Pages
October 25, 2007
Only Reminds Me Of You

October 24, 2007
မျက်မှန် - ၀င်းဖေ
မနေ့ ညက ဒီရက်ပိုင်းဖတ်ဖြစ်တဲ့ ၀တ္ထုတိုတွေထဲက ကျွန်မ ကြိုက်တဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ကူးရေးဖြစ် လိုက်ပါတယ်။ ကျေးဇူးတရားနဲ့  ပတ်သက်တဲ့အကြောင်းကို ရေးထားတဲ့ ၀တ္ထုတိုလေးပါ။

မျက်မှန် - ၀င်းဖေ ( ၀တ္ထုတို ) - Click here to read short story
ဒီ "မျက်မှန်" လို့ အမည်ရတဲ့ ဒီဝတ္ထုတိုဟာ ၁၉၈၉ သြဂုတ်၊ ရွှေအမြုတေ မှာ ပထမဆုံးပါဝင်ခဲ့တာ ဖြစ်တယ်သိရပါတယ်။ ကျွန်မကတော့ ၂၀၀၆ ခုနှစ်က ခေတ်ပြိုင်စာပေတိုက်က ထုတ်ဝေတဲ့ "ဒိုင်ယာလော့နှင့် တခြား ၀တ္ထုတိုများ - ၀င်းဖေ" စာအုပ်မှာ ဒီဝတ္ထုတိုကို တွေ့ ရှိ ကြိုက်နှစ်သက်ခြင်း ဖြစ်ပါတယ်။ အဲ့ဒီစာအုပ်မှာ ဆရာဦးဝင်ဖေရဲ့ ၀တ္ထုတို ၃၉ ပုဒ် ကို စုစည်းဖော်ပြထားပါတယ်။ ဒီစာအုပ်ကို စင်္ကာပူက လမ်းပြကြယ် စာကြည့်တိုက်မှ ငှါးယူဖတ်ရှု့နိုင်သလို ကိုယ်ပိုင် ၀ယ်ယူသိမ်းထားချင်တယ်ဆို ခေတ်ပြိုင်စာပေတိုက်ကို ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

စာအုပ်အမည် - ဒိုင်ယာလော့နှင့် အခြားဝတ္ထုတိုများ
စာရေးသူ - ၀င်းဖေ
စာအုပ်တန်ဖိုး - (၄၀၀) ဘတ်၊ အမေရိကန်ဒေါ်လာ (၁၅)
ဆက်သွယ်ရန် - ခေတ်ပြိုင်စာပေတိုက်
ခေတ်ပြိုင်စာပေတိုက်မှ ထုတ်ဝေပြီးစာအုပ်များ
ဒီဝတ္ထုကို ရေးသားသူကတော့ ပန်းချီ၊ ဂီတ၊ စာပေ နဲ့  ရုပ်ရှင် စွယ်စုံရ အနုပညာရှင်တစ်ဦးလို့  ခေါ်ဆိုရမယ့် ပန်းချီဝင်းဖေ (ဦးဇော်ဝိတ်) ပါ။ ရွှေပြည်ဦးတင်ရဲ့သားဖြစ်ပြီး ကျွန်မတို့  အားလုံးသိကြတဲ့ အဆိုတော် မီမီဝင်းဖေရဲ့ ဖခင်လည်း ဖြစ်ပါတယ်။
Other Links: Win Pe - Art Gallery - မိုးမခ

“ ဟော… အတော်ပဲ။ မောင်ချူး လာ။ တို့ ဒီမှာ ဘယ်နှယောက်လဲ။ မောင်သန်းပါနဲ့ ၊ နေပါဦး၊ အင်း… အားလုံးခြောက်ယောက်။ ပေးလိုက်ပိုက်ဆံ၊ လက်ဖက်ရည်ဖိုး။ မောင်ရင်မှာလိုက်တဲ့ မျက်မှန် ၀ယ်ခဲ့ပြီ”
ဝမ်းသာလိုက်တာ။ ကျုပ်မျက်စိ အဝေးမှုန်နေတာကြာပြီ။ ဒီတုန်းက မိုးညှင်းမှာ မျက်မှန်ဝယ်မရလို့  မန္တလေးက ၀ယ်ခဲ့ဖို့  ဘကြီးသိန်းဆီ မှာလိုက်တာလေ။ ကျုပ် ဘကြီးသိန်းဆီက မျက်မှန်ကိုယူပြီး ကပ်ကြည့်လိုက်တော့ ဆိုက်က အတော်ပဲ။ အံကိုကျလို့ ။ အိမ်ပြင်ခပ်ဝေးဝေးကို လှမ်းကြည့်လိုက်တော့လည်း အလျင်က ၀ါးဝါးနေတဲ့ အမြင်ဟာ တခါတည်းကို ကြည်လင်သွားတာပဲ။
“ဘကြီးသိန်း ကျွန်တော်ပေးလိုက်တဲ့ ငွေတရာနဲ့  လောက်ရဲ့လား၊ စိုက်ခဲ့ရသေးလား၊ မျက်မှန်ကတော့ သိပ်ကောင်းတာပဲဗျာ၊ ဘကြီးသိန်းကို ကျေးဇူးတင်လိုက်တာ”
“ သိတယ်၊ သိတယ်၊ မင်းပေးလိုက်တဲ့ ဒီဂရီနဲ့  မလွဲရအောင် ငါသေသေချာချာ ဂရုစိုက်ပါတယ်ကွာ၊ ငါကိုယ်တိုင် မျက်မှန်ဘုရင် ကိုချစ်ဆီမှာ အခေါက်ခေါက် အခါခါ သွားပြီး စိတ်ကြိုက်ရွေး၊ စိတ်ကြိုက်ဆစ်ပြီး လုပ်ခဲ့တာကွ၊ ရှစ်ဆယ်ပဲ ကျပါတယ်၊ အေး ကျန်တဲ့ ငွေနှစ်ဆယ်တော့ မေ့လိုက်တော့၊ ငါ သုံးပစ်လိုက်ပြီ”
“ ရပါတယ် ဘကြီးသိန်းရာ၊ ဟေ့ မောင်သန်း၊ ရော့ပိုက်ဆံ၊ လက်ဖက်ရည် သွားဝယ်ကွာ”
ကျုပ် ဘကြီးသိန်းကို တကယ် ကျေးဇူးတင်တယ်ဗျာ။ မျက်မှန်နဲ့  ကျွန်တော့် မျက်လုံးနဲ့ က တကယ့်ကွက်တိပဲ။ ပတ်ဝန်းကျင်ကို ကြည့်ရတာ တကယ့်ကို ခုမှ အားရပါးရ ပြန်ဖြစ်လာတယ်။ အဲဒီအချိန်မှာ ဘကြီးသိန်းကတော့ တဖွဲ့ လုံးကို ဒီမျက်မှန်ရအောင် သူဘယ်လို ဘယ်လို အပင်ပန်းခံပြီး သွားခဲ့လာခဲ့၊ ပြောခဲ့ဆိုခဲ့ရတဲ့ အကြောင်း အကြီးအကျယ် ရှင်းပြနေပါတယ်။ ကျုပ်လည်း ဘကြီးသိန်းကို ကျေးဇူးတင်ကြောင်း၊ သိပ်ကျေးဇူးတင်ကြောင်း၊ အများကြီး ကျေးဇူးတင်ကြောင်း၊ အလွန်လည်း အားနာပါကြောင်း ပြောပြပါတယ်ဗျာ။
အဲဒါက ဘကြီးသိန်း ရောက်တဲ့နေ့ က အဖြစ်။ နောက်နေ့ ကျတော့ ဒေါ်လှမယ်တို့ အလှူမှာ ဘကြီးသိန်းနဲ့  ပြန်ဆုံတယ်။ ကျုပ်ကလည်း သူဝယ်လာတဲ့ မျက်မှန်နဲ့  စတိုင်ကို ကျလို့ ပေါ့။ အလှူလာတဲ့ ဧည့်သည်တွေ ကလည်း အတော်ကို စည်သဗျ။ ဘကြီးသိန်းက ကျုပ်ကိုလည်းမြင်ရော ၀မ်းသာအားရ လှမ်းခေါ်ပြီး မျက်မှန်ကို ခဏ ချွတ်ခိုင်းပြီး သူ့ ဘေးမှာ ၀ိုင်းနေတဲ့သူတွေကို ပြတယ်။ အားလုံးကလည်း မျက်မှန်ကောင်းကြောင်း၊ ပုံသွက်ကြောင်း၊ မှန်သားလည်း အကောင်းစားဖြစ်ကြောင်း ပြောကြတယ်၊ ဘကြီးသိန်းကလည်း ကျုပ်အတွက်မို့  သူဘယ်လို ကြိုးစားပမ်းစား အပင်ပန်းခံ၊ အချိန်ကုန်ခံပြီး ၀ယ်ခဲ့ရကြောင်း ပြောပြတယ်။ ကျုပ်မှာလည်း ကျေးဇူးတင်ကြောင်းတွေ အထပ်ထပ် ပြောရပြန်တာပေါ့ဗျာ။ ဟုတ်လည်း ဟုတ်ပေတာပဲ။ ကျုပ်အတွက် သူလုပ်ခဲ့ ကိုင်ခဲ့တာက သေသေသပ်သပ် နဲ့  ကွက်တိ၊ စိတ်တိုင်းကျ ဖြစ်နေခဲ့တယ် မဟုတ်လား။ ဒါကို ဘကြီးသိန်းကလည်း ဂုဏ်ယူလို့  မဆုံးဘဲ ခင်ဗျ။
အဲဒီညနေက မန္တလေးက ဧည့်သည်နှစ်ယောက်နဲ့  အတူ ဘကြီးသိန်း ကျုပ်အိမ်ရောက်လာတယ်။ ညနေစာ ကျုပ်ဆီမှာ စားမယ်တဲ့။ ဒါလေးများ အဆန်းလား၊ ရတယ်။ သိပ်ရတာပေါ့။ ချက်ချင်းပဲ ကျုပ် ဆိုင်ဟင်း ဆိုင်ထမင်းတွေမှာပြီး စီစဉ်လိုက်ပါတယ်။ ဒါပေမယ့် အချိန်ကိုက်ကလေးလို ဖြစ်နေလို့  “ရမ်” တပုလင်းလောက် ရရင် သိပ်ကောင်းမယ်လို့  ဘကြီးသိန်းက ပြောတယ်။ ရတယ်။ ရပါတယ်။ အားလုံး ပျော်ပျော်ပါးပါးပေါ့။ ကျုပ် ချက်ချင်းပဲ ပြေးအ၀ယ်ခိုင်း လိုက်ပါတယ်။ အမြည်း တောင် ထပ်ဝယ်လိုက်သေး။ ရေခဲ၊ ဆော်ဒါလည်း အပြည့်အစုံ။ ဒါပေမယ့် သောက်ခါနီးကျ ကျုပ်စိတ်ထဲမှာ တခု အောင့်သွားတယ်။
“ ကဲ… ကိုယ့်လူတို့  ချကြ။ ဘာမှ အားမနားနဲ့ ။ မောင်ချူးဆိုတာက ကျုပ်နဲ့  သိပ်ရင်းပါတယ်။ ပြီးတော့ ဒီတခေါက် သူ့  အတွက် ကျုပ်က မျက်မှန်တလက် ၀ယ်ခဲ့ရတယ်ဗျ။ ဒီမျက်မှန်မရှိရင် ဒီလူက အကန်းပဲ။ ဘာမှ ကောင်းကောင်း မြင်ရတာ မဟုတ်ဘူး။ တနေ့ တနေ့  ကားတိုက်ခံရမလား၊ စက်ဘီးတိုက်ခံရမလားနဲ့  တထိတ်ထိတ် နေခဲ့ရတာ။ ဟုတ်တယ် မဟုတ်လား မောင်ချူး”
ကဲကြည့်၊ လုပ်လာပြန်ပြီ။ ကျုပ် သူ့ ကို ထမင်းကျွေးတယ်ဆိုတာက ကျုပ်တို့  မိုးညှင်းသားတွေရဲ့ စေတနာ စရိုက်ဗျ။ ဒီလိုပဲ ကျုပ်တို့ ဆီက ဖော်ရွေကြပါတယ်။ သူလည်း အသိပါဗျာ။ ခုတော့ မျက်မှန်ဝယ်ပေးလို့ ပဲ ကျွေးရ သလိုလို၊ မှန်တာပြောရရင် ကျုပ်က နည်းနည်းတော့ အောင့်တယ်ဗျ။
အဲဒီနောက်မှာ အရက်သောက်ရင်း ဒီမျက်မှန်ကို သူ ဘယ်လို ဘယ်လို ခက်ခက်ခဲခဲ ၀ယ်ခဲ့ရကြောင်း ပြောပြန်ရောဗျာ၊ ဧည့်သည်နှစ်ယောက်ကလည်း မန္တလေးသားတွေပဲဗျ။ ဘကြီးသိန်းကို ထောက်ခံကြတယ်။ မန္တလေးမှာကို ခုတလော မျက်မှန်ရှားကြောင်း၊ ၀ယ်ရခက်ကြောင်း၊ ဈေးကြီးနေကြောင်း၊ ကျုပ်အနေနဲ့  အရတော်ကြောင်း၊ ကံကောင်းကြောင်းပေါ့ဗျာ။ လုပ်ကြတာလေ၊ ကျုပ်ကလည်း အိမ်သည် မဟုတ်လား။ ခေါင်းတညိမ့်ညိမ့်နဲ့  မပြုံးချင်လည်း ပြုံးထားရ၊ ကျေးဇူးတင်ကြောင်းတွေလည်း ထပ်ပြောရနဲ့  စိတ်မပါဘဲ လုပ်နေရတယ်ဗျာ။ ကျုပ်ဒုက္ခကို ခင်ဗျားတို့  စဉ်းစားကြည့်ရင် သိပါတယ်။
နောက်နေ့  အဖြစ်ကတော့ ပိုဆိုးတယ်ဗျို့ ။ ကျုပ်က လက်စွပ်ကလေး တကွင်း ရောင်းဖို့  ပွဲစားနဲ့  ထည့်လိုက်တာ။ ပေးတဲ့သူက ခုနှစ်ထောင် ပေးတယ်ဗျ။ အဲဒါကို ဘကြီးသိန်းက သူ ကြိုက်တယ်ဆိုပြီး ခြောက်ထောင်နဲ့  ဖြတ်ယူလိုက်သတဲ့။ ပွဲစားက ကျုပ်သဘောကို ပြန်မေးပါဦးမယ် ပြောတော့၊ ပြောနေစရာ မလိုပါဘူးတဲ့။ မောင်ချုးကို ပိုင်ပါတယ်တဲ့။ ဒီတခေါက် မောင်ချူး အတွက် မျက်မှန်ဝယ်ခဲ့လို့ ၊ မောင်ချူးက သူ့ ကို ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိအောင် ဖြစ်နေတာတဲ့။ ကဲ…။
ထားတော့။ ကျုပ်က အဲဒီလက်စွပ်ကို လေးထောင်နဲ့  ၀ယ်ထားတာပါ။ ခြောက်ထောင်ဆိုလည်း သူကြိုက်တယ်ဆိုရင်၊ သူ့  အတွက်ဆိုရင် ဖြစ်ပါသေးတယ်။ ခုတော့ ပစ္စည်းကို မန္တလေးရောက်အောင်တောင် မစောင့်ဘူး၊ မိုးညှင်းမှာတင် ရှစ်ထောင်နဲ့  ပြန်ရောင်းလိုက်သတဲ့ဗျာ။ ကဲ… ကောင်းကြရော။
အဖိတ်နေ့ ကတော့ ဈေးထိပ်က လက်ဖက်ရည်ဆိုင်မှာ ဘကြီးသိန်းနဲ့  ကျောက်ပွဲစားတစ်သိုက် ထိုင်နေကြတာမြင်လို့  ကပျာကယာ ဈေးမြောက်ဘက်က ပတ်ပြီး လစ်ခဲ့ရတယ်။ ကျုပ်ကို မြင်သွားရင် သိတယ် မဟုတ်လား၊ ဘယ်လွယ်လိမ့်မလဲ၊ မျက်မှန်အကြောင်းပြောဦးမယ်၊ ကျုပ်က ကျေးဇူးတင်ကြောင်း ပြောရဦးမယ်။ သူ့ ကိုမပြောနဲ့  ကျုပ်ကိုကျုပ်တောင် နားကြားပြင်း ကပ်တယ်ဗျာ။
ကျုပ် ရှောင်ပါတယ်။ ဘကြီးသိန်းနဲ့  မတွေ့ အောင် အလွန်သတိထားပါတယ်။ ကျောက်ပွဲစားပီပီ သူက တစ်မြို့  လုံး လျှောက်သွားနေတာဗျ။ ကျုပ်လည်း မြို့ပတ်ပြေး နေရတာပဲ။
ဒါပေမယ့် သတင်းတွေက ကြားနေရတယ်ဗျာ။ ရောက်လေရာရာမှာ သူ ကျုပ်အတွက် မျက်မှန်ဝယ်လာလို့  ကျုပ်က သူ့ ကို အလွန်ကျေးဇူးဆပ်နေတဲ့ အကြောင်း၊ ဘယ်လို ကျေးဇူးဆပ်ရမလဲ စဉ်းစားနေတဲ့ အကြောင်း။ တကယ်တန်း တွေးကြည့်မယ်ဆို ကျုပ်အသက်ကို ကယ်ထားတယ်လို့ တောင် ပြောနိုင်ကြောင်း၊ သူသာ မျက်မှန်ဝယ် မလာရင် ကျုပ် တစ်နေ့ မဟုတ် တစ်နေ့  ကားတိုက်ခံရမယ့် အကန်းဖြစ်ကြောင်း စုံလို့ ပါပဲဗျာ။
ကျုပ် မျက်စိမှုန်တာ မှန်ပါတယ်။ ဒါပေမယ့် သူ့ ကိုယ်သူ သိကြားမင်းလောက် ဖြစ်အောင် ပြောပြောနေတာတော့ လွန်လာပြီဗျာ။
နောက် ခံပြင်းတဲ့ ကိစ္စက ကျုပ်စောစောက ပြောခဲ့တယ် မဟုတ်လား၊ သူပြောတဲ့ စကားလေ။ သူ့ ကို ကျုပ်က ဘယ်လို ကျေးဇူးဆပ်ရမလဲလို့  စဉ်းစားနေတယ် ဆိုတဲ့ ကိစ္စလေ။ ဘယ်လိုလဲဗျာ။ ဒီမျက်မှန်ဝယ်လာတဲ့ ကိစ္စကို ကျုပ်က စပယ်ရှယ် ကျေးဇူးဆပ်ရဦးမတဲ့လား။ ကျုပ် သူပြောလို့  ကျွေးလည်း ကျွေးပြီးပါပြီ။ တိုက်လည်း တိုက်ပြီးပါပြီ။ ကျေးဇူးတင်ကြောင်းလည်း အထပ်ထပ် ပြောပြီးပါပြီ။ ဒီမျက်မှန်အတွက်နဲ့  သူ့ ကိုပဲ ကျုပ်က တသက်လုံး ကျေးဇူးဆပ်နေရတော့မလိုလို၊ သူအလကား ၀ယ်ခဲ့တာလည်း မဟုတ်ဘူးဗျ။ မျက်မှန်ဖိုးကို ကျုပ်က လုံလုံလောက်လောက် ပေးလိုက်တာပါ။ ပိုတဲ့ နှစ်ဆယ်တောင် သူသုံးပစ်လိုက်သေးတယ် မဟုတ်လား။ ကျုပ် သူတပါးကို ကျေးဇူးတင်ရမှာ မနှမျောပါဘူး။ မတွန့် တိုပါဘူး။ ဒါပေမယ့် ဒီကိစ္စမှာတော့ လွန်ပြီဗျာ။ ဟိုနေရာလည်း ဒီမျက်မှန်အကြောင်း၊ ဒီနေရာလည်း ဒီမျက်မှန်အကြောင်း၊ လူစုမိတိုင်း ဒီအကြောင်း ပြောပြောပြသတဲ့ဗျာ။ နေရာတကာမှာ ကျုပ် ကြားကြားနေရတယ်။
ကုန်ကုန်ပြောမယ်၊ ကျုပ် အိပ်မက်ထဲမှာတောင် အများရှေ့မှာ ကျုပ်မျက်မှန်ကို ချွတ်ခိုင်းပြီး သူဝယ်ခဲ့တဲ့ အကြောင်း ပြောတယ်ဗျာ၊ ကျုပ်အိပ်မက်က လန့် နိုးတယ်၊ ဇောချွေးတွေတောင် ပြန်တယ်။
အဲ… အဲဒီနေ့ ကတော့ ဘူတာရုံက ပြန်လာတဲ့ ကျုပ်တူ မောင်သောင်းရွှေက ကျုပ်ကို တကူးတက ၀င်ပြောတယ်။
“ လေးချူး၊ ဒီနေ့ ရထားနဲ့  ဘကြီးသိန်း မိတ်ဆွေ ခြောက်ယောက်ပါလာတယ်။ တလမ်းလုံး သောက်လာကြတယ်နဲ့  တူတယ်၊ ဘူတာရုံမှာ ဘကြီးသိန်း လာကြိုတော့ ဆူညံနေတာပဲ၊ အဲဒါ ဘကြီးသိန်းက ပြောနေတယ်၊ တည်းခိုစရာ အခက်အခဲရှိနေရင်ပြောတဲ့၊ သူ့ အဖွဲ့  မောင်ချူးဆိုတာ ရှိတယ်တဲ့၊ အဲဒီမှာ တည်းနိုင်အောင် လိုက်ပြောပေးမယ်တဲ့၊ သူလည်း အိမ်ပြောင်းပြီး လိုက်တည်းမယ်ဆိုပဲ၊ ဟိုလူတွေက အင်တင်တင်လုပ်နေတာကို ဘကြီးသိန်းက အားနာစရာ မဟုတ်ဘူးတဲ့၊ မောင်ချူးဆိုတာ သူ့ ကျေးဇူး အများကြီး ရှိပါတယ်တဲ့”
“ အေး… ကိစ္စ မရှိဘူး၊ လာကြပါစေကွာ”
ကျုပ်အတွက် အန္တရယ်ရှိလို့  လာပြောရှာတဲ့ သောင်းရွှေတောင် အတော်အံ့သြသွားတယ်။ ပြီးတော့ နှုတ်ဆက်ပြီး ထွက်သွားတယ်။ ရထားဆိုက်ပြီးလို နှစ်နာရီလောက်ကြာတယ်၊ ဘကြီးသိန်းတို့  ပေါ်မလာကြဘူး။ နောက်မှ သိရတာပါ၊ အရက်ဆိုင်မှာ ၀င်သောက်နေကြတာတဲ့။ ဘယ်လောက် ကြည်ညိုစရာကောင်းတဲ့ လူတွေလဲ။
ညနေ လေးနာရီလောက်ကျမှ ဘကြီးသိန်းနဲ့  ဧည်သည့် ခြောက်ယောက် ကျုပ်အိမ်ရှေ့ကို ရောက်လာကြတယ်၊ အတော်မူးနေကြပြီ၊ ကျုပ်ကတော့ အိမ်ရှေ့က ထွက်ပြီး စောင့်နေတာပါ။
ကျုပ်နဲ့  ဘကြီးသိန်း မျက်နှာချင်းလဲ ဆိုင်မိရော ကျုပ် သူဝယ်လာတဲ့ မျက်မှန်ကို တပ်ထားရာက ချွတ်ပြီး မြေကြီးပေါ်ချပြီး ဖနောင့်နဲ့  လေးချက်လောက် ပေါက်ပစ်လိုက်တယ်။
ဘကြီးသိန်းတို့ အဖွဲ့  ကျက်သေ သေနေကြတယ်။
“ ကဲ ဘကြီးသိန်း တွေ့ ပြီ မဟုတ်လား၊ ခင်ဗျားကို မျက်မှန် ၀ယ်ခိုင်းမိတဲ့ အတွက် ကျုပ်တောင်းပန်ပါတယ်၊ နောက်လည်း ဘယ်တော့မှ ဘာမှ အ၀ယ်မခိုင်းဝံ့တော့ပါဘူး၊ ကျုပ် အိမ်လည်း ဘယ်တော့မှ မလာပါနဲ့ တော့၊ ဒါပါပဲ”
ကျုပ် စိတ်ကို ချုပ်ပြီး ဒါလောက်ပဲ ပြောပါတယ်။ စကားလည်းဆုံးရော အိမ်ထဲဝင်ခဲ့ပြီး တံခါး ပိတ်ထားလိုက် ပါတယ်။
ဘကြီးသိန်းတို့  တယောက်တပေါက် ဘာတွေပြောကြမှန်း မသိဘူး၊ ပြောကြပြီး ကျုပ် အိမ်ရှေ့ က ထွက်သွားကြတယ်။
အဲဒါ ကျုပ်နဲ့  ဘကြီးသိန်းရဲ့ နောက်ဆုံး ဆက်ဆံရေးပါပဲ။ ဒါတောင် မန္တလေးပြန်ရောက်တော့ ပြောနေသေးသတဲ့။
“ ဗျာ…. မိုးညှင်းက မောင်ချုးဆိုတဲ့သူ အတော်ဆိုးတယ်၊ သူ့ အတွက် စေတနာနဲ့  ၀ယ်ပေးတဲ့ မျက်မှန်ကို သူနဲ့  လည်း ကိုက်လျက်နဲ့  ဘာစိတ်ကူးပေါက်သွားတယ် မသိဘူး၊ ရိုက်ခွဲပစ်လိုက်တယ်။ ဒီလူ ရူးသွားပြီး ထင်တယ်… “ တဲ့။
တကယ်တရားရဖို့  ကောင်းတယ် ဗျာ။

ဝင်းဖေ
၁၉၈၉ သြဂုတ်၊ ရွှေအမြူတေ။
၁၉၈၉ သြဂုတ်၊ ရွှေအမြူတေ။
ဒီ "မျက်မှန်" လို့ အမည်ရတဲ့ ဒီဝတ္ထုတိုဟာ ၁၉၈၉ သြဂုတ်၊ ရွှေအမြုတေ မှာ ပထမဆုံးပါဝင်ခဲ့တာ ဖြစ်တယ်သိရပါတယ်။ ကျွန်မကတော့ ၂၀၀၆ ခုနှစ်က ခေတ်ပြိုင်စာပေတိုက်က ထုတ်ဝေတဲ့ "ဒိုင်ယာလော့နှင့် တခြား ၀တ္ထုတိုများ - ၀င်းဖေ" စာအုပ်မှာ ဒီဝတ္ထုတိုကို တွေ့ ရှိ ကြိုက်နှစ်သက်ခြင်း ဖြစ်ပါတယ်။ အဲ့ဒီစာအုပ်မှာ ဆရာဦးဝင်ဖေရဲ့ ၀တ္ထုတို ၃၉ ပုဒ် ကို စုစည်းဖော်ပြထားပါတယ်။ ဒီစာအုပ်ကို စင်္ကာပူက လမ်းပြကြယ် စာကြည့်တိုက်မှ ငှါးယူဖတ်ရှု့နိုင်သလို ကိုယ်ပိုင် ၀ယ်ယူသိမ်းထားချင်တယ်ဆို ခေတ်ပြိုင်စာပေတိုက်ကို ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

စာအုပ်အမည် - ဒိုင်ယာလော့နှင့် အခြားဝတ္ထုတိုများ
စာရေးသူ - ၀င်းဖေ
စာအုပ်တန်ဖိုး - (၄၀၀) ဘတ်၊ အမေရိကန်ဒေါ်လာ (၁၅)
ဆက်သွယ်ရန် - ခေတ်ပြိုင်စာပေတိုက်
ခေတ်ပြိုင်စာပေတိုက်မှ ထုတ်ဝေပြီးစာအုပ်များ
ဒီဝတ္ထုကို ရေးသားသူကတော့ ပန်းချီ၊ ဂီတ၊ စာပေ နဲ့  ရုပ်ရှင် စွယ်စုံရ အနုပညာရှင်တစ်ဦးလို့  ခေါ်ဆိုရမယ့် ပန်းချီဝင်းဖေ (ဦးဇော်ဝိတ်) ပါ။ ရွှေပြည်ဦးတင်ရဲ့သားဖြစ်ပြီး ကျွန်မတို့  အားလုံးသိကြတဲ့ အဆိုတော် မီမီဝင်းဖေရဲ့ ဖခင်လည်း ဖြစ်ပါတယ်။
Other Links: Win Pe - Art Gallery - မိုးမခ
October 23, 2007
A Poem in Memory of the Monks of Myanmar

September 2007
by
William F. Gilreath
Monks of Myanmar walked peacefully to take a stand,
against the brutality and oppression in their land.
Then Spoke the voice of tyranny, the words not said.
it being the actions of firing bullets and bloodshed.
From the utterance of the last whispering breath,
is born the horrifying legacy of carnage and death.
Simply walking in protest, a dictatorship to defy,
the monks were cut down viciously and made to die.
The monks by their courage and nobility against strife,
consecrate a love of peace and freedom with their life.
Each monk spoke for freedom by their walk and deed,
so that those in chains of dictators can be set free.
I mourn for the monks of Myanmar and shed a sad tear,
for they are heroes against a state of terror and fear.

Credit to THKZ
Source: Photo from Foxnews, Poem from Scribd
ကုန်ဈေးနှုန်း နဲ့  အလုပ်
ကုန်ဈေးနှုန်းတွေ တတ်တယ်ဆိုတာ မြန်မာပြည်မှာ မွေးဖွားကြီးပြင်းလာတဲ့ ကျွန်မတို့ အတွက် ငယ်ငယ်ထဲက ကြားဖူးနေ၊ အမြဲတမ် ကြုံတွေနေရလို့  ရင်းနှီးနေတဲ့ အရာတစ်ခုပါ။ ကျွန်မတို့  မြန်မာနိုင်ငံလောက် မဆိုးရွားပေမယ့် ဒီနိုင်ငံမှာလည်း ဈေးနှုန်း တတ်လို့ ရသမျှ အရာအားလုံး မသိမသာလေးနဲ့  အကုန်တတ်နေပါတယ်။ တခြားဈေးနှုန်းတွေ တက်တာ အရမ်း မသိသာပေမယ့်၊ အိမ်ခန်းငှါးခတွေ တက်တာကတော့ အရမ်းများ၊ အရမ်းသိသာပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်ကဆို အိမ်ငှါးရင် အိပ်ခန်း ၃ ခန်းပါတဲ့ အခန်းတစ်ခန်း ဒီကအခေါ် (3+1) ကိုဆို တစ်လ ၁၂၀၀-၁၃၀၀ လောက်ပေးရင် ကိုယ်နဲ့ အဆင်ပြေမယ့် နေရာမျိုးမှာ နေလို့  ရတယ်။ တစ်ချို့ နေရာတွေဆို ဒီထက်တောင် သက်သာသေးတယ်။ အခု နောက်ပိုင်းမှာ တော့ တစ်လ ၁၈၀၀-၂၀၀၀ ပေးမှ အဲ့လို အိမ်ခန်းမျိုး ရနိုင်တော့တယ်။ အရင်နှုန်းနဲ့ ဆို တစ်ယောက်တည်း အိပ်ခန်းတစ်ခန်းယူမယ်ဆို ၄၀၀ လောက်ပေးရင် ရတာကနေ အခုဆို ၆၀၀ လောက်ပေးမှ ရနိုင်တော့တယ်။ ဒီတော့ တစ်လ ကုန်ကျစရိတ်မှာ အိမ်လခမှာတင် ၂၀၀ ကျော် ပိုကုန်နေပြီ။ တခြား ရထားခ၊ Bus ကားခ၊ စားသောက်စရိတ် တွေကလည်း တတ်သေးတယ်။
ကုန်ဈေးနှုန်းတွေက သာတတ်တာ၊ အလုပ်မှာ ရတဲ့ လခ အဲ့ဒီလောက် တိုးဖို့ ဆိုတာ သိပ်မလွယ်ပါဘူး။ အလုပ် တစ်ခုတည်းမှာ နေမယ်ဆို တစ်နှစ် တစ်နှစ် လခ ၅% - ၁၀% တယ်ဆိုတာ အလွန်ဆုံးတိုးတာပါ။ အလုပ်ပြောင်းမှသာ ဒီထက်ပိုပြီး လခရဖို့  လမ်းရှိတာ ဆိုတော့ သူများတွေ နည်းတူ ကျွန်မလည်း အလုပ်ပြောင်းရင် ကောင်းမလား၊ စဉ်းစားရတော့တာပေါ့။ တကယ်တန်း အလုပ်ပြောင်းမယ် တွေးကြည့်တော့ ချင့်ချိန်စရာတွေကများ၊ ခေါင်းတွေရှုပ် စိတ်တွေရှုပ်ဖြစ်နေခဲ့တယ်။ ကျွန်မ လက်ရှိလုပ်နေတဲ့ အလုပ်က လခတိုးနှုန်း အရမ်း မများတာ၊ အလုပ်ကနေပြီး ဘယ် messenger ကိုမှ သုံးလို့ မရတာ၊ Website အတော်များများကို ကြည့်လို့ မရတာတွေကလွဲရင် ကျန်တာအားလုံး အဆင်ပြေနေတယ် ဆိုရမယ်။ အလုပ်က ပေးတဲ့ pressureလည်း အရမ်းမများဘူး။ ဒီအလုပ်မှာ အရမ်းပျော်ရွှင်နေတယ် မဟုတ်ပေမယ့် ၊ အရမ်းစိတ်ညစ် စိတ်ရှုပ်စရာ မရှိခဲ့ဘူး။
နှစ်ပတ်လောက် အသေအချာစဉ်းစားပြီး ခုချက်ချင်းတော့ အလုပ်မပြောင်းသေးဘူးလို့  ဆုံးဖြတ်လိုက်တယ်။ အလုပ်ပြောင်းမယ် ဆိုရင်တောင် နောက်နှစ်လယ်လောက်မှ ပြောင်းဖို့  ကြိုးစားတော့မယ်။ တကယ်ဆို အလုပ်တွေ ခနခန ပြောင်းတာကလည်း မကောင်းဘူး မဟုတ်လား။ ( မပြောင်းတော့ဘူး ဆုံးဖြတ်လို့  ဒီစကားပြောတာ၊ ပြောင်းမယ်လို့  ဆုံးဖြတ်ခဲ့တယ်ဆို အဲ့လိုစကား မပြောဘူး :D) ။

October 21, 2007
Serenity

Godsmack - Serenity
I need serenity
In a place where I can hide
I need serenity
Nothing changes, days go by
Where do we go when we just don't know
And how do we relight the flame when it's cold
Why do we dream when our thoughts mean nothing
And when will we learn to control
I need serenity
I need serenity
...
Other Related Link : [Serenity - Lyrics]I need serenity
In a place where I can hide
I need serenity
Nothing changes, days go by
Where do we go when we just don't know
And how do we relight the flame when it's cold
Why do we dream when our thoughts mean nothing
And when will we learn to control
I need serenity
I need serenity
...
Serenity is a single by the hard rock band Godsmack from the album Faceless (2003). The song is known for the drum work and stunning live performances.
October 20, 2007
See no Evil, Hear no Evil, Speak no Evil

ကျွန်မလိုက်ရှာ ဖတ်ကြည့်သလောက်တော့ မူလ ပထမပုံစံကတော့ မျောက်ကလေး ၃ ကောင် နဲ့  ပုံလို့ သိရတယ်။ "Three Wise Monkeys" ပညာရှိ မျောက်သုံးကောင်လို လည်းခေါ်တယ်၊ တစ်ခါတလေ "Do no evil" ဆိုတဲ့ နောက်ထပ် မျောက်တစ်ကောင် ပါတယ်ဆိုရင်တော့ "Four Wise Monkeys" လို့ ခေါ်ကြောင်းသိရတယ်။ အင်း .. သူဟာသူတော့ ဟုတ်နေတာပဲ။

အင်တာနက်ပေါ် လိုက်ရှာကြည့်ရင် မျောက်သုံးကောင်ပုံ သာမက တခြားအကောင်တွေနဲ့ ပုံတွေလည်းရှိတယ်။ လူတွေ ဒီလိုပုံစံ ဓာတ်ပုံရိုက်ထားတာတွေ တောင်တွေ့ ရသေးတယ်။ ဘယ်ကစတယ် အတိအကျ မသိရဘူးဆိုထားပေမယ့် ဂျပန်နိုင်ငံမှာ ရှိတဲ့ ၁၇ ရာစုလက်ရာ ဘုရားကျောင်းတစ်ခု (Toshogu Shrine in Nikko, Japan) ရဲ့ တံခါးတစ်ခုအပေါ်မှာ ထွင်းထု ထားတဲ့ မျောက်သုံးကောင်ရုပ်ဟာ အစောဆုံးဖြစ်တယ်လို့  လူအများက ယုံကြည်ကြပါတယ်။ တချို့ ကလည်း ဒီထက် ပိုပြီး ရှေးကျကြောင်း၊ ၈ ရာစုလောက်မှာ အိန္ဒိယ ဒါမှမဟုတ် တရုတ်ကနေ စတင်တယ်ထင်ကြောင်း ပြောဆိုထားတာတွေကို လည်း ဖတ်ရတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးကတစ်ဆင့် ဂျပန်ကို ဒီစကားရောက် လာတယ်ပေါ့။ တရုတ်မှာလည်း စကားနဲ့  ခပ်ဆင်ဆင် ဆိုရိုးမျိုးရှိတယ် သိရတယ်။
“Analects of Confucius”;
"Look not at what is contrary to propriety; listen not to what is contrary to propriety; speak not what is contrary to propriety; make no movement which is contrary to propriety".
ဒါနဲ့  ဒီအရုပ်သုံးရုပ်ကို ဂျပန်လို " Mizaru, Kikazaru, and Iwazaru" လို့ ခေါ်တယ်။ ၄ ရုပ်ရှိတော့ "Mizaru, Kikazaru, Iwazaru, and Shizaru" လို့ ခေါ်ကြတယ်။

Mizaru - covering his eyes, who sees no evil
Kikazaru - covering his ears, who hears no evil
Iwazaru - covering his mouth, who speaks no evil.
Shizaru - covering his abdomen or crotch, or merely crossing his arms, who does no evil.

ဒီပုံတွေကို မကောင်းမှု့ တွေကို မပြုလုပ်ဖို့ သတိပေးတဲ့စကားလို့  ယူဆကြသလို ၊ မကောင်းမှု့ပြုလုပ်သူ တွေနဲ့  မပတ်သက် မဆက်ဆံဖို့  သတိပေးစကားလို့ လည်း ယူဆကြပါတယ်။ လွတ်လွတ်လပ်လပ် ကိုယ်ကြိုက်သလို အဓိပ္ပါယ် ယူနိုင်ပါတယ်။ ဘာပဲပြောပြော ကျွန်မကတော့ အဲဒီ ပုံလေးတွေကို သဘောကျမိတယ်။
Statue in Orchid Gardens at Botanic Gardens
Singapore
Singapore
၃ ယောက်မဟုတ်ပဲ တစ်ယောက်တည်းဖြစ်နေလဲ ဒီလိုပုံစံမျိုးလေးလုပ်ပြီး နား၊မျက်စိ၊ ပါးစပ်တွေကို ပိတ်ထားလို့ ရပါတယ်။
carved by the nineteenth century artist Kaigyokusai in ivory
carved by the nineteenth century artist Kaigyokusai in ivoryဒါကတော့ သဘောအကျဆုံး ပုံလေးပါပဲ။

October 19, 2007
19 October 2007

October 18, 2007
18 Oct 2007 - Another Silence Birthday
တရားမျှတမှု့ အတွက် မတရားတဲ့အစိုးရကို မကြောက်မရွံ့  တိုက်ပွဲဝင်နေသူတစ်ဦးရဲ့ မွေးနေ့ 
အများလေးစားရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ ၄၅ နှစ်ပြည့် မွေးနေ့ ...

၁၈ အောက်တိုဘာ ၂၀၀၇ ..
မင်္ဂလာရှိသော မွေးနေ့ ရက်မြတ်ဖြစ်ပါစေ...
သစ္စာတရားကို ယုံကြည်တဲ့ တို့ ရဲ့ခေါင်းဆောင်..
အမြန်ဆုံး လွတ်မြောက်ပါစေ.. လွတ်လပ်ပါစေ..
ကိုယ်စိတ်နှစ်ပါး.. ကျန်းမာပါစေ.. ချမ်းသာပါစေ..
မိသားစုနဲ့  မခွဲမခွါ သာယာငြိမ်းချမ်းတဲ့ ဘ၀ကို ရရှိပါစေ...
တိုက်ပွဲကဒါဏ်ရာတွေ ပြသနိုင်တဲ့ အောင်ပွဲနေ့  အမြန်ဆုံး ရရှိအောင် ဦးဆောင်နိုင်ပါစေ..
၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ စစ်အစိုးရ၏ အကျဉ်းထောင်အတွင်း ၁၆ နှစ်နီးပါးဖမ်းဆီး အကျဉ်းချထား ခံခဲ့ရပြီးနောက် ၂၀၀၄ ခုနှစ် နိုဝင်ဘာလ အတွင်းက ပြန်လည်လွတ်မြောက်လာကာ ၂၀၀၆ အောက်တိုဘာ ၂ ရက်နေ့မှာ ပြန်လည် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ထို့ နောက် ၁၁ ဇန်န၀ါရီ ၂၀၀၇ မှာ တဖန်ပြန်လည် လွတ်မြောက်လာပေမယ့် ကုန်ဈေးနှုန်း ကျဆင်းရေးကို ငြိမ်ချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြရာမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ အတွက် ကိုမင်းကိုနိုင်နဲ့  တခြား ကျောင်းသား ခေါင်းဆောင်တွေကို စစ်အစိုးရရဲ့ ၈ လပိုင်းမှာ ၂၂ ရက်နေ့ မှာ ပြန်လည် ဖမ်းဆီးအကျဉ်းချထား ခဲ့ပြန်ပါတယ်။ ခုအချိန်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးပါဘူး။ စစ်အစိုးရရဲ့ အကြမ်းဖက်နှိပ်စက်မှု့တွေကြောင့် ကိုမင်းကိုနိုင် အပါအ၀င် ကျောင်းသား ခေါင်းဆောင်တချို့  ထောင်အတွင်း ဆေးရုံမှာ ဆေးကုသမှု့ ခံယူနေရတယ်ဆိုတဲ့ သတင်းတွေ ကြားခဲ့ရပါတယ်။ သူတို့ တွေရဲ့ အခြေအနေ ဘယ်လိုရှိနေလဲ ဆိုတာ အတိအကျ မသိရပါဘူး။
ဒီနေ့  မနက်ပိုင်း ဖတ်ရတဲ့ သတင်းတချို့ အရ မနေ့ ညနေပိုင်းက ဇာဂနာ၊ ကျော်သူ နဲ့  ဇနီးဖြစ်သူေ၇ွှဇီးကွက်တို့ နဲ့ အတူ ကိုမင်းကိုနိုင်နဲ့  တခြား ကျောင်းသားခေါင်းဆောင်တချို့ လည်း ပြန်လည်လွတ်မြောက်လာပြီလို့  ကြားရပြန်တယ်။ အဲ့ဒီသတင်းကို သတင်းမှန် ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ခုချိန်အထိတော့ ပြန်လည် လွတ်မြောက်လာသူတွေထဲမှာ ကိုမင်းကိုနိုင်တို့ လည်း ပါတယ်ဆိုတဲ့ သတင်းမှန်ကန်ကြောင်းကို confirm ဖြစ်စေမယ့် သတင်းမျိုး မတွေ့  ရသေးပါဘူး။
ကိုမင်းကိုနိုင်အပါအ၀င် အများအကျိုးအတွက် စွန့် လွှတ်၊ အနစ်နာခံ၊ ကြိုးပမ်းနေသူများအားလုံးကို လေးစားမိပါတယ်.. စစ်အစိုးရရဲ့ မတရားဖမ်းဆီးခြင်းခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ကြပါစေ...
Other Related Links:
သစ္စာ - မင်းကိုနိုင်
မျှော်လင့်ခြင်း - မင်းကိုနိုင်
မင်းကိုနိုင် နှင့် ပြည်သူတို့  တိုင်တည်ခဲ့သော သစ္စာအဓိဌာန်စကား
မင်းကိုနိုင်နှင့် စကားပြောခြင်း (ဧရာဝတီ - မေ ၂၄၊ ၂၀၀၇)

Don't Worry, Be Happy
ဒီနေ့ တစ်နေ့ တည်း Don't worry, Be Happy ဆိုတဲ့စကား အကြိမ်ပေါင်းများစွာ ကြားလိုက်ရတာလို့  စိတ်ထဲကိုးလို့  ကန့် လန့်  ဖြစ်တာနဲ့  ဒီစာသားလေးကို Google လုပ်လိုက်တာ ဒီ အရုပ်လေးတွေ နဲ့  Flash Card လေး တွေ့ လိုက်ရတယ်။ ဒါလေးတွေကြည့်ပြီး မစိုးရိမ်ပါနဲ့  ထပ်ခါထပ်ခါ အပြောခံလိုက်ရလို့  စိတ်အစာမကြေ ဖြစ်နေတာတောင် ပျောက်သွားတယ်။
Hey... Don't Worry, Be Happy !!! flash file, mp3 and my feeling ;) - 17 October 2007
1989 Grammy Awards မှာ 'Best Song of the Year' ဆုရခဲ့တယ် ဆိုတဲ့ Bobby McFerrin ရဲ့ Don't Worry, Be Happy ဆိုတဲ့ သီချင်းလေးလည်း မဆိုးဘူး။ နားထောင်လို့ ကောင်းပါတယ်။ ဒီသီချင်းဟာ Cocktails[1988] ရုပ်ရှင် ထဲမှာ ဇာတ်ဝင်တေးအဖြစ်ပါခဲ့ပြီး စက်တင်ဘာလမှာ ၂ ပတ်ကြာတောင် Billboard Hot 100 မှာ ပထမနေရာယူတာဖြစ်ကြောင်း ဖတ်ရတယ်။ [Song Info] [Lyrics] [Flash Card]
Here's a little song I wrote
.....
In every life we have some trouble
But when you worry you make it double
Don't worry, be happy.
Don't worry, be happy now.
...
Look at me -- I'm happy. Don't worry, be happy.
Here I give you my phone number. When you worry, call me,
I make you happy. Don't worry, be happy
....
Don't worry, don't worry, don't do it.
Be happy. Put a smile on your face.
Don't bring everybody down.
Don't worry. It will soon pass, whatever it is.
Don't worry, be happy.
I'm not worried, I'm happy...
ကိုယ်က မဟုတ်ပါဘူးဆိုတာကို ရှင်းပြလို့ မရ၊ အတင်းကြီး လိုက်ပြောနေရင် အတော်စိတ်တိုဖို့ ကောင်းတာပဲ။ ခုလည်း ဘာမှ မစိုးရိမ်နေပါဘူး ဆိုတာ ပြောလို့ ၊ ရှင်းလို့ လည်းမရ။ ဘာမှ မစိုးရိမ်ပါနဲ့ ၊ ဘာမှ မစိုးရိမ်ပါနဲ့  အကြိမ်ကြိမ်ထပ် ပြောနေတယ်။ ပြောတာများလွန်းလို့  ကိုယ့်ဟာကိုယ်တောင် သံသယ ရှိလာပြီး သေချာပြန်မေးလိုက်ရသေးတယ်။ ငါဘာတွေများ စိုးရိမ်လို့  ၊ မပျော်ရွှင်နိုင်အောင် ဖြစ်နေသလဲလို့ ။ အရမ်းပျော်ရွှင်နေတယ် မဟုတ်ပေမယ့် စိုးရိမ်စရာလည်း ရှိမနေတာသေချာပါတယ်။ ဟိုရက်ပိုင်းကမှ စိတ်ညစ်စရာတချို့ ရှိလို့  နည်းနည်း ခေါင်းရှုပ်နေသေးတယ်၊ ဒီရက်ပိုင်းတော့ ပုံမှန်ပါပဲ။ တစ်နေ့ တစ်နေ့  မနက်စောစောထ၊ အလုပ်သွား၊ ညနေအိမ်ပြန်ရောက်တော့ ထမင်းစား၊ အွန်လိုင်းခန၀င်၊ သတင်းတွေလိုက်ဖတ်၊ ခဏနားပြီး ရေမိုးချိုး၊ စာနည်းနည်းဖတ် ပြီးတော့ စောစောအိပ်ရာဝင်၊ အရင်ကထက်တောင် ပိုလိမ္မာနေသေးသလိုပဲ။ :D တကယ်ဆို ရွတ်ပြီး စိုးရိမ်သင့်ရင် စိုးရိမ်လို့ ရအောင် ဘာတွေများ စိုးရိမ်စရာ၊ မပျော်ရွှင်နိုင်စရာတွေ ရှိနေမယ်ထင်နေလို့  ဒီလို လာပြောနေရတာလဲလို့  ပြန်ပြီးမေးလိုက်ရမှာ။

October 15, 2007
Watch free movies Online
ရုပ်ရှင်ကြည့်လို့ ရတဲ့ Website တစ်ခုကို ဒီစနေ နဲ့ တနင်္ဂနွေမှာ စမ်းသပ်ကြည့် ဖြစ်ပါတယ်။ အရင်ကဆို အားလပ်ရက်မှာ အင်တာနက် ပေါ်ကတိုက်ရိုက်ပဲ ဖြစ်ဖြစ်၊ ကြားရက်တွေမှာ ဒေါင်းလုတ်လုပ်ယူထားတဲ့ ရုပ်ရှင်တွေကိုပဲဖြစ်ဖြစ် အပျင်းပြေ အမြဲ ဖွင့်ထားဖြစ်ပါတယ်။ ဒီလပိုင်းတွေမှာတော့ ပြည်တွင်းသတင်းတွေ လိုက်ဖတ်နေရတာရယ်၊ ကိုယ့်ဟာကိုယ် ဘာမှန်း မသိတာတွေနဲ့  ရှုပ်ရှက်ခပ် နေတာတွေရယ်ကြောင့် အဲဒီဘက်ကို ခြေဦးမလှည့်နိုင်ဘူး ဖြစ်နေခဲ့တယ်။ SSUpload ကို ဟိုးအရင်ကတည်းက စိုးမိုးရဲ့ဘလော့ က Online Movies ဆိုတဲ့ ခေါင်းစဉ်အောင်မှာ တင်ထားတာတွေ့ နေခဲ့တာပါ။ ဒါပေမယ့် တစ်ခါမှ မကြည့်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ တနင်္ဂလာနေ့ ကတော့ နိုင်နိုင်းစနေက သူ့ ဘလော့မှာ ဒီဆိုဒ်လေး ကောင်းတယ် ဆိုပြီး ညွှန်းထားတာ တွေ့ တာလိုက်လို့  စမ်းကြည့်ချင်စိတ် ပေါက်သွားတယ်။ ပထမဆုံးအကြိမ် ကြည့်ဖို့ ကြိုးစားတုန်းက Loading ဆိုတာပဲ ပေါ်ပြီး ရှေ့ ဆက်မသွားဘူးး။ ဒါနဲ့  တစ်ခုခုများ ထပ်ပြီး install လုပ်ဖို့ လိုနေလား၊ ဘာများမှားနေလဲ ဆိုပြီး ဆက်ပြီး မကြည့်ဖြစ်တော့ဘူး။ အခု အားလပ်ရက်မှာ စမ်းကြည့်မှာပဲ အရင်က ဘာကြောင့် ကြည့်လို့ မရတာလဲဆိုတာ သိရတော့တယ်။
SSUpload က တချို့  ရုပ်ရှင်တွေက Firefox နဲ့  ကြည့်လို့  လုံးဝ မရပါဘူး။ Internet Explorer (IE) ကြည့်မှ အဆင်ပြေ ပါတယ်။ Movie တိုင်းတော့ မဟုတ်ပါဘူး။ SSUpload မှာရှိနေတဲ့ Movies တွေက နေရာအစုံမှာ host လုပ်ထားတာဆိုတော့ Movie တစ်ခုနဲ့  တစ်ခုတော့ ဖွင့်ပေးတဲ့ Player က မတူပါဘူး။ Firefox နဲ့ ကြည့်လို့ မရဖြစ်နေရင် IE နဲ့ သာ ပြောင်းဖွင့်လိုက်ပါ။ Movie ကြည့်လို့ ရပါလိမ့်မယ်။ တခြား Software ထပ်သွင်းစရာ မလိုပါဘူး။ User Account လုပ်စရာ မလိုပဲ အခမဲ့ ကြည့်နိုင်တယ်။ ကျွန်မ ကြည့်မိသလောက်တော့ အဲ့ဒီက Movies တွေရဲ့ Quality က မဆိုးပါဘူး။ Movie အသစ်တွေ အတော်များများ ရှိသလို အမြဲလည်း update လုပ်နေတာ တွေ့ ရပါတယ်။ ရုပ်ရှင်ကြည့်ရတာကို နှစ်သက်သူများ သဘောကျမယ့် Website တစ်ခုပါ။
(SSUpload : This is a great site for people who want to kill some time and have some good entertainment by watching movies.)

14 October 2007
တနင်္ဂနွေ မနက်စောစော ထပြီး ဘုန်းကြီးကျောင်းသွားဖြစ်တယ်။ စနေညက မနက် ၄ နာရီ ကျော်လောက်မှ အိပ်ဖြစ်ပေမယ့် တနင်္ဂနွေမနက် ၇ နာရီလောက် နိုးလာတယ်။ ပုံမှန်ဆို ဘယ် အဲ့ဒီအချိန်နိုးနိုင်ပါ့မလဲ။ မတွေ့ တာ အတော်ကြာပြီး ဖြစ်တဲ့ သူငယ်ချင်း တစ်ယောက်က ဒီနေ့ မှာ ဘုန်းကြီးကျောင်း သွားရအောင်လို့ ကြိုမှာထားပြီး၊ ဘယ်အချိန်သွားမယ် သေချာ မပြောရသေးတာကြောင့် စိတ်စောပြီး စောစောနိုးလာတာပါ။ ဒါနဲ့  သူငယ်ချင်းကို ဖုန်းဆက် ပြီး တွေ့ မယ့်နေရာ၊ အချိန် ပြောလိုက်တယ်။ ၈း၃၀ ဘုန်းကြီးကျောင်းအရောက်သွားမယ် မှန်းထားပေမယ့် ကျွန်မ နောက်ကျနေတာနဲ့  တကယ်တန်း ဘုန်းကြီးကျောင်း ကို ရောက်တဲ့အချိန်မှာ ၉ နာရီ ထိုးခါနီးနေပါပြီ။
At Toa Payoh Monastery - 14 October 2007
လူတွေအများကြီးပဲ။ အ၀င်လှေခါးတစ်ဘက်စီမှာ ထိုင်ခုံတွေချပြီး အလှူငွေထည့်ဖို့  စက္ကူဘူးတွေအပြင် လက်မှတ်ထိုးနိုင်ရန် စာရွက်တွေ ထားပေးထား ပါတယ်။ တရားပွဲက စနေပြီဆိုတာနဲ့  အောက်ထပ်မှာ အမွှေးတိုင်ထွန်းပြီး ၃ ထပ်ကို တက်သွားလိုက်တော့ လူတွေ ခန်းလုံးပြည့်လျှံနေအောင် များပြားတာ တွေ့ လိုက်ရတယ်။ ဓာတ်ပုံ၊ ဗီဒီယိုရိုက်သူတွေကလည်း ရိုက်လို့ ။ ပွဲကတော့ မစသေးဘူး။ ဒါနဲ့  နောက်နား ရတဲ့နေရာလေးမှာ ထိုင်လိုက်တယ်။ သြကာသ ဘုရားရှိခိုး၊ ငါးပါးသီလ ခံပြီး ဆရာတော်တွေက တရားဟောတယ်။ နောက်ဘက်ကြနေတော့ ဘုန်းတော်ကြီးတချို့  တရားဟောတာကို ကြားတစ်ချက် မကြားတစ်ချက်ပါပဲ။ မြန်မာပြည်တွင်းမှာ သေဆုံးသွားကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ရည်စူးပြီး ယနေ့  ပြုလုပ်တဲ့ ကောင်းမှု့ကုသိုလ်တွေကို ရေစက်ချ အမျှပေးဝေကြ ပါတယ်။ ကျဆုံးသွားတဲ့ အာဇာနည် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ရည်စူးပြီး အားလုံး ၁ မိနစ် ငြိမ်သက်စွာ အလေးပြုကြတယ်။ ပြီးတော့ မေတ္တာပို့ ခြင်း ပြုလုပ်ကြပါတယ်။ အစီအစဉ် တစ်ခုပြီးတိုင်း ဆရာတော်တွေ တဖြည်းဖြည်းခြင်း ပြန်ကြွသွားကြတာကို တွေ့ ရတယ်။
နောက်ပိုင်းမှာ ဒီပွဲကို ဦးစီးလုပ်ဆောင်တဲ့ "ပြည်ပရောက် မျိုးချစ်မြန်မာများ" အဖွဲ့ ကလူတွေ စကားပြောတာတွေ့ ရတယ်။ ဝေပေးတဲ့ စာရွက်မှာ ရေးထားတာကတော့ အဲ့ဒီအဖွဲ့ ရဲ့ ရည်ရွယ်ချက်တွေ၊ ဦးတည်ချက်နဲ့  လုပ်ဆောင်ချက်တွေကို ရှင်းလင်းပြောကြားပြီး သူတို့ နဲ့ ပတ်သက်တဲ့ မေမြန်းချက်တွေ ရှိရင် ဖြေကြားမယ်လို့  ရေးထားတာတွေ့ ရပါတယ်။ လူတွေဟာ တရားနာနေတုန်းကနဲ့ မတူ တိတ်ဆိတ်မနေပဲ၊ အသံတွေဆူညံလာတာနဲ့  ရှေ့ က ဘာတွေပြောနေမှန်း သေချာမကြားတော့လို့  အောက်ထပ်ဆင်း ဘုရားရှိခိုးပြီး ပြန်ခဲ့လိုက်ပါတယ်။ ကျွန်မတို့ ပြန်တဲ့အချိန်အထိ တခြားသူတွေ လာနေတုန်းပဲရှိကြပါသေးတယ်။
ဒီမှာကတော့ အဲ့ဒီပွဲမှာ နောက်ဆုံး ကြွေးကြော်ရွက်ဆိုမယ်ဆိုတဲ့ သစ္စာပြု ကြွေးကြော်သံ ပါ။
ငါတည်းတစ်ယောက် ချမ်းသာရောက်ဖို့ 
အခုလောက် ကြိုးကုတ် အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ အတွက်မို့ ၊
ငါပါ အသက်ဆုံးစေမည်
နောက်မဆုတ်ပေါင် အခုလိုတွေးလို့ 
ကုသိုလ်ရေးမို့  ကြိုးစားမည်။
တို့ လည်း ကြိုးစားမည်။
မေတ္တာပို့ ရွက်ဆိုနေတုန်းက အခုလိုရွက်ဆိုနေချိန်မှာ ငါတကယ်ရော မေတ္တာတရား ပွါးများနိုင်ရဲ့လားလို့  တွေးမိလိုက်တယ်။ လူတိုင်းအပေါ် မေတ္တာတရားပွါးများဖို့ ဆိုတာ လွယ်ကူတဲ့ အရာတစ်ခုမှ မဟုတ်တာ။ စိတ်ကို ထိန်းချုပ်ဖို့ ဆိုတာ ပိုမလွယ်ကူပါဘူး။ အင်း.. မေတ္တာပို့ ကို လူအများနဲ့ ရွက်ဆိုရတာထက်စာရင် တစ်ယောက်တည်း တိုးတိုးတိတ်တိတ် စိတ်ညွတ်ပြီး မေတ္တာပို့ အမျှဝေရတာကို ပိုသဘောကျမိတယ်။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ
လူအချင်းချင်း ဖိနှိပ်ခြင်း ကင်းရှင်းကြပါစေ
လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ
လူအချင်းချင်း သတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေ
ဥပါဒ်ရန်ဝေး ကင်းစင်ဝေး ငြိမ်းချမ်းကြပါစေ
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

လူသားအားလုံး အချင်းချင်း လှည့်ပတ်ခြင်း၊ ဖိနှိပ်ခြင်း ၊နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းမှ ကင်းရှင်းကြလို့  ဘေးဥပါဒ် ရန်အပေါင်းမှ ဝေးကွာကာ ကိုယ်စိတ်နှလုံး ငြိမ်းချမ်းမှု့ရကြပါစေ။

October 14, 2007
A Day at the Singapore Zoo
ဒီနေ့  Zoo ကိုသွားဖြစ်ခဲ့တယ်။ သူငယ်ချင်းတွေနဲ့  နောက်နေ့ ကြအတိုင်း ပြောရမယ်ဆိုရင်တော့ ဒီနေ့  အမျိုးတွေ သွားကြည့်ဖြစ်ခဲ့တယ်ပေါ့လေ။ ဒီနေ့ နဲ့ ဆို အဲဒီကို ရောက်တာ ၂ ခေါက်ရှိပြီပေါ့။ လွန်ခဲ့တဲ့ ၃ ကျော်က ပထမ တစ်ခေါက် ရောက်ခဲ့ဖူးတယ်။ ဒီနိုင်ငံက ကျဉ်းရတဲ့ အထဲ သွားစရာ နေရာကလည် များများ စားစားမရှိဘူး။ ဟိုလတွေထဲက တစ်နေရာရာ သွားဦးမယ် စိတ်ကူးနေတာကနေ zoo သွားဖို့  admission tickets အလုပ်ကနေ လျှောက်လို့ ရသွားတယ်လေ။

ဇွဲကြီးတယ်ဆိုရမလား မိုးတွေရွာနေတဲ့ အကြားက ထီးဆောင်းပြီး အနှံ့ လျှောက်ကြည့်ခဲ့ပါတယ်။ ဆိုးလိုက်တဲ့မိုး ၊ မနက်တည်းကစပြီး တနေ့ လုံး တဖွဲဖွဲ ရွာနေလိုက်တာ ညနေပိုင်း အိမ်ပြန်ခါနီးမှပဲ မိုးစဲသွားတော့တယ်။ ဓာတ်ပုံတွေလည်း အတော်များများ ရိုက်ဖြစ်တယ်။ မိုးရွာထဲဆိုတော့ သိပ်တော့ အဆင်မပြေဘူးပေါ့။ မိုးရွာနေလို့  လူရှင်းနေတယ် မထင်ပါနဲ့ ၊ သွားစရာမရှိ၊ ရတဲ့ အားလပ်ရက်လေး အချိန်လုပြီး လာကြရတယ် ထင်ပါတယ်၊ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတာပါပဲ။
အချိန်ရတယ်ဆိုရင်တော့ ကျွန်မသူငယ်ချင်း ရိုက်ထားတဲ့ ဓာတ်ပုံတချို့ နဲ့  ကျွန်မ မြင်သမျှလေးတွေ မှတ်မိသလောက် ချရေးထားတာကို ဖတ်ကြည့်နိုင်ပါတယ်။
A Day at the Singapore Zoo - 13 October 2007
Singapore Zoo ဆိုတာ တကယ်တော့ ရနိုင်သမျှ မြေကျဉ်းကျဉ်းလေးမှာ အကန့် လေးတွေလို့ နေရာတွေ ကန့် သတ်ပြီး အကောင်တွေကို စုပြုံထဲထားတဲ့ နေရာတစ်ခုပါ။ ဒီနိုင်ငံမှာ ငါတို့ လူတွေမှ ကျဉ်းကျဉ်းကျပ်ကျပ် နေရတာ မဟုတ်ဘူး၊ ဒီထဲက အကောင်တွေလဲ ရေပတ်လယ်ဝိုင်းနေတဲ့ နေရာ ကျဉ်းကျဉ်းလေးတွေမှာ နေနေရတာပါလားလို့  တွေးမိပြီး ကိုယ့်ကိုကိုယ်ပဲ သနားရတော့မလိုလို၊ အဲ့ဒီအကောင်တွေပဲ သနားရတော့မလိုလို၊ ကိုယ်တွေနဲ့  သူတို့ နဲ့  တစ်ခုခု လာတူနေသလိုလို စိတ်ထဲ တမျိုးကြီးတောင် ဖြစ်ခဲ့သေးတယ်။
ဒါနဲ့  စင်္ကာပူက တိရစ္ဆာန်ရုံမှာ အများဆုံးရှိနေတာ မျောက်တွေပါပဲ။ ချန်ပန်စီ၊ မျောက်ဖင်နီ၊ မျောက်ညို၊ မျောက်မဲ၊ မျောက်လွှဲကျော် နဲ့  တခြား အမျိုးပေါင်း တော်တော်လေးရှိတာတွေ့ ရတယ်။ ကျွန်မ အမှတ်မမှားဘူးဆိုရင် "Colourful world of the Monkeys" ဆိုတာတောင် မြင်မိသလိုပါပဲ။ သူတို့  နေရာ ချထားပုံအရ ဘယ်နေရာ ကြည့်ကြည့် အဲ့ဒီမျောက်တွေပဲ မလွဲအောင် ဖြစ်နေတယ်။ မယုံရင် ဒီ Singapore Zoo Map မှာ ကြည့်ကြည့်ပါ။ မျောက်တွေ ဘယ်လောက်များလဲ တွေ့ ရမယ်။
စိတ်ဝင်စားစရာဆိုလို့  ကျားဖြူ ( White Tiger) 3 ကောင်တွေ့ ခဲ့တယ်။ အဲ့ဒီအချိန်မှာ မိုးတွေက သည်းကြီးမည်းကြီး ရွာချလိုက်တော့ မိုးရေထဲမှာ စိတ်ပျက်နေတဲ့ ကျားဖြူကြီးတွေ တွေ့ ခဲ့ရတာပေါ့။ ထိုင်ရာမထ အပျင်းထူ နေကြတယ်။ ကြည့်နေတဲ့ ခနမှာ ခေါင်းလေးတွေ နည်းနည်းလှုပ်တာကလွဲရင် အမြှီးတောင် မလှုပ်၊ ဘယ်နေရာမှလည်း မရွေ့ ကြဘူး။ လှတာတော့ အတော်လေး လှတယ်။ ၀လည်း ၀တယ်လို့ ပြောနိုင်ပါတယ်။ လှလှ၀၀ ဖြူဖြူကျားကျား ကြီးတွေပေါ့။

Polar Bear နှစ်ကောင်၊ ( အမေ (Sheba)နဲ့ သားလို့ သိရတယ်) ကိုလည်း တွေ့ ခဲ့ပါတယ်။ အဖြူရောင် အမွှေးတွေက သိပ်မဖြူပဲ ၀ါတာတာဖြစ်နေတယ်။ အမေဖြစ်တဲ့အကောင်က ငြိမ်နေပြီး သားဖြစ်တဲ့ အကောင်ကတော့ ရေထဲမှာ ဟိုဘက်ကူလိုက်၊ ဒီဘက်ကူးလိုက် လုပ်နေတာ တွေ့ ခဲ့ရတယ်။ နေရတာက ကျဉ်းရတဲ့အထဲ ရာသီဥတုပူလို့ နဲ့ တူပါတယ် အမွှေးတွေက ကွတ်တိကွတ်ကြား ကျွတ်နေတာ မြင်ရတော့ သူတို့ ကို ကြည့်ပြီး သနားတောင်လာတယ်။ ရေမြင်း အကြီး ၂ကောင် ပေါက်စလေးတစ်ကောင် ၃ ကောင်လည်းတွေ့ ခဲ့တယ်။ ရေမြင်းပေါက်စလေးဆိုပေ့မယ့် သူ့ အရွယ်အစားက ကျွန်မထက်တော့ ကြီးပါသေးတယ်။

ကျား၊ ကျားသစ်၊ မြေခွေ၊ ဒရယ်တို့  တခြားဘာမှန်းမသိတဲ့ အကောင်တွေလည်း ကြည့်တော့ကြည့်ခဲ့တယ်။ အချို့  အကောင်တွေက သိပ်မမြင်ရဘူး။ မိုးရွာလို့  မိုးလွတ်ရာမှာ ခိုအောင်နေကြတယ် ထင်ပါတယ်။ အသေအချာ အနီးကပ်ကြည့်ခဲ့ နိုင်တာကတော့ မြွေတွေပါပဲ။ စင်္ကာပူ တိရစ္ဆာန်ရုံမှာ အဲ့လို အသေအခြာ မြင်နိုင်တာဆိုလို့  မြွေပဲရှိမယ်ထင်ပါတယ်။ ကြည့်နိုင်မှာပေါ့ သူတို့ ကိုက မှန်အိမ်တွေထဲ ထည့်ထားတာလေ။ အချို့ မြွေကြီးတွေက အကြီးကြီးတွေ၊ တချို့ မြွေတွေကတော့ အတော်သေးတယ်၊ မှန်ပုံးနားကပ်ပြီး ဘယ်ဟာမြွေလည်းဆိုတာ အတော်လေးလိုက်ရှာ လိုက်ရသေးတယ်။ ကျွန်မ မျက်စိဘယ်လောက်ကန်းလဲဆိုတာ ပြောပြရဦးမယ်။ မြွေတွေလိုက်ကြည့်ရင်း တစ်နေရာမှာ ပုံးထဲက မြွေဘယ်မှာလည်းဆိုပြီး အသည်းအသန် အနီးကပ်ကြည့်ပြီး လိုက်ရှာတာ ဘေးကလူက ဒီမှာလေဆိုပြီး ပြမှပဲ မြွေက ကျွန်မမျက်နှာတည့်တည့် သစ်ကိုင်းပေါ်မှာ ရှိနေတာ တွေ့ လိုက်ရတယ်။ တိရိစ္ဆာန်ရုံမှာမို့ တော်သေးတယ်။ အပြင်မှာ တကယ်သာဆို ကျွန်မ အခုလို ဘယ်လျှောက်ရေး နေနိုင်တော့မလဲ။ အဲ့ဒီမြွေပေါက်လိုက်လို့  ဘ၀တပါးသို့  ပြောင်းရွှေ့ သွားလောက်ပြီ။
ကြည့်ရတာ အားအရဆုံးကတော့ ကြံ့ကြီးတွေပါပဲ။ ကြံ့ဖြူကြီးတွေ၊ နည်းတဲ့အကောင်ကြီးတွေ မဟုတ်ဘူး။ အကြီးကြီးတွေ။ လမ်းလျှောက်တာ မိန့် မိန့် ကြီးနဲ့  သူတို့ ကို ကြည့်ရတာ အားရပါးရ ရှိလှတယ်။ အားလုံးပေါင်း ၅-၆ ကောင်လောက်ရှိမယ် ထင်တယ်။ အစားကျွေးချိန်နဲ့  တိုက်ဆိုင်သွားလို့  တစ်ကောင်နဲ့ တစ်ကောင် အပြိုင်အဆိုင်တိုးလို့  အစာလုစားနေကြတာကို တွေ့ ခဲ့တယ်။ သူတို့ အကြား ကျွန်မ ၀င်တိုးရင်တော့ အရိုးတောင် ပြန်ရှာလို့ တွေ့ ပါ့မလား မသိဘူး။

ခြင်္သေ့ကြည့်မယ်ဆိုပြီး အတော်လေး လိုက်ရှာလိုက်ရသေးတယ်။ နောက်ဆုံး တွေ့ လည်းတွေ့ ရော စိတ်ပျက်သွားတယ်။ ရေလယ်ကောင် ကုန်းကျဉ်းလေးပေါ်က စိုစွတ်စွတ်နေရာမှာ ပျင်းရိပျင်းတွဲ ထိုင်နေတဲ့ (African Lion) ခြင်္သေ့ထီးတစ်ကောင် နဲ့  ခြင်္သေ့မ ၃ ကောင်။ နည်းနည်းဝေးတော့ အကောင်တွေကိုလည်း ကောင်ကောင်းမမြင်ရဘူး။ ခြင်္သေ့တွေနဲ ပတ်သက်လို့  သဘောကျတာဆိုလို့  အဲ့ဒီနားမှာ ရိုက်ထားတဲ့ ကိုယ့်ဓာတ်ပုံပဲရှိတယ်။ ခြင်္သေ့နဲ့ လူ ၊ နောက်ကခြင်္သေ့ကိုတော့ ကောင်းကောင်းမတွေ့ ရဘူး၊ အရှေ့က လူကတော့ ပြူးနေတာပဲ။ ရိုက်ပေးတဲ့ သူငယ်ချင်းတော်လို့ လား ကိုယ်ကပဲ လှနေလို့ လား မသိဘူး အဲ့ဒီဓာတ်ပုံက ကြည့်လို့ တော့ အတော်ကောင်းသား။ (ကြည့်ကောင်းတယ်လို့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ခြင်းသာဖြစ်ပါသည်။ :D)

သတိထားမိလိုက်တာ တစ်ခုရှိသေးတယ်။ Tropical crops plantation ဆိုပြီး နေရာတစ်ခုယူလို့  အပင်တွေစိုက်ပြထားတာပါ။ ဘယ်အသီးက ဘယ်အပင်ကထွက်တယ်ဆိုတာ သိအောင်ဖြစ်မယ် ထင်တယ်။ ဒီနိုင်ငံက စိုက်ပျိုးရေးနိုင်ငံမဟုတ်သလို စိုက်စရာနေရာကမရှိတော့ လူတွေက အပင်တွေအကြောင်း စာတွေ့ လောက်ပဲသိလို့ ၊ အပင်နဲ့ ပါ တွဲပြီး မြင်ဖူးအောင် ရှိတဲ့ နေရာကျဉ်းလေးမှာစုပြီး စိုက်ပြထားတာ ဖြစ်မယ် ထင်ပါတယ်။ ဘယ်လိုပြထားလဲဆိုတော့ ဥပမာ မင်းဂွတ်သီးပင် တစ်ပင်ရှိတယ်၊ အဲ့ဒီ အောက်မှာဆို ဘာအပင်လည်းဆိုတာ စာရေးပြထားပြီး မင်းဂွတ်သီးပုံ အရုပ်တစ်ခု အပင်အောက်မှ လုပ်ပေးထားတယ်။ အသေအချာ အပင်ကို မော့ကြည့်ခဲ့တယ်။ ဘာသီးမှ မတွေ့ ခဲ့ဘူး။ အဲ့လိုပဲ နာနတ်သီးပင်၊ သြဇာသီးပင်၊ ငရုတ်သီးပင် (ဒါကတော့ အသီးတွေ သီးနေပါတယ်)၊ ငှက်ပျောပင် ၊ကဘလာသီးပင် နဲ့  တခြား အပင်လေးတွေ အတော်များများ တွေ့ ရတယ်။

သစ်ခွ ပန်းပင်တစ်ချို့  စိုက်ပြထားတဲ့ နေရာကိုလည်း တွေ့ ရတယ်။ အဲ့ဒီထဲက ဒန်းစီးလေဒီလို့  ကျွန်မတို့ ခေါ်ကြတဲ့ အ၀ါရောင်ပန်းလေးတွေနဲ့  အမျိုးတူ အရောင်ကွဲတဲ့ ပန်းတွေလည်းတွေ့ ရတယ်။ အရမ်း ထူးထူးခြားခြားတော့ မရှိပါဘူး။ ပန်းတွေ ကြည့်ချင်တယ်ဆို Orchid Gardens ကိုသွားကြည့်ရမယ် ထင်ပါတယ်။ သူငယ်ချင်းက ပန်းနဲ့ အပြိုင် လူပါပါတဲ့ ပုံတချို့ ရိုက်ပေးပေမယ့် ပန်းကလှပြီး လူကမလိုက်နိုင်တော့ လူနဲ့ ပန်းနဲ့ တွဲရက်ပုံတွေကို စိတ်နာလွန်းပြီး ကျွန်မသူငယ်ချင်း ပန်းပွင့်လေးတွေကြီးသာ သီးသန့်  ရိုက်ထားတဲ့ ပုံတချို့ ကို ပဲ ကြည့်ပါတော့။

သူတို့ စီမှာ နေရာသိပ်မရှိလို့ ထင်ပါတယ်။ တစ်ချို့ အကောင်တွေကို ရောပြီးထားတယ်။ မှတ်မိသလောက် မြင်းကျား ၇-၈ ကောင်နဲ့ ငှက်ကုလားအုတ် ၂ ကောင်ကို ရောထားတာ တွေ့ ရတယ်။ ငှက်ကုလားအုတ်က ဥတွေဥလို့  မြင်းကျားက တတ်နင်းရင် ဘယ်လိုလုပ်မလဲနော်။ အတွေးကြောင်တယ်ဆိုရမယ်။ မျောက်နဲ့  တောင်ဆိတ်လို အကောင်ကို ရောထားတာတွေ့ ရတယ်။ ဒါကတော့ ကိစ္စ သိပ်မရှိဘူး ထင်ပါတယ်။ နောက် ကြံ့တွေနဲ့  ခေါင်းမှာ ဦးဂျိုပါတဲ့ မြင်းလိုလို အကောင်၊ ဘာကောင်မှန်းမဖတ်လိုက်မိဘူး။ တခြား သမင်တွေနဲ့  ဘာငှက်မှန်းမသိတဲ့ ငှက်လေးတွေကိုရောထားတာ လည်း တွေ့ ခဲ့ သေးတယ်။ ရှိသမျှနေရလေးမှာ ရသမျှ အကောင်လေးတွေကို အကုန်စုံအောင် ပြနိုင်ဖို့  ကြိုးစားထားတာ ဖြစ်နိုင်ပါတယ်။

နောက်ပြီး Singapore Zoo မှာ သဘောကျတာတစ်ခုက ထွက်ပေါက် နားက အရုပ်ဆိုင်ပါပဲ။ အရုပ်တွေ အများကြီး ရှိတယ်။ အရုပ်တွေကို လိုက်ကိုင်ကြည့်လို့  သိရသလောက်တော့ အမျိုးအစား ကောင်းတယ် ပြောရမယ်။ အမွှေးပွပွ၊ အိအိလေးတွေ။ ဈေးတော့ကြီးတယ်။ ကိုယ်လက်ခံနိုင်တဲ့ အရုပ်ဆိုဒ်လောက်ဆို ၄၀-၅၀ တော့ အနည်းဆုံးပေးရတယ်။ မ၀ယ်ခဲ့ပေမယ့် အရုပ်တွေနဲ့  ဓာတ်ပုံရိုက်ခဲ့တယ်။ ဓာတ်ပုံရိုက်လို့ လဲ ဘာမှမပြောဘူး။ အပြင်ကအရုပ်ဆိုင်တွေမှာဆို ဓာတ်ပုံရိုက်ခွင့်မရှိဘူးလေ။ ပိုလာဝက်ဝံအဖြူလေးရုပ်လေး၊ ကျားအဖြူလေး၊ ခြင်္သေ့ရုပ်၊ ဖျံရုပ် .. အင်း အဲဒီက အရုပ် အတော်များများကို သဘောကျတယ်။
သူတို့  zoo ကိုကြည့်ပြီး ကျွန်မတို့  နိုင်ငံ ရန်ကုန်မြို့က တိရစ္ဆာန်ရုံကိုတောင် သတိရမိတယ်။ ဟိုးတလော ကတောင် နှစ်၁၀၀ ပြည့်ပွဲဆိုလား လုပ်သွားတယ်လို့ ကြားလိုက်သလိုပဲ။ ရန်ကုန်တိရိစ္ဆာန်ဥယာဉ်ကို မရောက်တာ အတော်ကြာပြီ။ ဟိုးငယ်ငယ်က အိမ်ကလိုက်ပို့ တုန်းက ရောက်ဖူးတာပဲရှိတယ်။ နောက်ပိုင်းတော့ အိမ်မှာ ဘယ်သူမှ မအားတာနဲ့  မရောက်ဖြစ်တော့ဘူး။ မိုမိုရေ ဆို ၀ူးလို့  ထူးတတ်တဲ့ ဆင်ကြီးကို သတိရတယ်။ ဆင်တွေ၊ မွေတွေနဲ့ ကပြတဲ့ ပွဲတွေကို နည်းနည်း မှတ်မိသေးတယ်။ ဆင်တွေကို ကြံတွေ ၀ယ်ပြီး ကျွေးတာ၊ မျောက်တွေကို ငှက်ပျောသီးကျွေးတာ သတိ၇တယ်။ ဒါနဲ့  ဒီစင်္ကာပူမှာ တရိစ္ဆာန်တွေကို အစားကျွေးခွင့် မရှိဘူးနော်။ သူတို့ က စည်းနဲ့ ကမ်းနဲ့  အချိန်နဲ့ ကျွေးတာ။ ဘယ်အကောင်ကို ဘယ်အချိန်မှာ ကျွေးရမယ်ဆိုတာ ရေးထားတာတွေ့ ရတယ်။ အစားကျွေးချိန်မှာရောက်သွားရင်တော့ ၀ယ်ကျွေးလို့ ရလားမရလား ကျွန်မသိဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့  ရန်ကုန်မြို့က တိရစ္ဆာန်ရုံက ဒီစင်္ကာပူထက် အများကြီးသာပါတယ်။ နေရာ အကျယ်ကြီးမှာ အကောင်တွေ အများကြီးရှိတယ်။ ကလေးတွေ ကစားဖို့ နေရာ အကျယ်ကြီး ရှိတယ်။ ပြောစရာဆိုလို့  ကျွန်မတို့ စီက အကောင်တွေက အစားကောင်းကောင်း မစားရလို့  ပိန်နေပြီး ဒီက အကောင်တွေက အစာကောင်းကောင်း စားရလို့  ၀နေ၊ လှနေတာ တစ်ခုပဲရှိမယ်ထင်ပါတယ်။ ရန်ကုန်ရောက်လို့ အခွင့်အရေးကြုံရင် တိရစ္ဆာန်ရုံကို တစ်ခေါက်လောက် သွားဖြစ်အောင် သွားကြည့်လိုက်ဦးမယ်။ ရှိသေးတယ်ဆိုရင်ပေါ့လေ။

ဓာတ်ပုံတွေ အားလုံးကို ကျွန်မရဲ့ သူငယ်ချင်းကြီး SMA ရိုက်ထားတာပါ။ သူ ရိုက်ထားတဲ့ ပုံအများကြီးထဲက ကျွန်မ စိတ်ကူးပေါက်ရာ ပုံတွေကို ယူသုံးထားခြင်းဖြစ်ပါတယ်။ ပုံအကြီးတွေ တခြားပုံတွေ ကြည့်ချင်တယ်၊ လိုချင်တယ်ဆို သူစီမှာ တောင်းယူကြည့်ရှု့ နိုင်ပါတယ်။
All Photos Credit to Soe Moe Aung
Related Link: Singapore Zoo, Singapore Zoo (Wiki)

အချိန်ရတယ်ဆိုရင်တော့ ကျွန်မသူငယ်ချင်း ရိုက်ထားတဲ့ ဓာတ်ပုံတချို့ နဲ့  ကျွန်မ မြင်သမျှလေးတွေ မှတ်မိသလောက် ချရေးထားတာကို ဖတ်ကြည့်နိုင်ပါတယ်။
A Day at the Singapore Zoo - 13 October 2007
Singapore Zoo ဆိုတာ တကယ်တော့ ရနိုင်သမျှ မြေကျဉ်းကျဉ်းလေးမှာ အကန့် လေးတွေလို့ နေရာတွေ ကန့် သတ်ပြီး အကောင်တွေကို စုပြုံထဲထားတဲ့ နေရာတစ်ခုပါ။ ဒီနိုင်ငံမှာ ငါတို့ လူတွေမှ ကျဉ်းကျဉ်းကျပ်ကျပ် နေရတာ မဟုတ်ဘူး၊ ဒီထဲက အကောင်တွေလဲ ရေပတ်လယ်ဝိုင်းနေတဲ့ နေရာ ကျဉ်းကျဉ်းလေးတွေမှာ နေနေရတာပါလားလို့  တွေးမိပြီး ကိုယ့်ကိုကိုယ်ပဲ သနားရတော့မလိုလို၊ အဲ့ဒီအကောင်တွေပဲ သနားရတော့မလိုလို၊ ကိုယ်တွေနဲ့  သူတို့ နဲ့  တစ်ခုခု လာတူနေသလိုလို စိတ်ထဲ တမျိုးကြီးတောင် ဖြစ်ခဲ့သေးတယ်။
ဒါနဲ့  စင်္ကာပူက တိရစ္ဆာန်ရုံမှာ အများဆုံးရှိနေတာ မျောက်တွေပါပဲ။ ချန်ပန်စီ၊ မျောက်ဖင်နီ၊ မျောက်ညို၊ မျောက်မဲ၊ မျောက်လွှဲကျော် နဲ့  တခြား အမျိုးပေါင်း တော်တော်လေးရှိတာတွေ့ ရတယ်။ ကျွန်မ အမှတ်မမှားဘူးဆိုရင် "Colourful world of the Monkeys" ဆိုတာတောင် မြင်မိသလိုပါပဲ။ သူတို့  နေရာ ချထားပုံအရ ဘယ်နေရာ ကြည့်ကြည့် အဲ့ဒီမျောက်တွေပဲ မလွဲအောင် ဖြစ်နေတယ်။ မယုံရင် ဒီ Singapore Zoo Map မှာ ကြည့်ကြည့်ပါ။ မျောက်တွေ ဘယ်လောက်များလဲ တွေ့ ရမယ်။
စိတ်ဝင်စားစရာဆိုလို့  ကျားဖြူ ( White Tiger) 3 ကောင်တွေ့ ခဲ့တယ်။ အဲ့ဒီအချိန်မှာ မိုးတွေက သည်းကြီးမည်းကြီး ရွာချလိုက်တော့ မိုးရေထဲမှာ စိတ်ပျက်နေတဲ့ ကျားဖြူကြီးတွေ တွေ့ ခဲ့ရတာပေါ့။ ထိုင်ရာမထ အပျင်းထူ နေကြတယ်။ ကြည့်နေတဲ့ ခနမှာ ခေါင်းလေးတွေ နည်းနည်းလှုပ်တာကလွဲရင် အမြှီးတောင် မလှုပ်၊ ဘယ်နေရာမှလည်း မရွေ့ ကြဘူး။ လှတာတော့ အတော်လေး လှတယ်။ ၀လည်း ၀တယ်လို့ ပြောနိုင်ပါတယ်။ လှလှ၀၀ ဖြူဖြူကျားကျား ကြီးတွေပေါ့။

ဓာတ်ပုံတွေ အားလုံးကို ကျွန်မရဲ့ သူငယ်ချင်းကြီး SMA ရိုက်ထားတာပါ။ သူ ရိုက်ထားတဲ့ ပုံအများကြီးထဲက ကျွန်မ စိတ်ကူးပေါက်ရာ ပုံတွေကို ယူသုံးထားခြင်းဖြစ်ပါတယ်။ ပုံအကြီးတွေ တခြားပုံတွေ ကြည့်ချင်တယ်၊ လိုချင်တယ်ဆို သူစီမှာ တောင်းယူကြည့်ရှု့ နိုင်ပါတယ်။
All Photos Credit to Soe Moe Aung
Related Link: Singapore Zoo, Singapore Zoo (Wiki)
October 12, 2007
Simple Ways to Enjoy Life Every Day
ဒီနေ့ တော့ အလုပ်ရောက်တာနဲ့  အလုပ်လုပ်လေးလုပ်လိုက် ထုံးစံအတိုင်း ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် လုပ်နေရင်း "8 Simple Ways to Enjoy Life Every Day" ဆိုတာလေးကို တွေ့ မိတယ်။ အဲ့ဒီထဲက ပြောထားတဲ့ အချက်တွေနဲ့  တစ်ခုခြင်း ရှင်းပြထားတာတွေကို နှစ်သက်မိတယ်။ ရေးထားတာလေးတွေက ဖတ်ရတာ လွယ်ကူလို့  မြန်မာလို ပြန်ရေးဖို့ မကြိုးစားတော့ ပါဘူး။ အမှန်အတိုင်းပြောရရင် ကောင်းကောင်းမွန်မွန် အဆင်ပြေအောင် ဘာသာ မပြန်တတ်တာကြောင့်လဲ ပါတယ်။ အားလုံး ဖတ်ကြည့်သင့်တဲ့ ရေးသားချက် တစ်ခုပါ။
8 Simple Ways to Enjoy Life Every Day - Pick The Brain
1. Appreciate Beauty
2. Connect With Nature
3. Laugh
4. Have Simple Pleasures
5. Connect With People
6. Learn
7. Rethink Your Mornings and Evenings
8. Celebrate Your Successes

E. E. Cummings once said “the most wasted of all days is one without laughter.” How very true. Never be too busy to laugh, or too serious to smile. Instead, surround yourself with fun people and don’t get caught up in your own sense of importance.
8 Simple Ways to Enjoy Life Every Day - Pick The Brain
1. Appreciate Beauty
2. Connect With Nature
3. Laugh
4. Have Simple Pleasures
5. Connect With People
6. Learn
7. Rethink Your Mornings and Evenings
8. Celebrate Your Successes

Daniel Powter - Bad Day
အဆင်မပြေသောနေ့ တစ်နေ့ မှ မပြည့်စုံသော ပိုစ့်တစ်ခုအတွက်...
Daniel Powter - Bad Day
Daniel Powter - Bad Day (You Tube)
You had a bad day
You're taking one down
You sing a sad song just to turn it around
You say you don't know
You tell me don't lie
You work at a smile and you go for a ride
You had a bad day
The camera don't lie
You're coming back down and you really don't mind

October 10, 2007
Bad Day
ဘ၀မှာ အမြဲ အဆင်ပြေတာတွေကြီးပဲ ကြုံတွေ့ နေရမယ်လို့  မထင်ထားပေမယ့် ဒီနေ့ ကတော့ အတော်လေးကို အဆင်မပြေတာတွေ ကြုံတွေ့ ရတဲ့ နေ့ တစ်နေ့ ပါပဲ။ ဘယ်သူနဲ့ မှ စကားမပြောချင်၊ ကိုယ်တစ်ယောက်တည်း နေလိုက်ချင်ပါတယ်ဆိုမှ ပျက်ကွက်လို့ မရတဲ့ မီတင်တစ်ခုတက်ပြီး လူအများရှေ့ မှာ ဟန်ဆောင် အပြုံးတု တစ်ခုနဲ့  မတည်ငြိမ်တဲ့ စိတ်တွေကို ထိန်းချုပ်ပြီး ၂ နာရီကျော် နေခဲ့ရသေးတယ်။ မှတ်မှတ်ယယ ဟန်ဆောင်တယ် ဆိုတာ အတော်ခက်မှန်း သိလိုက်ရတယ့် နေ့ တစ်နေ့ ပဲ။ ဒီနေ့  မိဘနှစ်ပါးကို အကြိမ်အနည်းငယ် နှောက်ယှက် လိုက်မိသေးတယ်။ အဖေက ဒီနေ့ မနက်ကမှ အိမ်ပြန်ရောက်တာတဲ့။ ကိုယ့်အသံကြားရုံနဲ့  ကိုယ့်ရဲ့ စိတ်ကို ခန့် မှန်းနိုင်ကြတဲ့ မိဘတွေရဲ့ ဘ၀မှာ ဘာတွေပဲ ကြုံနေပါစေ အားမလျှော့ နဲ့  အားလုံးအဆင်ပြေမှာပါ၊ အကုန်ရင်ဆိုင်နိုင်မယ်လို့  ယုံကြည်ပါတယ် ဆိုတဲ့ စကားသံတွေကို အားအင်အဖြစ်ယူလို့  ကျနေတဲ့စိတ်တွေကို ပြန်ကောက်လို့  ကိုယ်ကိုကိုယ် ပြန်တည်ဆောင်ယူရဦးမယ်။ 
လူတစ်ယောက် စိတ်ညစ်တယ်၊ ပျော်တယ် .. ဘာဘာ ညာညာဆိုတာတွေဟာ ကိုယ့်ရဲ့ စိတ်နဲ့ ပဲ အဓိက သက်ဆိုင်တာတဲ့။ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ရမယ်။ ခုရက်ပိုင်းမှာ လုပ်စရာတွေက အများကြီးရှိနေတယ်။ အခုအချိန်မှာ ဘာတွေဘယ်လောက် အဆင်မပြေပါစေ... တသက်လုံး ဒီလိုကြီးပဲ အဆင်မပြေမှု့တွေနဲ့  စိတ်ညစ်နေရအောင် ကိုယ့်ရဲ့ ကံကြမ္မာက ဆိုးရွားလှမယ် မထင်ပါဘူး။ သိပ်မဝေးတဲ့ အချိန်တစ်ခုမှာ ပြန်လည် တည်ငြိမ်လာမယ်၊ အရာရာ အဆင်ပြေလာမယ် ဆိုတာ ယုံကြည်ထားပါတယ်... ဒီနေ့ ပဲလား.. မနက်ဖြန်မှလား.. အင်း.... တစ်နေ့ နေ့ မှာပေါ့..

October 09, 2007
Minister for Relations - Myanmar
စစ်အစိုးရနဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြား ဆက်သွယ်မှု့ တွေ ပြုလုပ်ပေးမယ် သူ တစ်ယောက်ခန့့်လိုက်တယ် ဆိုတဲ့ သတင်းကြားလိုက်ရထဲက ကျွန်မ စိတ်ထဲမှာ သိချင်တာတစ်ခုက မြန်မာပြည်က သတင်းစာတွေမှာ အဲ့ဒီ ရာထူးအသစ်ခန့်  လိုက်တယ် ဆိုတဲ့ သတင်းကို ဘယ်လို ထည့်မယ် ဆိုတာပါပဲ။ အဲ့ဒီနေရာမှာ တာဝန်ထမ်းဆောင်မယ့်သူက လက်ရှိ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့  အကြားမှာ ဆက်သွယ်ပြီး ပိုကောင်းမွန်တဲ့ တိုးတက်မှု့ တွေ လုပ်ပေးနိုင်မယ်လို့  ကျွန်မ မမျှော်လင့်သလို ၊ လုပ်နိုင်မယ်လို့ လည်း မထင်ပါဘူး။ စစ်အစိုးရဘက်က ခန့် တဲ့ သူတစ်ယောက်က ဘယ်လိုလုပ်ပြီး မှန်ကန်တဲ့ ရပ်တည်မှု့မျိုးနဲ့  ဆက်ဆံရေးတိုးတက်အောင် လုပ်ပေးနိုင်မှာလဲ။
ဒီနေ့  မနက်စောစော အလုပ်ရောက်တာနဲ့  မြန်မာ့အလင်းနဲ့  ကြေးမှုံသတင်းစာကို ဖတ်မယ်ဆိုပြီး MRTV-3 Program ကိုသွားကြည့်ဖြစ်တယ်။ အဲ့ဒီဆိုဒ်က ကြည့်မရဘူးဖြစ်နေတယ်။ ကျွန်မ သတင်းစာ ဖတ်ချင်ဇောတွေ များပြီး မြန်မာပြည်တွင်းက တင်တဲ့ wesite တွေ ကို နေ့ လယ်ပိုင်းတွေမှာ ကြည့်လို့ မရဘူးဆိုတာ မေ့သွားတယ်။ ညဘက် အိမ်ပြန်ရောက်လို့  မြန်မာပြည်က carfew အချိန်ရောက်မှပဲ သတင်းစာတွေ သွားဖတ်ဖြစ်အောင် ဖတ်ဦးမယ်လို့ ပဲ စိတ်လျှော့ခဲ့ရတယ်။ နေ့ လယ်ပိုင်း ကြတော့ မြန်မာပြည်အင်တာနက်ရတဲ့ သတင်းကြားတာနဲ့  ၀မ်းသာအားရ ကျွန်မ ပထမဆုံး လုပ်တဲ့ အလုပ်က မြန်မာသတင်းစာ သွားဖတ်တာပါပဲ။ အဲ့ဒီနေရာမှာ တာဝန်ထမ်းဆောင်မယ့် သူရဲ့ ရာထူးက ၀န်ကြီးအဆင့်တဲ့။ မြန်မာပြည်မှ ၀န်ကြီးတွေ ဘယ်နှစ်ယောက်တောင် ရှိနေလည်း ကျွန်မ သိလား ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တယ်။ မသိဘူးရှင့်။ အင်း ... ကျွန်မပဲ ညံ့တာလား၊ မြန်မာပြည်မှာ ၀န်ကြီးတွေပဲ အရမ်းများနေတာလားတော့ မသိဘူး။ ထားပါ။ အဲ့ဒီဝန်ကြီးကို နာမည်ပေးထားတာက "ဆက်ဆံရေးဝန်ကြီး" တဲ့။ သူ့  လက်အောက်မှာ လုပ်ကိုင်နေသူ တခြားရာထူး ဘယ်သူမှရှိမယ် မထင်တော့၊ တစ်ယောက်တည်း ဒါပေမယ့် ၀န်ကြီးလုပ်နေတာလို့  ပြောလို့ ရမယ် ထင်ပါတယ်။ ဒီအစိုးရလက်ထက်မှာ ရာထူးအသစ်တွေ ဖော်ထုတ်ခဲ့တာ အတော်များနေပြီ။ မြန်မာပြည်မှမပြောနဲ့  ကမ္ဘာမှာတောင် တစ်ခါမှ မရှိဘူးတဲ့ " ဗိုလ်ချုပ်မှူးကြီး " ဆိုတဲ့ ရာထူးကို ယူထားပြီး တိုင်းပြည်ကို အုပ်ချုပ်နေတာ မဟုတ်လား။ လက်ရှိအခြေအနေမှာ ကျွန်မတို့ မြန်မာပြည်ဟာ ကမ္ဘာနဲ့  ယှဉ်လိုက်ရင် တခြားနေရာတွေမှာသာ အောင်ဆုံးအဆင့်မှာ ရှိချင်ရှိနေမယ်၊ ရာထူးအသစ်တွေ ရှာဖွေဖော်ထုတ် ခန့်အပ်တဲ့နေရာမှာ ဆိုရင်တော့ ထိပ်ဆုံးက မဟုတ်တောင် Top 10 ထဲမှာတော့ ပါနေမယ်ဆိုတာကို ယုံကြည်မိပါတယ်။

ဒီမှာ သတင်းစာတွေမှာပါတဲ့ ရာထူးအသစ် "ဆက်ဆံရေးဝန်ကြီး တာဝန်ပေးအပ်ကြောင်း" ကြေညာချက်ပါ...

Photo Credit to Ko osprey
Related Sources:Myanmar democracy leader's party resists preconditions for talks with junta
Myanmar appoints Suu Kyi 'liaison'
Re-Open Internet Connection in Burma
ခုနက ရန်ကုန်က သူတချို့ အွန်လိုင်းတတ်လာပြီးပြောတာကြောင့် သူတို့  မြန်မာပြည်မှာ အင်တာနက်ကို ဒီနေ့  (2007/10/09) နေ့ လယ် ကစလို့  ပြန်သုံးလို့ ရနေပြီလို့ သိလိုက်ရပါတယ်။
မြန်မာပြည်မှာ အင်တာနက်ကွန်နက်ရှင်းကို လုံးဝ သုံးလို့ မရအောင် ဖြတ်တောက်ထားရကနေ ပြီးခဲ့တဲ့ သောကြာနေ့  ညပိုင်းလောက်ကစလို့  Carfew time အချိန်တွေမှာ (ည ၁၀ နာရီ - မနက် ၅ နာရီ) အထိ သုံးရနေကြောင်း သိခဲ့ရတယ်။ အဲ့ဒီလို ညပိုင်းအချိန်မှာတောင် မြန်မာတယ်လီပို့  (ယခင် ပုဂံဆိုက်ဘာတက်) ကပဲ အင်တာနက်ကို ဖွင့် ပေးတာဖြစ်ပြီး၊ MPT ကတော့ လုံးဝ သုံးလို့  မရအောင် ဖြတ်တောက်ထားတုန်းပဲလို့  သိခဲ့ရတယ်။
အင်တာနက်ကို လူတွေအပြင်မထွက်နိုင်တဲ့ ညပိုင်း Carfew အချိန်မှပဲ ဖွင့်ပေးတော့ အိမ်မှာ အင်တာနက်ရှိသူ (Home User) တွေလောက်ပဲ သုံးလို့ ရတော့တာပေါ့။ ဘယ်သူတွေ ဘာတွေသုံးပြီး ဘယ်ဆိုဒ်တွေဝင်လဲဆိုတာကို အလွယ်တကူ စောင့်ကြည့်နိုင်သွားမယ်။ ဒီတော့ အင်တာနက်ကို ညပိုင်းလေးမှာ အိမ်ကနေ သုံးသူတွေကလည်း လွတ်လွတ်လပ်လပ် မသုံးမပြုရဲကြတောပဲ၊ ဂရုတစိုက်သုံးစွဲနေကြရတယ်လို့ သိရတယ်။ ဒါပေမယ့် နောက်ပိုင်း ကြားရတာကတော့ တချို့  Internet Cafe က ရင်းနှီးသူတွေ သုံးလို့ ရအောင် ညဘက်တွေမှာ ဆိုင်ဖွင့်ပေးပြီး၊ အင်တာနက်သုံးချင်သူတွေက ဧည့်စာရင်းတိုင်လို့  ညလုံးပေါက် အင်တာနက် အသုံးပြုကြတယ်တဲ့လေ။ အင်း .. ဒါမျိုး တို့ တိုင်းပြည်တစ်ခုမှာပဲ ရှိမယ်ထင်တယ်။
ဒီနေ့ နေ့ လယ်မှာ အင်တာနက်သုံးလို့ ရတာတော့ အားလုံးကိုဖွင့်ပေးတာလား၊ ဘယ်လို ပြန်ဖွင့်တာလည်းတော့ သေချာမသိပါဘူး။ တနည်းနည်းနဲ့  သုံးလို့ ရနေတာဟာ လုံးဝ သုံးလို့  မရအောင် ပိတ်ထားခြင်းခံရတာ ထက်စာရင် တော်ပါသေးတယ်လို့  ဖြေတွေလေး တွေးမိတယ်။ တဘက်ကလည်း ဒီလို အင်တာနက် ကွန်နက်ရှင်ပြန်ဖွင့်တာကလည်း ဘယ်လောက်ခံမလဲ၊ ဘယ်အချိန်မှာ ပြန်ပိတ်သွားဦးမှာလဲလို့ စိုးရိမ်နေမိတယ်။

အင်တာနက် ဖြတ်ခဲ့သဖြင့် လုပ်ငန်းအခက်အခဲများကြုံကြရ - ခေတ်ပြိုင်
October 08, 2007
ထလော့ မြန်မာ၊ မြန်မာ ထလော့
ခုရက်ပိုင်း ဆရာဇော်ဂျီရေးသားတဲ့ တို့ တိုင်း တို့ ပြည် ကဗျာထဲက စာသားတချို့ ကို သတိရနေတယ်။
ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ..
ဆောင်ကြလေလော့ ...
တို့ တိုင်း တို့ ပြည် - ဇော်ဂျီ
ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ဉာဏ်ရှေ့ ပန်း၍
တ၀မ်းတစိတ်၊ ညီစေသတည်း။

October 04, 2007
Subscribe to:
Posts (Atom)