
ကျွန်မလိုက်ရှာ ဖတ်ကြည့်သလောက်တော့ မူလ ပထမပုံစံကတော့ မျောက်ကလေး ၃ ကောင် နဲ့  ပုံလို့ သိရတယ်။ "Three Wise Monkeys" ပညာရှိ မျောက်သုံးကောင်လို လည်းခေါ်တယ်၊ တစ်ခါတလေ "Do no evil" ဆိုတဲ့ နောက်ထပ် မျောက်တစ်ကောင် ပါတယ်ဆိုရင်တော့ "Four Wise Monkeys" လို့ ခေါ်ကြောင်းသိရတယ်။ အင်း .. သူဟာသူတော့ ဟုတ်နေတာပဲ။

အင်တာနက်ပေါ် လိုက်ရှာကြည့်ရင် မျောက်သုံးကောင်ပုံ သာမက တခြားအကောင်တွေနဲ့ ပုံတွေလည်းရှိတယ်။ လူတွေ ဒီလိုပုံစံ ဓာတ်ပုံရိုက်ထားတာတွေ တောင်တွေ့ ရသေးတယ်။ ဘယ်ကစတယ် အတိအကျ မသိရဘူးဆိုထားပေမယ့် ဂျပန်နိုင်ငံမှာ ရှိတဲ့ ၁၇ ရာစုလက်ရာ ဘုရားကျောင်းတစ်ခု (Toshogu Shrine in Nikko, Japan) ရဲ့ တံခါးတစ်ခုအပေါ်မှာ ထွင်းထု ထားတဲ့ မျောက်သုံးကောင်ရုပ်ဟာ အစောဆုံးဖြစ်တယ်လို့  လူအများက ယုံကြည်ကြပါတယ်။ တချို့ ကလည်း ဒီထက် ပိုပြီး ရှေးကျကြောင်း၊ ၈ ရာစုလောက်မှာ အိန္ဒိယ ဒါမှမဟုတ် တရုတ်ကနေ စတင်တယ်ထင်ကြောင်း ပြောဆိုထားတာတွေကို လည်း ဖတ်ရတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးကတစ်ဆင့် ဂျပန်ကို ဒီစကားရောက် လာတယ်ပေါ့။ တရုတ်မှာလည်း စကားနဲ့  ခပ်ဆင်ဆင် ဆိုရိုးမျိုးရှိတယ် သိရတယ်။
“Analects of Confucius”;
"Look not at what is contrary to propriety; listen not to what is contrary to propriety; speak not what is contrary to propriety; make no movement which is contrary to propriety".
ဒါနဲ့  ဒီအရုပ်သုံးရုပ်ကို ဂျပန်လို " Mizaru, Kikazaru, and Iwazaru" လို့ ခေါ်တယ်။ ၄ ရုပ်ရှိတော့ "Mizaru, Kikazaru, Iwazaru, and Shizaru" လို့ ခေါ်ကြတယ်။

Mizaru - covering his eyes, who sees no evil
Kikazaru - covering his ears, who hears no evil
Iwazaru - covering his mouth, who speaks no evil.
Shizaru - covering his abdomen or crotch, or merely crossing his arms, who does no evil.
Kikazaru - covering his ears, who hears no evil
Iwazaru - covering his mouth, who speaks no evil.
Shizaru - covering his abdomen or crotch, or merely crossing his arms, who does no evil.
ဒီပုံတွေကို မကောင်းမှု့ တွေကို မပြုလုပ်ဖို့ သတိပေးတဲ့စကားလို့  ယူဆကြသလို ၊ မကောင်းမှု့ပြုလုပ်သူ တွေနဲ့  မပတ်သက် မဆက်ဆံဖို့  သတိပေးစကားလို့ လည်း ယူဆကြပါတယ်။ လွတ်လွတ်လပ်လပ် ကိုယ်ကြိုက်သလို အဓိပ္ပါယ် ယူနိုင်ပါတယ်။ ဘာပဲပြောပြော ကျွန်မကတော့ အဲဒီ ပုံလေးတွေကို သဘောကျမိတယ်။
Statue in Orchid Gardens at Botanic Gardens
Singapore
Singapore
၃ ယောက်မဟုတ်ပဲ တစ်ယောက်တည်းဖြစ်နေလဲ ဒီလိုပုံစံမျိုးလေးလုပ်ပြီး နား၊မျက်စိ၊ ပါးစပ်တွေကို ပိတ်ထားလို့ ရပါတယ်။
carved by the nineteenth century artist Kaigyokusai in ivory

ဒါကတော့ သဘောအကျဆုံး ပုံလေးပါပဲ။

5 comments:
ဒီပို့စ်လေးကို အရမ်းကြိုက်တယ်အစ်မရေ.. မသိသေးတာတွေ သိလိုက်တယ်။
ကျေးဇူးပဲ ညီမငယ်။ စာမေးပွဲတွေ စနေပြီ မဟုတ်လား။ အကောင်းဆုံးဖြေနိုင်ပါစေ။ :)
Let me Add One Money. Chat No Evil ( Lock his hand ) :P
Just Fun, KoPeace
Hahah.. KoPeace, I like ur new monkey "Chat No Evil " ;).. Thanks for ur commnet . Sorry for later reply.. :)
ကျေးဇူးတင်ပါတယ်..အမ ပြန် Share သွားခွင့်ပြုပါ
ကျွန်တော်ရှာနေတာ.. အဆင်ပြေသွားပြီ...
Post a Comment