Pages

January 17, 2008

Sun acquires MySQL !!!

Sun Microsystems က MySQL ကို ၀ယ်လိုက်ပြန်ပြီ။

the biggest news of the day is... we're putting a billion dollars behind the M in LAMP. If you're an industry insider, you'll know what that means - we're acquiring MySQL AB, the company behind MySQL, the world's most popular open source database. (Helping Dolphins Fly - Jonathan's Blog)

Sun announced an agreement to acquire MySQL AB, an open source icon and developer of one of the world's fastest growing open source databases. This acquisition accelerates Sun's position in enterprise IT to now include the $15 billion database market and reaffirms Sun's position as the leading provider of platforms for the Web economy and its role as the largest commercial open source contributor.

Please read more details .....
Sun to Acquire MySQL Press Kit - Sun.com
Sun acquires MySQL - MySQL's Blog


January 16, 2008

Something in the Air

Something in the Air ဆိုပြီး ဒီနေ့  နေလယ်မှာ တစ်စုံတစ်ခု အသစ်ထုတ်မယ်ဆိုတဲ့ အကြောင်း Apple Website မှာ ကြော်ငြာထားတာတွေတည်းက ဘာများလဲ ဆိုပြီး သိချင်စိတ်နဲ့  စောင့်ကြည့်နေခဲ့မိတယ်။ Apple ကြော်ငြာနဲ့  လူတွေကို စွဲဆောင်တာကတော့ အရမ်းတော်ပါတယ်။ Apple က ထုတ်တဲ့ ပစ္စည်းတွေဟာ တခြားက ထုတ်တဲ့ ပစ္စည်းတွေနဲ့  ယှဉ်ရင် ပိုပြီး ဆွဲဆောင်အား ကောင်းတယ်။ ပိုပြီး လှတယ်။
အခုထွက်တဲ့ MacBook Air က ပုံစံတော့ မိုက်တယ်။ ပါးပါးလေး။ ဘယ်လောက် ပါးသလဲဆို ရုံးသုံးစာအိပ် အ၀ါရောင်ထဲမှာ ထည့်ထားလို့ တောင် ရတယ်။ MacBook Air အကြောင်း အသေးစိတ် သိချင်ရင်တော့ Apple Website မှာ သွားကြည့်လိုက်ပါ။


အခု အသစ်ထွက်တဲ့ MacBook Air နဲ့  အရင် ထွက်ခဲ့တဲ့ MacBook Pro ဘာရွေးမလဲဆို MacBook Pro ပဲလိုချင်တယ်။

Source :
MacBook Air - Apple
Apple introduces MacBook Air - MacWorld

January 14, 2008

14 January 2007

ကျန်းမာရေး မကောင်းပါ။

ဒီနေ့  .. နေ့ လယ်စာ စားပြီးချိန်ကတည်းက မျက်လုံးတွေပူပြီး နှာစီးလာရာကနေ အခု ကိုယ်တွေပါ ပူလာပြီ။ အဖျားဝင်လာပြီ ထင်တယ်။ ဖျားတာ သေချာသွားမှာစိုးလို့  အဖျားရှိမရှိ အပူချိန် တိုင်းမကြည့်တော့ပါဘူး။ ဒီနိုင်ငံရဲ့ ရာသီဥတုကလည်း ခု မိုးရွာလိုက်၊ ခု နေပူလိုက်ဆိုတော့ အလုပ်မှာလည်း ဖျားပြီး ခွင့်ယူတဲ့သူတွေ အများကြီးပဲ။ တချို့ များဆို ဆေးခွင့် ၃ ရက် ဆိုပဲ။ တချို့  က ၂ ရက်တဲ့။ အလုပ်က တစ်ယောက်ပြောသလို တို့ ရုံးမှာ flu vrius တွေ လေထဲပြန့် နေတယ် ပြောတာ မှန်နေပြီ ထင်တယ်။ မနက်က ဘာမှ မဖြစ်သေးဘူး။ အကောင်းကြီးကနေ ချက်ချင်းကြီး နေလို့ မကောင်း ဖြစ်သွားတာ။ ညနေပိုင်း ၄ နာရီက ၆ နာရီ မီတင်ခန်းထဲ သွားထိုင်နေလိုက်ရတော့ အအေးမိသွားပြီး ပိုဆိုးလာတာ လားမသိဘူး။ တခြား အချိန် ခွင့်ယူတာ ဘာမှမဖြစ်ပေမယ့် အခုရက်ပိုင်းမှာ ခွင့်မယူချင်ဘူး။ ဒီသောကြာနေ့  ၁၈ ရက်နေ့ မှာ ပြီးရမယ့် အလုပ်ကလည်း ခုချိန်အထိ ဘာမှမစရ ရသေးဘူး။ တခြား လုပ်စရာတွေလည်း ရှိသေးတယ်။ ဒီရက်ပိုင်း ခွင့်ယူလိုက်ရင် အလုပ်တွေ အချိန်မှီပြီးဖို့  မလွယ်တော့ဘူး။ ဒီလို ရာသီဥတုနဲ့ ဆို ဖျားသွားရင် တော်တော်နဲ့  နလန်ပြန်ထူနိုင်မယ် မထင်ဘူး။ ဒီနေ့ တော့ လိမ်လိမ်မာမာနဲ့  အရမ်းမဖျားခင် ဆေးကြိုသောက်ပြီး အနွေးထည်ထူထူဝတ်လို့  စောစော အိပ်ရာဝင်ပါတော့မယ်။

ပြီးခဲ့သော အားလပ်ရက်

ပြီးခဲ့တဲ့ သောကြာနေ့ ညနေက အလုပ်မှာရှင်းစရာလေးတွေရှင်းနေတာနဲ့  ၈ နာရီလောက်မှာ အလုပ်ကပြန်ဖြစ်တယ်.. သူငယ်ချင်းတွေနဲ အပြင်မသွားပဲ အိမ်ပဲတန်းပြန်ပြီး အိမ်မှာပဲ ထမင်းစားမယ်ဆိုလို့  အစ်ကိုကတောင် တအံ့တသြဖြစ်နေလေရဲ့။ သူအတွက် ထူးဆန်းနေတယ် ထင်ပါတယ်။ ထမင်းစား၊ ခနလောက်စကားပြောပြီး စောစော အိပ်ရာ ၀င်ဖြစ်ခဲ့တယ်...

12-Jan-2008 and 13-Jan-2008
ပြီးခဲ့တဲ့ တနင်္ဂနွေက Golden Mile မှာ စားဖြစ်တဲ့ ထိုင်းအစားအသောက်ပုံ တချို့ ပါ။

ပင်လယ်စာ အသုပ် (မစားတတ်လို့ နည်းနည်း မြည်းကြည်ရုံလောက်ပဲ စားဖြစ်ခဲ့တယ်။)

ဖားသားကြော် (အရိုးများတာကလွဲရင် စားလို့ ကောင်းပါတယ်။)

သင်္ဘောသီးထောင်း(စပ်စပ်လေးနဲ့ စားလို့ ကောင်းတယ်။)

ကြက်အရေခွံကြော် (ကောင်းမကောင်းတော့ မပြောတတ်ဘူး၊ လူ ၄ ယောက် စားတာ ၃ ပွဲတောင် ကုန်သွားပါတယ်)

တုံယန့် ချဉ်စပ်ဟင်းနဲ့ တခြားဟင်ပွဲတွေ( ငါးပေါင်းက လွဲရင် စားသမျှ ဟင်းပွဲ အားလုံးပါအောင် ဓာတ်ပုံရိုက်ထားပါတယ်)

January 11, 2008

List of best Photoshop Tutorials - Amashing Magazine

Amashing Magazine က စုစည်းဖော်ပြထားတဲ့ Best Of Adobe Photoshop Tutorials list ပါ။ Photo Editing စိတ်ဝင်စားသူတွေ အတွက် အသုံးဝင်မယ် ထင်ပါတယ်။


Photo- and Picture Editing and Processing ( 34 Tutorials)
Drawings, Paintings, Cartoons ( 11 Tutorials)
Texteffects ( 7 Tutorials)
Buttons, Logos & Menus (12 Tutorials)
Adobe Photoshop Techniques ( 6 Tutorials)
Further Resources ( 8 Links)

အဲ့ဒီမှာစုစည်းဖော်ပြထားတဲ့ ကျူတိုရီရယ်တွေဟာ professional အဆင့် ကျူတိုရီရယ်တွေလို့  ရေးသားထားတယ်။ အခုအချိန်မှာ Photoshop ကို ကောင်းကောင်း မသုံးတတ်ပေမယ့် လိုရင်သုံးဖို့  မှတ်ထားလိုက်ပါတယ်။ သူများတွေ ပြင်ဆင်ထားတဲ့ ပုံလေးတွေ၊ အထူးပြုလုပ်ချက်လေးတွေ မြင်တိုင်း အားကျမိနေတော့ တစ်နေ့ နေ့ မှာ PhotoShop ကို Professional အဆင့်သုံးတတ်အောင် မဟုတ်တောင်၊ နည်းနည်လောက်တော့ ပိုသိအောင် လေ့လာဖြစ်မယ် ထင်တယ်။ ဓာတ်ပုံတွေရိုက်ပြီး ဟိုပြင် ဒီပြင် လှတပတလေးတွေ ဖြစ်အောင်လုပ်တာဟာလည်း စိတ်ရဲ့ အပန်းဖြေစရာတစ်ခု မဟုတ်လား။

Source :smashingmagazine.com
Credit to SmashingMagazine and THKZ

January 10, 2008

The Internet's Black Holes

အင်တာနက်ရဲ့ တွင်းနက်ကြီးတွေ။ တစ်ကမ္ဘာလုံးမှာမှ ၁၅ တွင်းပဲ ရှိတဲ့ အထဲမှာ ကျွန်မတို့  နိုင်ငံလည်း ပါနေတယ်။

When data travels into those holes, nobody knows what is going on inside. Nobody can guess how data passing through inside those holes
Fifteen countries are black holes in the World Wide Web. News is not free to circulate there. These enemies of the internet are nonetheless here in Tunis and are talking without any shame about freedom of expression. (www.rsf.org)


















Fifteen countries are black holes in the World Wide Web
Belarus Libya Syria
Burma Maldives Tunisia
China Nepal Turkmenistan
Cuba North Korea Uzbekistan
Iran Saudi Arabia Vietnam

Source : Internet's Black Holes
Credit to THKZ

January 08, 2008

ပြာသိုလဆန်း ၁ ရက်နေ့ 

ဒီနေ့  ပြာသိုလဆန်း ၁ ရက်နေ့ ဆိုတာကို သတိမထားမိလိုက်ဘူး။ ညနေဘက် အိမ်က အီးမေးဝင်လာမှပဲ ဒီနေ့  ဟာ ပြာသိုလဆန်း ၁ ရက်နေ့  ဖြစ်ကြောင်း သိလိုက်ရတယ်။ ကိုယ်ကလည်း ကရင်မ မဟုတ်၊ ကိုယ်နဲ့  သက်ဆိုင်သူကလည်း ကရင်ထီးကြီး မဟုတ်လေတော့ ဒီရက်စွဲကို မြန်မာပြက္ခဒိန် မကြည့်ပဲနဲ့  ဘယ်လိုလုပ်ပြီး စိတ်ထဲမှာ မှတ်မိနေနိုင်ပါ့မလဲ။ ကိုယ့်ဘလော့မှာ တင်ထားတဲ့ မြန်မာရက်စွဲဆိုတာကိုလည်း သတိထားပြီး မကြည့်ဖြစ်တာ အတော်လေး ကြာနေပါပြီ။ ဟိုတလောက မြန်မာလိုမွေးနေ့ ကိုတောင်မှ သတိထားနေတဲ့ကြားက ရက်အတော်လေး ကျော်သွားမှ၊ ကျော်သွားပြီဆိုတာ သိလိုက်ရတယ်လေ။

တကယ်တော့ ကျွန်မ မြန်မာပြည်မှာ မရှိနေလို့ သာ ဒီနေ့ ဒီရက်ကို မေ့နေလို့ ရတာပါ။ ခုချိန်မှာ မြန်မာပြည်က မိဘတွေရဲ့ အိမ်မှာသာ ရှိနေပါလား၊ ပြာသိုလဆန်း ၁ရက်နေ့ ဆိုတာကို သတိမထားမိပဲ ကုန်ဆုံးသွားတယ် ဆိုတဲ့ အဖြစ်မျိုး ဘယ်လိုမှ မရှိနိုင်ဘူး။ အဲ့ဒီရက် မတိုင်ခင် ၁ ပတ်လောက်အလို ထဲက အကြာခင် လာတော့မယ်ဆိုတာ ကြိုသိ၊ သတိထားမိ နေမှာပါ။ ကျွန်မမှ မဟုတ်ပါဘူး၊ ကျွန်မတို့ တစ်အိမ်သားလုံးမှ လည်း မဟုတ်ပါဘူး၊ ကျွန်မတို့  အိမ်နားမှာ နေတဲ့သူတွေအားလုံး ကလေး နဲ့ ခွေးက အစ၊ လူကြီးတွေ အဆုံး ရှိသမျှ လူအားလုံး ဒီရက်ကို သတိမထားမိပဲ ကျော်ဖြတ်လို့ မရပါဘူး။ ဒီရက်မတိုင်ခင် ၁ ပတ်လောက် အလိုထဲက ပွဲတော်အတွက် ဆိုင်ခန်းတွေ ကြိုဆောက်တာတို့ ၊ နေရာချတာတို့  ကြိုတင်လုပ်ကိုင်နေကြပြီလေ။ ခုရက်ပိုင်းလို ရက်တွေဆို အိမ်နားက ကားမောင်းသူတွေ အားလုံး ညနေ ၄-၅ နာရီလောက် အိမ်အရောက် ပြန်မှာ ကိုယ့်အိမ်ထဲ၊ ကိုယ့်ခြံထဲ ကိုယ့်ကား ရောက်အောင် မောင်းသွင်းလို့ ရနိုင်တယ်။ ၄လမ်းသွား လမ်းမဟာ ညနေစောင်းပြီဆို ကားမပြောနဲ့  လူတောင် တိုးဖို့  သိပ်မလွယ်ဘူး။ ဈေးဆိုင်တန်းတွေက အသွားလမ်း နဲ့  အပြန်လမ်းဆိုပြီး ၄ တန်းတောင် ရှိနေတယ်လေ။ အသံတွေကလည်း ဆူသလား မမေးနဲ့ ။ ည ၁၂ ကျော်မှ အသံတွေ တိတ်တာ။ တီတီတွမ်တွမ်ဆိုပြီး အသံစုံမှုတ်တဲ့ဟာတွေကလည်း ပွဲခင်းထဲမှာ ရောင်းတယ်လေ။ ကျွန်မနောက်ဆုံးကြုံခဲ့ရတဲ့ ပွဲတုန်းကတော့ ပွဲခင်းထဲ လာသမျှ လူတိုင်းနီးပါး အသံထွက်တဲ့ ကျွဲဂျိုလိုဟာတွေ ၀ယ်ပြီး အပြိုင်အဆိုင် မှုတ်ကြတာ ဆူလို့  ညံလို့ ။ ခုလည်း အရင်ကလိုပဲ စည်ကား၊ ဆူညံသေးတုန်းပဲလား အသေအချာတော့ မသိဘူး။ အိမ်က အီးမေးအရတော့ ထုံးစံအတိုင်း ဆူညံနေတာပဲလို့  သိရတယ်။

ခုနက အိမ်က အီးမေးဖတ်ပြီး အိမ်ပြန်ချင်စိတ် ပေါ်သွားတယ်။ မိဘကို အရမ်း လွမ်းသွားလို့ တော့ မဟုတ်ဘူး။ ဒီရက်ပိုင်း ပွဲဈေးတန်းမှာ ရောင်းနေတဲ့ မုန့် တွေကို စားချင်သွားလို့ ပါ။ ဒီလိုရေးထားသာ အဖေနဲ့ အမေ ဖတ်မိရင်တော့ သမီးအလိမ္မာလေးလို့  ပြောအုံးတော့မယ်။ :D ထမိန်မပါ ဖြူဖြူ၊ နီနီ၊ နက်နက် ကရင် ၀တ်စုံရှည်တွေ ၀တ်ပြီး ပွဲခင်းထဲ လျှောက်ကြမယ့် ကရင်မလေးတွေကိုလည်း မမြင်ရတာကြတော့ မြင်ချင်မိတယ်။ ကရင်မလေးတွေကသာ ထမိန် မပါတာ များတာပါ၊ ကရင်လေးတွေကတော့ ပုဆိုးဝတ်လာကြတာ များပါတယ်။ အိင်္ကျီဆိုလည်း ကရင်မလေးတွေလို မဟုတ်ဘူး၊ ကရင်လေးတွေက အောက်က အဖြူရောင် လက်ရှည်တစ်ထပ် ၀တ်ပြီးမှာသာ အပေါ်က ဂျိုင်းပေါက်ကျယ်တဲ့ ကရင်အိင်္ကျီ ထပ်ဝတ်ကြတယ်လေ။ ကရင်ဒုံး ယိမ်းကတာကိုလည်း ကြည့်ချင်တယ်။ သီချင်းသံတွေနဲ့  တခြားအသံတွေတော့ နားမထောင်ချင်ဘူး။ နားမှ မလည်တာ။ နားမထောင်ချင်လည်း သူတို့ ဆိုသမျှ၊ ပြောသမျှ အိမ်ထဲကနေပြီး အကုန် ကြားနေရမှာပါပဲ။ အဲဒီပွဲမှာ ဆိုတဲ့ သီချင်းတွေထဲက နားလည်တာဆိုလို့  စိုးလွင်လွင်ရဲ့ သီချင်း တစ်ပုဒ်ပဲရှိမယ်။ ခုနေများ ရန်ကုန်မှာ ရှိနေမယ်ဆို ပွဲခင်းထဲ လျှောက်ကြည့်ရင်း မုန့် တွေ အစုံဝယ် စားနေလောက်ပြီ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ နေ့ လယ်က သူငယ်ချင်းတစ်ယောက် တင်ထားတဲ့ ပုံတွေကြည့်ပြီး မုန့် တွေ စားချင်နေခဲ့တယ်။ ပွဲဈေးတန်းမှာဆို အဲဒီမုန့် တွေရှိမှာ အသေအချာပဲ။ ခုချိန်ပွဲခင်းထဲ ရောက်သွားလို့ ကတော့ ပွဲဈေးကမုန့် တွေ သန့် မှာ မဟုတ်ဘူး၊ မစားနဲ့ လို့  မေမေ တားလည်း အရင်လို နားမထောင်ဘဲ တစ်ခုခုဖြစ်ကာမှ ဆေးသောက်တော့မယ် ဆိုပြီး ၀ယ်စားမိမယ် ထင်တယ်။ ခုတော့ မုန့် တကယ်စားဖို့  အခွင့်အရေး မရလို့  ရှိတဲ့ ပုံလေးတွေကြည့်ပြီး မျက်စိအစားကျွေး၊ စိတ်အလွမ်းဖြေ လုပ်နေလိုက်ပါတယ်။

မုန့် လင်မယားကို ပဲပြုတ်လေး၊ ကြက်သွန်မိတ်လေး နဲ့ စားချင်တယ်။ ငုံဥထည့်ထားတာလည်း စားချင်တယ်။

ပုဇွန်ခွက်ကြော်ကို ကြာဇံကြော်နဲ့  မကျည်းမှည့်အချဉ်လေးနဲ့ စားချင်တယ်။

ဒီလို ဂဏန်းလက်မတွေတော့ ခွါပေးမယ့်သူရှိရင်စားချင်တယ်။

ပွဲဈေးတွေမှာရတဲ့ ရေမုန့် လည်း စားချင်တယ်။ကောက်ညင်း ကျည်တောက်လည်း စားချင်တယ်။ အကြော်စုံလည်း စားချင်တယ်။ ဘယာကြော်လည်း စားချင်တယ်။ တခြား စားချင်တာတွေလည်း အများကြီး ရှိသေးတယ်။ နောက်နှစ်ရောက်ရင်.. အေးပြီး နေလို့ ကောင်းတဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလိုအချိန်တွေမှာ အိမ်ပြန်လာပါလား ဆိုတဲ့ အမေ့စကားကို နားထောင်ပြီး ကရင်နှစ်ကူးပွဲနဲ့  ကြုံအောင် အချိန်ကိုက်ပြီး ပြန်အုံးမယ် စိတ်ကူးနေမိတယ်။

Photo Credit to Su

January 07, 2008

Linux Related Free E-books

ခုတလော အင်တာနက်ကို အရင်ကလောက် မသုံးဖြစ်တာနဲ့  ဒီမှာလည်း ဘာမှ သိပ်မရေးဖြစ်ဘူး။ စာဖတ်ဖို့  ပျင်းနေသလို၊ စာရေးဖို့ လည်း စိတ်မပါဘူး ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ ဖတ်ဖို့ ညွှန်းထားတဲ့ ၊ မှတ်ထားဖို့ ပေးတဲ့  Links တွေ လောက်ကလွဲရင် တခြားဘာမှ မဖတ်ဖြစ်သလောက်ပါပဲ။ ဒီနေ့ တစ်ခုခုရေးမယ် စိတ်ကူးမိရင်း ဒီရက်ပိုင်း မှတ်ထားဖြစ်တဲ့ Linux စာအုပ်တွေ Download လုပ်လို့ ရတဲ့ လင့်တွေစုထားတဲ့ နေရာကိုပဲ ပြန်ပြီး ရှယ်ယာလုပ်လိုက်ပါတယ်။ ဒီလိုလင့်တွေကို ခုချက်ချင်း မဖတ်အားတောင် နောက်အားတဲ့ အချိန်၊ ဖတ်ချင်စိတ်ပေါက်တဲ့ အချိန်၊ ဖတ်ဖို့  လိုအပ်လာမယ့် အချိန်တွေမှာ လွယ်လွယ်ကူကူရှာလို့ ရအောင် မှတ်ထားသင့် တယ်လို့  ထင်ပါတယ်။

Linux စိတ်ဝင်စားသူ တချို့ လည်း သိပြီးသားဖြစ်မယ် ထင်တယ်။ အင်တာနက်ပေါ်မှာ အကြောင်းအရာတစ်ခုကို ကိုယ်စိတ်ဝင်စားလို့  သိချင်တယ်ဆို၊ အချိန်ပေးနိုင်မယ်၊ Google ကိုလည်း ကောင်းကောင်း သုံးတတ်မယ်ဆို ကိုယ်လေ့လာချင်တဲ့ အကြောင်းအရာနဲ့  ပတ်သက်တာတွေကို လွယ်လင့်တကူ ရှာဖွေနိုင်ကြတာပဲ မဟုတ်လား။ ဒါပေမယ့် ကျွန်မလို လူတွေအတွက်တော့ အသုံးဝင်မယ် ထင်ပါတယ်။

Credit to linuxhaxor.net and THKZ

January 04, 2008

1st Present for year 2008

03-January-2008

၂၀၀၈ မှာရသော ပထမဆုံးလက်ဆောင်.......

December 30, 2007

Get Well Soon

Myanmar Movies and Videos

အခုအားလပ်ရက်မှာ အပြင်မထွက်ဖြစ်လို့  အိမ်မှာရှိနေတဲ့ အချိန်အများစုမှာ အရင်တုန်းက ဒေါင်းလုတ်လုပ်ထားပြီး ဖတ်ဖို့  ကျန်နေတဲ့ ebooks တွေ ဖတ်လိုက်၊ မြန်မာ ဗီဒီယို တွေ ကြည့်လိုက်နဲ့  အပြည့်အ၀ အနားယူနေပါတယ်။ အင်တာနက်ကွန် နက်ရှင်ကောင်းရင် Streaming တွေ ကြည့်တယ်။ ကွန်နက်ရှင် နှေးတဲ့ အချိန်ကြတော့ ဒေါင်းလုတ် လုပ်ထားတာတွေ ကြည့်တယ်။ မြန်မာရုပ်ရှင်တွေ၊ ဗီဒီယိုတွေတော့ မကြည့်ဖြစ်တာ ကြာနေလို့ လားမသိဘူး သူများတွေ တင်ထားသမျှ အကုန်မကြည့်ပဲ ရွေးကြည့်တာတောင် ခုချိန်ထိ ကြည့်စရာ မကုန်သေးဘူး။

Burmese Classic
MinThiLa - Free Movie Download
Khayan Pyar Ein Met
MyanmarWorld
Yet Another Myanmar Community - Forum
Shwe Dream - Sreaming Videos
Shwe Classic

December 28, 2007

Red Umbrella - Faith Hill



Sometimes life can get a little dark
I'm sure I've got bruises on my heart
Here come the black clouds full of pain
Yeah, you can break away without the chains

Your love is like a red umbrella
Walk the streets like Cinderella
Everyone can see it on my face

(So) let it rain
It's pourin' all around
Let it fall
(No) it ain't gonna drown me
After all
I'm gonna be okay
(So) let it rain
(Oh, let it rain)
(Let it fall)
(I'm gonna be okay)

Let it wash my tears away
Tomorrow's another day
Yeah

December 27, 2007

Splashup : Photo editing tool and Photo manager

Computer ထဲမှာ Software တွေအများကြီး မသွင်းထားချင်တဲ့ သူတွေအတွက် အသုံးဝင်မယ့် Web Application တစ်ခုပါ။
  • ဓာတ်ပုံတွေ Splashup မှာ တင်ပြီး တခြားသူတွေနဲ့  share လို့ ရတယ်။
  • Splashup မှာတင်ထားတဲ့ ပုံတွေကိုသာမက တခြား Photo Sharing sites တွေဖြစ်တဲ့ Flickr, Facebook နဲ့  Picasa မှာတင်ထားတဲ့ ပုံတွေကိုလည်း ပြင်ဆင်လို့  ရတယ်။
  • ပုံတွေ ပြင်ဆင်ရမှာ Crop ၊ Resize လုပ်တဲ့ Features တွေပဲရှိတာ မဟုတ်ပါဘူး။ တခြား pixel controls, layers, blends, filters, brushes, webcam effects, text editing စတဲ့ Feature တွေကိုလည်း အဲ့ဒီ Web Application ကိုသုံးပြီးလုပ်လို့ ရပါတယ်။
  • Splashup မှာ ပါဝင်တဲ့ Photo editing tools ဟာ Photoshop CS3 မှာ tools နဲ့  ခပ်ဆင်ဆင်တူတယ်လို့  ရေးထားတာ ဖတ်ရတယ်။ Splashup ကို စမ်းသုံးကြည့်ဖြစ်ပေမယ့် CS3 ကို မသုံးဘူးတော့ တကယ်တူမတူ မပြောတတ်ဘူး။
  • ပုံတွေ edit လုပ်လို့  တခါတည်းနဲ့  မပြီးနိုင်ရင်လည်း save လုပ်ပြီး နောက်မှ တခါ ပြန်ပြင်လို့ ရပါတယ်။
  • နောက်တစ်ခုကတော့ ပုံတွေ edit လုပ်ရာမှာ ပုံတွေ အများကြီးကို တပြိုင်နက် ပြင်ဆင်လို့ ရပါတယ်။
  • Splashup သုံးဖို့  အတွက် User Login လုပ်ဖို့ လိုအပ်ပေမယ့် Free Registeration ပါ။

Splashup အကြောင်း တခြားသူတွေ ရေးထားတဲ့ အချက်အလက်တွေကို သိချင်တယ်ဆို ဒီအောက်က လင့်တွေမှာ ဖတ်ကြည့်လို့ ရပါတယ်။
Splashup Review: Not Quite There
Splashup.com - Powerful Photo Editing For Pros, Novices

Credit to THKZ

အလိုအပ်ဆုံးအရာ

နဂိုက အအိပ်နဲရတဲ့အထဲ နည်းနည်းလောက် စိတ်ပင်ပန်း၊ စိတ်ရှုပ်၊ စိတ်အခန့် အသင့်တာတွေကြုံ၊ တစ်ခုခုကို စိုးရိမ်ပူပန်လာတာနဲ့  အိပ်မပျော်တတ်တဲ့ အကျင့်ဆိုးက ရှိနေတယ်။

ဒီရက်ပိုင်းမှာ အလိုအပ်ဆုံးအရာကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူရခြင်းပါပဲ။

သူငယ်ချင်းတစ်ယောက် ပြောဖူးသလို ပြောရမယ်ဆို စိတ်အနှောက်အယှက်ဖြစ်စရာ တစ်ခုခုရှိလာတိုင်း ညဘက်တွေမှာ အိပ်မပျော်ဖြစ်တာ စိတ် မထားတတ်တာလို့  ဖြစ်ရတာတဲ့။ တချို့ များ စိတ်ထားတတ်တော့ ဘယ်အနှောက်အယှက်ဖြစ်စရာ ဘယ်လောက်ပဲ များနေပါစေ၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လို အနေအထားမျိုးကို ရောက်နေပါစေ ချက်ချင်း အိပ်ပျော်သွားကြ၊ အဆင်ပြေသလို အိပ်တတ်ကြတယ်။ အဲ့ဒီလို လူတွေကို အခုအချိန်အထိ ကိုယ်မလုပ်နိုင်သေးတဲ့ အလုပ်တွေကို အောင်အောင်မြင်မြင် လုပ်နိုင်နေသူတွေလို့  ယူဆတာကြောင့် အထင်ကြီး အားကျမိပါတယ်။

December 26, 2007

ခရစ်စမတ်ညမှာ သာတဲ့လ

ဒီနှစ် ၂၀၀၇ ခရစ်စမတ်ညမှာ သာတဲ့ လ ဟာ တောင်ပပြီး အရမ်းကို လှပနေခဲ့တယ်။ ကံကောင်းတဲ့သူတွေမှ အဲဒီလို တောက်ပနေတဲ့ လကို ခရစ်စမတ်ညမှာ မြင်ခွင့်ကြုံကြရမှာ ဆိုပြီး သူငယ်ချင်းတစ်ယောက်က သူမြင်နေရတဲ့ လရဲ့ပုံကို ဖုန်းနဲ့  ဓာတ်ပုံ ရိုက်ပြီး ပို့ ပေးခဲ့ ပါတယ်။ မနေ့ ညက ထွန်းလင်းတောက်ပနေတဲ့ လ ကို ဘယ်သူတွေများ တွေ့ မိ၊ သတိထားပြီး ကြည့်ဖြစ်ခဲ့ကြ ပါသလဲ။

Photo Credit to Hong Huei

December 25, 2007

Merry Christmas!


Don't Save It All For Christmas Day


Don't even wait a little while
To give them a little smile
A little is enough

How many people are crying
People are dying...
How many people are asking for love

Don't save it all for Christmas Day
Find a way
To give a little love everyday

Don't save it all for Christmas Day
Find your way
Cause holidays have come and gone
But love lives on
If you give on
Love...
Love...

December 19, 2007

How Busy Am I?

အားလပ်ရက်တွေ ရောက်တော့မယ်ဆိုတော့ အလုပ်ပါးလို့  အများစု ပျော်ရွှင်နေကြတဲ့ အချိန်မှာ၊ ကျွန်မ အလုပ် အရမ်းရှုပ်နေပါတယ်။

How Busy I Am!

December 18, 2007

The Blog Readability Test

လျှောက်ကြည့်ရင်း Blog Toy လေး တစ်ခုတွေ့ တာနဲ့ စမ်းကြည့်လိုက်တာ ကျွန်မ ဘလော့ကို ဖတ်ပြီး နားလည်ဖို့ ဆို High School လောက် ပညာရေးအဆင့်ရှိရုံနဲ့  နားလည် နိုင်တယ်ဆိုတာ သိလိုက်ရတယ်။ ဟုတ်လောက်မယ်။ သိတဲ့အတိုင်း ကျွန်မက စိတ်ကူးပေါက်ရာ၊ စိတ်ကူးတည့်ရာတွေ လျှောက်ရေးတာ များတယ် မဟုတ်လား။ High School လောက်တတ်ဖို့  လိုတယ် ဆိုတာတောင် ဒီမှာ ရေးထားတာတွေများတော့ အဲ့လောက်မှ မတတ်ရင် အကုန်ပြီးအောင် ဖတ်နိုင်မယ် မထင်လို့  ဖြစ်ပါလိမ့်မယ်။ :D

cash advance
ဒါနဲ့  တချို့ ဘလော့တွေများ ရေးထားတာ သိပ်အဆင့်မြင့်လွန်းတော့ Genius အဆင့် ရှိမှသာ သူတို့  စာတွေ ဖတ်ပြီး နားလည်နိုင်မယ် ဆိုလား။ အရေအတွက်ထက် အရည်အချင်းက ပိုပြီး အရေးကြီးတယ်ဆိုတာ သိလိုက်ရတယ်။ အားကျမိပါတယ်။ တချို့  ဘလော့တွေကြတော့လည်း သူတို့ ရေးထားတဲ့ စာတွေကို ဖတ်ပြီး နားလည်ဖို့ ဆို Genius အဆင့်မဟုတ်တောင် Collage ( PostGrad) အဆင့်လောက်တော့ အနည်းဆုံး တတ်ဖို့ လိုတယ်ဆိုတဲ့ အကြောင်း သတင်းပေးတယ်။

ကိုယ့်ဘလော့အကြောင်း ဘယ်သူတွေ ဖတ်ပြီး နားလည်မယ်ဆိုတာ စမ်းကြည့်ချင်တယ်ဆို ဒီမှာ သွားကြည့်လို့ ရပါတယ်။

Linux Journal ( January 2008 )

linuxjournal.com က ထုတ်တဲ့ Linux Journal ပါ။ လစဉ်တင်ပေမယ် စိတ်ကူးခဲ့ပေမယ့် ပို့ မယ့် သူကလည်း မေ့၊ တောင်းရမယ့် သူကလည်း သတိမရ ဖြစ်နေတာ 2007 August ထုတ် တင်ပြီးကတည်းကနေ အခုအချိန် အထိဆို လအတော်ကြာနေပါပြီ။ ဒီတစ်ခါတော့ ပို့ ပေးသူက သတိတရပို့ ပေးတာကြောင့် Year 2008 အတွက် ပထမဆုံး ထုတ်ဝေတဲ့ ဂျာနယ်၊ January လထုတ်ကို Lunix နှစ်သက်သူတွေ၊ စိတ်ဝင်စားသူတွေ ဖတ်နိုင်အောင် မျှဝေလိုက်ပါတယ်။
Credit to : THKZ

Related Link:
Linuxjournal.com
Old-Linux Journals

December 17, 2007

17 December 2007

သူငယ်ချင်းတစ်ယောက် သတင်းပေးတာ နဲ့  G2000 WareHouse Sales ကို နေ့ လယ်ပိုင်းမှာ သွားဖြစ်ခဲ့တယ်။ ပထမ သူငယ်ချင်းတစ်ယောက်က သွားဖို့ ခေါ်တုန်းက မလိုက်တော့ဘူးလို့  ပြောလိုက်တယ်။ ဒါပေမယ့် တခြား သူငယ်ချင်းတွေက သူတို့ သွားကြမယ်ပြောလာတော့၊ အိမ်မှာလည်း မနေချင်၊ G2000 ဆိုတော့ အလုပ်အတွက် ၀တ်ဖို့  သင့်တော်တာတွေ့ ရင် ၀ယ်လို့  ရနိုင်တာ တွေးလိုက်မိလို့  လိုက်သွားဖြစ်တယ်။

Sales ချပြီး ရောင်းတဲ့နေရာကို StreetDirectory မှာ ကြည့်လိုက်တော့ ကျွန်မ အရင်လုပ်ခဲ့တဲ့ အလုပ်နားမှာ ဆိုတာ သိလိုက်ရပေမယ့် ထုံစံအတိုင်း လမ်းတွေ အသေအချာ မမှတ်မိတာနဲ့  Toa Payoh MRT အထိ ရထားစီးပြီး အဲ့ဒီကမှ တဆင့် Taxi စီး သွားလိုက်တယ်။ သိပ်မဝေးတော့ Taxi ခ $S 4 လောက်ပဲ ပေးရပါတယ်။ Taxi မစီးချင်လည်း Toa Payoh MRT ကနေ Bus စီးမယ်ဆို No.8 ကို စီးပြီး သွားလို့ ရပါတယ်။ သိပ်မကြာဘူး။ Macpherson Road - POSB Bank ရှေ့မှာ ဆင်းလိုက်ပြီး လမ်းနည်းနည်းလျှောက်ရင် ရပါတယ်။ အဲ့ဒီ POSB Bank ရှေ့မှာ Siemens Centre ရှိတယ်။ မသိရင် ကားမောင်းတဲ့သူကို POSB မှတ်တိုင် ရောက်ရင်ပြောလို့ မှာ ထားလိုက်လို့ ရပါတယ်။ သွားရလွယ်ပါတယ်။ သူငယ်ချင်းတွေနဲ့  စုပြီးသွားတာဆိုရင် အသွားမှာ Bus စီးမယ့်အစား Taxi စီးသွားတာ အဆင်ပြေမယ် ထင်တယ်။ အနီးဆုံးဖြစ်တဲ့ Potong Pasir MRT ကနေ လမ်းလျှောက်သွားရင်လည်း ရတယ်။ Potong Pasir ကနေ သွားမယ်ဆို နေရာသိတယ်၊ သွားတတ်မယ်ဆို မိနစ် ၂၀ လောက်ပဲ လမ်းလျှောက်ရမယ်။ Ang Mo Kio မှာနေတဲ့ သူငယ်ချင်း တစ်ယောက်ကတော့ AMK ကနေ တစ်ခါတည်း Taxi စီးသွားလိုက်တာ အဲ့ဒီနေရာ အရောက် S$7 လောက်ပဲကျတယ် ပြောတယ်။ ဒါက ဘယ်လို သွားလို့ ရတယ်ဆိုတဲ့ အကြာင်း။ အဲ့ဒီနားမှာ Levis ကို လျှော့ဈေးနဲ့  ရောင်းလေ့ရှိတဲ့ နေရာလည်းရှိတယ်။

ဟိုမှာ ဘာတွေရောင်းနေလဲ။ ကျွန်မ ကတော့ အဲ့ဒီကို သွားသာ သွားဖြစ်လိုက်တယ် ဘာတစ်ခုမှ မ၀ယ်ဖြစ်ခဲ့ပါဘူး။ အဲ့ဒီမှာ ဈေးချရောင်းနေတဲ့ အမျိုးသမီးဝတ် တွေထဲမှာ ကျွန်မနဲ့  အဆင်ပြေတာ ဆိုလို့  တစ်ခုမှ မတွေ့ မိဘူးလေ။ ကုတ်အိင်္ကျီတွေနဲ့  စတိုင် ဘောင်းဘီတွေ၊ Skirt တွေတော့ တွေ့ ပါတယ်။ ကိုယ်နဲ့  ဘယ်လိုမှ ၀တ်လို့ တော်မှာ မဟုတ်တဲ့ Size တွေပဲ ရှိမယ်ဆိုတာ သိနေတာကြောင့် အသေအချာတောင် မကြည့်ဖြစ်ခဲ့ပါဘူး။ သင့်တော်တာတွေ့ ရင် ၀ယ်မယ် စိတ်ကူးထားတဲ့ မိန်းမ၀တ် ရှပ်အိင်္ကျီတွေတော့ မတွေ့  သလောက်ပဲ။ မိန်းကလေး အ၀တ်အထည်တွေ သိပ်မကျန်တော့တာ ကျွန်မတို့ သွားတဲ့အချိန်က ညနေ့ ဖြစ်နေလို့ လားတော့ မသိဘူး။ ဒါပေမယ့် ယောက်ျားလေး ၀တ်တွေကတော့ အတော်များများ ရှိနေတယ်။ အတူသွားတဲ့ သူငယ်ချင်းတွေကတော့ တစ်ယောက်ကို ၃-၄ ထည်စီလောက် ၀ယ်ကြတာတွေ့ ရတယ်။ Size တွေကတော့ အစုံမရှိဘူးတဲ့။ ပြောကြတာပဲ။ ဒါပေမယ့် သူတို့  အတွက် Size တွေတော့ ရှိသေးလို့  ၀ယ်နိုင်တာ ဖြစ်မှာပါ။ ဘာမှ သိပ်မရှိတော့ဘူး။ ဒါတောင် လျှော့ရောင်းတာ ၂ ရက်မြောက်နေ့ ပဲရှိသေးတာပါ။ အဲ့ဒီ WareHouse Sales က 25 December အထိလို့  ကြေညာထားပါတယ်။ အ၀တ် ထုတ်ကြီးတွေ တွေ့ တယ် ဆိုတော့ အဲဒီ အထုတ်သစ်တွေ ထပ်ဖောက်အုံးမယ် ဆိုရင် ၀ယ်စရာတွေ ရှိမှာပေါ့။ ထပ်မဖောက်တော့ဘူး ဆိုရင်တော့ ၀ယ်စရာ ဘာမှရှိတော့မယ် မထင်။

သူငယ်ချင်းတွေ အ၀တ်တွေရွေးနေတုန်း ကိုယ့်မှာလဲ ၀ယ်စရာ၊ ရွေးစရာမရှိတာနဲ့  ဟိုဘက် လျှောက်လိုက်၊ ဒီဘက် လျှောက်လိုက်နဲ့  အ၀တ်တွေ ၀ယ်နေ၊ ရွေးနေတဲ့ သူတွေကို လိုက်ကြည့်ဖြစ်တယ်။ ကျွန်မ မသွားခင်ကတည်းက အဲဒီသွားပြီး ပြန်လာနေတဲ့ သူငယ်ချင်းက မြန်မာတွေ အများကြီးပဲ တွေ့ တယ်ဆိုတဲ့ အကြောင်း သတင်းပေးပါတယ်။ သူပြောတုန်းက ဟုတ်လားလောက်ပဲ ပြန်ပြောမိတယ်၊ ကိုယ်တကယ်ကြုံမှ သူပြောတဲ့ များတယ်ဆိုတာ ဘယ်လောက်များလည်း သိလိုက်ရတယ်။ စကားပြောသံတွေအရတော့ အဲဒီ အခန်းကျဉ်းလေးထဲမှာ ရှိနေတဲ့ လူနည်းနည်းလေးမှာ မြန်မာတွေက တ၀က်ကျော်လောက် ရှိမယ် ထင်တယ်။

အဲ့ဒီမှာ ဈေးဝယ်ပြီး သူငယ်ချင်းတစ်ယောက်က ကိစ္စရှိတယ်ဆိုတာနဲ့  Bus စီးပြီး အော့ချက်သွားဖြစ်တယ်။ နောက်တော့ Orchard မှာ သူငယ်ချင်းတွေ shopping လုပ်တဲ့ နောက်ကို လိုက်ပြီး ဟိုကြည့်ဒီကြည့်နည်းနည်း လုပ်ဖြစ်တယ်။ သူတို့  ၀ယ်လို့ ပြီးတဲ့ အချိန်မှာ အတော်ဆာနေပြီ။ ဒါနဲ့  CityHall သွားပြီး အင်းလေးမှာ ထမင်းစားဖြစ်တယ်။ ဖုန်းကတ်လည်း ၀ယ်ဖြစ်တယ်။ အိမ်ပြန်ရောက်တော့ ည ၁၀ နာရီလောက်ရှိနေပြီ။ ရေမြန်မြန်ချိုးပြီး အင်တာနက်တောင် မသုံးနိုင်တော့ပဲ တန်းပြီး အိပ်ရာဝင်ဖြစ် သွားပါတယ်။ အပြင် မထွက်တာကြာလို့ လား မသိဘူး၊ ဒီနေ့  အတော်လေး ပင်ပန်းသွားတယ်။ မစီးဖြစ်တာကြာတဲ့ Bus စီးလိုက်ရလို့ ပဲလား၊ လမ်းလျှောက်ရတာ များသွားလို့ လားတော့ မသိပါဘူး။ အားလပ်ရက်မှာ ဘာတွေရှုပ်လို့  ရှုပ်မှန်းမသိ ရှုပ်နေပြီး ဘယ်မှ မထွက်ဖြစ်၊ မသွားဖြစ်တာ အတော်ကြာနေပြီလေ။ အခု အားလပ်ရက်မှာတော့ ကတော့ သူများတွေ ဈေးဝယ်ထွက်ရာ လိုက်ဖြစ်သွားတယ်ပေါ့။ ဒါနဲ့ ဒီတစ်ပတ် ကြာသာပတေးနေ့  အလုပ်ပိတ်တယ် အင်း... အဲဒီနေ့ မှ ကိုယ့်အတွက် လိုတာလေးတွေ ထွက်ဝယ်ဖို့  ကြိုးစားကြည့် လိုက်ပါအုံးမယ်။

December 16, 2007

G2000 Warehouse Sales

14 to 25 Dec 07
11am to 7pm

Price Club Pte Ltd
19A Tannery Road
Singapore, 347731

Bus # 8, 61, 64, 65, 66, 90, 151 & 154

Goods sold are non-exchangeable & non-refundable.
While stocks last.
Payment by Cash & NETS only.

Related Links: G2000 Singapore

December 14, 2007

If I knew You and You knew Me

To Know All Is To Forgive All

If I knew you and you knew me--
If both of us could clearly see,
And with an inner sight divine
The meaning of your heart and mine--
I'm sure that we would differ less
And clasp our hands in friendliness;
Our thoughts would pleasantly agree
If I knew you and you knew me.

If I knew you and you knew me,
As each one knows his own self, we
Could look each other in the face
And see therein a truer grace.

Life has so many hidden woes,
So many thorns for every rose;
The "why" of things our hearts would see,
If I knew you and you knew me.

Nixon Waterman

December 13, 2007

Make Up Tutorial, Make Up and I

ဟိုရက်ပိုင်းက သူငယ်ချင်းတစ်ယောက်နဲ့  အလှပြင်တဲ့ အကြောင်း ထူးထူးခြားခြား စကားစပ်မိသွားရင်း၊ ခုခေတ် တချို့  ကောင်မလေးတွေဆို မိတ်ကပ် ပြင်ထားပေမယ့် ပြင်လို့  ပြင်ထားမှန်း မသိသာပဲ သဘာဝ အတိုင်းလို ဖြစ်အောင် ပြင်တတ်ကြတယ်ဆိုတဲ့ အကြောင်း ပြောဖြစ်သွားတယ်။ ပုံမှန် လှလှပပ၊ ပြင်ပြင်ဆင်ဆင်လေး နေတတ်သူတွေ အများစုကတော့ အဲဒီလို ဖြစ်အောင် ဘယ်လို ပြင်ရမယ်ဆိုတာ သိကြမယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ မသိဘူး။ ကျွန်မ နဲ့  အရင်းနှီးဆုံးလို့ ဆိုရမယ့် သူငယ်ချင်း ကောင်မလေးတွေလည်း သိကြမယ် မထင်ဘူး။

သူငယ်ချင်းနဲ့  စကားပြောပြီး ကျွန်မ တစ်ခါကြည့်ဘူးတဲ့ သဘာဝအတိုင်းဖြစ်အောင် ဘယ်လို ပြင်ဆင်ရမယ် ဆိုတဲ့ Youtube က Vedio Chip လေးကို ပြန်ရှာကြည့်ဖြစ်တယ်။ အဲ့ဒီ YouTube ဖိုင်ကို နေးတစ်ဖိုရမ်က အလှအပ အကြောင်း Topic မှာ ပန်းပွင့်လေး သတင်းပေးထားလို့  သိခဲ့ရတာပါ။ ၇ မိနစ်ကျော်ကြာတဲ့ Video မှာ ဘယ်လို ပြင်ဆင်ရလည်းဆိုတဲ့ Conceal dark undereye circles, Mineral Conceraler, Mineral Foundation, Eyebrows, Eyeliner, Curl and mascera, Blush, Lips ဆိုပြီး အဆင့်ဆင့် ပြင်ဆင်ပုံကို ရှင်းပြထားတယ်။ ပြင်ဆင်ပြတဲ့ ကောင်မလေးက ချောချောလေးမို့  အဲ့လောက် ပြင်ယုံလေးနဲ့  လှနေတာလားတော့ မသိဘူး။ အတော်လေး ကြည့်ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် အသုံးဝင်မယ် ထင်ပါတယ်။ အချိန်ရရင် အဲ့လို ပြင်ကြည့်ကြပါ။ သူလို့  ဖြစ်မဖြစ်လည်း ပြန်ပြောပြပေါ့လေ။




Michelle Pan ရဲ့ YouTube Profile မှာ တခြား အလှအပနဲ့  ပတ်သက်တဲ့ ပြင်ဆင်ပုံတွေလည်း ရှိပါသေးတယ်။ အခုလက်ရှိတော့ ဒီဟာလေးတွေ ရှိနေပါတယ်။
Eyeliner Tutorial - Pencil, Cream/Gel, Liquid
Basic Eyebrows Tutorial
Skin Clearing Treatment
Brighter Larger Looking Eyes - Makeup Tutorial
Basic Smoky Eye Tutorial

Credit to panpwintlay from NativeMyanmar and MichellePhan

December 10, 2007

Cartoon: Story of a Java Rebel

Java Rebel ရဲ့ ကြော်ငြာပါ။ "This is a story of an enthusiastic Java programmer who found JavaRebel and how it changed him forever. " လို့  ဆိုထားတယ်။
ဒီလင့်လေးလေးရတုန်းက Title မှာ A Java Programmer's Nightmare လို့  ရေးထားတာနဲ့  ချက်ချင်း ဖွင့်ကြည့် ဖြစ်သွားတယ်။ DZone မှာ ဒီလို့  နာမည်တပ်ထားတယ်လေ။ DZone မှာ လင့်တင်တုန်းက ကြော်ငြာကို ကြော်ငြာလို့  ထားလို့  ဆိုလား ZeroTurnAround's Blog မှာ ပြန်တောင်းပန်ထားတာလည်း တွေ့ ရသေးတယ်။ ထားပါ။ Java Rebel ဟာ သူ့ ရဲ့ ကြော်ငြာထဲကလို ဟုတ်မဟုတ်တော့ နောက်မှ စမ်းကြည့်ရအုံးမယ်။ အခုရက်ပိုင်း အလုပ်တွေရှုပ်နေလို့  စမ်းဖို့ ၊ ဖတ်ဖို့  အချိန်မရ သေးဘူး။

Credit to THKZ
Source: ZeroTurnaround

December 09, 2007

At New Home

အခုတော့ လူရော.. ရှိသမျှ ပစ္စည်းတွေရော.. အိမ်အသစ်ကို ရောက်သွားပါပြီ။ အင်တာနက်လည်း သုံးလို့  ရသွားပါပြီ။ နေရာအသစ်၊ အခန်းအသစ်မှာ အခြေကျအောင် ကြိုးစားနေပါတယ်။ ခုရက်ပိုင်း ရာသီဥတုကလည်း မိုးတစွတ်စွတ်နဲ့  နေလို့  သိပ်မကောင်းဘူး။ ဒီတစ်ခေါက် အိမ်ပြောင်းတာ လူရော၊ စိတ်ရော အတော်ပင်ပန်း သွားတယ်။ နောက်ပြီး လူတွေ အကြောင်းလည်း ပိုသိလိုက်ရတယ်။ ဘာတွေ ပိုသိလည်းဆို လူသားပီသလွန်းတဲ့ လူတွေအကြောင်းလို့ပဲပြောရမယ်။ ဘာပဲဖြစ်ဖြစ် အတွေ့ အကြုံ တစ်ခုရတယ်လို့ ပဲ သဘောထားလိုက် ပါတယ်။ နောက်ဆို ရှောင်ရန် ဆောက်ရန် အချက်တွေ၊ ဘယ်လိုလူတွေ ပေါင်းသင့်တယ်၊ ဘယ်လိုလူတွေကို ဝေးဝေးရှောင်ရမယ် ဆိုတာ ပိုသိလာတာ ကိုယ့်အတွက် တစ်မျိုးကောင်းတာပေါ့။ ဒါနဲ့  ကျွန်မ အခုနေရာ အသစ်မှာ အနည်းဆုံး ၆ လ လောက်တော့ နေဖြစ်ပါလိမ့်မယ်။ အဆင်ပြေရင်တော့ ဒီထက်ကြာကြာဆက်နေဖြစ်မယ် ထင်ပါတယ်။

အိမ်ရှာရာမှာ လူအား၊ နှုတ်အား နဲ့  ကူညီကြသူ အားလုံးနဲ့  စိတ်ညစ်လို့  ဖုန်းဆက်တိုင်း နားထောင်ပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ အိမ်ဝယ်ဖို့ လည်း စိတ်ကူးမရှိတော့ ဒီမှာ နေသမျှတော့ အိမ်ပြောင်းတဲ့ဒုက္ခ ကြုံတွေ့ နေရအုံးမှာပါပဲ.. တစ်ယောက်တည်း ပြောင်းရရွှေ့ ရ၊ အိမ်ရှာရတာ အဆင်မပြေမှာ သေချာနေတော့... နောက်တစ်ခါ အိမ်ပြောင်းဖို့  ကြုံလာရင်လည်း ခုလိုပဲ တတ်နိုင်သလောက် ထပ်ပြီး ကူညီကြပါအုံးလို့  ခုထဲက ကြိုတင် အကူအညီ တောင်းထား လိုက်ပါတယ်။ :D

December 07, 2007

Friends Are ....

သူငယ်ချင်းများသို့ ...
အကြောင်းအရာ တစ်ခုခုရဲ့ လူအများမသိတဲ့ သတင်း၊ အတင်းဆိုလည်း.. အတင်းပေါ့ ... ဒါမျိုးတွေ ပြောမယ်ဆို ကိုယ်နဲ့  အမြင်တူမယ့် ယုံကြည်ရသူတွေကိုပဲ ပြောမှ ဖြစ်မယ်... မဟုတ်ရင် ပြဿနာပေါင်း များစွား ရှင်းလို့ ပြီးတော့မယ် မထင်...

ရန်ဖြစ်မယ်ဆိုရင်လည်း ကိုယ့်ကို တကယ် နာအောင် ချမယ်သူတွေနဲ့  တစ်ယောက်ချင်း ရန်ဖြစ်လို့  မဖြစ်ဘူးလေ။ :D အဲ.. တကယ်ချ ရတော့မယ်ဆိုရင်လည်း ကိုယ့်ဘက်က အဖော်လေးနဲ့ မှ ...

December 06, 2007

The 10 Most Marketable Web Development Skills

ခုရက်ပိုင်း အလုပ်တွေကရှုပ်၊ အိမ်မှာလည်း အင်တာနက် သုံးလို့ မရသေးတော့ သတင်းတွေကို အရင်ကလောက် မဖတ်ဖြစ်ဘူး။ ဒီနေ့ တော့ အလုပ်ရောက်တာ နဲ့  လုပ်စရာရှိတာတွေ မြန်မြန်လုပ်ပြီး အချိန်ရအောင်ယူလို့  သတင်းတွေ လိုက်ဖတ်ဖြစ်တယ်။ ဒီနေ့ ဖတ်မိသမျှ အကြောင်းအရာတွေထဲက Artical တစ်ခုကို သဘောကျသွားတယ်။

တိုက်ဆိုင်တယ် ဆိုရမလား၊ ကျွန်မ ခုရက်ပိုင်း Ruby ဆိုတာဘာလဲ၊ Perl ဆိုတာဘာလဲ၊ PHP နဲ့  Python ဘာကွာလဲ စတဲ့ မေးခွန်းတွေကို သူငယ်ချင်းတစ်ချို့ က မေးတာကြုံနေရတယ်။ Web Developement နဲ့  ပတ်သက်ရင် ဘာလေ့လာရမလဲ မေးတာတွေလည်း ကြုံတွေ့ ရတယ်။ ဘာကြောင့် ဟိုဟာမသုံးပဲ ဒီဟာသုံးတာလည်း ဆိုတာမျိုးတွေကလည်း မေးကြသေးတယ်။ ကိုယ်ကလည်း ကျွမ်းကျင်သူ မဟုတ်လေတော့ တချို့ မေးခွန်းတွေကို သူတို့ နားလည်အောင် ဖြေရတာ အတော်လေး ပင်ပန်းတယ်။ တကယ်ဆို အားလုံးက သူ့ ဟာနဲ့ သူတော့ ကောင်းနေကြတာ ပဲလေ။ နောက်ပြီး အလုပ်အတွက်၊ အလုပ်ရဖို့ အတွက်ပဲ ရည်ရွယ်ပြီး လေ့လာချင်တယ်ဆို ပိုပြီး ဖြေရခက်တယ်။ နိုင်ငံအလိုက် လိုအပ်ချက်တွေကလည်း ကွာခြားတယ် မဟုတ်လား။

The 10 Most Marketable Web Development Skills ဆိုတဲ့ Artical မှာ အခု Market မှာ အရေးပါနေတဲ့ Languages 10 မျိုးနဲ့  အဲ့ဒီ Programming Language တစ်ခုချင်းစီက ဘာလဲ၊ ဘာကြောင့် အရေးပါတာလဲ နဲ့  ဘယ်နေရာမှာ လေ့လာနိုင်တယ်ဆိုတဲ့ Links တွေနဲ့  အချက်အလက်တွေကို စုစည်းပေးထားပါတယ်။

The 10 Most Marketable Web Development Skills - Read/Write Web
1. ASP & VBScript
2. C# or VB.Net
3. Flash & ActionScript
4. Java
5. JavaScript & AJAX
6. Perl
7. PHP
8. Python
9. Ruby & Ruby on Rails
10. Structured Query Language (SQL)

သူပေးထားတဲ့ Languages တွေ အစီအစဉ်အတိုင်း Market မှာ Popular ဖြစ်မဖြစ်တော့ ကျွန်မလည်း သေချာ မသိဘူး။ ဒါပေမယ့် Web Development ပိုင်းမှာ အလုပ်လုပ်နေသူတွေ ဖတ်ကြည့်သင့်တယ်လို့ ထင်မိတာနဲ့  မဖတ်မိသူတွေ ဖတ်ဖြစ်သွားအောင် မျှဝေလိုက်တာပါ။

Source : Read/Write Web

December 05, 2007

Good Morning!!!


Good morning !!!!!
It's a new day
I hope things get better
For this I did pray
May all of your problems
Be out on their way
On this bright morning
That starts this new day

December 04, 2007

4th December 2007

တန်းဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ .. ဒီနေ့ အမျိုးသားနေ့ တဲ့..

၂၀၀၇ ဒီဇင်ဘာ ၄ ရက်... အင်္ဂါနေ့ ..
ကျွန်မအတွက်တော့ ဒီနေ့ ဟာ အဆင်မပြေမှု့တွေ စုပြုံကြုံတွေရတဲ့ နေ့ တစ်နေ့ ပါပဲ..
မနက်မိုးလင်းထဲက ခုအချိန်ထိ ကြုံတွေရသမျှ တစ်ခုမှ အဆင်မပြေဘူး..
စိတ်ပင်ပန်း လူပင်ပန်း... အော်ဟစ်ပေါက်ကွဲ ပစ်လိုက်ချင်နေပြီ...
ဟင်း.... မလွယ်ဘူး... မလွယ်ဘူး...
စင်္ကာပူမှာနေရတာ အတော်လေး မလွယ်ဘူး...
သူငယ်ချင်း ပြောသလိုပဲ.. ကိုယ်မှ ဘာမှ မတတ်နိုင်တာမျိုးတွေပဲလေ..
စိတ်လျှော့... စိတ်လျှော့ပြီး ဖြစ်သမျှ လက်ခံ၊ အဆိုးထဲက အကောင်းရှာပြီး အဆင်ပြေအောင် ကြိုးစားရုံသာ ရှိတော့တာပေါ့..
ဘာကြောင့်များ အဆင်မပြေတာတွေကို တစ်ချိန်ထဲမှာ စုပြုံကြုံတွေ့ ရတာပါလိမ့်...
ခံနိုင်ရည်ကို စမ်းသပ်နေတာလား..
ဘာပဲဖြစ်ဖြစ် မနက်ဖြန်မှာတော့ အဆင်ပြေသွားမယ်ထင်ပါတယ်..
ဒီမနက်ဖြန် အဆင်မပြေလည်း နောက်မနက်ဖြန်ပေါ့...
ကောင်းသော မနက်ဖြန်များကို မျှော်လင့်ရင်းနဲ့ ပဲ.....

December 02, 2007

A Great Love?

Me2You ကြိုက်သော သူငယ်ချင်းများနှင့် အချစ် ဆိုတာဘာလဲ သိချင်နေသော၊ အချစ်ကို လိုက်လံရှာဖွေနေကြသော သူငယ်ချင်းများအတွက် :D

Sweet December, 2007!

The new month, the last month of year 2007, is almost here!
Sweet December to You ALL!!

December 01, 2007

Happy November 2007!

နိုဝင်ဘာရဲ့ နောက်ဆုံးနေ့ ..
အနှစ်သက်ဆုံးလ၊ အမျှော်လင့်ဆုံး လတစ်လ...
မကြာခင်ကုန်ဆုံးတော့မယ်..

ဒီနိုဝင်ဘာလ အတွင်းမှာ ...
လိုချင်ပေမယ့် အချိန်မှီ မရတော့မှာ သေချာသွားပြီးဖြစ်တဲ့ အရာတွေ...
ကြားချင်ပေမယ့် လုံးမ၀ မကြားရတော့မှာ သေချာသွားတဲ့ အသံတွေ....
ရှိခဲ့ပါတယ်...
အချိန်မှီ ရမှာ မဟုတ်မှန်း၊ စကားသံတွေ ကြားရမှာ မဟုတ်မှန်း....
သိသလိုလိုရှိနေပေမယ့် လက်သင့်မခံချင်ပဲ မျှော်လင့်နေခဲ့မိတယ်..
လဆန်း ၁ရက်နေ့ ကနေ နောက်ဆုံး ၃၀ ရက်နေ့ အထိ..
ဘယ်အချိန်မှာများ ရလိုက်မလဲ...
ခုဆို ည ၁၂ နာရီ ထိုးတော့မယ်..
မကြာခင် မိနစ်ပိုင်းအချိန်လေးမှမှာ နိုဝင်ဘာလကုန်ဆုံးလို့  ဒီဇင်ဘာလကို ရောက်တော့မယ်
စိတ်လျှော့လိုက်ဖို့ သင့်ပြီပေါ့ ...
မရနိုင်တာ သေချာသွားပြီလေ ...

ဒီတစ်လလုံး ဘာတွေ ဖြစ်ခဲ့သလဲ... ပြန်စဉ်းစားကြည့်မိတယ်..
အိမ်ပြောင်းဖို့ ကိစ္စနဲ့  စိတ်ပင်ပန်းရတာရယ်..
အလုပ်နည်းနည်း များတာရယ်ကလွဲရင် တခြား အရမ်းစိတ်ညစ်ရတယ်၊ စိတ်ရှုပ်ရတယ် ဆိုတာမျိုး မကြုံခဲ့ရဘူး..
လွတ်လွတ်လပ်လပ် ပြုံးပျော်နေခဲ့တဲ့ရက်တွေ အရမ်း မများပေမယ့် ရှိခဲ့တယ် ဆိုရမယ်..
၂၀၀၇ မှာ Happy November ဆိုတဲ့စကား ...
မမှားခဲ့ပါဘူး..