျင့်ယူရင် ကောင်းမလား။ ဘာရယ်တော့ မဟုတ်ပါဘူး.. ခုနက ရေးနေတဲ့ ပိုစ့်ကို အဆုံးမသတ်နိုင်တာ သေချာသွားလို့  စိတ်ထဲ မကျေနပ်တာနဲ့  တစ်ခုခုတော့ ရေးဖြစ်အောင် ရေးဦးမယ်ဆိုပြီး စိတ်ထဲပေါ်လာတာတွေ ချရေးလိုက်တာပါ။ :D

May 07, 2007

Gathering - 07 May 2007

စနေညက ထုံးစံအတိုင်း အိပ်ချိန်နောက်ကြပြီး အိပ်ရေးမ၀လို့  တနင်္ဂနွေနေ့ မှာ အပြင်မသွားတော့ဘူး စိတ်ကူးခဲ့တယ်။ ဒါပေမယ့် ဟိုအဝေးကြီးက သူငယ်ချင်း တစ်ယောက်က ဒီနိုင်ငံရောက်နေပြီး အားလုံးနဲ့ တွေ့ ချင်ပါတယ်၊ Gathering လုပ်မယ် ဆိုလာလို့ ၊ သူတောင်မှ အဝေးကြီးက တကူးတက လာရတာ၊ ဘာပဲဖြစ်ဖြစ် သွားတွေ့ သင့်တယ်တွေးမိပြီး အပြင်ထွက်ဖြစ်သွား ပါတယ်။

သွားတုန်းကတော့ ခနပေါ့။ လုပ်စရာတွေရှိသေးတယ် ၂ နာရီလောက် စကားပြောပြီးရင် ပြန်မယ် စိတ်ကူးခဲ့တယ်။ ဟိုရောက်တော့ အားလုံးနဲ့ တွေ့  စကားတွေ ကောင်းနေလိုက်ကြတာ ကျွန်မ အိမ်ပြန် ရောက်ချိန်ကြတော့ ည ၁၁း၀၀ နာရီထိုးပြီး နေပါပြီ။ ဒါတောင် တနင်္ဂနွေည ဖြစ်နေလို့  နောက်နေ့  မနက်ကြရင်လည်း အလုပ်သွားရဦးမယ်၊ အိမ်မှာလည်း လုပ်စရာလေးတွေ နည်းနည်း ရှိနေတာရယ်ကြောင့်သာ စကားဖြတ်ပြီး (စကားထိုင်ပြောနေတဲ့ ဆိုင်တွေပိတ်ချိန်မှာ) ပြန်ခဲ့လို့  ဒီအချိန် အိမ်ပြန်ရောက်တာပါ။ တခြားသူတွေကတော့ မပြန်သေးပဲ နေရာပြောင်းပြီး ပွဲဆက်ဖြစ်တယ် သိရတယ်။
ဟိုပြော ဒီပြောနဲ့  အတော်လေး စကားပြောနိုင် ကြတယ်။ သူငယ်ချင်းတွေ အားလုံးပဲ ပျော်ပျော်ရွှင်ရွှင်နဲ့  အကြောင်းအရာ မျိုးစုံကို မရပ်မနား ပြောလိုက်ကြတာ ရေပတ်မ၀င်အောင် စကားပြောတယ် ဆိုတာ ဘယ်လိုဟာမျိုးကိုခေါ်သလဲလို့  ဒီနေ့ မှ အသေအချာ သိလိုက်ရပါတယ်။ နောက်ဆို ဒီလူတွေ အားလုံး တစုတဝေးထဲ ပြန်တွေ့ ဖို့ ဆိုတာ မလွယ်ပါဘူး။ ဘယ်အချိန်မှာမှ အတူတကွ ပြန်တွေ့ ခွင့်ရမယ်မှန်း မသိကြပေမယ့် တွေ့ ခွင့်ရတုန်းလေး ပျော်ပျော်ရွှင်ရွှင်၊ ရင်းရင်းနှီးနှီး ပြောဆိုဖြစ်ခဲ့ကြတဲ့ ဒီ Gathering ကို က အမှတ်တရ ဖြစ်စရာပါပဲ။

May 06, 2007

မြန်မာရိုးရာ နက္ခတ်ဗေဒင်

ကျွန်မရဲ့ ချစ်လှစွာသော အစ်ကိုကြီးတစ်ယောက် ပြလို့ ဒီဆိုဒ်ကို သတိထားမိသွားပါတယ်။ မြန်မာရိုးရာ နက္ခတ်ဗေဒင် အကြောင်း WebSite ပါ။ သူရိယသဒ္ဓန္တကျမ်းလာ နည်းနိသျှအတိုင်း နိရာယနစနစ်ဖြင့် တွက်ချက်ထားသည်လို့  ရေးထားတာတွေ့ ရတယ်။ ဗေဒင်လက္ခာဏာဆိုတာကို သူငယ်ချင်းတွေ အပျော်ဟောတာလောက်ကလွဲရင် တခါမှ မမေးဘူး၊ ဗေဒင်ကျမ်းတွေနဲ့  ပတ်သက်ရင် ဗဟုသုတ မရှိတဲ့ ကျွန်မ အနေနဲ့ ကတော အဲ့ဒီကျမ်းက ဘယ်လိုကျမ်းမျိုးမှန်း မသိပါဘူး။ ဒါပေမယ့် နာမည်ကြီး ဗေဒင်ကျမ်းတစ်ခု ဖြစ်မယ်လို့ တော့ ထင်တာပါပဲ။

အဲ့ဒီမှာ မြန်မရိုးရာဇာတာတွက်ချက်လို့ ရတယ်။ လက်ထောက်ဗေဒင်၊ ဗေဒင်သိကောင်းစရာတွေ၊ သက်ရောက်ဗေဒင်၊ မဟာဇနက္က ဗေဒင်ဟောကိန်းတွေ ဆိုပြီး ရှိကြောင်းကို Home Page မှာ ရေးထာလို့  သိလိုက်ရတယ်။ တခြား ဗေဒင်နဲ့  ပတ်သက်တဲ့ e-books တွေလည်း download လုပ်လို့ ရအောင် ပေးထားတာလည်း တွေ့ ပါသေးတယ်။ ပြီးတော့ ဒေ၀စကားဝိုင်းဆိုတဲ့ ဖိုရမ်လေးလည်း အဲ့ဒီမှာ ရှိတယ်။ ၀ါသနာတူသူတွေ ဆွေးနွေးလို့ ရတာပေါ့။



ကျွန်မကတော့ ဗေဒင်၊လက္ခဏာဆိုတာတွေကို သိပ်လည်း နားမလယ်၊ စိတ်လည်း မ၀င်စားတော့ ဒီဆိုဒ်ကို ဟိုကြည့်ဒီကြည့် လုပ်လိုက်ပေမယ့် ကောင်းလား မကောင်းလာဆိုတာကို အသေအချာ မသိပါဘူး။ ဒါပေမယ့် ကျွန်မ စိတ်ထင် ဗေဒင်ကိုဝါသနာပါကြသူတွေတော့ ဒီဆိုဒ်ကို သဘောကျမယ်ထင်တယ်။ မြန်မာပြည်မှ ဗေဒင်မေးရလွယ်သလောက်၊ နိုင်ငံခြားမှဆို ခက်ခဲမယ်ထင်တယ်။ တစ်ခုခုဆို ဗေဒင် မမေးရ မနေနိုင်တဲ့ သူတွေအတွက်တော့ ဒီဆိုဒ်က အသုံးဝင်မှာပါ။ ဗေဒင်ဝါသနာမပါတောင်မှ လက်ထောက်ဗေဒင်အဟောများ ဆိုတဲ့ နေရာသွားပြီ Game ဆော့သလိုမျိုး အပျင်းပြေ Click လုပ် စမ်းကြည့်နိုင်သေးတယ်။

* Update * :
သေချာကြည့်မှ ဒီ Site မှာ လုံးဝ မဖြစ်သင့်တာ တစ်ခုကိုတွေ့  လိုက်တယ်။ ဗေဒင် အကြောင်းတွေ တင်ထားပြီး Website နာမည်ကြီးက dhammasurf.com ဆိုပြီး ဖြစ်နေတာ၊ လုံးဝ မဖြစ်သင့်ပါဘူး။ ဗေဒင်ကို ယုံချင်တဲ့ သူတွေယုံကြပါ။ တင်ချင်တဲ့ နေရာတင်ကြပါ။ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့  သူတို့ ဟာသူတို့  ယုံကြည်တာကို ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် ဗေဒင်နဲ့ ဓမ္မ ဆိုတဲ့ စကားကို မရော ထွေးသင့် ပါဘူး။ တော်ကြာ မသိနားမလည်တဲ့ သူတွေက Dhamma ဆိုတဲ့ စကားကို လိုက်ရှာရင်း ဒီ ဆိုဒ်ကိုတွေ့ သွားရင် ဗုဒ္ဓဘာသာနဲ့  ဗေဒင်ကို ရောထွေးပြီး မြင်နေကြဦးမယ်။

Google News Page is Empty

Google News ဖတ်မယ်လို့  ၀င်လိုက်တာ ထူးထူးခြားခြား အားလုံး Blank တွေပဲ မြင်လိုက်ရတော့ အံ့သြသွားတာနဲ့  တခြားသူတွေကိုပါ စမ်းကြည့်ပါဦးပြောလိုက်တာ.. အဲ့ဒီအချိန်က ကြည့်သူအားလုံး အဖြူရောင်တွေကြီး မြင်လိုက်ကြရတယ်။ ဘေးက လင့်တွေကို Click လုပ်တော့လဲ Blank Screen တွေပဲတတ်လာပါတယ်။ အဲ့ဒီအချိန်အတွင်း Refresh လုပ်ပြီး စမ်းကြည့်တာ Result က တူတူပဲ။ ဒါပေမယ့် ဒီလိုဖြစ်တာ သိပ်မကြာလိုက်ပါဘူး။ ချက်ချင်းလိုလိုပဲ Google News ပုံမှန်အတိုင်းပြန်ပေါ်လာပါတယ်။ ဘာရယ်မဟုတ်ပါဘူး သူတို့ လဲ ဒီလိုဖြစ်တတ်တယ်ဆိုတာ မှတ်ထားလိုက်တာပါ။

05 May 2007 - 12:10 PM
[UST -06:00] Eastern Daylight Time
ဒီနေ့ ဖတ်လိုက်ရတဲ့ Microsoft က Yahoo ကို ၀ယ်ဖို့ ကြိုးစားနေပြီးဆိုတဲ့ သတင်းကြောင့်များ Google လန့် သွားပြီး အဲ့လို ဖြစ်တာလားလို့  မဆီမဆိုင် လျှောက်တွေးမိသေးတယ်။ Microsoft က ညှိတဲ့ဈေးက USD 50 billion နဲ့ ဆိုတော့ အဲ့ဒီ ပိုက်ဆံလေး အကုန်မပြောပါနဲ့  1 % လောက်ပဲ ကိုယ် ရလိုက်ရင်ကောင်းမှာပဲလို့ တောင် တွေးမိသေးတယ်။ အဲ့ဒီသတင်း မှန်တာမမှန်တာ အသာထား၊ Microsoft က Google ကို အသေ လိုက်ပြိုင်တာကတော့ သေချာပါတယ်။ Google ကလည်း အချိန်တို အတွင်းမှာ ကြောက်ဖို့ ကောင်းအောင် အင်တာနက်ပေါ်က နေရာမျိုးစုံမှာတွင်ကျယ်လာတာပါပဲ။ ခုချိန်မှာတော့ Microsoft က Desktop လောကမှာ ဘုရင်တစ်ဆူ ဖြစ်နေသလို၊ Google ကလည်း Internet ပေါ်မှာ ဘုရင်ဖြစ်နေတာပါပဲ။ Microsoft က ရှိသမျှ ဈေးကွက် အကုန်လုံးကို သူတစ်ယောက်တည်း လက်ဝါးကြီးအုပ်ချင်သူဆိုတော့ Google ကို ပြိုင်ပြီပေါ့။
Microsoft က Yahoo ကို ၀ယ်ဖို့ ကြိုးစားတယ်ဆိုတဲ့သတင်းကို စိတ်ဝင်စားသူတွေ အောက်ကလင့်တွေမှာ သွားဖတ်ကြည့်နိုင်ပါတယ်။

May 05, 2007

Hard To Say I'm Sorry - Chicago

ဘယ်သူ့ ကိုမှတောင်းပန်ချင်လို့  ဒီသီချင်းတင်တာ မဟုတ်ပါဘူး။ သီချင်းကို ကြိုက်လို့ ပါ။ ဒီနေ့  ဒီသီချင်းလေးကို ကျွန်မ ခနခန နားထောင်ဖြစ်နေတယ်ဆိုတာ သိတဲ့ သူငယ်ချင်းတစ်ယောက်က နင် ဘယ်သူကို တောင်းပန်ချင်နေတာလဲလို့  လာမေးခဲ့လို့ ၊ ခုလို ဘလောခ့်မှာ တင်မယ်စိတ်ကူးတဲ့အခါ သီချင်းကို ကျွန်မ နှစ်သက်လို့ သာ တခြား သူငယ်ချင်းတွေ နားထောင်ဖြစ်အောင် ဘလောခ့်မှာ တင်ခြင်းဖြစ်ကြောင်း၊ တခြား ဘာအကြောင်းကိစ္စမှ မရှိကြောင်းကို ဘယ်သူမှ လာမမေးခင် ကြိုတင်ပြီးရှင်း ထားလိုက်တာပါ။ :D

သူငယ်ချင်း မေးလိုက်မှ စဉ်းစားမိတယ်။ ဒီသီချင်းနဲ့ တော့ သိပ်မဆိုင်ပါဘူး။ ဒါပေမယ့် တကယ်ဆိုရင် ကျွန်မကလည်း တစ်ခုခုဆို " Sorry " ပြောဖို့  အတော်ဝန်လေး ပါတယ်။ " Sorry " လို့  ပါးစပ်ကတော့ လွယ်လွယ်ပြောလို့ ရတာပေါ့နော်။ ဒါပေမယ့် ဒီနေရာမှာ ကျွန်မပြောချင်တဲ့ Sorry ဆိုတဲ့ စကားက ကိုယ်က အမှားတစ်ခု လုပ်မိပြီးနောက်ပိုင်းမှာ ပါးစပ်ကတင် လွယ်လွယ်ပြောတဲ့ အနေနဲ့ မဟုတ်ပဲ တကယ့်ကို စိတ်ပါလက်ပါ နဲ့ တောင်းပန်ပြီး နောက်ကို ဒါမျိုးထပ်မဖြစ်စေရပါဘူးလို့  ကတိပေးတဲ့ အဓိပ္ပါယ်သက်ရောက်တဲ့ စကားမျိုးပါ။ ကျွန်မကတော့ ကိုယ်မပြောချင်တဲ့ စကားမပြောရအောင် အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ ဒါပေမယ့် ကျွန်မလည်း သာမန်လူသားတစ်ဦးပဲရှင်။ အမြဲတမ်း အမှားမလုပ်ဘူးဆိုတာတော့ ဘယ်ဟုတ်မလဲ။ ကျွန်မ မှားတယ်ဆိုတာ သိခဲ့ရင်၊ မှားမှန်းသိခဲ့ရင်လည်း ဘယ်သူ့ ကိုမဆို တောင်းပန်ဖို့ ကို ကျွန်မ ၀န်မလေးပါဘူး။ ဒါပေမယ့် အဲ့ဒီလို ကိုယ်က အမှားလုပ်ခဲ့မိလို့  သူတပါးကို ပြန်တောင်းပန်ရတယ်ဆိုတဲ့ အနေအထားကို ကျွန်မ မကြိုက်လို့  အဲလို စကားမျိုး ပြောရတဲ့ အဖြစ်မျိုးကို မရောက်ချင်တာပါ။ အင်း .... တချို့ တွေကြတော့လည်း အမှားတွေ လွယ်လွယ်လုပ်လိုက်၊ နောက်တော့ Sorry ဆိုတဲ့ စကားကို လွယ်လွယ်ပြောလိုက်နဲ့  သူ့ ဟာသူတော့ ဟုတ်နေကြတာပါပဲ။

Hard To Say I'm Sorry - Chicago
from the album "Chicago - Greatest Hits 1982-1989"

Everybody needs a little time away
I heard her say, from each other
Even lovers need a holiday
Far away from each other

Hold me now
It's hard for me to say I'm sorry
I just want you to stay

After all that we've been through
I will make it up to you
I promise to
And after all that's been said and done
You're just a part of me I can't let go

Couldn't stand to be kept away
Just for the day, from your body
Wouldn't want to be swept away
Far away from the one that I love

Hold me now
It's hard for me to say I'm sorry
I just want you to know
Hold me now
I really want to tell you I'm sorry
I could never let you go

After all that we've been through
I will make it up to you
I promise to
And after all that's been said and done
You're just a part of me I can't let go
And after all that we've been through
I will make it up to you
I promise to

You're going to be the lucky one

May 04, 2007

Microsoft Product Licensing Advisor

IT Field မှာ ကျွန်မနဲ့  ခင်မင်ရင်းနှီးသူ၊ မရင်းနှီးသူ မြန်မာတွေ အတော်များများဟာ Microsoft Products တွေနဲ့  အလုပ်လုပ်နေ ကြတာ များပါတယ်။ တချို့ ဆို Management Level , Consultant Level အလုပ်တွေ လုပ်နေကြတာပါ။ အဲ့ဒီ ထဲက ဘယ်သူတွေက Microsoft Product License တွေအကြောင်း ဘယ်လောက် သိကြသလဲ ဆိုတာ ကျွန်မ အသေအချာ မသိပါဘူး။ သေချာတာတစ်ခုကတော့ ကျွန်မ အနေနဲ့  အဲ့ဒီ License အကြောင်းတွေကို မသိခဲ့လို့  အခုမှ လေ့လာနေရတယ် ဆိုတာပါပဲ။

ကျွန်မ အခုလက်ရှိ အလုပ်လုပ်နေတဲ့ Level အနေနဲ့  License တွေအကြောင်း အသေးစိတ် မသိမနေရ၊ သိစရာ မလိုပေမယ့် IT Management Monthly Meeting တစ်ခု တက်လိုက်တိုင်း Management Level တွေ License တွေ အကြောင်း ဆွေးနွေးနေတာတွေကို အမြဲတမ်းကြားနေ ခဲ့ရတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာတွေပါ။ သေချာ စဉ်းစားကြည့်မယ်ဆို Management Level, Consultant Level အဆင့်ရောက်ပြီဆို ကိုယ်သုံးတာ၊ မသုံးတာ အသာထား၊ ဒီလို Software Product License တွေအကြောင်း အနည်းဆုံး သိရှိ၊ နားလည်နေဖို့ တော့ လိုပါတယ်။


ကျွန်မတွေ့ မိတဲ့ Microsoft က Licensing Advisor ပါ။ Microsoft Prouduct တွေ ၀ယ်မယ်ဆို ကိုယ့် Company အတွက် ဘယ်လို လိုင်စင်၊ ဘယ်လို Product က သင့်တော်တယ်ဆိုတာ မသိရင်၊ ဒီ Advisor သုံးပြီး ရှာကြည့်လို့ ရပါတယ်။ ကျွန်မ အလုပ်မှာ Microsoft ရဲ့ တခြား Product တွေကို မသုံးရပေမယ့်၊ ပုံမှန်သုံးနေတဲ့ OS က Windows၊ အိမ်မှာအဓိက သုံးနေတာကလည်း Microsoft ရဲ့ Windows OS တွေ ဖြစ်နေတော့ ကိုယ်နဲ့  ရင်းနှီးတဲ့ Microsoft Products တွေ အကြောင်းကို စပြီး ရှာဖွေ၊ လေ့လာကြည့် ဖြစ်လိုက်တယ်။ တခြား License တွေအကြောင်း ဆက်လက် လေ့လာနေပါတယ်။ အချိန်ရမယ်ဆို တခြား Product License တွေအကြောင်း ဆက်ပြီးရေးပါအုန်းမယ်။

May 03, 2007

Build or Destroy

ဖတ်ဖူးတဲ့ စကားတစ်ခု

To build may have to be the slow and laborious task of years.
To destroy can be the thoughtless act of a single day.

Sir Winston Churchill
British politician (1874 - 1965)

တည်ဆောက်ဖို့ ဆိုသည်မှာ
နှေးကွေးပြီး လက်ဝင်လှသည်ဖြစ်ရာ
နှစ်နှင့် ချီ၍ကြာနိုင်ပါသည်။
ဖျက်ဆီးဖို့ အတွက်မူ
ထောက်ထားစာနာစရာမလို၍
တစ်ရက်တည်းနှင့် ကိစ္စပြီးနိုင်သည်။

( ဆာ ၀င်စတန် ချာချီ )

ကျွန်မတို့  အားလုံးဟာ အချိန်တွေ ပေးဆပ်၊ အခက်အခဲတွေကို ကျော်လွှား၊ စိတ်အင်းအား၊ လူအင်အားတွေ အများကြီးကုန်ဆုံးပြီးမှသာ ကိုယ်လိုချင်တဲ့ အရာတွေကို တည်ဆောက်ယူနိုင်ကြ ပါတယ်။ ဒါပေမယ့် အဲ့ဒီအရာတွေကို ဖျက်ဆီးဖို့ ဆိုရင်ကတော့ လွယ်ကူပါတယ်။ တခဏအတွင်း ၊ မျက်စိတမှိတ်၊ လျှပ်တစ်ပြက်လောက် အတွင်းမှာ အလွယ်တကူ ဖျက်ဆီးလို့ ရပါတယ်။

ဒါပေမယ့် ဒီ တည်ဆောက်မှု့ ၊ ဖျက်ဆီးမှု့  နှစ်ခုလုံး မလုပ်ခင်မှာ သေချာ စဉ်းစားရမယ့် Level ခြင်း ကတော့ အတူတူပဲလို့ ထင်ပါတယ်။ တစ်ခုခုက ပိုသာရမယ် ဆိုရင်တော့ ဖျက်ဆီးမှု့ ကို မလုပ်ဆောင်ခင် တွေးတော့ရမှာက ပိုများမယ်ထင်ပါတယ်။ ဖျက်ဆီးပြီးမှ မူလအတိုင်းဖြစ်အောင် ပြန်တည်ဆောက်ယူဖို့ ဆိုတာက လွယ်မှ မလွယ်တာ။ တကယ်တန်းဆို ကိုယ့်အတွက် တကယ် မလိုအပ်တဲ့အရာတွေကို တန်းဖိုးရှိတဲ့ အရာများစွာကို ဖြုန်းတီးပြီး မတည်ဆောက်မိဖို့ ၊ ကိုယ့်အတွက် လိုအပ်နေတဲ့ အရာတစ်ခုကို ဖျက်ဆီးရလွယ်လို့ ဆိုပြီး တန်းဖိုးမထားပဲ အလွယ်တကူ မဖျက်ဆီးမိဖို့ နှစ်ခုလုံးဟာ အားလုံးအတွက် အရေးကြီးပါတယ်။

ဘယ်အရာကိုအဆို မလုပ်ဆောင်ခင်မှာ အသေအချာ စဉ်းစားပြီးမှ လုပ်တာအကောင်းဆုံးပါပဲ။

May 02, 2007

Dell Picks Ubuntu Linux For Consumer PCs

Dell က သူရဲ့ Desktops နဲ့  Laptop တွေမှာ Ubuntu 7.04 ကို လာမယ့် အပတ်ကစပြီး offer လုပ်မယ်လို့  သိရပါတယ်။ အားလုံးတော့ မဟုတ်သေး ပါဘူး။ ဒီလို ပြောထားပါတယ်။

"We will offer select consumer desktop and notebook products with Ubuntu 7.04 in the coming weeks," a Dell spokesman said in an e-mail.

ဈေးကဘယ်လောက်၊ ဘယ်လို support လုပ်မယ်ဆိုတဲ့ အသေးစိတ် သတင်းအချက်အလက်တွေကိုတော့ မထုတ်ပြန်သေးဘူးလို့ သိရပါတယ်။ Ubuntu က Free Opensource OS ဖြစ်နေတော့ ပိုက်ဆံပေးဝယ်ရတဲ့ Microsoft OSes တွေ သွင်းထားတဲ့ ကွန်ပြူတာတွေထက် ဈေးပိုပေါမှာတော့ သေချာသလောက် ပါပဲ။ ဒါပေမယ့် User တွေကို ဘယ်လို Support လုပ်ပေးမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

ဟိုတစ်လောကတင် ကျွန်မရဲ့ ကွန်ပြူတာမှာ Ubuntu သွင်းပြီး သုံးကြည့်လိုက်သေးတယ်။ သုံးရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် လူအများသုံးလေ့ရှိတဲ့ Window က Support လုပ်တဲ့ Software တချို့  Ubuntu မှာ သုံးလို့ မရပါဘူး။ ဒါပေမယ့် အရင်ကထက်စာရင်အများကြီး တိုးတက်လာတာတွေ့ ရတယ်။ ကျွန်မတို့  IT သမားတွေ အနေနဲ့  ကတော့ မရတာကို ရတာလေးတွေနဲ့  ရှာကြံ အစားထိုး သုံးနိုင်ကြတယ်။ ဒါပေမယ့် သာမန် ကွန်ပြူတာသုံးသူတွေ အတွက်တော့ မဖြစ်နိုင်ပါဘူး။ သူတို့ တွေ ဒါတွေကို သုံးဖို့  အဆင်သင့်ဖြစ်ဦးမယ် မထင်ဘူး။ ဒါကြောင့်လည်း selected consumer desktop and notebook လို့ ပြောထားတာ ဖြစ်မယ် ထင်တယ်။

ဘာပဲဖြစ်ဖြစ် ဒါဟာ Anti-Micorsoft တွေ အတွက်တော့ သတင်းကောင်းပါပဲ။ ကျွန်မကတော့ Microsoft ကို မကြိုက်ဘူး မဟုတ်ပေမယ့် OpenSource OS တွေနေရာပိုပြီး ရလာနိုင်တဲ့ လမ်းစဖြစ်တဲ့အတွက် ၀မ်းသာမိပါတယ်။ တစ်ခုခုဆို တစ်စုံတစ်ယောက်ကပဲ ချုပ်ကိုင်ထားတာဟာ User တွေအတွက် မကောင်းဘူး မဟုတ်လား။

Related Links : Informationweek.com, Dell.com, Ubuntu.com

April 30, 2007

Happy Anniversary Mum and Dad

Happy 30th Pearl Wedding Anniversary
to
Mum and Dad

April 29, 2007

စနေနေ့ ရုပ်ရှင်

အလုပ်လေးတွေရှုပ်၊ စိတ်တွေမကြည်ဖြစ်နေတာနဲ့  ဘလောခ့်တောင် Update မလုပ်ဖြစ်ဘူး ဖြစ်နေတယ်။ အလုပ်ရှုပ်တာကတော့ Computer ကို OS တွေ ဟိုဟာပြောင်းသွင်း၊ ဒီဟာပြောင်းသွင်းနဲ့  စမ်းနေတာပါ။ နောက်ပြီး ကိုယ့်ဟာကိုယ်နေပေမယ့်လဲ ဟိုလာရှုပ် ဒီလာရှုပ်ကိစ္စလေးတွေက ပေါ်လာတော့ စိတ်ထဲ သိပ်မကြည်လင်တာနဲ့  ဘာမှရေးလို့ မရဘူးဖြစ်သွားတယ်။ ကိုယ်ပြောချင်တာတွေကို မပြောလိုက်ရပဲ လူမှု့ ရေးအရ သည်းငြီးခံနေရတာ သူများတွေအတွက် ဘယ်လိုနေမလဲတော့ မသိဘူး ကျွန်မအတွက်တော့ အတော်လေး စိတ်အနှောက်အယှက် ဖြစ်စေရပါတယ်။ အပြောအဆိုမတတ်သူတွေနဲ့ ဆက်ဆံရတာ အတော်လေး ဆိုးပါတယ်။ သူတို့ ကတော့ အပြောအဆို မတတ်လို့  ခပ်ပေါ့ပေါ့ပြောလိုက်တာပေါ့၊ ခံရသူကတော့ မသက်သာလှပါဘူး။

စိတ်ရှုပ်နေတာနဲ့  Comments တွေကိုတောင် Reply မလုပ်ဖြစ်မိဘူး။ ကျွန်မတာဝန်မကျေသလို ဖြစ်နေတယ်။ Comments ရေးပေးခဲ့သူ၊ ဒီဘလောခ့် လာဖတ်သူ မိတ်ဆွေအပေါင်းကို ကျေးဇူးတင်ပါတယ်။

ဒီနေ့ တော့ Computer ကလိနေတာကိုလည်း ရပ်လိုက်ပြီ၊ စိတ်ရှုပ်နေတာတွေကိုလည်း ဖြတ်လိုက်ပါပြီ။ အနားယူတဲ့အနေနဲ့  ရုပ်ရှင်တွေ ဒေါင်းလုတ်လုပ် ကြည့်နေပါတယ်။ ကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေကတော့ အတော်များပါတယ်။ အဲ့ဒီထဲက အကြိုက်ဆုံးကတော့ "မောင်တို့ ချယ်ရီမြေ" ဆိုတဲ့ မြန်မာရုပ်ရှင်ကား ဇာတ်ကားပါပဲ။ ဒီရုပ်ရှင်က အင်္ဂလိပ်ကားတစ်ကားကို ပြန်ရိုက်ထားတာပါ။ မူရင်း ရုပ်ရှင်ကားကို ကြည့်ဘူးပါတယ်။ အဲ့ဒီ မူရင်းရုပ်ရှင် နာမည်တော့ မမှတ်မိတော့ဘူး။ ဒီကားဟာ ပြန်ရိုက်ကား ဖြစ်ပေမယ့် ခုခေတ်ပြန်ရိုက်တဲ့ ကားတွေလိုမျိုး မဟုတ်ပဲ ကြည့်လို့ ကောင်းပါတယ်။ ဟိုရန်ကုန်မှာ ရှိနေတုန်းကတည်းက မြန်မာအသံက စနေည၊ တနင်္ဂနွေ နေ့ လယ်နဲ့  ဗုဒ္ဓဟူးည တွေမှာ မြန်မာဇာတ်ကားဟောင်းတွေလာရင် အမြဲကြည့်ဖြစ်တယ်။ စန္ဒာ အကယ်ဒမီရတဲ့ နှစ်မွှာအသည်း ( နိုင်ငံခြားရုပ်ရှင်ကို ပြန်ရိုက်ထားတာပါပဲ) တို့  ၊ ကောလိပ်ဂျင်နေ၀င်းရဲ့ ရုပ်ရှင်တွေ ... အို... ကားဟောင်းတွေ အများစုက အတော်ကောင်းပါတယ်။ ဖြစ်နိုင်ရင် အဲ့ဒီ ရုပ်ရှင်တွေ ပြန်ကြည့်ချင်ပါသေးတယ်။ ခုခေတ်ရုပ်ရှင်တွေနဲ့ တကယ့်ကို တခြားစီပါလို့ ဆိုရမယ်။ မြန်မာ့ ရုပ်ရှင်ဟာ တစ်ခေတ်ထက် တစ်ခေတ် တိုးတက်မလာပဲ ဆုတ်ယုတ်လာတယ်ပြောရမယ်။

ဒီရုပ်ရှင်လင့်တွေကို နေးတစ်ဖိုရမ်မှာ ညီမလေး မဒီဂျွန်က တင်ပေးထားတာပါ။ ရုပ်ရှင်မှာ BurmeseClass Logo ပါနေတော့ အဲ့ဒီ Site မှာတင်ပေးဖူးတဲ့ ရုပ်ရှင်ကို Download လုပ်ထားတာလို့ ထင်တယ်။ Streaming ရုပ်ရှင်တွေ ကြည့်ဖို့ စိတ်မရှည်တဲ့ ကျွန်မကတော့ ဒီလို ဒေါင်းလုတ်လုပ်ပြီး အေးအေးဆေးဆေး ကြည့်နိုင်အောင် ဖန်တီးပေးသူတွေကို ကျေးဇူးတင်မိတယ်။

မောင်တို့ ချယ်ရီမြေ..
http://www.zshare.net/download/m0411-wmv-001.html
http://www.zshare.net/download/m0411-wmv-002.html
http://www.zshare.net/download/m0411-wmv-003.html
http://www.zshare.net/download/m0411-wmv-004.html
http://www.zshare.net/download/m0411-wmv-005.html
http://www.zshare.net/download/m0411-wmv-006.html
http://www.zshare.net/download/m0411-wmv-007.html
http://www.zshare.net/download/m0411-wmv-008.html
http://www.zshare.net/download/m0411-wmv-009.html
http://www.zshare.net/download/m0411-wmv-010.html

Used HJSplit to Join this movie.

Credit to YZNW and MadyJune from NativeMyanmar

April 27, 2007

Let it be - Beatles

အမြဲသုံးနေရတဲ့ စကားတစ်ခွန်း ဖြစ်တဲ့ " Let it be " ဆိုတဲ့ ဒီသီချင်းလေးကို ခုတလော နားထောင်ဖြစ်နေတယ်။



Let it be - Beatles


1970 က ထုတ်ခဲ့တဲ့ ဟောင်းနေပေမယ့် ကောင်းနေဆဲဖြစ်တဲ့ Beatles ရဲ့ သီချင်းတစ်ပုဒ်ပါ။ ကျွန်မထက် အသက်ပိုကြီးတဲ့ သီချင်းတစ်ပုဒ်ပါပဲ။ ဒီသီချင်းထွက်ခါစက US မှာ No 1, UK မှာ No 2 ရခဲ့တယ်။ Rolling Stone မဂ္ဂဇင်းကရွေးချယ်တဲ့ the 500 greatest songs of all (2004) မှာ No 20 ရရှိခဲ့ပါသေးတယ်။ ဒီသီချင်းကို ရေးသူ Paul McCartney က သူ့ မိခင်ကို အိပ်မက်မက်ရာကနေ ဒီသီချင်းကို ရေးဖြစ်ခဲ့တာလို့  သိရပါတယ်။ သီချင်းထဲက "Mother Mary" ဆိုတာ သူ အသက် ၁၄ နှစ်တုန်းက ကင်ဆာရောဂါနဲ့  သေဆုံးသွားခဲ့တဲ့ သူ့ ရဲ့ မိခင် ဖြစ်သူကို ရည်ညွန်းထားတာလို့  ရေးထားတာဖတ်ဘူးပါတယ်။ သီချင်းရေးသူရဲ့ ဇနီးဖြစ်သူ Linda McCartney ရဲ့ funeral မှာ Final Song အနေနဲ့  ဒီသီချင်းကို ဖွင့်ခဲ့တယ်လို့  သိရတယ်။ ကျွန်မအတွက်တော့ ဒီသီချင်းက နားထောင်တဲ့ အခါတိုင်း ခံစားချက်တစ်မျိုးကို ဖြစ်စေပါတယ်။

When I find myself in times of trouble, mother Mary comes to me,
speaking words of wisdom, let it be.
And in my hour of darkness she is standing right in front of me,
speaking words of wisdom, let it be.

Let it be, let it be, let it be, let it be.
Whisper words of wisdom, let it be.

And when the broken hearted people living in the world agree,
there will be an answer, let it be.
For though they may be parted there is still a chance that they will see,
there will be an answer. let it be.

Let it be, let it be, .....

And when the night is cloudy, there is still a light, that shines on me,
shine until tomorrow, let it be.
I wake up to the sound of music, mother Mary comes to me,
speaking words of wisdom, let it be.

Let it be, let it be, .....

Watch Your Thoughts...



Watch your thoughts; they become words.

Watch your words; they become actions.
Watch your actions; they become habits.
Watch your habits; they become character.
Watch your character; it becomes your destiny."

– Frank Outlaw

April 26, 2007

April 25, 2007

Junit Factory

JUnit - is a unit testing framework for the Java programming language.

JUnit ကို Java Programmer တိုင်းသိကြမှာပါ။ Java နဲ့ ရေးထားတဲ့ Application တွေ Unit Testing လုပ်ဖို့ ဆို JUnit ကို အများဆုံး သုံးလေ့ ရှိပါတယ်။

JUnit ကို အသုံးပြုရတဲ့ Java Programmer တွေ အတွက် ဒီ JunitFactory ဟာ အလွန်အသုံးဝင် နိုင်ပါတယ်။ JUnitFactory ကိုသုံးမယ်ဆိုရင် ကိုယ်တိုင် JUnit Code တွေ ရေးစရာမလိုတော့ပါဘူး။ JUnitFactory Site မှာ ကိုယ့်ရဲ့ Java Program တွေကို Upload လုပ်လိုက်မယ်ဆိုရင် အဲ့ဒီ Website ကနေပြီး JUnit Code တွေကို Auto Generate ပြန်ထုတ်ပေးပါတယ်။

JUnit Factory ကို အသုံးပြုမယ်ဆို နည်းလမ်း နှစ်မျိုးနဲ့ သုံးနိုင်တယ်။

1. The browser-based demo
ပထမနည်းက သူတို့ ရဲ့ Website မှာ ကိုယ့်ရဲ့ Program ကို Copy and Paste လုပ်ပေးတဲ့ နည်းပါ။ ဒီနည်းက Single ၊ Stand-alone Java Class တွေ အတွက်ပဲ သင့်တော်တယ်လို့  ပြောထားပါတယ်။ အဲ့ဒီ Demo Page မှာ ရေးပြီးသား Code တစ်ချို့ ကို တင်ပေးထားတာ ရှိတော့ လွယ်လွယ်ကူကူ စမ်းကြည့်လို့ ရပါတယ်။

2. The Eclipse plug-in
ဒုတိယနည်း ကတော့ Eclipse Plug-in ကို သုံးပြီး ကိုယ် JUnit Code ထုတ်ချင်တဲ့ Project/ Package/ Class ကို ရွေးပြီး သူတို့ Site ကို Upload လုပ်ပေးတဲ့ နည်းပါ။ ဒီနည်းသုံးဖို့ ဆို JUnitFactor ကနေ Plugin ကိုအရင် Download လုပ်ပြီး Install လုပ်ဖို့ တော့လိုတယ်။ Java IDE အနေနဲ့ Eclipse ကိုပဲ သုံးရပါမယ်။ အခု လက်ရှိ အချိန်ထိတော့ JUnitFactory က Eclipse IDE တစ်ခုတည်းကိုပဲ Support လုပ်ပါသေးတယ်။

ဒီနေရာမှာ တစ်ခု စဉ်းစားရမှာက အဲ့လို Upload လုပ်လိုက်ရင် ကိုယ့်ရဲ့ Project Code တွေ အားလုံး သူတို့ စီ ရောက်သွားမယ် ဆိုတာပါပဲ။ ကျွန်မ အလုပ်မှာဆို Code တွေက confidential တွေပါ။ အပြင်လူတွေကိုတောင် ပြခွင့်မရှိပါဘူး။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ JUnitFactory ကို သုံးရတာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် JUnitFactory ကလည်း လူတိုင်းကို Free အဖြစ် သုံးခွင့်ပေးထားလို့ သာ ဒီအခြေအနေကို တာဝန်မယူတာပါ။ သူတို့ ရဲ့ တခြား Service ဖြစ်တဲ့ agitarone ကို ၀ယ်ပြီး သုံးလို့ ရကြောင်းကို FAQ မှာ ရေးထားတာတွေ့ ရတယ်။
AgitarOne အကြောင်းသိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။ ကျွန်မကတော့ သိရုံလောက်ပဲ သွားဖတ်ကြည့်လိုက်တယ်။ ကိုယ်က စမ်းကြည့်ရုံ၊ တချို့  File တွေအတွက်ပဲ သုံးမှာ၊ ၀ယ်သုံးဖို့ လည်း စိတ်ကူးမရှိသေးတော့ JUnitFactory နဲ့ တင် လုံလောက်ပါတယ်။ အင်း.... နောက်ပိုင်း ကိုယ်ပိုင် Software Company ထောင်နိုင်မှပဲ AgitarOne အကြောင်း အသေးစိတ်သိအောင် ထပ်သွားဖတ်တော့မယ်။

Source: JUnitFactory.com , Agita.com

Weird Things

ဒီနေ့  ကျွန်မကို MR.Programmer က Tag Game တစ်ခု ကစားပါဆိုပြီး သူ့ ဘလော့ခ်မှာ Tag လုပ်ပါတယ်။ 10 weird things about me ကို ချရေးရတယ် Game ပါ။ ဟိုနေ့ ကတင် သူငယ်ချင်းတစ်ယောက်က အဲ့ဒီ Game ကို Tag လုပ်လိုက်ရမလားလို့  လာမေးသေးတယ်။ မလုပ်နဲ့  ငါဖြေဖြစ်မယ် မထင်ဘူးလို့ပြောလိုက်တော့ နင်ဒီလိုဖြေမယ်ဆိုတာ သိပြီးသားလို့  ပြောသွားတယ်။ အကြောင်းသိတွေချင်းပဲ. ဒီလောက်တော့သူလည်း သိမှာပါ။

ခု အစ်ကိုကြီး Mr-Programmer က Tag ထားပြီ။ ဂျောက်တွန်းတယ်သွားပြောရင် အဆူခံရနိုင်တော့ မပြောတော့ပါဘူး။ မသိချင်ယောင်ဆောင်နေလို့ လဲ မဖြစ်ဘူး။ သူက အကြီးဆိုတော့ လေးစားရသေးတယ်။ :D ( ညီမလေး လင်းလက်ကလည်း ထပ် Tag လုပ်ထားတာတွေ့ ရတယ် )

10 weird things about me ဆိုတော့ တွေးကြည့်တယ်။ ကျွန်မ့ကိုယ် ကျွန်မ ထူးဆန်းတယ်ထင်တဲ့ ကျွန်မရဲ့ အကျင့်တွေလား။ သူများတွေက ထူးဆန်းတယ်တဲ့ ကျွန်မရဲ့ အကျင့်တွေလား။ စဉ်းစားစရာပဲ။

ခုတလော ဘလောခ့်တွေမှာ အဲ့ဒီ Game ကို ကစားတဲ့အနေနဲ့  ရေးထားတာတွေ အတော်များများ ကျွန်မ ဖတ်ဖူးပါတယ်။ အဲ့ဒီ ထဲက တချို့ သူတွေရေးထားတဲ့ အကျင့်မျိုး ခပ်ဆင်ဆင်တွေ ကျွန်မမှာလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ဒါတွေဟာ မထူးဆန်းသလို ၊ မကောင်းတဲ့ အကျင့်တွေလို့  လည်း မထင်ပါဘူးရှင့်။ ဥပမာ - ကျွန်မ တစ်ယောက်တည်း အစားစားမယ်ဆို ဖတ်စရာ တစ်ခုခုကို အရင်ရှာတယ်။ တွေ့ မှ စာဖတ်နေရင်းနဲ့ ပဲ အစာစားလေ့ရှိတယ်။ အပြင်မှ Lunch တစ်ယောက်တည်း စားရင်တောင် ဖတ်စရာ စာအုပ်တစ်အုပ် လက်ထဲမှာပါ ပါတယ်။ ဒါဟာ ကျွန်မအတွက် ဘာမှမထူးဆန်းလို့ လုပ်ရိုးလုပ်စဉ် လုပ်နေတာပါ။ ဒီလို တခြားအကျင့်လေးတွေ ကျွန်မမှာ အများကြီးရှိပါတယ်။

ကျွန်မကတော့ အကျင့်တစ်ခုဆို ဘယ်သူ့ ကိုမှလည်း မထိခိုက်ဘူး၊ ကျွန်မကို ကျွန်မအတွက်လည်း အကျိုးယုတ်စေတဲ့ အရာမဟုတ်သေးဘူး ထင်နေသမျှ ဆက်လုပ်နေတတ်ပါတယ်။ ကျန်တာကိုတော့ ထူးလား မထူးလား စဉ်းစားလေ့မရှိဘူး။

ဒါတွေကြောင့်လည်း ကျွန်မဟာ ဆိုဆုံးမရ ခက်သူ တစ်ယောက်လို့  တစ်စုံတစ်ယောက်က ပြောတာထင် ပါတယ်။ သူပြောတာ ကျွန်မ မငြင်းချင်ပါဘူး။ ကျွန်မ လုပ်လေ့ရှိတဲ့ အကျင့်တွေမှာ မကောင်းဘူးထင်တာတွေကို ကျွန်မ့ လက်ခံနိုင်အောင် ပြောနိုင်ရင် အဲ့ဒီအကျင့်တွေကို ကျွန်မ ပြင်လိုက်မှာပါပဲ။ တချို့ ဟာတွေတော့ သူတို့ အမြင်တွေနဲ့  ကျွန်မအထင်နဲ့  မကိုက်သေးတော့လည်း ကိုယ့်စိတ်ကြိုက်ကိုပဲ ဆက်လုပ်တုန်းပေါ့။ ကိုယ်တိုင်က ပြင်ချင်ရင် ပြင်မရပဲ ဖြစ်နေတဲ့ အကျင့်ဆိုတာရှိမယ် မထင်။

ဒီတော့ ကျွန်မကိုယ်ကျွန်မ ထင်တဲ့ ထူးဆန်းတာတွေဆိုရင်တော့ ဘာမှ ချရေးဖြစ်မယ် မထင်ဘူး။ မရှိလို့ ပါ။ weird ဆိုတာ informal very strange and unusual, and difficult to understand or explain လို့  Dictionary မှာလည်းတွေ့ တယ်လေ။ ကျွန်မရဲ့ အကျင့်တွေဟာ ကျွန်မကိုယ် ကျွန်မအတွက်တော့ ထူးဆန်းတယ်လည်းမထင်၊ မကောင်းဘူးလို့ မထင်ပဲ၊ဘယ်လိုမှလည်း မထင်၊ ကျွန်မလက်ခံနိုင်နေတဲ့ လုပ်ရိုးလုပ်စဉ်တွေမို့  ကျွန်မလုပ်နေတာတွေလေ။

ကျွန်မ စဉ်းစားမိတယ်။ ကျွန်မရဲ့ ထူးဆန်းတဲ့ အကျင့်တွေကို ကျွန်မ ချရေးမယ့် အစား ကျွန်မနဲ့  ရင်းနှီးသူတွေကို ရေးခိုင်းတာကမှ အမှန်ရမယ် ထင်တယ်။ ကျွန်မမှာ ဘယ်လို အကျင့်ဆန်းတွေ၊ အကျင့်ဆိုးတွေ ရှိတယ်ဆိုတာကို ကျွန်မနဲ့  ရင်းနှီးသူတွေပဲ သိကြမှာပါ။ သိတာလေးတွေ ရှိရင် Comments ပေးသွားလဲ ရပါတယ်။ ဖုန်းဆက်ပြောလည်း ရတယ်။ ဘာပဲဖြစ်ဖြစ် သိရတာပေါ့။ ဒါပါပဲလေ...

တွေးမိသေးတယ်.. ဒီလို ကိုယ်လုပ်ချင်ရာ၊ ကိုယ်ထင်တာ ကိုယ်လုပ်တာကိုပဲ weird လို့ ပြောချင်ကြမလားပဲရယ်...... မဟုတ်ပါဘူး.. ဒါမျိုးတွေ သူများတွေလည်း လုပ်လေ့ရှိပါတယ်..

April 24, 2007

Because I am a Girl - Kiss

နေလယ်က အလုပ်ရှုပ်နေတုန်း အစ်ကိုတစ်ယောက် သီချင်း lyrics တစ်ခုပို့ ပေးတယ်။ စာသားတွေကို မဖတ်အားတာနဲ့  သီချင်းခေါင်းစဉ်လေး ကူးပြီး အင်တာနက်မှာ ရှာပြီး အလုပ်လုပ်ရင်း နားထောင် ကြည့်လိုက်တော့ ဘာဆိုနေလဲ ဆိုတာ နားမလည်ပါဘူး။ သီချင်းခေါင်းစဉ်က Jini – Because I am a Girl တဲ့။ အဲ့ဒီသီချင်း ကောင်းကောင်းသိနေလို့  လိုက်ရှာကြည့်လိုက်တော့ Korea က Kiss – Because I am a Girl ဆိုတာပဲ။ အဲ့ဒီသီချင်း ရဲ့ MTV က နာမည်ကြီးပဲ။ ဟိုတစ်လောကတောင် ဘလောခ့်တစ်ခုမှာ အဲ့ဒီ MTV ကြိုက်လို့ ဆိုပြီး တင်ထားတာ တွေ့ လိုက်သေးတယ်။

Jini က English လိုဆိုထားပေမယ့် Kiss ဆိုထားတဲ့ Korea လို Version က နားမလည်ပေမယ့် နားထောင်လို့ ပိုကောင်းတယ်။ အလုပ်လုပ်ရင်း စဉ်းစားတယ်.. အဲ့ဒီ အစ်ကို ဘာလို့  ဒီသီချင်းစာသားကိုပို့ လဲ။ သီချင်းက ကောင်မလေးတွေဆိုတဲ့ သီချင်းကြီး။ Jini Lyrics ကို သေချာဖတ်တယ်။ စဉ်းစားမရဘူး။ သိချင်လာတယ်။ အကြောင်းတစ်ခုခုရှိလို့ ပိုတယ်ဆိုတာ သေချာတယ်။ Kiss ဆိုထားတဲ့ MTV ကို ပြန်ကြည့်တယ်။်မသိသေးဘူး။ နောက် Kiss ရဲ့ Version ကို English လို ပြန်ထားတဲ့ Lyrics ကို တွေ့ မှပဲ သူဘာကြောင့် နားထောင်ခိုင်းတယ်ဆိုတာ နားလည်သွားတော့တယ်။

Kiss - Because I am A Girl ( Mp3),MTV from YouTube

Jini - Because I am A Girl ( Mp3),Lyrics

The translation of the song in English : ( Korea စကားကို တစ်လုံးမှ နားမလည်ပါဘူး။ သူများစီက ကူးချထားတာ)

I just cant understand the hearts of men
They tell you they want you and then they leave you
This is the first time, you're special
I believed those words and I was so happy

You should have told me you didn't like me any more
but I couldn't see that and you just rushed me
although I will curse you I'll still miss you
Because I am a girl, to whom love is everything

I heard that if you give up things too easily
to a man, he will get bored with you
I don't think this is wrong
a girl says that she will never be fooled again
but she will fall in love again

You should have told me you didn't like me any more
but I couldn't see that and you just rushed me
although I will curse you I'll still miss you
Because I am a girl, to whom love is everything

[narration]
Hey babe
the pain
It's not enough to describe how I feel
We were so happy together
But I know now
I've been blind
You told me that you'd never let me down
Whenever I needed you you'd always be here
I can forgive but I cant forget
Even though you hurt me
I still love you
I still love you
Don't take advantage of a girl's willingness to do anything for love
and her caring instinct
U didn't know that to be born as a girl and to be loved was so hard
Although i will curse you i'll still miss you
Because I am a girl, to whom love is everything
although i will curse you i'll still miss you
Because I am a girl, to whom love is everything

[the guy said]
There is a girl whom I love. Now I can`t stay with her, but I still love her.

ဘာလို့ သူနားထောင်ခိုင်းသလဲ။ တကယ့်တော့ အဲ့ဒီအစ်ကိုကြွားတာကို ကျွန်မခံလိုက်ရတာပါ။ ကျွန်မကို ဒီသီချင်းပို့ တဲ့ အစ်ကိုက ရုပ်ချော၊ သဘောကောင်း၊ အပြောကောင်း၊ လူတော်တစ်ယောက်ဆိုတော့ ကောင်မလေး တချို့ က စိတ်ကူးယဉ်ပြီး ကြိုက်ကြတယ်ရှင့်။ သူရဲ့ Gtalk Status မှာ အဲ့ဒီ ထဲက ကောင်လေးပြောသလို စကားနဲ့ ဆင်တာမျိုး တင်ထားတာတွေ့ မိသလိုပဲ။ (မသေချာဘူး) ဒါနဲ့ သူ့ စီကို ကောင်မလေးတစ်ယောက်က ဒီသီချင်းပို့ လိုက်တာ ဖြစ်ပါလိမ့်မယ်။ သူ့ စီဘယ်သူ ပို့ လည်းဆိုတာကို ကျွန်မ မေးမကြည့်တော့ပါဘူး။ ထပ်မေးရင် ထပ်ကြွားတာ ခံနေရဦးမယ် ဆိုတာ ကြိုသိနေလို့ ပါ။ :P

(ရေးဆိုလို့  ရေးလိုက်ပြီး၊ ညီမ ထင်တာ မှားနေတယ်ဆို Comment မှာ လာရှင်းနိုင်ပါတယ်။ ဒါမှ စွံ့ တဲ့ အစ်ကိုဆိုတာ ဘယ်သူလဲ လူတွေသိကြမှာ... :P.. )

April 23, 2007

သခင်အောင်ဆန်း တရား

သခင်အောင်ဆန်း တရား - ဇော်ဂျီ

ငါ့ညီ ပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏ သားငယ်၊ မင့်သက်လှယ်ကို
အဘယ် တရား ဟောမည်နည်း။

ဆန်း၏ သတ္တိ
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ
ဟောစရာကား၊ အလွန်များ၏
မင့်သားအရွယ်၊ အသက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့ အစွမ်းကို
ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို့
မင့်သား သိစေချင်လှ၏။

သူ့ အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာ့လွတ်လမ်း၊ ခရီးကြမ်းဝယ်
ှဗန်းပြအလှ၊ ပကာသနကို
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏

ခေတ်လိုက်ခါညီ၊ ခေတ်မှီပညာ
ကြုံရာဘ၀၊ မုတလုံလောက်၊ ခံမြို့ဆောက်၏
ထိုနောက်တစ်ဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ၊ သူ့ အလံတည့်
ပျံတလူလူ၊ သူ ထူခဲ့ကြောင်း၊ ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။

Credit to Ko_Htike from MyanmarTeaShop

April 19, 2007

Browser wars over

Browser War ကြီး ပြီးဆုံးသွားပါပြီ။ ကြီး ပြီးဆုံးသွားပါပြီ။ တစ်ခုနဲ့ တစ်ခု အပြိုင်အဆိုင် သူတပါးရဲ့ အားနည်းချက်တွေကို အပြစ်ရှာပြောလိုက်၊ ကိုယ့်ရဲ့ အားသာချက်တွေကို အမွှန်းတင်ပြောလိုက်နဲ့  အပြိုင်အဆိုင် ထုတ်ဝေလာခဲ့တဲ့ Browsers တွေကို ခုချိန်ကစပြီး Internet အသုံးပြုသူတွေ အားလုံးကောင်းကျိုး အတွက် Development Platform ဆိုတဲ့ အမြင်နဲ့ သာ ဆက်လက် ထုတ်လုပ်ကြတော့မယ် ဆိုတာကို Microsoft (IE), Mozilla (FireFox), Opera နဲ့  Google တို့ က ပြောကြားကြောင်း သတင်းကို ComputeWorld.com မှာ ဖတ်လိုက်ရပါတယ်။ သတင်းကောင်းတစ်ခုပါပဲ။

အများအကျိုးရှိဖို့ ဆိုရင် အသည်းအသန် ပြိုင်ဆိုင်နေကြသူတွေတောင် တစ်ယောက်နဲ့ တစ်ယောက် ရန်ဆောင်အပုတ်ချပြောဆိုမှု့ တွေကိုရပ်ပြီး ညီညွတ်မှု တစ်ခုကို တည်ဆောင်သွားနိုင်ကြပါပြီ။

Browser wars over, say Microsoft, Mozilla, Opera and Google (computerworld.com)

ဒီနေရာမှာ ကျွန်မ နားလည်မိတဲ့ ညီညွတ်ရေးဆိုတာ၊ လူတွေအားလုံးဟာ တလေတည်း၊ တသံတည်း ထွက်နေစရာ မလိုပါဘူး။ ဘယ်လောက်ပဲ အကြိတ်အနယ် ပြိုင်ဆိုင်နေကြတဲ့ ပြိုင်ဖက်တွေပဲဖြစ်ဖြစ်၊ အများအတွက် အကျိုးရှိစေမယ့် ကိစ္စတွေမှာဆို အတ္တတွေ၊ မာနတွေ ခ၀ါချပြီး အတူပူးပေါင်း ဆောင်ရွက်နိုင် စွမ်းပါပဲ။ ဒီလို ဆောင်ရွက်နိုင်စွမ်းဟာ ညီညွတ်မှု့ အပြင် ထိုသူတို့ ရဲ့ စိတ်ဓာတ်ရေးရာအရ ဘယ်လောက်ရင့်ကျက်မှု့ ရှိတယ်ဆိုတာကို ပြနေတာပါပဲ။

အများကောင်းကျိုးတွေတော့ လုပ်နေကြပါတယ်။ ဒါပေမယ့် အားလုံးဟာ ညီညွတ်မှု့ မရှိ၊ ကိုယ်လည်း ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်၊ သူလည်း သူလုပ်ချင်ရာ သူလုပ်၊ ငါတစ်ဗိုလ်၊ သူတစ်မင်းနဲ့  လုပ်ဆောင်နေကြရင် ကောင်းကျိုးရဖို့ ဆိုတာ နည်းပါတယ်။ အင်း...အားလုံးပဲ သဘောထားကြီးကြီးနဲ့  ပေါင်းစည်းပြီး ညီညွတ်မှု့ ကို တည်ဆောက်လိုက်နိုင်မယ်ဆိုရင် ကျွန်မတို့ လိုချင်တဲ့ အရာတစ်ခုကို ရရှိကြဖို့  ပိုပြီး နီးစပ်လာမှာပါပဲ။

April 18, 2007

How to be Happy

ဘ၀မှာ အမြဲပျော်နေနိုင်တဲ့ လူဆိုတာ ရှိရင်တောင်မှ အရမ်းရှားမယ် ထင်ပါတယ်။ လူဖြစ်လာမှတော့ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ သုခ၊ ဒုက္ခ၊ အကောင်း၊ အဆိုး ဆိုတာတွေ အမြဲကြုံတွေ့ နေရမှာပါပဲ။

တချို့ လူတွေက ပြောကြတယ်။ လူဘ၀ဆိုတာ ဘာမှမကြာလိုက်ပါဘူး၊ သက်တန်းတိုတိုလေးပဲ ရှိပါတယ်၊ ဒီခဏတာရခဲတဲ့ ဘ၀လေးမှာ စိတ်ညစ်စရာတွေကို မေ့ပြီး ပျော်အောင်နေကြပါတဲ့လေ။ အဲ့ဒီလိုပြောနေသူတွေကို မေးကြည့်ပါ။ သူတို့ ရော အမြဲပျော်အောင် နေနိုင်ကြရဲ့လားလို့ ။ ကျွန်မကတော့ အမြဲတမ်း ပျော်ရွှင်အောင် မနေနိုင်ပါဘူး။ ဘ၀မှာ အဆင်မပြေမှု တွေကြုံလာရင် စိတ်ညစ်တတ်ပါတယ်။ စိတ်ညစ်တဲ့အချိန်မှာ အပိုစကားတွေလာပြောနေရင် စိတ်တိုပြီး ပိုစိတ်ရှုပ်တတ်ပါသေးတယ်။

အဆင်မပြေမှုတွေဆိုတာ ဘာအကြောင်းကြောင့် ဖြစ်လာတယ် ဆိုတာပေါ် မူတည်ပြီး ကွဲပြားတဲ့ ဖြေရှင်းနည်းတွေ အများကြီး ရှိမှာပါ။ အများအားဖြင့်တော့ ကျွန်မမှာ စိတ်ညစ်စရာတွေ ကြုံလာရင် ငါတစ်ယောက်တည်းမှာ ကြုံရတာ မဟုတ်ဘူးဆိုပြီး တွေးပါတယ်။ (သေဖော်သေဖက် လိုက်ညှိတာပါ၊ အဖော်လေးနဲ့ ဆိုတော့ စိတ်သက်သာရာ ရတာပေါ့)။ ငါ ဖြေရှင်းနိုင်ပါတယ်လို့  တွေးပြီး ဖြေရှင်းနည်းကို ရှာပါတယ်။(ကိုယ့်ကိုကိုယ် စိတ်ဓာတ်မြှင့်တင်တာပါ။ ကိုယ့်ပြဿနာ ကိုယ်သာရှင်းရမှာမို့  စိတ်ဓာတ်ကျမသွားဖို့ က အရေးအကြီးဆုံးလို့ ထင်မိတယ်။) တစ်ခါတလေတော့ ကျွန်မကို သည်းငြီးခံတဲ့ သူငယ်ချင်းတစ်ယောက်ကို စကားတွေ လျှောက်ပြောပါတယ်။ ( စိတ်ညစ်တာတွေမဟုတ်ပဲ တခြားဟာတွေ လျှောက်ပြောနေတာပါ။ ကျွန်မ စိတ်ညစ်ရင် ရင်နှီးတဲ့ သူငယ်ချင်းတွေ နားအလွန်ငြီးကြ ပါလိမ့်မယ်။ ) နောက်တစ်ခုကတော့ စိတ်ရှုပ်နေချိန်တွေမှာဆို အလုပ် မရှုပ်ရှုပ်အောင် လုပ်စရာတွေကို ရှာကြံပြီး လုပ်ပါတယ်။ (အလုပ်တွေ ရှုပ်နေတော့ စိတ်ညစ်စရာတွေ တွေးဖို့ အချိန် မရှိတော့ဘူးပေါ့။ အလုပ်တွေ လုပ်နေတော့ လူပင်ပန်း၊ လူပင်ပန်းတော့ ညဆိုလည်း ဟိုတွေးဒီတွေး မလုပ်မိတော့ပဲ အိပ်ပျော်နိုင်တာပေါ့။) ခုနောက်ပိုင်းဆို စိတ်ရှုပ်စရာတွေ ကြုံလာရင် အစာတွေ အများကြီးစားမယ်လို့  စိတ်ကူးထားတယ်။ (အရမ်းပိန်လွန်းတဲ့ ကျွန်မ့ စိတ်ညစ်စရာတွေစီကနေ အမြတ်ထုတ်ဖို့  ကြံစည်နေတာပါ။) ဒါကျွန်မလုပ်လေ့ရှိတဲ့ အကျင့်တွေပါ။ သူငယ်ချင်းတစ်ယောက်ကတော့ စိတ်ညစ်လာရင် အိပ်နေလိုက်တယ် ပြောဘူးပါတယ်။

ဒီနေ့  သူငယ်ချင်းတစ်ယောက် Friendster မှာ "Be Happy" ဆိုပြီး တင်ထားတာလေးတွေပါ။ ကျွန်မ့ သူငယ်ချင်းတင်ထားတာ ၁၂ ချက်ပါ။ No. 13 စာကြောင်းလေးကို အင်တာနက် တစ်နေရာမှာတွေ့ လိုက်လို့  ထပ်ဖြည့်ထားလိုက်တာပါ။ ဒါလေးတွေ ဖတ်ပြီး စိတ်ရှုပ်၊ စိတ်ညစ်တာလေးတွေကို ဖြေဖျောက်နိုင်ကြပါစေ။

1. Make up your mind to be happy & learn to find pleasure in simple things.
2. Make the best of your circumstances. No one has everything, and everyone has something of sorrow intermingled with gladness of life. The trick is to make the laughter outweigh the tears.
3. Don’t take yourself too seriously. Don't think that somehow you should be protected from misfortune that befalls other people.
4. You can't please everybody. Don't let criticism worry you.
5. Don't let your neighbor set your standards. Be yourself!!
6. Do the things you enjoy doing but stay out of debt.?
7. Never borrow trouble. Imaginary things are harder to bear than real ones.
8. Since hate poisons the soul, do not cherish jealousy; avoid people who make us unhappy.
9. Have many interests. If you can't travel, read about new places.
10. Don't hold postmortems. Don't spend your time brooding over sorrows or mistakes. Don't be one who never gets over things.
11. Do what you can for those less fortunate than yourself.
12. Keep busy at something. A busy person never has time to be unhappy.
13. Happiness can not be inherited, purchased, rented, imported, or bargained for. It must be home-grown.

Source: 12 Ways to be happy (Geez.com)

ပြောဖို့ မေ့နေတယ်။ စိတ်တွေရှုပ်လာရင် ဘလောခ့်မှာ ဟိုရေးဒီရေး လုပ်တတ်တဲ့ အကျင့်တစ်ခုလည်း ကျွန်မမှာ ရှိပါသေးတယ်။

April 17, 2007

မြန်မာ နှစ်ဆန်း တစ်ရက်နေ့ 


မင်္ဂလာရှိသော နှစ်သစ်(၁၃၆၉ ခုနှစ်) မှာ ကျန်းမာပျော်ရွှင်ပြီး၊ လိုအင်ဆန္ဒများ၊ အောင်မြင်မှုများနဲ့  ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...