Pages

May 25, 2007

Happy Birthday YTNW


ပျော်ရွှင်ဖွယ်ကောင်းသော ၊ လိုအင်ဆန္ဒများ အားလုံးပြည့်စုံသော
မွေးနေ့ ရက်မြတ်ဖြစ်ပါစေ..
၂၅-၀၅-၂၀၀၇



ယနေ့ မွေးနေ့ သာမက နောင်မွေးနေ့ ပေါင်းများစွာကိုလည်း ချစ်သောသူတွေနဲ့ အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ..

May 24, 2007

Job Interview Books

ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့  ဘလောခ့်အတွက် ဘာမှ မရေးဖြစ်ဘူး။ ဒါပေမယ့် အလုပ်အားတဲ့ အချိန်လေး တွေမှာ အလုပ် အင်တာဗျူး နဲ့  ပတ်သက်တဲ့ eBooks တွေ၊ Java အင်တာဗျူး နဲ့  ပတ်သက်တာတွေ နဲ့  တခြား အသုံးဝင်မယ် ထင်တာလေး တွေကို လိုက်ရှာဖြစ်ခဲ့တယ်။

ဒီနိုင်ငံမှာ ၃ နှစ်အတွင်း ကျွန်မ အလုပ်အင်တာဗျူး ၁၀-၁၅ ခုလောက်သွားခဲ့ဖူး ပါတယ်။ ကိုယ်တိုင်လည်း သူများတွေကို အင်တာဗျူးတွေ လုပ်ခဲ့ဖူးတယ်။ ကျွန်မ့ အလုပ်ရဲ့ nature ကြောင့်ပဲလား၊ ဒီ နိုင်ငံရဲ့ ပုံစံအရ ပဲလားတော့ မသိပါဘူး ကျွန်မ ကြုံဖူးသမျှ အင်တာဗျူး တွေ အများစုက သက်တောင့် သက်သာ ရှိတယ်လို့ ထင် မိတယ်။ အင်တာဗျူး တစ်ခုမှာ လူနှစ်ယောက်၊ အများဆုံး လူ ၄ ယောက် လောက်ပဲ မေးကြပြီး၊ ဟိုမေး ဒီမေး အတင်းအကြပ် လုပ်တာမျိုးတွေ မကြုံဖူး ပါဘူး။ အ၀တ်အစားကိုလည်း အရမ်းကြီး Smart ဖြစ်နေအောင် မ၀တ်ဖြစ်ပါဘူး။ တော်သင့်ရုံဆိုရပါပြီ။

တခါတလေ တချို့ အလုပ်တွေမှာ Technical နဲ့ ပတ်သက်တဲ့ exam တစ်ခု (30 minutes to 1 hours) လောက်ကြာအောင် ဖြေရတတ်တယ်။ တစ်ခါတလေ Exam မဖြေနိုင်လည်း၊ နှုတ်ဖြေ အင်တာဗျူးမေးတာကို အဆင်ပြေပြေ ဖြေနိုင်တယ် ဆိုရင် အလုပ် Offer လည်း ရတတ်ပါတယ်။ နှုတ်ဖြေ အင်တာဗျူးက မိနစ် ၃၀ လောက် ဖြေရပါတယ်။ နှုတ်ဖြေ အင်တာဗျူးမှာ Technical နဲ့  ပတ်သတ်တာ ၊ အရင်အလုပ်အတွေ့ အကြုံတွေ ဟိုမေးဒီမေး နည်းနည်းလုပ်တတ် ပါတယ်။ တစ်ခါတလေ အလုပ်နဲ့  ပတ်သတ်တာဘာမှ မမေးဘဲ တခြား အလုပ်နဲ့ မဆိုင်တာတွေကို လျှောက်မေး၊ လျှောက်ပြောနေတာ ကြုံဖူး ပါတယ်။
နောက်ပြီး ဒီနိုင်ငံမှာ ကိုယ်အလုပ်လျှောက်တဲ့ Company အကြောင်းကိုလည်း ပုံမှန်လောက် သိရင် ရပါပြီ။ တခြား နိုင်ငံတချို့ မှာလို Interview ကို ၁ လ လောက် ခွါပြီး ရက်ချိန်းပေးတာ မဟုတ်တော့၊ အင်တာဗျူး မလာခင် Company အကြောင်း အရင် လေ့လာဖို့ အချိန် မရပါဘူး။ ဘာလို့ လည်းဆိုတော့ ဒီက Interview တွေက ရက်အနည်းငယ်အတွင်း (တစ်ခါတလေ ဒီနေ့  အလုပ်လျှောက်၊ ညနေ Interview လာခဲ့ပါ) ခေါ်တာဆိုတော့ တခါတလေ အင်တာဗျူး ရောက်မှသာ သူ့ Company က ဘာတွေ လုပ်တယ်၊ ဘယ်လို Position ခေါ်တာလည်း ဆိုတာကို ပြန်မေးရတယ် ဆိုတာမျိုးလည်း ကြုံရပါသေးတယ်။ အချိန်ရမယ်၊ ကြိုသိမယ် ဆိုရင်ကတော့ ကိုယ်အလုပ်လျှောက်မယ့် Company အကြောင်း လေ့လာထားနိုင်ရင် ပိုပြီး ကောင်းတယ် ထင်ပါတယ်။

ပုံမှန်ဆို အင်တာဗျူးတွေက အနည်းဆုံး အဆင့်၂ ဆင့် ( Human Resource Department ကလူတွေနဲ့တစ်ခါ၊ Technical ပိုင်းမေးတာ တစ်ခါ ) သွားရတတ်တယ်။ ဒါပေမယ့် 1st Interview (Technical Interview) ၁ ခါတည်း သွားရုံနဲ့  Job Offer ရတာမျိုးလည်း ရှိတတ် ပါတယ်။ တစ်ခါတလေလည်း Technical Interview ပဲ နှစ်ခါ ဆက်တိုက် ဖြေရတာမျိုးလည်း ကြုံဖူး ပါတယ်။ အလုပ်ရမရကို ပုံမှန်အရဆို တစ်ပတ်အတွင်း၊ အလွန်ဆုံး နှစ်ပတ်အတွင်း အကြောင်း ပြန်တတ်ပါတယ်။ တစ်ခါတလေကြတော့ တစ်ရက်၊ ၂ ရက်အတွင်း အကြောင်းပြန်တာလည်း ရှိတယ်။ ကျွန်မ့ရဲ့ အသိတစ်ယောက်ဆို Interview ပြီးတာနဲ့ ချက်ချင်း Job Offer တန်းရတယ်ဆိုတာ ကြားသိဖူးတယ်။

ဒီနိုင်ငံက အင်တာဗျူုး တွေဟာ တခြား နိုင်ငံကြီးတွေက အင်တာဗျူးတွေ နဲ့  နှိုင်းယှဉ်ရင် အတော်လွယ်ကူတဲ့ အင်တာဗျူးတွေလို့ ပြောလို့ ရနိုင် မယ်ထင်တယ်။ (ကျွန်မ အလုပ်ရှာရာမှာ ရရှိခဲ့တဲ့ အတွေ့ အကြုံတွေ အပေါ်မှာ အခြေခံပြောခြင်းသာ ဖြစ်ပါတယ်။)

ဒီရက်ပိုင်း ကျွန်မ ရှာဖွေတွေ့ မိတဲ့ အလုပ် အင်တာဗျူး နဲ့  ပတ်သက်တဲ့ စာအုပ် တချို့ ပါ။ ဒီ စာအုပ်တွေဟာ IT အလုပ်မှ မဟုတ်ပါဘူး၊ တခြား အလုပ်ရှာနေသူတွေ အတွက်လည်း အသုံးဝင်တဲ့ စာအုပ်တွေပါ။ တချို့  Company တွေက ဒီလို စာအုပ်ထဲက နည်းတွေသုံးပြီး အင်တာဗျူးတွေ မေးတတ်တယ် မဟုတ်လား။ အဲ့ဒီလို အင်တာဗျူးတွေနဲ့  ကြုံရတဲ့ အခါ ဒီစာအုပ်တွေကို နည်းနည်းလောက် ဖတ်ထားမိတယ်ဆို လွယ်လွယ်ကူကူ ဖြေနိုင်သွားမှာ ပါပဲ။

1. Haldane's Best Answers to Tough Interview Questions (2000)


2. Winning The Interview Game: Everything You Need To Know To Land The Job (2005)


3. Interview Skills That Win The Job - Michael Spiropoulos (2005)

4. The Complete Idiot's Guide to the Perfect Interview, Second Edition (2nd Edition) (2000)


5. Fearless Interviewing:How to Win the Job by Communicating with Confidence (2002)

6. How To Ace the Brainteaser Interview - Mcgraw Hill (2004)

May 23, 2007

Congratulations to the Newly Wedded Couple

Ko Pauk and Ma Mon
23 May 2007

Wishing you a lifetime full of happy years,
long on laughter, short on tears...
enduring love... sweet dreams come true...
all good wishes, all for you!

Congratulations on Your Marriage!

May 20, 2007

When she was young

Aung San Suu Kyi
Source : www.yogawithamey.com

မင်းနဲ့ ချစ်တာ - အဲလက်စ် + ထွန်းအိန္ဒြာဗိုလ်

ဒီသီချင်းကို နားထောင်ချင်နေတယ်ဆိုသော သူငယ်ချင်းတစ်ယောက်အတွက်.....


မင်းနဲ့ တို့ ချစ်တာ တစ်လောကလုံးသိချင် သိစမ်း..
ဒါတွေဂရုစိုက်မနေနဲ့ ကွယ် ... ချစ်တဲ့သူလေးရယ် စိတ်အေးအေးထားပါကွယ်

စိတ်မချဘူးအချစ်ရယ် ကိုယ့်ရဲ့ အသည်းလေးထဲလာ နေစမ်း
အလုံခြုံဆုံးက ရင်ထဲမှာ .. စိတ်ချနေလိုက်ပါ တသက်လုံးပဲ .. ချစ်နေမှာ

(မင်းနဲ့ မခွဲပဲ မမြဲတမ်းချစ်မယ် .. တို့ တတွေ ရူးရူးမိုက်မိုက်ချစ်တယ်
ဘ၀ရယ်ခရီးဆုံးအထိလျှောက်ကြစို့ လား. .. အချစ်လေးလာ ) ၂

မင်းနဲ့ တို့ ချစ်တာ မိဘများသိချင်သိစမ်း
ဒါတွေတွေးကြောက်မနေနဲ့ ကွယ် ... ချစ်တဲ့သူလေးရယ် စုတောင်းလေးပြည့်မှာပါ...

သိပ်ချစ်လို့ မင်းကို .. အနမ်းလေးလည်းပေးမယ်.. ယူစမ်း..
ဒီမယ်ရှက်လို့ မနေနဲ့ လေ.. ခေါင်းငုံ့ မနေနဲ့ ကွာ.. မျက်လုံးလေးမှိတ်နေပါ..

(မင်းနဲ့ မခွဲပဲ မမြဲတမ်းချစ်မယ် .. တို့ တတွေ ရူးရူးမိုက်မိုက်ချစ်တယ်
ဘ၀ရယ်ခရီးဆုံးအထိလျှောက်ကြစို့ လား. .. အချစ်လေးလာ ) ၂

May 19, 2007

Care Bears

ကျွန်မ Me2You ၀က်ဝံ အရုပ်လေးတွေကို နှစ်သက်ပြီး စုထားသလို စုထားတဲ့ CareBears ဆိုတဲ့ အရုပ်လေးတွေ ရှိတယ်။ စုထားတာတော့ ကြာပါပြီ၊ ဒီရက်ပိုင်း Computer ကို ရှင်းမှ သတိပြန်ထားမိတယ်။ CareBears က Me2You လို တစ်မျိုးထဲရှိတာမဟုတ်ပဲ အဓိပ္ပါယ်အမျိုးမျိုးနဲ့  ပုံစံကွဲလေးတွေ ရှိပါတယ်။ ကျွန်မ Care Bear လေးတွေကို ဘာလို့  ကြိုက်သလဲ။ Bear ပုံလေးတွေက နှစ်သက်စရာ ကောင်းသလို သူတို့ ရဲ့ အဓိပ္ပါယ်တွေကလည်း ကောင်းမွန်ပါတယ်။

ကျွန်မတို့ တွေ အားလုံးဟာ တစ်နေ့ တစ်နေ့  အဆင်ပြေအောင် ကြိုးစားပြီး နေထိုင်၊ လုပ်ကိုင်နေကြရတော့ တခါတလေမှာ ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေနဲ့  မိသားစုဝင်တွေကိုတောင် မကပါဘူး မိမိကိုယ်ကိုပါ ဂရုတစိုက်ရှိဖို့  မေ့နေတတ်ကြတယ်။ တကယ်တော့ အဲ့လို မဖြစ်သင့်ပါဘူး။ အဲ့ဒီလို ကျွန်မတို့  ဘ၀မှာ မေ့နေတတ်တာလေးတွေကို သတိတရရှိစေဖို့  ဒီ Care Bears လေးတွေက ကူညီမယ်၊ ဂရုမစိုက်တတ်ရင် ဂရုစိုက်တတ်လာအောင် သင်ကြားပေးမယ်လို့ ဆိုပါတယ်။

တချို့ ကပြောကြတယ်။ လူတစ်ယောက်နဲ့  တစ်ယောက် ဂရုစိုက်တယ်၊ ဂရုစိုက်မှု့ ကို ပြတယ်ဆိုတာ အပိုအလုပ်တွေပါ၊ မလိုအပ်ပါဘူးတဲ့။ ကျွန်မကတော့ အဲ့လို မထင်ပါဘူး။ ကျွန်မတို့ တွေအားလုံးဟာ စက်ရုပ်တွေ မဟုတ်ကြပါဘူး။ ခံစားချက်ရှိတဲ့၊ ခံစားတတ်တဲ့ နှလုံးသားရှိတဲ့ လူသားတွေပါ။ တကယ်ဆို လူတွေမှာ တဦးနဲ့ တဦး ဂရုစိုက်မှု့ တွေ ဘာကြောင့်၊ ဘယ်လို လိုအပ်ကြောင်း ပြောနေရင် ပြီးတော့မှာ မဟုတ်ပါဘူး။ စကားတတ်ရင် တတ်သလို ပြောလို့ ရမယ်ထင်တယ်။ ဘယ်သူတွေ ဘာလိုပဲ မယုံကြည်ဘူးပြောပါစေ၊ ကျွန်မ ကတော့ လူသားတွေမှာ တစ်ဦးနဲ့ တစ်ဦး Care လုပ်မှု့ တွေဟာ လိုအပ်တယ်လို့ လက်ခံ ယုံကြည်ပါတယ်။

American Greetings က 1980 ကျော်မှာ စပြီး မိတ်ဆက်ပေးလာတဲ့ ဒီ Care Bears တွေဟာ ဒီနှစ်ဆို 25th Anniversary ကို ကျင်းပါနိုင်ပါတော့မယ်။
Care Bears အားလုံးပေါင်း ၁၉ မျိုးရှိပါတယ်။ Care Bears လေး တစ်ကောင်စီမှာ Special Mission Care Area တွေ ရှိကြတယ်။ သူတို့  နာမည်လေးတွေကို ကြည့်လိုက်တာနဲ့  သူတို့ တွေဟာ ဘယ် Area တွေကို ကိုယ်စားပြုတယ်ဆိုတာ သိနိုင်သလို၊ ကျွန်မတို့ ဘ၀မှာ ဘယ်အရာတွေကို ဂရုတစိုက်ရှိဖို့ လိုအပ်တယ် ဆိုတာကိုလည်း သိနိုင်ပါတယ်။ ကျွန်မစုထားတဲ့ Care Bears ပုံလေးတွေထဲ့ တချို့ ကို Slide Show မှာကြည့်နိုင်ပါတယ်။

Care Bears


Bashful Heart Bear , Bedtime Bear , Champ Bear, Cheer Bear, Daydream Bear , Do-Your-Best Bear , Friend Bear, Funshine Bear, Good Luck Bear, Grumpy Bear, Harmony Bear, Laugh-a-lot Bear, Love-a-lot Bear, Secret Bear, Share Bear, Surprise Bear, Tenderheart Bear, True Heart Bear, Wish Bear

ဒါနဲ့ ကျွန်မ တစ်စုံတစ်ယောက်ကို Care Bear တစ်ခုတည်းသာ လက်ဆောင်ပေးရမယ်ဆိုရင်တော့ Good Luck Bear လေးပေးဖြစ်မယ် ထင်ပါတယ်။ ဘာလို့ လည်းဆိုတော့ ကံကောင်းနေတဲ့၊ ကံတရားရဲ့ မျက်နှာသာပေးမှု့ ကို ခံနေရတဲ့ လူတစ်ယောက်ရဲ့ ဘ၀မှာ တခြားလိုအပ်တဲ့ အရာတွေအားလုံး ပြည့်စုံစွာ ရရှိနေမယ်လို့  ကျွန်မ ယုံကြည်လို့ ပါပဲ။


Related Link : Care-Bears, CareBears (WiKi)

May 18, 2007

ဖျက်သိမ်းရမည့် လူမှု့ ရေး အသင်းများ

ဟိုနေ့ က သူငယ်ချင်းတစ်ယောက်က လူမှု့ ရေးအသင်းတွေ ဖျက်ရမယ်ဆိုတာကို ကြားတယ်လို့  သတင်းပေးကတည်းက ဘယ်အဖွဲ့ တွေ အဖျက်ခံရမလဲ စိတ်ဝင်စားနေခဲ့တာ၊ ခုတော့ ဖျက်ခံရတဲ့ အဖွဲ့ တွေစာရင်းကို မိုးမခမှာတွေ့ လို ထပ်ဆင့် ဖေါ်ပြလိုက်ပါတယ်။

ဘာလို့  ဟို ကြံ့ဖွတ် အသင်းကိုကြတော့ မဖျက်တာပါလိမ့်။ ဖျက်မယ့်ဖျက် အဲ့ဒီ အသင်းကို အရင် ဖျက်ရမှာ။ ပြည်သူ့ ဆန္ဒခံပြီး ဖျက်မယ်ဆို အဲ့ဒီအသင်းက အရင် အဖျက်ခံရမယ် ဆိုတာ သေချာပါတယ်။

အဖျက်ခံရမယ့် စာရင်းမှာ နာရေးကူညီမှု့ အသင်းက ထိပ်ဆုံးက ပါမယ်ထင်တဲ့အတိုင်း ပါလာတာပါပဲ။ နာရေးကူညီမှု့  အသင်းကို မနာလိုဖြစ်နေပြီး လိုက်ကန့် သတ်နေတာတော့ အတော်ကြာပြီဆိုတာ သတင်းတွေအရတော့ သိနေခဲ့ရတယ်။ တခြားအဖွဲ့ တွေကို ဘာလို့ ဖျက်ခိုင်းတာလဲ မသိဘူး။ ဘာသာရေးအသင်းတွေတောင် ပါလိုက်သေးတယ်။ အင်း .. ကျွန်မတို့  မြန်မာပြည်မှာ အများအကျိုး၊ သာသနာ့အကျိုး ဆောင်ရွက်တာတောင် လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် မရှိပါလားနော်..

ပြည်ထဲရေးဝန်ကြီးဌာနကဖျက်သိမ်းကြောင်းကျေညာခဲ့သည့် အသင်းအဖွဲ့ များ

၁၊ သာရေးနာရေးအသင်း
၂၊ နာရေးကူညီမှု့ အသင်း
၃၊ တိုးတက်ရေးစာဖတ်သင်း (၁၉၅၄ စတင်တည်ထောင်)
၎၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း
၅၊ မြန်မာနိုင်ငံ ဗိသုကာများအသင်း
၆၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း
၇၊ ကချင်တိုင်းရင်းသား ရိုးရာနှင့် စာပေယဉ်ကျေးမှု့ အသင်း
၈၊ မင်းကွန်းပဋိပတ္တိ သာသနိနဂ္ဂ အသင်း
၉၊ တရုတ်ကုန်သည်များအသင်း
၁၀၊ အိန္ဒိယ- မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအသင်း
၁၁၊ ဂုရုနာနတ် အခမဲ့ဆေးပေးရုံနှင့် မျက်စိကုဌာန
၁၂၊ မြန်မာပြည် တရုတ်အမျိုးသား ချင်းအမျိုးအနွယ် အွဲကင်းစာအသင်း
၁၃၊ ဘော်လီဘောမိသားစု သာရေးနာရေးအသင်း
၁၄၊ SPA Scholarship Foundation
၁၅၊ ဗလငါးတန် အားမာန် လူငယ်ဖြွုံဖိုးရေးအသင်း
၁၆၊ မြန်မာ-ဂျပန် ဗုဒ္ဓဘာသာအသင်း
၁၇၊ လူဝင်မှု့ ကြီးကြပ်ရေးနှင့် ပြည်သူ့ ဝန်ထမ်းဟောင်းများအသင်း
၁၈၊ မြန်မာနိုင်ငံ ယာဉ်နှင့် စက်ကိရိယာပစ္စည်းလုပ်ငန်း
၁၉၊ ကျူလီ မွတ်ဆလင်သာသနာ ပြန်ပွားရေးအသင်း
၂၀၊ အရိဆမာဂ်ျ ကုသိုလ်ဖြစ် ဆေးရုံ
၂၁၊ မြန်မာနိုင်ငံလုံးဆိုင်ရာ က္ကုန္ဒရာဟိန္ဒူ အဖွဲ့ ချုပ်
၂၂၊ ပဲနွယ်ကုန်းအသင်း
၂၃၊ ခြောက်ထပ်ကြီး ရွှေသာလောင်း မဟာဗုဒ္ဓဝေယျာဝစ္စအသင်း
၂၄၊ မြန်မာပြည် တရုတ်တိုင်းရင်းဆေး သမားတော်များအဖွဲ့ 

(အမိန့် ကြော်ငြာစာတွင် “ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီများမှ ဆက်လက်ဖွဲ့ စည်းရန် မထောက်ခံသဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်ရန် တိုင်းအုပ်ချုပ်ရေးမှူး (ထွေ / အုပ်) များသို့  ပြည်ထဲရေး ၀န်ကြီးဌာနမှ စာအမှတ် ၂၀၀။၆၈-၁။ ဦး ၁ ဖြင့် ထုတ်ပြန်လိုက်သည် “ လို ပါရှိသည် )

Source : MoeMaKa





















Credit to : bleakm

နန်းကြီးသုပ်၊ နန်းပြားသုပ်နဲ့  လဘက်ရည်

စာရေးဖို့  စိတ်ကူးနေတာ စိတ်မပါဘူးဖြစ်နေတယ်။ ခုချိန် စိတ်ထဲမှာ ဘာစားရင်ကောင်းမလဲဆိုတာကိုပဲ တွေးမိနေတယ်။ ဒါနဲ့  ဟိုတစ်ခေါက် ရန်ကုန်ပြန်တုန်းက စားခဲ့ရပြီး၊ အခု စားချင်စိတ်ပေါက်နေတဲ့ အစားအစာတွေ ပုံတွေပဲ တင်လိုက်တော့မယ်။


အဲ့ဒီမနက်က နန်းကြီးသုပ်၊ နန်းပြားသုပ်၊ လက်ဖက်ရည် နဲ့  ကော်ပြန် လိပ်လောက်ပဲစားဖြစ်တယ်။ အဲ့ဒီနေ့ က မနက်စောစော မြို့ ထဲသွားရင်း စားဖြစ်တာပါ။ ကြက်သားမစားရဘူးဆိုလို့  ငါးဖယ်နဲ့ ပဲစားခဲ့ရတယ်။ တကယ်တော့ မစားချင်ဘူး၊ အဖေက အတင်းကျွေးလို့  သာ မစားချင်စားချင်နဲ့  စားလိုက်ရတယ်.. တကယ်စားကြည့်တော့လည်း စားလို့ ကောင်းသားပဲ။ အမေက စားကြည့်ပါဆိုလို့  ကျွန်မ မှာတာက နန်းကြီးသုပ်၊ ဒါပေမယ့် အဖေက နန်းပြားသုပ်လည်းကောင်းတယ် ထပ်စားဆိုလို့  စားလိုက်ရတယ်။ ကုန်မှာမဟုတ်ဘူး မမှာနဲ့ လို့ ပြောခဲ့ပေမယ့် တကယ်စားလိုက်တော့လည်း ကုန်သွားတာပါပဲ။
နန်းကြီးသုပ်
နန်းပြားသုပ်
နောက်တော့ အမေက အရည်တစ်ခုခုတော့ သောက်ပါဆိုလို့  သောက်လေ့မရှိတဲ့ လဘက်ရည်တစ်ခွက် ထပ်ပြီး သောက်လိုက်ရသေးတယ်။ ကော်ဖီတော့ သောက်လို့ မဖြစ်ဘူးလေ။ ကော်ဖီသောက်ရင် တစ်နေ့ လုံးမောနေတော့မှာ။ မိုင်လို တို့  ၊ နွားနို့ တို့ က မကြိုက်လည်း သောက်ဖြစ်နေတဲ့ အရာတွေ ဆိုတော့ ရန်ကန်ုပြန်ရောက်တုန်းတော့ မသောက်ဖြစ်အောင် ရှောင်နေလိုက်တယ်။

လဘက်ရည်

အတူပါလာတဲ့ ဦးလေးက ကော်ပြန့် လေးတွေကလည်း စားလို့ ကောင်းတယ်ဆိုတာနဲ့  မစားချင်စားချင်နဲ့  ထပ်စားလိုက်ရပြန်တယ်..

ဒါတောင် အမေနဲ့  အဖေက သမီးစားနိုင်သေးတယ်၊ ထပ်စားပါဦးလား။ နန်းကြီးတစ်ပွဲနဲ့ ကော်ပြန့် မှာပေးဦးမယ်ဆိုတာကို တော်ပြီ၊ မစားတော့ဘူးဆိုပြီး အတင်းထပြန်လာရတာ။ တကယ်တော့ နေ့ လယ်ကြရင် မြန်မာထမင်းဆိုင်သွားစားမယ် ပြောထားလို့  ထပ်မစားတော့တာပါ။ အဲ့ဒီ မုန့် တွေနဲ့  မနက်စာ စားဖြစ်တဲ့ ဆိုင်က ....

အင်း ... ခုနေများ အိမ်မှာရှိနေတဲ့  အမေ့ကို ဖုန်းဆက်ပြီး နန်းကြီးသုပ်စားချင်တယ် ပြောလိုက်ရင် ကောင်းမလား၊ အဲ့ဒီက ကော်ပြန့် ကြော်လေးကလည်း ထပ်စားကြည့်ချင်စရာလေး၊ ဒီကဟာတွေနဲ့ လုံးဝ မတူဘူး အတော်စားလို့ ကောင်းတယ် ......... ရေးရင်း စားချင်လာပြီ......

Free Online Language Translator

ဒီဆိုဒ်ကို တော်တော်များများ သိကြမယ်ထင်တယ်။ Gtalk မှာ မြန်မာအများနားမလည်တဲ့ ဘာသာစကားတွေနဲ့  Status တင်လေ့ရှိသူတွေ သုံးလေ့ရှိတဲ့ Langauge Translator ပါ။ ကျွန်မကတော့ သူငယ်ချင်းတွေ တင်တဲ့ Status တွေ ဘာပြောလည်း သိချင်ရင် ဒီ ဆိုဒ်ကို သုံးပြီး ကြည့်လေ့ရှိတယ်။

အဲ့ဒီက Translate လုပ်ပေးတာတွေ ဘယ်လောက် % မှန်လည်းဆိုတာတော့ ကျွန်မက မြန်မာနဲ့  အင်္ဂလိပ် ဘာသာစကားနည်းနည်း သိတာကလွဲရင် တခြား ဘာသာစကာတွေ မသိတော့ စမ်းကြည့်လို့ မရဘူးဖြစ်နေတယ်။ အဲ့ဒီမှာ မြန်မာသာသာစကားကလည်း မပါဘူးလေ။ မြန်မာစကားပါစေဦး စာလုံးပေါင်းတွေမှန်အောင် အရိုက်တတ်တော့ ပြဿနာများတတ်လေဦးမလား တွေးမိတယ်။

May 16, 2007

Snow (Hey Oh) - Red Hot Chili Peppers

After listening to this song a few times, it becomes one of my favoruite songs... Listen and Enjoy!

Hey oh ... listen what I say oh
I got your
Hey oh ... listen what I say oh

The more I see the less I know
The more I like to let it go... hey oh
woah woah woah


Photo Source : Lluminous-landscape.com

Please Google First

တခါတလေ ဘာတွေမှန်းမသိ လာမေးသူတွေကို စိတ်ပျက်မိတဲ့အခါ ဒီပိုစ့်က ပုံလေးကို ပြလိုက်ချင်တယ်။ ဒီ Website ကို ပေးလိုက်ချင်တယ်။

အရင်ကဆို သတင်းအချက်အလက်တစ်ခု၊ အကြောင်းအရာတစ်ခုကို သိချင်တယ်ဆို အဲ့ဒီအကြောင်းအရာကို သိတဲ့ သူတွေကို လိုက်မေးရ၊ Library တွေကို သွားပြီး သတင်းအချက်အလက်တွေကို လိုက်ဖတ်ရနဲ့  အတော်ပင်ပန်းပါတယ်။ သိချင်တာတွေ သိရဖို့ လည်း အတော်ခက်ခဲ ပါတယ်။ ဒါပေမယ့် ခုလို IT ခေတ်ကြီးမှာ သတင်း အချက်အလက်တွေကို အင်တာနက်ပေါ်မှာ ရှာရတာ အရမ်းကို လွယ်ကူနေ ပါပြီ။ ဘယ်ကိုမှ သွားစရာ မေးစရာ မလိုပဲ အင်တာနက် ရတဲ့ ကွန်ပြူတာတလုံးရှေ့ မှာ Search Engine တွေကို သုံးပြီးတော့ ကိုယ်သိချင်တဲ့ Key Word လေးတွေ ရိုက်ထည့်လိုက်ရုံနဲ့  သိချင်တဲ့ အကြောင်းအရာတွေကို အလွယ်တကူ ရှာဖွေ သိရှိနိုင်ပါပြီ။

ကျွန်မ အင်တာနက်ကို စပြီးသုံးခါစတုန်းကတော့ တစ်ခုခု ရှာစရာရှိတယ်ဆိုရင် MSN search ကို သုံးပြီး ဟိုရှာဒီရှာ လုပ်ဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ Google Search ကိုပဲ အဓိကထားပြီး သုံးဖြစ်တော့တယ်။ Google ကို ၂၀၀၂ လောက်ထဲက Home Page အဖြစ်ထားပြီး သုံးဖြစ်ခဲ့တယ်။ ကျွန်မသိတဲ့ အိုင်တီသမား အတော်များများကလည်း Google Home Page ထားပြီး သုံးကြတာတွေ့ ရတယ်။ တကယ်ဆို Search Engine တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် နာမည်အကြီးဆုံး Search Engine ကတော့ Google ပဲဖြစ်ပါတယ်။ နောက်ပိုင်းတော့ Google Search Engine က ဘယ်လောက်တောင် နာမည်ကြီးလာသလဲဆို July, 2006 က စပြီး Google ကို Verb တစ်ခုအနေနဲ့  အသိအမှတ်ပြု သုံးစွဲလာကြတယ်။ Google (Verb) google it ဆိုတဲ့ စကားကို တွင်တွင်ကျယ်ကျယ် သုံးလာကြပြီ။
တခြား ခက်ခက်ခဲခဲရှာရတာတွေဆို ရှာနေကြလူတွေက အလွယ်တကူတွေ့ နိုင်လို့  အကူအညီ တောင်းတယ်ဆိုတာ ထားပါတော့.. ခုတော့ လွယ်လွယ်ကူကူ အရာလေးတွေကိုပဲ လိုက်မေးနေကြတယ်... တကယ်ပါ.. တခြား အပြင်လူတွေ ( Computer သုံးလေ့မရှိသူတွေ)၊ အိုင်တီနဲ့  မရင်းနှီးသူတွေ က အကြောင်းအရာတစ်ခုကို မသိလို့  မေးခွန်းတွေ မေးလာမယ်ဆို သူတို့ မေးတာတွေ ကျွန်မ မသိခဲ့တောင်မှ Internet ပေါ်မှာ Google လို Search Engine တွေနဲ့  လိုက်ရှာပြီး အဖြေရှာပေးနေကြပါ။ ဒါပေမယ့် ဒီ အိုင်တီ အသိုင်းအ၀ိုင်းက၊ အိုင်တီနဲ့  အလုပ်လုပ်နေသူတွေ ဟိုမေးဒီမေး လုပ်လာတဲ့ အခါကြတော့........................

Someone thinks you are an idiot because you were too stupid to check Google before asking a question.

Google Is Your Friend

All Smart People Use Google


Related Link : Google.com

May 14, 2007

Java ဖြင့် ရေးသားထားသော အသေးငယ်ဆုံး Database

Java 6 မှာ Build in ပါလာတဲ့ Derby Database အကြောင်း နည်းနည်း စမ်းကြည့် ဖြစ်တယ်။ Database နဲ့  ပတ်သတ်ပြီး ဗဟုသုတ သိပ်မရှိဘူးပဲ ပြောရမလား Derby Database ဆိုတဲ့ နာမည်ကို Java 6 နဲ့  တွဲပြီးမှပဲ စပြီး ကြားဖူးတာ။ ကျွန်မ ကြားဖူးတဲ့ Derby ဆိုတာ England မှာ Derbyshire county မှာရှိတဲ့ Derby ဆိုတဲ့ မြို့ နဲ့  Kentucy Derby ဆိုတဲ့ မြင်းပြိုင်ပွဲပဲရှိတယ်။ နောက်ပြီး ကျွန်မက Database ဆို Oracle , Microsoft SQL Server, MySQL တွေနဲ့ ပဲ ရင်းနှီးပြီး အဲ့ဒီ Database တွေလောက်ပဲ ကောင်းကောင်း သုံးဖူးတာပါ။

ဖတ်ကြည့်မှပဲ Java 6 မှာ ပါတဲ့ Derby ဆိုတာ Apache က ထုတ်တဲ့ Opensource Porject တစ်ခု ဖြစ်မှန်းသိလိုက်ရတယ်။ ဖတ်မိသလောက် အဓိက သတိထားလိုက်မိတာကတော့
Derby ဟာ
- a lightweight database
- a transactional, relational database and provides a small footprint on disk.
ဒီထက် အသေးစိတ် သိချင်ရင်တော့ Apache Website မှာသွားဖတ်ကြည့်လို့  ရပါတယ်။
ကျွန်မကတော့ Java 6 မှာ Derby Database ကို ဘယ်လို သုံးနိုင်တယ် ဆိုတာလောက်ကိုပဲ သိအောင် စမ်းကြည့် ဖြစ်တယ်။ စာတွေမှာ ပြောထားတဲ့ အတိုင်း Java 6 မှာ ပါတဲ့ Derby ကို Connect လုပ်ရတာ အတော်လေး လွယ်ကူပါတယ်။ Java 6 ကို Install လုပ်ပြီး JAVA_HOME နဲ့  PATH တွေ ပေးဖြစ်တယ်။ တကယ်ဆိုရင် Derby ကို သုံးလို့ ရအောင်အတွက် derby.jar နဲ့  derbytools.jar file တွေကို PATH မှာ Point လုပ်ပေးဖို့ လိုပါတယ်။ ဒါပေမယ့် ကျွန်မကတော့ အလွယ်လမ်းလိုက်ပြီး Java folder အောက်က db\frameworks\embedded\bin အောက်ကိုပဲ Point ပေးထားလိုက်ပါတယ်။ ဘာလို့ လဲ ဆိုတော့ အဲ့ဒီအောက်က ij.bat မှာ အဲ့ဒီ jar files နှစ်ခုကို Path ပေးပြီးသားဖြစ်နေလို့ ပါ။ ဒီမှာ ij.bat file ပါ။


1. Install JDK 6 update 1
2. set JAVA_HOME=C:\Program Files\Java\jdk1.6.0_01
3. set PATH=%PATH%;%JAVA_HOME%\bin; JAVA_HOME%\db\frameworks\embedded\bin
Derby မှာ ij ဆိုတဲ့ Command-line tool တစ်ခုပါတယ်။ အဲ့ဒီ ij ကို အသုံးပြုပြီး Derby database ကို Connect လုပ်နိုင်ပါတယ်။ Database တစ်ခု ဆောက်ရတာ အတော်လွယ်ပါတယ်။
connect 'jdbc:derby:DatabaseName;create=true'; ဆိုပြီး ပေးလိုက်ရင် Database တစ်ခု Create လုပ်ပြီးသားဖြစ်သွားတယ်။
4. C:\>ij
5. ij> connect 'jdbc:derby:MyDbTest;create=true';
6. ij>exit;
ကျွန်မ အနေနဲ့  ပထမဆုံး MyDBTest ဆိုတဲ့ Database ကို creat လုပ်ကြည့်လိုက်တယ်။ Database ဆောက်မဆောက် သိချင်လို့  exit နဲ့  ပြန်ထွက်ပြီး ပြန် Connect လုပ်ကြည့်လိုက်တော့ Database ဆောင်ပြီးသားဖြစ်တာကို တွေ့ ရတယ်။
7. C:\>ij
8. ij> connect 'jdbc:derby:MyDbTest'; //command to connect Database
9. ij> create table mytable (id int
not null
generated always as identity,
name long varchar);
10. ij> show tables;
11. ij> insert into mytable values (default, 'Nay Nay Naing');
12. ij> insert into mytable values (default, 'Su Su');
13. ij> select * from mytable;
ပြီးတော့ Table တစ်ခုဆောက်ကြည့်ပြီး နည်းနည်း စမ်းကြည့်ဖြစ်တယ်။ နောက်ဆို Demonistration တွေဘာတွေ ပြရင် ဒီ Database လေးနဲ့  ချိတ်ပြီး ပြလို့ ရမယ်ထင်တယ်။

ကျွန်မ Java Folder အောက်က DB folder size ကို သွားကြည့်လိုက်တာ 6.7 MB ပဲရှိပါတယ်။ ဒါ Demo, Release Notes, Tools နဲ့  Documentation အချို့ ပါပြီးသားပါ။ Apache Site မှာ ဖတ်ရတာကတော့ Derby ရဲ့ base engine နဲ့  embedded JDBC driver size နှစ်ခု ပေါင်းမှ 2 MB ပဲရှိတယ်သိရတယ်။ Derby Database က Size သာသေးတာ Client/Server mode Support လုပ်တယ်လို့ လည်း သိရတယ်။ နောက်အချိန်ရမှာပဲ အဲ့ဒီ အကြောင်း ထပ်စမ်းကြည့်တော့မယ်။

Derby ရဲ့ Command တွေကို သိချင်တယ်ဆိုရင် Help ( ij> help ; ) ဆိုပြီး ခေါ်ကြည့်လို့ ရပါတယ်။

Source :
Apache Derby
Sun Developer (JavaDB)

Mother, How Are You Today?

Maywood - Mother How Are You Today

Mother, how are you today?
Here is a note from your daughter
With me everything is OK
Mother, how are you today?

မေမေ..
နေကောင်းလား မေမေ...

သူငယ်ချင်းတစ်ယောက်က Mother's Day အတွက် သီချင်းရှာခိုင်းလို့  အမေနဲ့  ပတ်သတ်တဲ့ သီချင်းတွေကို လိုက်ပြီး နားထောင်ကြည့်ရင်းကနေ ဒီသီချင်းလေးကို ထပ်ခါထပ်ခါ နားထောင်ဖြစ်သွားရင်း မေမေ့ကို သတိပိုရသွား မိတယ်။ ကျွန်မရဲ့ အမေ အကြောင်း တစ်ခုခုရေးမယ် စိတ်ကူးလိုက်တိုင်း မေမေ့ကို သတိရစိတ်နဲ့  အဆုံး မသတ်နိုင်ခဲ့တဲ့ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ ခုချိန်ထိတော့ ကျွန်မ့ မေမေနဲ့  ပတ်သတ်တဲ့ အကြောင်းအရာတွေ ပိုစ့်လုပ်တိုင်း ပုံလေးတွေ နဲ့  စာနည်းနည်းလောက်ကပဲ ရေးနိုင်ခဲ့ပါတယ်။ အင်း... နောက်နှစ် အားလပ်ရက် အမေ့အိမ် ပြန်ရောက်ချိန်၊ အမေဘေးမှ ရှိတဲ့ တစ်နေ့ ကြမှပဲ ကျွန်မရဲ့ အမေအကြောင်း ရေးဖြစ်အောင် ကြိုးစားပါတော့မယ်။

May 13, 2007

Dear Mother



Dear Mother, I love you
And I'm so glad you're mine
You hug me and hold me
And you make each day fine

Dear Mother, I love you
For all you have done
And I want to tell you
That you're my number one

May 12, 2007

Linux Journal ( May and June 2007 )

မေလ နဲ့  ဂျွန်လ ထုတ် Lunix Journals တွေပါ။ အဲ့ဒီ ဂျာနယ်တွေကို linuxjournal.com မှာ ၀ယ်ယူ ဖတ်ရှု့ နိုင်ပါတယ်။ Lunix ကို စိတ်ဝင်စားသူ အားလုံး ဖတ်နိုင်ဖို့  ကျွန်မ ဘလောခ့်မှာ ထပ်ဆင့် မျှဝေလိုက်တာပါ။ နောက်လတွေမှာလဲ လစဉ် တင်ပေးသွားမယ် စိတ်ကူးပါတယ်။


အဲ့ဒီ Journals တွေကို linuxjournal.com မှာ Subscribe လုပ်ထားပြီး လစဉ် ၀ယ်ယူဖတ်လေ့ရှိ သူက ကိုသီဟပါ။ ( ဒီ Journals တွေကို ကျွန်မ့ အမြဲ ၀ယ်ဖတ်တယ် အထင်ကြီးကုန်ကြမှာစိုးလို့  ကြိုရှင်းထားတာပါ။ ကျွန်မက သူပို့ ပေးရင်တော့ ဖတ်လိုက်ပါတယ်။ ကိုယ်ဟာကို ၀ယ်ဖတ်ဖို့ တော့ စိတ်မကူးမိသေး ပါဘူး :D ) ။ သူ ဒီ Lunix Journals တွေကို အမြဲဖတ်ဖြစ်သလို ၊ တခြား Lunix စိတ်ဝင်စားသူတွေကို ဒီဂျာနယ်တွေ ဖတ်မိစေချင်တာကလည်း ကိုသီဟပါပဲရှင်။ ဒါပေမယ့် သူ့ ထုံးစံအတိုင်း အပျင်းထူပြီး သူ့ ဘလောခ့်မှာ သူကိုယ်တိုင်တင်ဖို့  စိတ်မကူးဘဲ၊ ကျွန်မရဲ့ ဘလောခ့်မှာပဲ သူများတွေ ဖတ်နိုင်အောင် တင်ပေးပါ Request လုပ်လာခဲ့လို ဒီပိုစ့်ကို တင်ရခြင်းဖြစ်ပါတယ်။ ကျွန်မ အချိန်ရရင် Lunix Journals အဟောင်းတွေကိုလည်း ပြန်ပြီး တင်ပေးပါဦးမယ်။

Credit to : THKZ

Hope to see you again..

မနေ့  က သူငယ်ချင်းတစ်ယောက် ပြန်ခါနီးမို့  နှုတ်ဆက်ဖို့ ခနဆိုပြီး သွားလိုက်တာ အိမ်ပြန်ရောက်တော့ အတော်လေးကို မိုးချုပ်နေပါပြီ။ (မိုးလင်းနေပြီလို့ တောင် ပြောလို့ ရမယ် ထင်တယ်။) နောက်နေ့ မှာ အလုပ်တွေရှိကြပေမယ့် အားလုံးပျော်ရွှင်နေခဲ့ကြပြီး တစ်ယောက်မှ စောစောမပြန်ဖြစ်ခဲ့ကြဘူး။ ပျော်စရာကောင်းတဲ့ နှုတ်ဆက်ပွဲ တစ်ခုပါပဲ။ နောက် မဝေးလှတဲ့ တချိန်မှာ အားလုံးနဲ့  ဒီလိုပဲ ပြန်လည် တွေ့ ဆုံနိုင်ဖို့  မျှော်လင့်ပါတယ်...

May 09, 2007

Mozilla CEO speaks out on future of Firefox

Mozilla CEO ပြောတဲ့ Firefox ဘယ်လို ဖြစ်လာတယ်၊ ရှေ့ မှာ ဘာတွေ ဆက်လုပ်မယ် ဆိုတဲ့ အကြောင်း Interview တစ်ခု ဖတ်လိုက်ရပါတယ်။ ဒီ Interview စပြီး ဖတ်မကြည့်ခင်တည်းက Mozilla ရဲ့ CEO က အမျိုးသမီးတစ်ယောက်ပဲ ဆိုတာ သိလိုက်ရလို့  သဘောကျသွားမိတယ်။
ကျွန်မအနေနဲ့  FireFox ကို Primary Browser အဖြစ်သုံးနေတာ ၁ နှစ်ကျော် ရှိပါပြီ။ FireFox က Cross Platform ရတယ်၊ OpenSource ၊ Stable လည်းဖြစ်တယ်၊ Security ကောင်းတယ်၊ ကိုယ့်အတွက် သုံးရတာ အဆင်ပြေလို့  Primary Browser အနေနဲ့ သုံးနေခဲ့တာပါ။ ဒါပေမယ့် တချို့ ဆိုဒ်တွေ၊ အထူးသဖြင့် စင်္ကာပူ အစိုးရ Website တွေကတော့ Microsoft က ထုတ်တဲ့ IE နဲ့ ပဲ ကိုက်ညီအောင် ရေးထားတော့ FireFox ဒါမှမဟုတ် တခြား Browser တွေနဲ့ ကြည့်ရင် အဆင်မပြေပါဘူး ဖြစ်နေတယ်။ ဒီတော့ IE ကိုလည်း စွန့် လို့ မဖြစ် လိုအပ်ရင် လိုအပ်သလို သုံးရတုန်းပါပဲ။ ဒါတောင် IE 6 နဲ့ ပဲ အဆင်ပြေပြီး IE 7 နဲ့  ဆို အဆင်မပြေတဲ့ Site တွေလည်း ရှိသေးတယ်။ တကယ်ဆို အဲ့ဒီလို Browser Dependent မဖြစ်သင့်ပါဘူး။ Browser Independent ဖြစ်အောင် ရေးထားသင့် ပါတယ်။

ခုနောက်ပိုင်းမှာ FireFox ကို အသုံးပြုသူ များလာတာ တွေ့ ရတယ်။ W3C ရဲ့စာရင်းတွေနဲ့  တခြား Web Stats တွေအရ သိနိုင်တယ်။ ဒီ၂ နှစ်အတွင်း အသုံးပြုသူ တိုးတက်နှုန်းက အတော်မြန်ပါတယ်ဆိုရမယ်။ W3C မှာ သွားကြည့်ရင် 2003 က စတင်ခဲ့တဲ့ Firefox Browser ကိုအသုံးပြုသူဟာ 2005 နှစ်ဆန်းမှာ 3.4 % ပဲရှိတာကနေ ခုဆို (2007 April) 32.9% ရှိနေပြီဆိုတာ တွေ့ နိုင်ပါတယ်။

အဲ့ဒီ Interview ကို ကြည့်ပြီးမှ သတိထားမိလိုက်တဲ့ FireFox Japan က လုပ်ထားတဲ့ Foxkeh ဆိုတဲ့ Cartoon ပုံလေး ကိုလည်း သဘောကျမိတယ်။


May 08, 2007

အကျင့်

အရင်တုန်းကဆို ပေပေတေတေနဲ့  ညနက်မှသိပ် အိပ်လေ့ ရှိတော့ ထုံးစံလို ဖြစ်နေခဲ့တယ်။ တစ်နေကုန် အလုပ်လုပ်၊ ညဘက်ဆို ကောင်းကောင်းမအိပ်ပဲ Game ဆော့လိုက်၊ စာဖတ်လိုက်၊ တခါတလေလည်း ဒေါင်းလုတ်လုပ်ထားတဲ့ ရုပ်ရှင်ကြည့်လိုက်နဲ့  နေခဲ့တာပါပဲ။ အဲ့ဒီတုန်းက အကျင့်ရနေလို့ လားမသိဘူး ၃၊၄ ရက် အိပ်ရေးပျက်တာလောက်ကတော့ အပျော့ပေါ့။ အိပ်ရေးပျက်တာများရင် နည်းနည်းပင်ပန်းသလိုရှိပေမယ့် ခံနိုင်ရည်ရှိသေးတယ်။ ပုံမှန်လိုပဲ အလုပ်သွား၊ လုပ်စရာရှိတာ လုပ်နိုင်နေခဲ့တယ်။

ဒါပေမယ့် ၂၀၀၆ နှစ်ဆန်းပိုင်းက စပြီးတော့ လူက လိမ်မာလာတယ် ပြောရမလား၊ အိပ်ချိန်မှန်မှန် နဲ့  အိပ်ရေးဝအောင် အိပ်ဖြစ်လာတယ်။ ၁ ရက်၊ အလွန်ဆုံး ၂ ရက်ထက် ပိုပြီးအိပ်ပျက်အခံတာ အတော်ကြာပါပြီ။ ဒါပေမယ့် ဒီရက်ပိုင်းမှာ ကိုယ့်ဟာကိုယ် မအိပ်တာက တစ်ရက်၊ အလုပ်ရှုပ်နေလို့  အိပ်ရာဝင်နောက်ကြတာက ၁ ရက်၊ ဗိုက်အောင့်နေလို့  စောစောအိပ်မရတာက ၂ ရက်.. ၄ ရက်ဆက်တိုက်လည်း အိပ်ချိန် မမှန်၊ အိပ်ရေးမ၀ဖြစ်လာရော.. လူလည်း အီလည်လည်ကြီးဖြစ်လာတယ်။

ခုရက်ပိုင်းမှပဲ အလုပ်မှာလည်း အလုပ်နည်းနည်းရှုပ်တယ်ဆိုရမလား၊ Coding ရေးစရာ တချို့ က ရှိနေတယ်။ မူးနောက်နောက်နဲ့  ရေးနေပေမယ့် ခုချိန်ထိတော့ ဘာမှ ပြဿနာ မတတ်သေးဘူး ဆိုတော့ အခြေအနေ မဆိုးသေးဘူး ဆိုရမယ်။ အဲ.. ရေးသမျှကိုတော့ Double Confirm လုပ်ပြီးမှ Release လုပ်ရတာပေါ့။ ခုနက Program ကို Testing လုပ်ရင်း Blog မှာ တင်မလို့ Technical Post တစ်ခု့ ရေးတာမှာတော့ ရေးနေရင်းနဲ့  ဆက်စဉ်းစားမရဘူး ဖြစ်သွားတယ်။
ဒီတော့မှ ကျွန်မ ခံနိုင်ရည် ပုံမှန်မဟုတ်မှန်း သတိထားမိလိုက်တယ်။ အရင်ကလည်း ဒီလိုပဲ အလုပ်လုပ်ရင်း Technical အကြောင်းတွေ ရေးနေကြပါပဲ။ နောက်မှ သတိထားမိတယ်။ ခုရက်ပိုင်း လုပ်မယ်စဉ်းစားထားပြီး မလုပ်ဖြစ်ပဲ မေ့သွားတာ ၃၊၄ ခုလောက်ရှိနေပြီ။ မနေ့ နေ့ လယ်ကဆို အိမ်ကို Lunch Time မှာ ဖုန်းခေါ်ရမယ့်ဟာ လုံးဝ မေ့သွားတယ်။ သတိရတဲ့ အခ်ျိန်ကြတော့ ည ၁၂ နာရီ ကျော်သွားပြီ။

တွေးမိတယ်.. အကျင့်ဆိုတာ လူက လုပ်ယူတာ မဟုတ်လား။ ဘယ်အရာမဆို အလေ့အကျင့်ရှိလာရင် ခံနိုင်ရည် ရှိလာတာပါပဲ။ ခုဆို အိပ်ရေးပျက်ခံလေ့ မရှိတော့ မခံနိုင်တော့ဘူး။ ဒီတော့ အိပ်ပျက်ခံနိုင်အောင် ပြန်ပြီး ကျင့်ယူရင် ကောင်းမလား။ ဘာရယ်တော့ မဟုတ်ပါဘူး.. ခုနက ရေးနေတဲ့ ပိုစ့်ကို အဆုံးမသတ်နိုင်တာ သေချာသွားလို့  စိတ်ထဲ မကျေနပ်တာနဲ့  တစ်ခုခုတော့ ရေးဖြစ်အောင် ရေးဦးမယ်ဆိုပြီး စိတ်ထဲပေါ်လာတာတွေ ချရေးလိုက်တာပါ။ :D

May 07, 2007

Gathering - 07 May 2007

စနေညက ထုံးစံအတိုင်း အိပ်ချိန်နောက်ကြပြီး အိပ်ရေးမ၀လို့  တနင်္ဂနွေနေ့ မှာ အပြင်မသွားတော့ဘူး စိတ်ကူးခဲ့တယ်။ ဒါပေမယ့် ဟိုအဝေးကြီးက သူငယ်ချင်း တစ်ယောက်က ဒီနိုင်ငံရောက်နေပြီး အားလုံးနဲ့ တွေ့ ချင်ပါတယ်၊ Gathering လုပ်မယ် ဆိုလာလို့ ၊ သူတောင်မှ အဝေးကြီးက တကူးတက လာရတာ၊ ဘာပဲဖြစ်ဖြစ် သွားတွေ့ သင့်တယ်တွေးမိပြီး အပြင်ထွက်ဖြစ်သွား ပါတယ်။

သွားတုန်းကတော့ ခနပေါ့။ လုပ်စရာတွေရှိသေးတယ် ၂ နာရီလောက် စကားပြောပြီးရင် ပြန်မယ် စိတ်ကူးခဲ့တယ်။ ဟိုရောက်တော့ အားလုံးနဲ့ တွေ့  စကားတွေ ကောင်းနေလိုက်ကြတာ ကျွန်မ အိမ်ပြန် ရောက်ချိန်ကြတော့ ည ၁၁း၀၀ နာရီထိုးပြီး နေပါပြီ။ ဒါတောင် တနင်္ဂနွေည ဖြစ်နေလို့  နောက်နေ့  မနက်ကြရင်လည်း အလုပ်သွားရဦးမယ်၊ အိမ်မှာလည်း လုပ်စရာလေးတွေ နည်းနည်း ရှိနေတာရယ်ကြောင့်သာ စကားဖြတ်ပြီး (စကားထိုင်ပြောနေတဲ့ ဆိုင်တွေပိတ်ချိန်မှာ) ပြန်ခဲ့လို့  ဒီအချိန် အိမ်ပြန်ရောက်တာပါ။ တခြားသူတွေကတော့ မပြန်သေးပဲ နေရာပြောင်းပြီး ပွဲဆက်ဖြစ်တယ် သိရတယ်။
ဟိုပြော ဒီပြောနဲ့  အတော်လေး စကားပြောနိုင် ကြတယ်။ သူငယ်ချင်းတွေ အားလုံးပဲ ပျော်ပျော်ရွှင်ရွှင်နဲ့  အကြောင်းအရာ မျိုးစုံကို မရပ်မနား ပြောလိုက်ကြတာ ရေပတ်မ၀င်အောင် စကားပြောတယ် ဆိုတာ ဘယ်လိုဟာမျိုးကိုခေါ်သလဲလို့  ဒီနေ့ မှ အသေအချာ သိလိုက်ရပါတယ်။ နောက်ဆို ဒီလူတွေ အားလုံး တစုတဝေးထဲ ပြန်တွေ့ ဖို့ ဆိုတာ မလွယ်ပါဘူး။ ဘယ်အချိန်မှာမှ အတူတကွ ပြန်တွေ့ ခွင့်ရမယ်မှန်း မသိကြပေမယ့် တွေ့ ခွင့်ရတုန်းလေး ပျော်ပျော်ရွှင်ရွှင်၊ ရင်းရင်းနှီးနှီး ပြောဆိုဖြစ်ခဲ့ကြတဲ့ ဒီ Gathering ကို က အမှတ်တရ ဖြစ်စရာပါပဲ။

May 06, 2007

မြန်မာရိုးရာ နက္ခတ်ဗေဒင်

ကျွန်မရဲ့ ချစ်လှစွာသော အစ်ကိုကြီးတစ်ယောက် ပြလို့ ဒီဆိုဒ်ကို သတိထားမိသွားပါတယ်။ မြန်မာရိုးရာ နက္ခတ်ဗေဒင် အကြောင်း WebSite ပါ။ သူရိယသဒ္ဓန္တကျမ်းလာ နည်းနိသျှအတိုင်း နိရာယနစနစ်ဖြင့် တွက်ချက်ထားသည်လို့  ရေးထားတာတွေ့ ရတယ်။ ဗေဒင်လက္ခာဏာဆိုတာကို သူငယ်ချင်းတွေ အပျော်ဟောတာလောက်ကလွဲရင် တခါမှ မမေးဘူး၊ ဗေဒင်ကျမ်းတွေနဲ့  ပတ်သက်ရင် ဗဟုသုတ မရှိတဲ့ ကျွန်မ အနေနဲ့ ကတော အဲ့ဒီကျမ်းက ဘယ်လိုကျမ်းမျိုးမှန်း မသိပါဘူး။ ဒါပေမယ့် နာမည်ကြီး ဗေဒင်ကျမ်းတစ်ခု ဖြစ်မယ်လို့ တော့ ထင်တာပါပဲ။

အဲ့ဒီမှာ မြန်မရိုးရာဇာတာတွက်ချက်လို့ ရတယ်။ လက်ထောက်ဗေဒင်၊ ဗေဒင်သိကောင်းစရာတွေ၊ သက်ရောက်ဗေဒင်၊ မဟာဇနက္က ဗေဒင်ဟောကိန်းတွေ ဆိုပြီး ရှိကြောင်းကို Home Page မှာ ရေးထာလို့  သိလိုက်ရတယ်။ တခြား ဗေဒင်နဲ့  ပတ်သက်တဲ့ e-books တွေလည်း download လုပ်လို့ ရအောင် ပေးထားတာလည်း တွေ့ ပါသေးတယ်။ ပြီးတော့ ဒေ၀စကားဝိုင်းဆိုတဲ့ ဖိုရမ်လေးလည်း အဲ့ဒီမှာ ရှိတယ်။ ၀ါသနာတူသူတွေ ဆွေးနွေးလို့ ရတာပေါ့။



ကျွန်မကတော့ ဗေဒင်၊လက္ခဏာဆိုတာတွေကို သိပ်လည်း နားမလယ်၊ စိတ်လည်း မ၀င်စားတော့ ဒီဆိုဒ်ကို ဟိုကြည့်ဒီကြည့် လုပ်လိုက်ပေမယ့် ကောင်းလား မကောင်းလာဆိုတာကို အသေအချာ မသိပါဘူး။ ဒါပေမယ့် ကျွန်မ စိတ်ထင် ဗေဒင်ကိုဝါသနာပါကြသူတွေတော့ ဒီဆိုဒ်ကို သဘောကျမယ်ထင်တယ်။ မြန်မာပြည်မှ ဗေဒင်မေးရလွယ်သလောက်၊ နိုင်ငံခြားမှဆို ခက်ခဲမယ်ထင်တယ်။ တစ်ခုခုဆို ဗေဒင် မမေးရ မနေနိုင်တဲ့ သူတွေအတွက်တော့ ဒီဆိုဒ်က အသုံးဝင်မှာပါ။ ဗေဒင်ဝါသနာမပါတောင်မှ လက်ထောက်ဗေဒင်အဟောများ ဆိုတဲ့ နေရာသွားပြီ Game ဆော့သလိုမျိုး အပျင်းပြေ Click လုပ် စမ်းကြည့်နိုင်သေးတယ်။

* Update * :
သေချာကြည့်မှ ဒီ Site မှာ လုံးဝ မဖြစ်သင့်တာ တစ်ခုကိုတွေ့  လိုက်တယ်။ ဗေဒင် အကြောင်းတွေ တင်ထားပြီး Website နာမည်ကြီးက dhammasurf.com ဆိုပြီး ဖြစ်နေတာ၊ လုံးဝ မဖြစ်သင့်ပါဘူး။ ဗေဒင်ကို ယုံချင်တဲ့ သူတွေယုံကြပါ။ တင်ချင်တဲ့ နေရာတင်ကြပါ။ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့  သူတို့ ဟာသူတို့  ယုံကြည်တာကို ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် ဗေဒင်နဲ့ ဓမ္မ ဆိုတဲ့ စကားကို မရော ထွေးသင့် ပါဘူး။ တော်ကြာ မသိနားမလည်တဲ့ သူတွေက Dhamma ဆိုတဲ့ စကားကို လိုက်ရှာရင်း ဒီ ဆိုဒ်ကိုတွေ့ သွားရင် ဗုဒ္ဓဘာသာနဲ့  ဗေဒင်ကို ရောထွေးပြီး မြင်နေကြဦးမယ်။

Google News Page is Empty

Google News ဖတ်မယ်လို့  ၀င်လိုက်တာ ထူးထူးခြားခြား အားလုံး Blank တွေပဲ မြင်လိုက်ရတော့ အံ့သြသွားတာနဲ့  တခြားသူတွေကိုပါ စမ်းကြည့်ပါဦးပြောလိုက်တာ.. အဲ့ဒီအချိန်က ကြည့်သူအားလုံး အဖြူရောင်တွေကြီး မြင်လိုက်ကြရတယ်။ ဘေးက လင့်တွေကို Click လုပ်တော့လဲ Blank Screen တွေပဲတတ်လာပါတယ်။ အဲ့ဒီအချိန်အတွင်း Refresh လုပ်ပြီး စမ်းကြည့်တာ Result က တူတူပဲ။ ဒါပေမယ့် ဒီလိုဖြစ်တာ သိပ်မကြာလိုက်ပါဘူး။ ချက်ချင်းလိုလိုပဲ Google News ပုံမှန်အတိုင်းပြန်ပေါ်လာပါတယ်။ ဘာရယ်မဟုတ်ပါဘူး သူတို့ လဲ ဒီလိုဖြစ်တတ်တယ်ဆိုတာ မှတ်ထားလိုက်တာပါ။

05 May 2007 - 12:10 PM
[UST -06:00] Eastern Daylight Time
ဒီနေ့ ဖတ်လိုက်ရတဲ့ Microsoft က Yahoo ကို ၀ယ်ဖို့ ကြိုးစားနေပြီးဆိုတဲ့ သတင်းကြောင့်များ Google လန့် သွားပြီး အဲ့လို ဖြစ်တာလားလို့  မဆီမဆိုင် လျှောက်တွေးမိသေးတယ်။ Microsoft က ညှိတဲ့ဈေးက USD 50 billion နဲ့ ဆိုတော့ အဲ့ဒီ ပိုက်ဆံလေး အကုန်မပြောပါနဲ့  1 % လောက်ပဲ ကိုယ် ရလိုက်ရင်ကောင်းမှာပဲလို့ တောင် တွေးမိသေးတယ်။ အဲ့ဒီသတင်း မှန်တာမမှန်တာ အသာထား၊ Microsoft က Google ကို အသေ လိုက်ပြိုင်တာကတော့ သေချာပါတယ်။ Google ကလည်း အချိန်တို အတွင်းမှာ ကြောက်ဖို့ ကောင်းအောင် အင်တာနက်ပေါ်က နေရာမျိုးစုံမှာတွင်ကျယ်လာတာပါပဲ။ ခုချိန်မှာတော့ Microsoft က Desktop လောကမှာ ဘုရင်တစ်ဆူ ဖြစ်နေသလို၊ Google ကလည်း Internet ပေါ်မှာ ဘုရင်ဖြစ်နေတာပါပဲ။ Microsoft က ရှိသမျှ ဈေးကွက် အကုန်လုံးကို သူတစ်ယောက်တည်း လက်ဝါးကြီးအုပ်ချင်သူဆိုတော့ Google ကို ပြိုင်ပြီပေါ့။
Microsoft က Yahoo ကို ၀ယ်ဖို့ ကြိုးစားတယ်ဆိုတဲ့သတင်းကို စိတ်ဝင်စားသူတွေ အောက်ကလင့်တွေမှာ သွားဖတ်ကြည့်နိုင်ပါတယ်။

May 05, 2007

Hard To Say I'm Sorry - Chicago

ဘယ်သူ့ ကိုမှတောင်းပန်ချင်လို့  ဒီသီချင်းတင်တာ မဟုတ်ပါဘူး။ သီချင်းကို ကြိုက်လို့ ပါ။ ဒီနေ့  ဒီသီချင်းလေးကို ကျွန်မ ခနခန နားထောင်ဖြစ်နေတယ်ဆိုတာ သိတဲ့ သူငယ်ချင်းတစ်ယောက်က နင် ဘယ်သူကို တောင်းပန်ချင်နေတာလဲလို့  လာမေးခဲ့လို့ ၊ ခုလို ဘလောခ့်မှာ တင်မယ်စိတ်ကူးတဲ့အခါ သီချင်းကို ကျွန်မ နှစ်သက်လို့ သာ တခြား သူငယ်ချင်းတွေ နားထောင်ဖြစ်အောင် ဘလောခ့်မှာ တင်ခြင်းဖြစ်ကြောင်း၊ တခြား ဘာအကြောင်းကိစ္စမှ မရှိကြောင်းကို ဘယ်သူမှ လာမမေးခင် ကြိုတင်ပြီးရှင်း ထားလိုက်တာပါ။ :D

သူငယ်ချင်း မေးလိုက်မှ စဉ်းစားမိတယ်။ ဒီသီချင်းနဲ့ တော့ သိပ်မဆိုင်ပါဘူး။ ဒါပေမယ့် တကယ်ဆိုရင် ကျွန်မကလည်း တစ်ခုခုဆို " Sorry " ပြောဖို့  အတော်ဝန်လေး ပါတယ်။ " Sorry " လို့  ပါးစပ်ကတော့ လွယ်လွယ်ပြောလို့ ရတာပေါ့နော်။ ဒါပေမယ့် ဒီနေရာမှာ ကျွန်မပြောချင်တဲ့ Sorry ဆိုတဲ့ စကားက ကိုယ်က အမှားတစ်ခု လုပ်မိပြီးနောက်ပိုင်းမှာ ပါးစပ်ကတင် လွယ်လွယ်ပြောတဲ့ အနေနဲ့ မဟုတ်ပဲ တကယ့်ကို စိတ်ပါလက်ပါ နဲ့ တောင်းပန်ပြီး နောက်ကို ဒါမျိုးထပ်မဖြစ်စေရပါဘူးလို့  ကတိပေးတဲ့ အဓိပ္ပါယ်သက်ရောက်တဲ့ စကားမျိုးပါ။ ကျွန်မကတော့ ကိုယ်မပြောချင်တဲ့ စကားမပြောရအောင် အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ ဒါပေမယ့် ကျွန်မလည်း သာမန်လူသားတစ်ဦးပဲရှင်။ အမြဲတမ်း အမှားမလုပ်ဘူးဆိုတာတော့ ဘယ်ဟုတ်မလဲ။ ကျွန်မ မှားတယ်ဆိုတာ သိခဲ့ရင်၊ မှားမှန်းသိခဲ့ရင်လည်း ဘယ်သူ့ ကိုမဆို တောင်းပန်ဖို့ ကို ကျွန်မ ၀န်မလေးပါဘူး။ ဒါပေမယ့် အဲ့ဒီလို ကိုယ်က အမှားလုပ်ခဲ့မိလို့  သူတပါးကို ပြန်တောင်းပန်ရတယ်ဆိုတဲ့ အနေအထားကို ကျွန်မ မကြိုက်လို့  အဲလို စကားမျိုး ပြောရတဲ့ အဖြစ်မျိုးကို မရောက်ချင်တာပါ။ အင်း .... တချို့ တွေကြတော့လည်း အမှားတွေ လွယ်လွယ်လုပ်လိုက်၊ နောက်တော့ Sorry ဆိုတဲ့ စကားကို လွယ်လွယ်ပြောလိုက်နဲ့  သူ့ ဟာသူတော့ ဟုတ်နေကြတာပါပဲ။

Hard To Say I'm Sorry - Chicago
from the album "Chicago - Greatest Hits 1982-1989"

Everybody needs a little time away
I heard her say, from each other
Even lovers need a holiday
Far away from each other

Hold me now
It's hard for me to say I'm sorry
I just want you to stay

After all that we've been through
I will make it up to you
I promise to
And after all that's been said and done
You're just a part of me I can't let go

Couldn't stand to be kept away
Just for the day, from your body
Wouldn't want to be swept away
Far away from the one that I love

Hold me now
It's hard for me to say I'm sorry
I just want you to know
Hold me now
I really want to tell you I'm sorry
I could never let you go

After all that we've been through
I will make it up to you
I promise to
And after all that's been said and done
You're just a part of me I can't let go
And after all that we've been through
I will make it up to you
I promise to

You're going to be the lucky one

May 04, 2007

Microsoft Product Licensing Advisor

IT Field မှာ ကျွန်မနဲ့  ခင်မင်ရင်းနှီးသူ၊ မရင်းနှီးသူ မြန်မာတွေ အတော်များများဟာ Microsoft Products တွေနဲ့  အလုပ်လုပ်နေ ကြတာ များပါတယ်။ တချို့ ဆို Management Level , Consultant Level အလုပ်တွေ လုပ်နေကြတာပါ။ အဲ့ဒီ ထဲက ဘယ်သူတွေက Microsoft Product License တွေအကြောင်း ဘယ်လောက် သိကြသလဲ ဆိုတာ ကျွန်မ အသေအချာ မသိပါဘူး။ သေချာတာတစ်ခုကတော့ ကျွန်မ အနေနဲ့  အဲ့ဒီ License အကြောင်းတွေကို မသိခဲ့လို့  အခုမှ လေ့လာနေရတယ် ဆိုတာပါပဲ။

ကျွန်မ အခုလက်ရှိ အလုပ်လုပ်နေတဲ့ Level အနေနဲ့  License တွေအကြောင်း အသေးစိတ် မသိမနေရ၊ သိစရာ မလိုပေမယ့် IT Management Monthly Meeting တစ်ခု တက်လိုက်တိုင်း Management Level တွေ License တွေ အကြောင်း ဆွေးနွေးနေတာတွေကို အမြဲတမ်းကြားနေ ခဲ့ရတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာတွေပါ။ သေချာ စဉ်းစားကြည့်မယ်ဆို Management Level, Consultant Level အဆင့်ရောက်ပြီဆို ကိုယ်သုံးတာ၊ မသုံးတာ အသာထား၊ ဒီလို Software Product License တွေအကြောင်း အနည်းဆုံး သိရှိ၊ နားလည်နေဖို့ တော့ လိုပါတယ်။


ကျွန်မတွေ့ မိတဲ့ Microsoft က Licensing Advisor ပါ။ Microsoft Prouduct တွေ ၀ယ်မယ်ဆို ကိုယ့် Company အတွက် ဘယ်လို လိုင်စင်၊ ဘယ်လို Product က သင့်တော်တယ်ဆိုတာ မသိရင်၊ ဒီ Advisor သုံးပြီး ရှာကြည့်လို့ ရပါတယ်။ ကျွန်မ အလုပ်မှာ Microsoft ရဲ့ တခြား Product တွေကို မသုံးရပေမယ့်၊ ပုံမှန်သုံးနေတဲ့ OS က Windows၊ အိမ်မှာအဓိက သုံးနေတာကလည်း Microsoft ရဲ့ Windows OS တွေ ဖြစ်နေတော့ ကိုယ်နဲ့  ရင်းနှီးတဲ့ Microsoft Products တွေ အကြောင်းကို စပြီး ရှာဖွေ၊ လေ့လာကြည့် ဖြစ်လိုက်တယ်။ တခြား License တွေအကြောင်း ဆက်လက် လေ့လာနေပါတယ်။ အချိန်ရမယ်ဆို တခြား Product License တွေအကြောင်း ဆက်ပြီးရေးပါအုန်းမယ်။

May 03, 2007

Build or Destroy

ဖတ်ဖူးတဲ့ စကားတစ်ခု

To build may have to be the slow and laborious task of years.
To destroy can be the thoughtless act of a single day.

Sir Winston Churchill
British politician (1874 - 1965)

တည်ဆောက်ဖို့ ဆိုသည်မှာ
နှေးကွေးပြီး လက်ဝင်လှသည်ဖြစ်ရာ
နှစ်နှင့် ချီ၍ကြာနိုင်ပါသည်။
ဖျက်ဆီးဖို့ အတွက်မူ
ထောက်ထားစာနာစရာမလို၍
တစ်ရက်တည်းနှင့် ကိစ္စပြီးနိုင်သည်။

( ဆာ ၀င်စတန် ချာချီ )

ကျွန်မတို့  အားလုံးဟာ အချိန်တွေ ပေးဆပ်၊ အခက်အခဲတွေကို ကျော်လွှား၊ စိတ်အင်းအား၊ လူအင်အားတွေ အများကြီးကုန်ဆုံးပြီးမှသာ ကိုယ်လိုချင်တဲ့ အရာတွေကို တည်ဆောက်ယူနိုင်ကြ ပါတယ်။ ဒါပေမယ့် အဲ့ဒီအရာတွေကို ဖျက်ဆီးဖို့ ဆိုရင်ကတော့ လွယ်ကူပါတယ်။ တခဏအတွင်း ၊ မျက်စိတမှိတ်၊ လျှပ်တစ်ပြက်လောက် အတွင်းမှာ အလွယ်တကူ ဖျက်ဆီးလို့ ရပါတယ်။

ဒါပေမယ့် ဒီ တည်ဆောက်မှု့ ၊ ဖျက်ဆီးမှု့  နှစ်ခုလုံး မလုပ်ခင်မှာ သေချာ စဉ်းစားရမယ့် Level ခြင်း ကတော့ အတူတူပဲလို့ ထင်ပါတယ်။ တစ်ခုခုက ပိုသာရမယ် ဆိုရင်တော့ ဖျက်ဆီးမှု့ ကို မလုပ်ဆောင်ခင် တွေးတော့ရမှာက ပိုများမယ်ထင်ပါတယ်။ ဖျက်ဆီးပြီးမှ မူလအတိုင်းဖြစ်အောင် ပြန်တည်ဆောက်ယူဖို့ ဆိုတာက လွယ်မှ မလွယ်တာ။ တကယ်တန်းဆို ကိုယ့်အတွက် တကယ် မလိုအပ်တဲ့အရာတွေကို တန်းဖိုးရှိတဲ့ အရာများစွာကို ဖြုန်းတီးပြီး မတည်ဆောက်မိဖို့ ၊ ကိုယ့်အတွက် လိုအပ်နေတဲ့ အရာတစ်ခုကို ဖျက်ဆီးရလွယ်လို့ ဆိုပြီး တန်းဖိုးမထားပဲ အလွယ်တကူ မဖျက်ဆီးမိဖို့ နှစ်ခုလုံးဟာ အားလုံးအတွက် အရေးကြီးပါတယ်။

ဘယ်အရာကိုအဆို မလုပ်ဆောင်ခင်မှာ အသေအချာ စဉ်းစားပြီးမှ လုပ်တာအကောင်းဆုံးပါပဲ။

May 02, 2007

Dell Picks Ubuntu Linux For Consumer PCs

Dell က သူရဲ့ Desktops နဲ့  Laptop တွေမှာ Ubuntu 7.04 ကို လာမယ့် အပတ်ကစပြီး offer လုပ်မယ်လို့  သိရပါတယ်။ အားလုံးတော့ မဟုတ်သေး ပါဘူး။ ဒီလို ပြောထားပါတယ်။

"We will offer select consumer desktop and notebook products with Ubuntu 7.04 in the coming weeks," a Dell spokesman said in an e-mail.

ဈေးကဘယ်လောက်၊ ဘယ်လို support လုပ်မယ်ဆိုတဲ့ အသေးစိတ် သတင်းအချက်အလက်တွေကိုတော့ မထုတ်ပြန်သေးဘူးလို့ သိရပါတယ်။ Ubuntu က Free Opensource OS ဖြစ်နေတော့ ပိုက်ဆံပေးဝယ်ရတဲ့ Microsoft OSes တွေ သွင်းထားတဲ့ ကွန်ပြူတာတွေထက် ဈေးပိုပေါမှာတော့ သေချာသလောက် ပါပဲ။ ဒါပေမယ့် User တွေကို ဘယ်လို Support လုပ်ပေးမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

ဟိုတစ်လောကတင် ကျွန်မရဲ့ ကွန်ပြူတာမှာ Ubuntu သွင်းပြီး သုံးကြည့်လိုက်သေးတယ်။ သုံးရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် လူအများသုံးလေ့ရှိတဲ့ Window က Support လုပ်တဲ့ Software တချို့  Ubuntu မှာ သုံးလို့ မရပါဘူး။ ဒါပေမယ့် အရင်ကထက်စာရင်အများကြီး တိုးတက်လာတာတွေ့ ရတယ်။ ကျွန်မတို့  IT သမားတွေ အနေနဲ့  ကတော့ မရတာကို ရတာလေးတွေနဲ့  ရှာကြံ အစားထိုး သုံးနိုင်ကြတယ်။ ဒါပေမယ့် သာမန် ကွန်ပြူတာသုံးသူတွေ အတွက်တော့ မဖြစ်နိုင်ပါဘူး။ သူတို့ တွေ ဒါတွေကို သုံးဖို့  အဆင်သင့်ဖြစ်ဦးမယ် မထင်ဘူး။ ဒါကြောင့်လည်း selected consumer desktop and notebook လို့ ပြောထားတာ ဖြစ်မယ် ထင်တယ်။

ဘာပဲဖြစ်ဖြစ် ဒါဟာ Anti-Micorsoft တွေ အတွက်တော့ သတင်းကောင်းပါပဲ။ ကျွန်မကတော့ Microsoft ကို မကြိုက်ဘူး မဟုတ်ပေမယ့် OpenSource OS တွေနေရာပိုပြီး ရလာနိုင်တဲ့ လမ်းစဖြစ်တဲ့အတွက် ၀မ်းသာမိပါတယ်။ တစ်ခုခုဆို တစ်စုံတစ်ယောက်ကပဲ ချုပ်ကိုင်ထားတာဟာ User တွေအတွက် မကောင်းဘူး မဟုတ်လား။

Related Links : Informationweek.com, Dell.com, Ubuntu.com