Pages

December 25, 2008

Happy Christmas

Happy Christmas



So this is Christmas
And what have you done

Another year over
And a new one just begun
And so this is Christmas
I hope you have fun
The near and the dear one
The old and the young

A very Merry Christmas
And a happy New Year
Let's hope it's a good one
Without any fear

And so this is Christmas(war is over)
For weak and for strong (if you want it)
For rich and the poor ones (war is over)
The world is so wrong (if you want it)
And so happy Christmas (war is over)
For black and for white (if you want it)
For yellow and red ones (war is over)
Let's stop all the fight (now)

A very Merry Christmas
And a happy New Year
Let's hope it's a good one
Without any fear

And so this is Christmas (war is over)
And what have we done (if you want it)
Another year over (war is over)
A new one just begun (if you want it)
And so happy Christmas (war is over)
We hope you have fun (if you want it)
The near and the dear one (war is over)
The old and the young (now)

A very Merry Christmas
And a happy New Year
Let's hope it's a good one
Without any fear

War is over, if you want it
War is over now
Happy Christmas

December 24, 2008

My Blog : IE vs Other Browsers

ဟိုတစ်နေ့ က သူငယ်ချင်းတစ်ယောက်က မေးတယ်။ ကျွန်မ ဘလော့ရဲ့ အရောင်က ဘာအရောင်လဲတဲ့။ ကြည့်တဲ့ Browser ပေါ်မူတည်ပြီး အရောင်ကွာမယ်လို့ ဖြေလိုက်တယ်။
ဒီဘလော့ကို IE Browser နဲ့ ကြည့်မယ်ဆို မြင်ရတဲ့အရောင်နဲ့  တခြား Browsers တွေနဲ့ ကြည့်မယ်ဆို မြင်ရတဲ့ အရောင် မတူဘူး။ စပြီး Template ပြောင်းကထဲက အဲဒီလို မတူအောင် လုပ်ထားတာပါ။ လူအများစုက ကိုယ်သုံးနေကျ Browser တစ်ခုကိုသာ အမြဲသုံးလေ့ ရှိကြတော့ သတိမထားမိကြဘူး ထင်ပါတယ်။ အရင်သုံးတဲ့ Template အဖြူရောင် နောက်ခံနဲ့  တုန်းကလဲ အခုလိုပဲ တချို့ နေရာလေးတွေမှာ မတူအောင် လုပ်ထားတယ်။ လက်ရှိသုံးထားတဲ့ Template ပုံစံက ရိုးရိုးရှင်းရှင်းပုံစံဆိုတော့ နောက်ခံအရောင်ကိုပဲ မတူအောင် လုပ်ထားဖြစ်ခဲ့တယ်။

ကျွန်မ သူငယ်ချင်းက အဲဒီနေ့ မှ IE သုံးပြီး ကျွန်မ ဘလော့ကို ကြည့်ဖြစ်တယ် ထင်ပါတယ်။ မေးတယ်။ ဘာကြောင့် အဲလို လုပ်ထားတာလဲ တဲ့။ ကျွန်မလည်း ဘာရယ် မဟုတ်၊ လုပ်ချင်လို့  လုပ်ထားတာလို့  အရှင်းဆုံးဖြေပေး လိုက်တယ်။ တမျိုးစီ မြင်ရတော့ အပြောင်းအလဲ ဖြစ်တာပေါ့။ ဖြစ်နိုင်ရင် Browser တမျိုးနဲ့ ကြည့် တရောင်စီ မြင်ရအောင် စမ်းကြည့်ချင်တဲ့ စိတ်ရှိပေမယ့် အချိန်မပေးနိုင်လို့  မလုပ်အားသေးဘူး။

ဒါနဲ့ ... ဒီနေ့  Christmas Eve နေ့ တ၀က်ပဲ ၁ နာရီအထိပဲ အလုပ်လုပ်ရမယ်။ ၁၂ မှာ နေ့ လယ်စာ ထမင်းထွက် စားမယ်။ ပြီးရင် အိမ်ပြန်ပြီ။ အားလုံးပဲ Happy Holidays ပါ။

December 23, 2008

လက်ဆောင်......

မျှော်နေတဲ့ အရာတစ်ခုဟာ ရောက်စေချင်တဲ့ ရက်တစ်ခု (၂၂ ဒီဇင်ဘာ) မှာ အတိအကျ ရောက်လာတယ်။ မျှော်သာ မျှော်နေတာ၊ ဒီနေ့ ရောက်မယ်လို့  ထင်မထားဘူး။ အခုတော့ မျှော်နေသည့် အချိန်များပြီးဆုံးလို့ ပျော်နေသည့် အချိန်ရောက်သွားပြီ။



December 21, 2008

Microsoft Baseline Security Analyzer

ဟိုတစ်ရက်က Microsoft Update အကြောင်း ရေးရင်း Microsoft Baseline Security Analyzer (MBSA) အကြောင်း ဆက်ရေးဖို့ ပါ စိတ်ကူးရသွားတယ်။

Microsoft က ထုတ်တဲ့ MBSA ကိုယ့်ကွန်ပြူတာရဲ့ လုံခြုံမှု့  ဘယ်လောက်ရှိလဲ သိလိုသူတွေ အတွက် အသုံးဝင်မယ့် tool တစ်ခုပါ။ လိုအပ်တာတွေ ရှိရင်လည်း ဘာတွေလုပ်သင့်တယ်ဆိုတာမျိုး အကြံဥာဏ်ပေး ပါတယ်။ ဒီလိုမျိုး Software တွေကို Vulnerability Scanners လို့ ခေါ်ပါတယ်။ Vulnerability Scanners မှာ MBSA က အကောင်းဆုံးမို့  ညွန်းတာ မဟုတ်ပါဘူး။ တခြား ဒီထက်ကောင်းတဲ့ security tools တွေ ရှိပါတယ်။ နာမည်အကြီးဆုံး ထိပ်ဆုံးမှာရှိနေတဲ့ Vulnerability Scanners ၁၀ ခုကို ဒီနေရာ မှာ ကြည့်နိုင် ပါတယ်။ အကောင်းဆုံးက nessus ပေါ့။ Microsoft က nessus ကို အတုခိုးပြီး BaseLine Analyzer ကို ထုတ်ထားတာ။
Window OS အတွက်ဆို MBSA က Microsoft က ထုတ်တာဆိုတော့ ပိုပြီး အဆင်ပြေမယ် ထင်တာရယ်၊ အိမ်သုံး ယူဇာတွေအတွက် အခြေခံလိုအပ်ချက်ကို လုံလောက်တယ် ထင်တာကြောင့် ကျွန်မ သုံးဖြစ် နေတာပါ။ MBSA ကို Microsoft ဆိုဒ်ကနေ Free Download လုပ်ယူလို့ ရတယ်။
ကျွန်မ အိမ်က ကွန်ပြူတာကို Scan လုပ်တဲ့ အခါ Scan a computer ကို ရွေး၊ ပြီးတော့ အောက်ဆုံးက Advanced Update Sercivies Options မှာ Scan using Microsoft Update Only ကိုရွေးပြီး Scan လုပ်ပါတယ်။
ပုံတွေကို click လုပ်ပြီး အကြီးချဲ့ ကြည့်လို့ ရပါတယ်။

Check Result
MBSA နဲ့  Test လုပ်ကြည့်တာ Pass ဖြစ်တယ်ဆိုတာဟာ ဘယ်သူမှ လာဖောက်လို့ မရတော့ဘူး၊ အရမ်းလုံခြုံ စိတ်ချနေရပြီလို့  ဆိုလိုခြင်း မဟုတ်တာ ကို သတိပြုစေချင်တယ်။ Baseline ဆိုတဲ့ အတိုင်း အခြေခံအားဖြင့် လုံခြုံစိတ်ချရမှု့ ရှိတယ်လို့  ပဲ ပြောလို့ ရပါတယ်။ သာမန်အိမ်သုံး ကွန်ပြူတာတွေမှာ အဲဒီလောက် စိတ်ချရတယ်ဆို လုံလောက်မယ်လို့  ထင်မိတယ်။ ကိုယ်နေ့ စဉ် အင်တာနက်ကို ချိတ်ဆက် အသုံးပြုနေတဲ့ ကွန်ပြူတာဟာ အနည်းဆုံးအနေနဲ့  အခြေခံအဆင့် လုံခြုံစိတ်ချရမှု့ ရှိနေဖို့  လိုတယ်လို့ လည်း ထင်ပါတယ်။

ဒီထက်ပိုပြီး ကိုယ့်ရဲ့ Window ကို hardening လုပ်ချင်တယ်ဆိုတဲ့ Advanced User တွေ Windows XP Security Checklist ကိုကြည့်နိုင်ပါတယ်။

Links :
Top 10 Vulnerability Scanners
Microsoft Baseline Security Analyzer
Windows XP Security Checklist
Microsoft Exchange Analyzers
SQL Server 2005 Best Practices Analyzer (August 2008)
Windows Small Business Server 2008 Best Practices Analyzer
Microsoft Best Practices Analyzer for Windows SharePoint Services 3.0 and the 2007 Microsoft Office System

စိတ်ကြိုက်

နောက်ဆုံးလက်ကျန်။

ထည့်ပေးလိုက်ပါလို့  မမှာလိုက်ပေမယ့် ဖေဖေလာတုန်း မေမေက အားလူးကြော်ထုတ်တွေ အများကြီး ထည့်ပေးလိုက်တယ်။ ကြိုက်လောက်မယ့် ထင်တဲ့ အရသာရှိတဲ့ အမျိုးအစားကို ၀ယ်ထည့်ပေးလိုက်တာတဲ့။ ရှိတော့ စားဖြစ်နေတယ်။ ရုပ်ရှင်ကြည့်ရင်း စားတယ်၊ စာဖတ်ရင်း စားတယ်၊ အလကားနေ အလကား စားတယ်။ မကုန်ခံနိုင် ရိုးလား။ ဒါက နောက်ဆုံးလက်ကျန် အထုတ်။ မစားခင် မှတ်တမ်းတင် လိုက်တာ။ ဓာတ်ပုံရိုက်ရတာတောင် သိပ်စိတ်မရှည်ဘူး။ စားချင်စိတ်က များနေလို့ ။ ရှေ့ နှစ်ဆန်း ၁ ရက် ၂ ရက် လူကြုံရှိတယ်၊ ထပ်ပို့ ပေးမယ် ပြောတယ်။ ရေးချင်တာလေး နည်းနည်းရေးပြီး ဒေါင်းလုတ်လုပ်ထားတဲ့ ရုပ်ရှင်ကြည့်ရင်း အအေးသောက်လိုက် အာလူးကြော်စားလိုက် လုပ်မယ်။

အားလူးကြော် ကြိုက်တယ်။ လူတွေက ပြောတယ် အားလူးစားတာများရင် ၀တယ်တဲ့။ အလကားပြောတာ။ ရန်ကုန်မှာဆို ထမင်းစားရင် အိမ်က ကြော်ပေးတဲ့ အာလူးကြော် အကျွတ်ကြော်၊ အပျော့ကြော် အမြဲနီးပါး ပါတယ်။ နေ့ လယ်ပိုင်း အိမ်မှာရှိတယ်ဆိုလည်း စာအုပ်ဖတ်ရင်း ဒီလို အားလူကြော် အထုတ်တွေ စားတယ်။ အိမ်မှာ မေမေက အများကြီးဝယ်ပေးထား တတ်တယ်။ အမျိုးစုံပဲ။ အခုလိုဟာ၊ အားလူး အချောင်းကြော်၊ ဇကာကွက်ကြော်၊ ပိုးတီလို လှီးပြီးကြော်ထားတာ စုံနေတာပဲ။ အာလူးကြော်ထုတ်တိုင်းတော့ မကောင်းဘူး အချိုမှုန့် အရသာ အများကြီးပါတာ၊ တခြားအရသာတွေ ထည့်ထားတာဆို လုံးဝ မကြိုက်ဘူး။ မစားဘူး။ နိုင်ငံခြားရောက်တော့လည်း အဆင်ပြေရင်ပြေသလို စားတာပဲ။ ဒီကဟာတွေ မကြိုက်ဘူး။ အာလူး အရသာ မရဘူး။ သဘာဝ အာလူးကြော်နဲ့  တူတာလိုက်ရှာ ၀ယ်စားတယ်။ ကျောင်းတတ်တုန်းက ၀ယ်စားတဲ့ အာလူးကြော်တွေက ဈေးကြီးတယ်။ တခြားအထုတ်တွေ 0.50 လောက်ပဲရှိတဲ့ အချိန်မှာ Natural HandMade Potato chip က 1.70 -2.00 လောက်ရှိတယ်။ ဒီနိုင်ငံရောက်တော့ သိပ်မစား ဖြစ်တော့ဘူး။ ရှာမရတာလည်း ပါတယ်။ မြန်မာဆိုင်တွေမှာရောင်းတာတွေကလည်း မလတ်ဘူး။ ဆီဂျီးစော်နံလို့  ၀ယ် မစားဖြစ်ဘူး။

December 19, 2008

Microsoft Update

Microsoft ကနေပြီး Internet Explorer အတွက် Update ထွက်တယ်။ ပြီးခဲ့တဲ့ ရက်တွေကတင် IE browsers တွေကို အလွယ်တကူ ဖောက်လို့ ရတယ်၊ လုံခြုံမှု့ မရှိဘူး ဆိုတဲ့ အကြောင်း သိခဲ့ရပြီးနောက် အဲဒီပြဿနာကို ဖြေရှင်းဖို့ အတွက် အခုလို့  Microsoft ကနေ IE အတွက် Update တွေကို ထုတ်တာပါ။ Automatic Update လုပ်မထားဘူးဆို အဲဒီ IE နဲ့ ပတ်သက်တဲ့ Updates တွေကို Window Update မှာ သွားလုပ်လို့ ရပါတယ်။

Make Sure You Have The Latest Microsoft Updates

Microsoft က အဲလိုပါပဲ။ တခြား Microsoft Product တွေအတွက်လည်း Update တွေ အမြဲ ထုတ်တယ်။ တစ်ခုခု ထွက်ပြီး သိပ် မကြာဘူး၊ Security အတွက်၊ ဘာအတွက် ညာအတွက်ဆို Update တွေ အမြဲထွက်လာလေ့ ရှိတယ်။ ရှာတဲ့သူတွေက ရှာ၊ ဖောက်တဲ့သူတွေက ဖောက်၊ ပိတ်တဲ့သူက လိုက်ပိတ်ပေါ့။ ထုံးစံပါပဲ။ Window Update setting ဘယ်လို ပြောင်းရမယ်မှန်း မသိတဲ့သူတွေ အောက်က လင့်တွေမှာ သွားကြည့်လို့ ရပါတယ်။


Window Automatic Update Setting ရွေးရာမှာ ပုံမှန် ကွန်ပြူတာ သုံးသူတွေက Automatice Update ကို ရွေးချယ်ထားသင့်တယ်လို့  ထင်ပါတယ်။ ကျွန်မ အိမ်က ကွန်ပြူတာမှာတော့ Download updates for me , but let me choose when to install them. ဆိုတဲ့ setting ထားတယ်။ တချို့  update တွေက ကွန်ပြူတာက restart လုပ်ဖို့ လိုတယ်။ ကျွန်မက ကွန်ပြူတာကို အမြဲဖွင့်ထားတတ်တော့ တစ်ခုခုဆို auto restart အလိုလို လုပ်သွားမှာစိုးလို့  အဲဒီ setting ထားတာပါ။ ကွန်ပြူတာ ရှေ့ မှာရှိနေလို့  ဒီအောက်ကပုံမျိုးလေး ပေါ်လာရင် မဖြစ်မနေ update လုပ်တတ်တဲ့ အကျင့်တော့ ကျွန်မမှာရှိပါတယ်။ ဒီ setting က Server တွေမှာ ထားလေ့ရှိတဲ့ setting မျိုးပါ။

Operation System ကို Microsoft က ထုတ်တဲ့ Window OS တင်မကဘူး Microsoft ရဲ့ တခြား Product တွေ သုံးသေးတယ်ဆိုရင်တော့ Window Update အပြင် Microsoft Automatic Update ပါလုပ်သင့်ပါတယ်။ Window Update က OS အတွက်ပါ။ Microsoft Update မှာတော့ Window Update + Other Microsoft Products Updates တွေပါတယ်။

December 18, 2008

နေကြာပန်းများ - မိုဃ်းဇော်


Photo taken by wabberjocky

နေကြာပန်းများ

အနီရောင်
ရေသောက်မြစ်တွေစီက
သူလာခဲ့တယ်။

ပွင့်ပြီး ကြွေရမှာလည်း
သူ သိခဲ့ပေရဲ့။
ကြွေပြီးရင် နွမ်းရမှာလည်း
သူ သိခဲ့ပေရဲ့။

မလိုပါဘူး
သင်တို့ ဆီက
ဘာအကူအညီမှ မလိုပါဘူး။

နေမင်းကို
အံကြိတ်ရင်း သူကြည့်
သတ္တိရှိတဲ့ မွှေးရနံ့ တွေနဲ့ ။ ။

မိုဃ်းဇော်
(ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၂၀၀၆ မတ်)

20081218 - Lunch

ဒီနေ့ စားဖြစ်တဲ့ နေ့ လယ်စာ။

ဖိလစ်ပီနို ဆိုင်က။ ထမင်းစားရင်း အအေးက Coke သောက်တယ်။ Coke ကို ရိုးရိုးဟာပဲ ကြိုက်တယ်။ တခြားအရသာတွေ ထည့်ထားတာ မကြိုက်ဘူး။ Light လည်းမကြိုက်ဘူး။ Diet လုပ်စရာလိုမှ မလိုတာ၊ ပြီးတော့ အရသာလည်း မရှိဘူး။ ဘယ်လောက်ကုန်တယ်ဆိုတာ မပြောတော့ဘူး စိတ်ကူးတယ်။ တော်ကြာ အရင်ကတော့ စားသာစား၊ စားဖို့ သာ အရေးအကြီးဆုံးလို့  ပြောတတ်တဲ့သူ၊ တစ်နေ့ တစ်နေ့  အစားအသောက် အတွက် ကုန်ကျစာရိတ်တွေ ကြည့်ပြီး တစ်သက်လုံး ကျွေးဖို့  နောက်တွန့် သွားမှာ စိုးလို့ ပါ။ တစ်ခုခုဆို မပြောပဲ မနေနိုင်တဲ့ အကျင့်ကရှိနေတော့ မနေ့ က ညစာစားတာ ၆၀ နီးပါးကုန်သွားတယ် ဆိုတာတော့ ပြောလိုက်မိသေးတယ်။

အဲဒီဆိုင်က ဖွင့်တာမကြာသေးဘူး ထင်တယ်။ ဆိုင်မှာ ရောင်းနေတဲ့ ကောင်မလေး နှစ်ယောက်က ဈေးရောင်းတာ မကျွမ်းသေးဘူး။ စားစရာ ပေးပြီးပိုက်ဆံ မယူလိုက်ဘူး။ ၀ယ်သူလဲ မများ၊ လူလည်း အဲဒီလောက်မရှုပ်သေးပဲနဲ့ ။ ကျွန်မလည်း စားစရာယူပြီး ဒီတိုင်းထွက်လာတာ နည်းနည်းဝေးဝေး ရောက်မှ ပိုက်ဆံ မပေးရသေးတာ သတိရတယ်။ ပေးဖို့ ပိုက်ဆံက အစားအသောက်ဗန်းနဲ့ အတူ လက်ထဲမှာ ကိုင်ထားရက်မို့  သတိရတာ။ နောက်က လိုက်တောင်းမယ် ထင်နေတာ။ တောင်းလည်း မတောင်းဘူး။ ကိုယ်ထိုင်တဲ့ နေရာနဲ့ က နီးနေပြီဆိုတော့ ရှေ့ ဆက်ပဲသွား လိုက်တယ်။ စားပွဲမှာ စားစရာချပြီး ဆိုင်ကိုပြန်သွား ပိုက်ဆံပေးဖြစ်တယ်။ အဲဒီဆိုင်က ကောင်မလေး ၂ ယောက်က သူတို့ ပိုက်ဆံမယူပဲ စားစရာပဲပေးလိုက်တယ် ဆိုတာ သိတောင် မသိကြဘူး။ ကောင်းရော။ ကြီးပွါးအုံးမယ်။

December 17, 2008

Cartoons : IT Security Awareness - Power Down

ဒီနေ့ ရတဲ့ ကာတွန်းလေးကြည့်ပြီး အရမ်း သဘောကျသွားတယ်။ အိမ်က မိဘတွေကိုလည်း သတိရသွားတယ်။ သူတို့  လည်း အဲဒီလိုပဲ ပြောမှာ သေချာတယ်။ မြန်မာပြည်မှာတော့ မီတာခ မဟုတ်ဘူး၊ မီးစက်မောင်းရတဲ့ အတွက် ဓာတ်ဆီဖိုး။ ကျွန်မ ရန်ကုန် ပြန်တဲ့ အချိန်ဆို ရန်ကုန်မှာရှိနေသမျှ ညဘက်ဆို အင်တာနက်သုံးဖို့  မီးစက်မောင်း ပေးရတယ်လေ..



Infocomm (IDA) က ဖြန့် တဲ့ အခုလို Security နဲ့  ပတ်သက်တဲ့  Cartoons တွေကို အလုပ်က IT Security Department ကနေပြီး Staff တွေအားလုံးစီကို ပို့ ပေးလေ့ရှိတယ်။ တခါလဲ ဒီမှာ တင်ဖူးပါတယ်။ သူတို့  အဓိက ပေးချင်တဲ့ message က Operation System ကို အမြဲ update-to-date ဖြစ်အောင် လုပ်ဖို့ ပါ။ ကိုယ့်ကွန်ပြူတာရဲ့ Window Update Setting ကို Automatic Updates ရွေးထား သင့်တယ်။

20081217 - Lunch

ဒီနေ့  နေ့ လယ်စာ ဒန်ပေါက် စားအုံးမလို့  စိတ်ကူးတာ၊ ဆိုင်ထဲရောက်မှ ရှိတဲ့ ဟင်းတွေ မကြိုက်တာနဲ့  အဲဒီဆိုင် အနီးအနားမှာရှိတဲ့ Food Court မှာ ငါးကြော် နဲ့  ထမင်းမှာ စားဖြစ်တယ်။ ဒန်ပေါက်ဆိုင်က မြန်မာဒန်ပေါက်လို့  လူပြောများတဲ့ ဆိုင်လေ။ ဆိုင်မှာ မြန်မာလို ကြိုဆိုပါ၏ လို့  ရေးထားတယ်။ နောက်နေ့ မှ ထပ်သွားကြည့်အုံးမယ်။ အဲဒီ Food Court မှာ ထမင်းသွားစားတိုင်း ဒီနေ့  စားတဲ့ ငါးကြော် ( Deep Fried Dory Fillet ) ကို အများဆုံး မှာစားလေ့ရှိတယ်။ ငါးကြော်က ကျွတ်ကျွတ်လေး စားလို့ ကောင်းတယ်။ ဆိုင်နာမည်က Fish Delights။
Deep Fried Dory Fillet

From Lunch
ငါးကြော်နဲ့  ထမင်းက S$4.00 ပေးရတယ်။ ကြက်ဥကြော် ထည့်မယ်ဆို S$0.50 ထပ်ပေးရတယ်။ ကြက်ဥကြော်က မထည့်လည်းရတယ်။ Meal ထဲမှာမပါဘူး။ ထမင်းစားရင်း အအေးသောက်တော့ အအေးက ထုံးစံအတိုင်း S$1.20 ပေးရတယ်။ ဒီနေ့  Coke မသောက်ဘူး။ သံပရာရည် ပဲ သောက်တယ်။ ဒီနေ့ နေ့ လယ်စာအတွက် အားလုံး စုစုပေါင်း S$5.70 ကုန်ခဲ့တယ်။

December 16, 2008

Secrets to Success

Precious Moments' Inspirations က ပို့ ပေးတဲ့ အီးမေးကနေ တစ်ဆင့် "Shot of inspiration - Secrets to Success" ဆိုတဲ့ Movie လေး ကြည့်ဖြစ်တယ်။ ၃ မိနစ်လောက်ပဲ ကြာတယ်။ Mary Kay Cosmetics ကို တည်ထောင်ခဲ့သူ Mary Kay Ash လို့  အမည်ရတဲ့ အမေရိကန် အမျိုးသမီး တစ်ဦး ပြောကြားခဲ့တဲ့ အောင်မြင်မှု့ အတွက် လျှို့ ဝှက်ချက် တချို့  ကို ပုံလေးတွေ နဲ့  ဖော်ပြထားတာ။
No Glass Ceiling, Just Blue Sky
Secrets to Success?
Believe and achieve.
Do more than is expected.
Build relationships.
Respect all people.
Keep your goals in sight.
Know the power of encouragement.
Make the right choice.
Remove the chain that bind you.
Know the power of kindness.
Commit to Excellence.
Keep the faith.
Find balance.
Take Action.
Lead yourself.
Make a difference with your life.
Learn to serve.

ခရီးသွားခြင်း...

ပြီးခဲ့တဲ့ စက်တင်ဘာလက ခရီးတစ်ခုသွားဖြစ်တယ်။ အဲဒီခရီး အကြောင်း အခု ပြန်စဉ်းစား ကြည့်တာ တချို့ အကြောင်းအရာတွေ မေ့ချင်ချင် ဖြစ်နေပြီ။ သွားခဲ့တာ ဘာမှ မကြာသေးဘူး။ အချိန်ကြာလာရင် အဲဒီ ခရီးအကြောင်း ဘာဆိုဘာမှကို သတိရတော့မှာ မဟုတ်ဘူး။ နောက်ပိုင်း ပြန်ဖတ်လို့ ရအောင်၊ အမှတ်တရ ဖြစ်အောင် ရေးချမှတ်ထား အုံးမယ်လို့  စိတ်ကူးမိတယ်။

ကျွန်မက မိသားစုနဲ့ ကလွဲရင် ခရီးမထွက်ဖူးဘူး။ အိမ်မှာကလည်း ဖေဖေက အဝေးကို ရောက်နေတဲ့ အချိန်က များတော့ မိသားစုလိုက် ခရီးထွက်ဖြစ်ခဲတယ်။ စက်တင်ဘာတုန်းက သွားဖြစ်ခဲ့တဲ့ ခရီးက သိပ်အဝေးကြီးကို မဟုတ်ပါဘူး။ သိပ်လည်း မကြာဘူး။ သောကြာသွားပြီး တနင်္ဂလာ ပြန်လာတာ။ သွားခဲ့တဲ့ နေရာက မလေးရှား ပီနန်ကိုပါ။ သူငယ်ချင်း မိသားစုတွေနဲ့  အတူ သွားဖြစ်ခဲ့တာပါ။ ကိုယ့်ဘာသာဆို လိုက်ဖြစ်မှာ မဟုတ်ဘူး။ ချစ်သူရဲ့ အဓိက တိုက်တွန်းချက်ကြောင့် အဲဒီ ခရီးကိုသွားဖြစ်ခဲ့တာ။ စိတ်အပြောင်းအလွဲလည်းဖြစ်တယ်၊ အတွေ့ အကြုံလည်းရတယ် လိုက်သွားတဲ့။ ခရီးအတူသွားမယ့်သူတွေ ချစ်သူနဲ့  အတော်လေး နှီးဆုံး သူငယ်ချင်းတွေ ဆိုတော့ စိတ်ချတယ် ထင်ပါတယ်။ ခေါ်တဲ့သူတွေကလည်း ခေါ်နေ၊ တိုက်တွန်းတဲ့သူကလည်း တိုက်တွန်း၊ ကိုယ်လည်း ဘာမှ ထူးပြီး စီစဉ်စရာမရှိတာနဲ့  လိုက်သွားဖြစ်ခဲ့တယ်။

ခရီးစဉ်ကို အကျဉ်းချုံး ပြောရရင်
သောကြာနေ့  (၁၉ စက်တင်ဘာ ၂၀၀၈) သွားတယ်။
စနေ၊ တနင်္ဂနွေ နှစ်ရက် ပီနန်မှာ လျှောက်လည်တယ်။
တနင်္ဂလာနေ့  (၂၂ ရက် စက်တင်ဘာ ၂၀၀၈) ပြန်လာတယ်။
ဒါပါပဲ။

မှတ်မှတ်ရရ စင်္ကာပူကို ပြန်ရောက်တဲ့  စက်တင်ဘာ ၂၂ ရက်က နိုင်ငံခြားထွက်လာတာ ၈ နှစ်ပြည့်တဲ့ နေ့  ပဲ။ အဲဒီခရီးစဉ်က အပြန်လမ်းမှာ ပထမဆုံး နိုင်ငံခြားကို ထွက်ခဲ့တဲ့ ခရီးစဉ်နဲ့  သူငယ်ချင်း တွေကို သတိရ နေမိသေးတယ်...

ခရီးထွက်တဲ့ အကြောင်း နည်းနည်း အကျယ်ချဲ့ မှတ်သားရမယ်ဆိုရင်.. (နောက်နေ့ မှ ဆက်ရေးမည်။)

December 15, 2008

4 Days Diary


ဒီရက်ပိုင်း နေလို့ မကောင်းပေမယ့် တချိန်လုံး အပြင်ထွက်နေရတယ်။ ဖေဖေ ရောက်နေလို့  ။ အခုတော့ ပြန်သွားပြီ။ ဒီမနက် 2 AM flight နဲ့ ။ ဒီနေ့  အလုပ်မသွားဘူး၊ မနက်ပိုင်း ဆေးခန်းသွားပြီး အိမ်မှာ နားတယ်။ ဆေးသောက်ပြီး တစ်နေကုန် အိပ်တယ်။ အခုတော့ အတော်လေး သက်သာပြီ၊ မနက်ဖြန်မှာတော့ အလုပ်သွားနိုင်မယ် မျှော်လင့်တယ်။

ဒီနေ့  ဒီရက်ပိုင်း ကြုံရတာလေးတွေ ချရေး ဖြစ်တယ်။ မထူးခြားပါဘူး။ ဟိုရောက် ဒီရောက်၊ စိတ်ကူးတည့်ရာ ရေးမှတ် ထားတာပဲ။ ဦးနှောက် ပုံမှန် အလုပ် မလုပ်ဘူး။ ဘာမှ မစဉ်းစားနိုင်ဘူး။ လူက နုံးနေတယ်။

December 14, 2008

ယုံကြည်မှု

ယုံကြည်မှု ကို အလကားမရပါဘူး။ တစ်ခဏချင်းလည်း မရနိုင်ပါဘူး။ ယုံကြည်မှုအတွက် တည်ဆောက်ယူရပါတယ်။ အချိန် အတိုင်းအတာ တစ်ခု ပေးဆပ်ရပါတယ်။

၁။ ပွင့်လင်းမှု (Practice Openess)
၂။ မျှတမှု (Promote fairness)
၃။ ခံစားမှု (Express feeling)
၎။ ယုံကြည်မှု (Keep Confidence)
၅။ တစ်သမတ်ဖြစ်မှု (Be consistant)
၆။ ကတိစကားတည် (Keep promise)
၇။ အမှန်ပြော (Tell the truth)
၈။ အရည်အသွေးပြ (Show competence)

ပြောတဲ့အတိုင်း မလုပ်ရင် ယုံကြည်မှု မရပါ၊ မျှတမှု မရှိလျှင်လည်း ယုံကြည်မှု တည်ဆောက်လို့  မရပါ။ တောက်ပတဲ့ အရည်အသွေး မရှိရင်လည်း "ယုံပါ" လို့ ပြောရုံ နဲ့  ယုံကြည်မှု ကို မရပါ။ "ယုံစရာ" ရှိအောင် လုပ်နိုင်မှ ယုံကြည့်မှု ရမှာ ဖြစ်ပါတယ်။ ယုံကြည်ခံရမှု နဲ့  ခေါင်းဆောင်ဟာ တစ်သားမတ်တည်း ကျနေပါမယ်။

စာဖတ်သူတစ်ဦး၏ မှတ်စု... ယုံကြည်မှုနှင့် ခေါင်းဆောင် မှ ....
စိန်ခေါ်မှု များနှင့်အတူ - ဒေါက်တာနေဇင်လတ်

December 12, 2008

.....


.
...
.....
.........
..


The Economist Magazine (Myanmar)

သူငယ်ချင်းတစ်ယောက် ပို့ ပေးတာ။ မြန်မာပြည်မှာ နေထိုင်သူများ အတွက် "The Economist" မဂ္ဂဇင်း အလွယ်တကူ မှာ ယူနိုင်တဲ့ နေရာ နဲ့  ဈေးနှုန်း။ မြန်မာပြည်မှာ The Economist အမြဲ ၀ယ်ယူဖတ်ရှု့ တဲ့ သူတွေရှိတယ် ဆိုရင် သတင်းပေး နိုင်အောင်၊ ဒါမှမဟုတ် ကိုယ်တိုင် တစ်နှစ်စာလောက်ဝယ်ပြီး လက်ဆောင်ပေးနိုင်အောင် ပြန်လည် မျှဝေလိုက်ပါတယ်။ ကြော်ငြာစာရွက်မှာ ပါတဲ့အတိုင်းဆို ဈေနှုန်းက တစ်ဝက် ကျော်ကျော်တောင် သက်သာတယ် မဟုတ်လား။

အိမ်မှာသာ Economist Magazine အမြဲဖတ်တဲ့ သူ ရှိနေမယ်ဆို မှာဖြစ်မှာ သေချာတယ်။ ဒါနဲ့  မြန်မာပြည်မှာ The Economist Magazine ဖြန့် ဝေသူတွေနဲ့  ကျွန်မ နဲ့  ဘာမှ တိုက်ရိုက် ပတ်သက်ခြင်း မရှိပါဘူး။ အင်း.. ဒါလေး အီးမေးပို့ ပေးတဲ့ သူကတော့ မုန့် လိုက်ကျွေးမယ် လာပြောနေတယ်။ ခင်လို့  မင်လို့  ကျွေးမွေးပြုစုချင်တာ ဖြစ်မယ် ထင်ပါတယ်။.

December 11, 2008

13th Month Payment or Bonus?

စင်္ကာပူက ကုမ္ပဏီတော်တော်များများမှာ ၁၂ လ အလုပ် လုပ်ပြီးရင် (13th Month Payment) ဆိုပြီး တစ်လစာ လခ ပေးတတ်ပါတယ်။ တချို့  ကုမ္ပဏီတွေက ဒီဇင်ဘာမှာ တစ်နှစ်အတွင်း ကိုယ်လုပ်ထားတဲ့ လနဲ့  တွက်ပေးတယ်။ တချို့ ကုမ္ပဏီတွေက ၁၂ လ ပြည့်တဲ့ အချိန်မှာမှ ပေးတယ်။ အဲဒီလို ၁၃ လစာ ရတာကို တချို့ က Bonus ၁ လစာ ရတယ်လို့  ပြောကြတယ်။ တကယ်တော့ ဒါဟာ Bonus မဟုတ်ပါဘူး။ အဲလို ၁၂ လ လုပ်ပြီး ၁၃ လစာ လခရတာကို AWS (Annual Wage Supplement) လို့ ခေါ်ကြတယ်။

ဒီနေရာမှာ စင်္ကာပူက ကုမ္ပဏီ အားလုံးမှာ တစ်နှစ်လုပ်ရင် ၁၃ လစာ (AWS) အမြဲ ပေးတယ်လို့ မဆို လိုပါဘူး။ AWS က ဒီစင်္ကာပူမှာ ကုမ္ပဏီတိုင်း အလုပ်သမားတွေကို မပေးမနေရ (Compulsory) အရာ တစ်ခု မဟုတ်ပါဘူး။ တချို့ ကုမ္ပဏီ တွေက ပေးတယ်၊ တချို့  မပေးပါဘူး။ ဒီနိုင်ငံမှာ တစ်နှစ်မှာ လခ ၁၂ လစာ ကလွဲရင် ဘာမှ အပိုမပေးတဲ့ ကုမ္ပဏီ တွေလည်း အများကြီး ရှိသလို၊ တစ်နှစ်ကို ၁၂ လစာ + AWS ပေးတဲ့ ကုမ္ပဏီ တွေနဲ့  တစ်နှစ်ကို ၁၂ လစာ + AWS + Bonus ပေးတဲ့ ကုမ္ပဏီ တွေလည်း ရှိပါတယ်။ အဓိက ပြောချင်တာက AWS က သတ်သတ်၊ Bonus က သတ်သတ် ဆိုတာပါပဲ။ အလုပ် လျှောက်ရင် AWS ပါလား၊ Bonus ရောပါသေးလား ကွဲကွဲပြားပြားမေးဖို့ လိုပါတယ်။

ကျွန်မ သိသလောက်တော့ AWS က 13th Month Payment ဆိုတဲ့အတိုင်း တစ်လစာပါ။ ဒီထက်ပိုရတဲ့သူ ရှိလား မသိဘူး ကျွန်မတော့ AWS ရမယ်ဆို ၁ လစာပဲ ရတယ်။ Bonus ကတော့ ပေးမယ်ပြောထားရင် ကုမ္ပဏီ ရဲ့ စီးပွါးရေး အဆင်ပြေမှု့  မပြေမှု့ အပေါ် မူတည်ပါတယ်။ အဆင်ပြေရင် ရမယ်၊ အဆင်မပြေရင် မရဘူး။ တချို့  ကုမ္ပဏီ တွေမှာ Bonus ပေးတဲ့နေရာမှာ ရတဲ့ လခ တူတာတောင်မှ တစ်ယောက်နဲ့  တစ်ယောက် ရတဲ့ ပမာဏခြင်း မတူဘူး။ ကိုယ့်ရဲ့ လုပ်ဆောင်မှု့ ပေါ်မူတည်ပြီး အနည်းအများ ကွာတာမျိုးတွေ ရှိတယ်။ Bonus ကို တချို့ က နှစ်ကုန်မှာပေးတယ်။ တချို့ က တရုတ်နှစ်ကူးမှာပေးတယ်။ တခြားအချိန်မှာ ပေးတဲ့ ကုမ္ပဏီ တွေလည်းရှိပါတယ်။ နှစ်ကုန်နဲ့  တရုတ်နှစ်ကူးမှာ ပေးတာတော့ များတယ်။ ဒါကြောင့် ဒီမှာ လူအများစုက အလုပ်ပြောင်းမယ် စိတ်ကူးရင် နှစ်ကုန်ပိုင်းနဲ့  တရုတ်နှစ်ကူး ကျော်ပြီးမှသာ ပြောင်းလေ့ ရှိကြတယ်။ Bonus ယူပြီးမှ ပြောင်းတဲ့ သဘောပေါ့။

AWS နဲ့  ပတ်သတ်ပြီး ကြားဖူးတာ တစ်ခုက...
ဗြိတိသျှတွေ ဒီမှာ အလုပ်လာလုပ်တဲ့ အချိန်က သူတို့ ကို လစဉ် မဟုတ်ပဲ အပတ်စဉ် လခပေးရ ပါတယ်။ ဒေသခံတွေကိုတော့ လစဉ်လခ ပေးတယ်။ အပတ်စဉ် လခရတဲ့ သူနဲ့  လစဉ် လခရတဲ့သူ တစ်နှစ်ပြည့်တဲ့ အခါ ရတဲ့ လခစုစုပေါင်းမှာ ကွာပါတယ်။
တစ်ပတ်ကို လုပ်ခ ၁၀၀ ရတယ်ထားပါ...
အပတ်စဉ် လခရမယ်ဆို တစ်နှစ်မှာ ၅၂ ပတ် ရှိတဲ့ အတွက်.. တစ်နှစ်လုံး အလုပ်လုပ်မယ်ဆို တစ်နှစ်မှာ စုစုပေါင်း လခ ၅၂၀၀ ရ ပါမယ်။
လစဉ် လခရမယ်ဆို တစ်လမှာ လေးပတ် ဆိုပြီး တွက်တဲ့အတွက် တစ်လမှ ၄၀၀၊ တစ်နှစ်မှာ ၁၂ လ ဆိုတော့ တစ်နှစ်လုံး လုပ်မယ်ဆို စုစုပေါင်း ၄၈၀၀ ပဲရပါတယ်။
အဲဒီလို တစ်နှစ်စာ စုစုပေါင်း ရငွေရဲ့ ကွာခြားချက်ကြောင့် လစဉ် လခရတဲ့သူတွေကို ၁၂ လ လုပ်ပြီးတဲ့ အခါတိုင်းမှာ တစ်လစာ အပိုပေးခြင်း ဖြစ်လို့  သိရပါတယ်။ ဒီအတွက် ၁၃ လစာ ရခြင်းရ Bonus ရခြင်းမဟုတ်ပဲ၊ ကိုယ်ရပိုင်ခွင့် ရှိတဲ့ လုပ်ခပိုက်ဆံကိုသာ ပေးခြင်း ဖြစ်ပါတယ်တဲ့။ ဖတ်ဖူးတာလေးပါ။

ဘာပဲဖြစ်ဖြစ် ပုံမှန် ၁၂ လ လုပ်ပြီး ပိုက်ဆံတွေ ပိုရတယ် ဆိုတာ ကောင်းတဲ့ ကိစ္စတစ်ခုပဲ မဟုတ်လား။ အားလုံးပဲ အလုပ်လုပ်ရာမှာ 12 Month Salary+ AWS+ Bonus ပေးတဲ့ ကုမ္ပဏီ တွေမှာ အလုပ်တွေ ရကြပြီး၊ ၁၂ လစာ လခတင်မကဘူး AWS လည်း ရ၊ ကုမ္ပဏီတွေ စီးပွါးရေး ကောင်းပြီး Bonus တွေလည်း များများ ရ ကြပါစေ။ တခြား OT (overtime payments) တွေ၊ Commissions တွေ၊ Allowances တွေ အကုန်ရကြပါစေ။

Update : အပေါ်မှာ ရေးတုန်းက MOM(Ministry of Manpower) ရဲ့ website မှာ ရေးထားတဲ့ လင့်ကို ထည့် ပေးထားပေမယ့် တကူးတကကြီးသွားပြီး မဖတ်ဖြစ်မှာ စိုးလို့  ဒီမှာ ထပ်တင်လိုက်တယ်။ စင်္ကာပူမှာ အလုပ်လုပ်နေသူတွေ အတွက်ပါ။

Annual Wage Supplement
Annual Wage Supplement (AWS) is commonly known as the 13th month payment. It is a single annual payment to employees that supplements the total amount of annual wage earned by them.
Payment of AWS depends on the contractual agreement between the employer and the employee i.e. whether it is provided for in the employment contract or collective agreement.
If it is not stipulated in the employment contract, AWS payment is subject to negotiation and mutual agreement between the employer and employee, or the trade union representing the employee.

An employer is not allowed to pay an AWS of more than three months' salary if:
  • He/she agreed (either by way of an employment contract or collective agreement) to pay an AWS of up to three months' wages before the commencement of the Employment (Amendment) Act 1988 on 16 August 1988.
  • However, the employer can negotiate with the employee, or the trade union representing the employee, to vary the quantum.
An employer is not allowed to pay an AWS of more than one month's wage if he/she:
  • Has not paid any AWS prior to 16 August 1988.
If business results are exceptionally poor for any year, an employer may negotiate with the employees, or the trade union representing the employees, to adjust the AWS downwards.

Bonus
Bonus is a one time payment usually paid to employees at the end of the year to reward them for their contributions to the company.

Work Smarter, Not Harder


11 December 2008

စိတ်ပျက်တယ် .. တကယ်ပါပဲ.

အလုပ်လုပ်တာ ဘယ်လိုတွေ လုပ်နေကြလဲ မသိဘူး။ အလုပ်ကိုလည်း လုံးဝ လေးစားမှု့ မရှိကြဘူး။ ဘာကြောင့်ပဲ ဖြစ်နေပါစေ ကိုယ်တာဝန်ယူတဲ့ အလုပ်ကို အဆင်ပြေပြေဖြစ်အောင် လုပ်ပေးရမှာပေါ့။သူတို့ လုပ်ပုံ လုပ်နည်းတွေ မဟုတ်လို့  ဘယ်လို လုပ်လိုက်ရင် ဒီကိစ္စ အဆင်ပြေမယ်ဆိုတာ ပြောပြတော့လည်း နားမထောင်ဘူး။ မလိုတာတွေ လာပြောနေတယ်။ အပိုတွေ သိပ်လုပ်ချင်နေကြတယ်။ အဲဒါတွေ လုပ်ဖို့ မလိုဘူး။ ပြောတဲ့အတိုင်းလုပ်ပါဆိုတော့ ဟိုဘာဖြစ်မှာ စိုးတယ် ဒီဟာဖြစ်မှာ စိုးတယ်နဲ့ ။ သူတို့ အပိုတွေလုပ်တာ ကိစ္စမရှိဘူး အဲလို့  လုပ်မယ်ဆို တခြားသူတွေမှာ အချိန်ကုန်တယ်၊ ဒုက္ခရောက်တယ်။ Work Smartly ဆိုတဲ့ စကားကို နားမလည်ဘူးထင်တယ်။ ကိုယ့်တာဝန်မဟုတ်တော့ ငါနဲ့  မဆိုင်ဘူးဆိုပြီး ဝေးဝေးနေလို့ ရပေမယ့် ပြဿနာတတ်ပြီဆို ဟိုဘက်ကလူတွေက ကိုယ့်ကို အရင်ရှာတယ်၊ အကူအညီတောင်းတယ်။ တစ်ခုခု အဆင်မပြေဖြစ်ရင် ယူဆာတွေ တိုက်ရိုက်ဆက်ဆံရတဲ့သူတွေမှာ ဘယ်လောက် ပြဿနာတတ်ရှင်း ရတယ်ဆိုတာ သိနေတော့လည်း မဆိုင်သလို မနေနိုင်ပြန်ဘူး။ နောက်ဆုံး ပြောတဲ့ အတိုင်းလုပ်၊ အားလုံး ငါတာဝန်ယူတယ်၊ တစ်ခုခု ပြဿနာတတ်ရင် ငါ လုပ်တယ်ပြော၊ အခု မလုပ်တတ်ဘူးဆိုလည်း ကိုယ်တိုင် ၀င်လုပ်ပေးမယ် ပြောတာလဲ မရ။ တကယ် စိတ်ပျက်တယ်။

ပြောနေတုန်း ကိုယ့်ကို ရှေ့ မှာထားပြီး ကိုယ်နားမလည်တဲ့ ဘာသာစကားနဲ့  သူတို့ အချင်းချင်း ပြောကြသေးတယ်။ ဒီလိုလုပ်တာ အရမ်းရိုင်းတယ်ဆိုတာ တခါပြောပြီးပြီ။ မမှတ်သေးဘူး။ တခြားအချိန်မှာ ပြောကြပါ။ ဘယ်ဘာသာစကားနဲ့ ပြောပြော။ အခုလို အလုပ် ကိစ္စပြောနေတဲ့အချိန် တခြားသူနားမလည်တဲ့ ဘာသာစကားနဲ့ ချက်ချင်းကြီး ပြောင်းပြောတာ ရိုင်းတယ်။ တဘက်လူကို မလေးစားရာရောက်တယ် ပြောဘူးတယ်။ လူမျိုးတူခြင်းမို့  ကိုယ့်ဘာသာစကား ကိုယ်သုံးပြောတာ ဘာဖြစ်လဲတဲ့။ တချို့ ကိစ္စတွေမှာ ရှင်းရင်း ရှုပ်လာလို့  အင်္ဂလိပ်လို ပြောနေတာကနေ အချင်းချင်း ကိုယ်ပိုင်ဘာသာစကားတွေနဲ့  ပြောခွင့်တောင်းပြီး ပြောတာမျိုးကို နားလည်နိုင်သေးတယ်။ အခုအခါဟာက အားလုံးနားလည်တဲ့ အင်္ဂလိပ်လို ပြောနေရာကနေ ကိုယ်တွေအကြောင်း ပြောတာမို့  မသိစေချင်လို့  ဘာသာစကား ပြောင်းပြောတာ သိသာနေတဲ့ဟာကို။ ခက်တယ်။

အကူအညီလာတောင်းနေတဲ့ တစ်ဘက်ကို ကိုယ်တတ်နိုင်တဲ့ ဘောင်ထဲက ဟာတွေပဲ ရှင်းပြလိုက်တယ်။ သူတို့ ကလည်း ပြဿနာတွေ ထပ်တက်မယ်ဆို လူကြီးတွေကို ပြောရတော့မယ်တဲ့။ အရင်ကဆို တားနေမိသေးတယ်။ အခုတော့ လုံးဝ အဆင်မပြေဘူး၊ ပြောဖို့ လိုတယ် ယူဆနေရင် ပြောလိုက်ပါ.. လို့ ပဲ ပြန်ပြောလိုက်တော့တယ်။ ဟုတ်တယ်လေ။ အားလုံး အဆင်ပြေအောင်၊ လုပ်သင့်တာ၊ လုပ်ရမယ့်နည်းတွေကိုလည်း ပြောပြီးပြီ။ မလုပ်တတ်ရင် လုပ်ပေးမယ်လည်း ပြောပြီးပြီ။ ဒါမှ ဘူးခံပြီး လုပ်ချင်တာတွေ လျှောက်လုပ်ရင်တော့ ဖြစ်လာတဲ့ ပြဿနာတွေ ကိုယ့်ဘာသာ တာဝန်ယူကြပါ။

ခုရက်ပိုင်း...... အလုပ်များတယ်။ အင်တာနက်ကို သတင်းတွေ၊ စာဖတ်တာကလွဲရင် တခြားမှာမှ မသုံးဖြစ်ဘူး။ အားတဲ့ အချိန်တွေမှာ လုပ်သင့်တာတွေ လုပ်နေတယ်။ လိမ္မာနေတယ်လို့  ပြောလို့ ရမယ် ထင်တယ်။

December 09, 2008

အခန်းရှင်းခြင်း

ညက သန်းခေါင်ကျော် အိပ်မပျော်တာနဲ့  မရှင်းတာ ကြာပြီဖြစ်တဲ့ အခန်းကို ရှင်းတယ်။ ဘယ်အိပ်မလဲ တစ်နေကုန် အိပ်ထားတာကို။ ဒီအားလပ်ရက်သုံးရက်မှာ တနင်္ဂနွေညနေပိုင်း အပြင်ခဏထွက်တာ ကလွဲရင် အိမ်မှာနေပြီး အိပ်တယ်။

အခန်းထဲမှာ အဓိက ရှုပ်ပွနေတာက စာအုပ်တွေ၊ စာရွက်တွေ၊ ကွန်ပြူတာ ပစ္စည်းတွေနဲ့  အ၀တ်စင်ပေါ်က အ၀တ်တွေ။ အရုပ်တွေ Pooh ရုပ်တစ်ရုပ်ကလွဲရင် ကျန်တာတွေ အထုတ်နဲ့ ထည့်သိမ်းထားလို့ ၊ မဟုတ်ရင် အရုပ်တွေနဲ့ တင် အခန်းမှာ အတော်ရှုပ်နေ လောက်တယ်။ စရှင်းတဲ့အခါ အ၀တ်တွေက စရှင်းတယ်။ ဖုန်းတွေ ပေကုန်မှာစိုးလို့ ။ အ၀တ်တွေကို လျှော်ပြီးသားတွေဆိုတော့ ချိတ်နဲ့ ချိတ်ပြီး ဗီဒိုထဲ ထည့်လိုက်တယ်။ မီးပူတော့ နောက်မှ တိုက်တော့မယ်။ ပထမဆုံး အခန်းထဲမှာ ရှင်းသွားဖို့ က အရေးကြီးတယ်။ ဗီဒိုထဲက နောက်နေ့ မှ ထပ်ရှင်းမယ်။ အ၀တ်တွေပြီးတော့ ကွန်ပြူတာ ပစ္စည်းတွေရှင်းတယ်။ ဖြုတ်လို့ ရမမျှ အကုန်ဖြုတ်ပြီး ဖွင့်ထားတဲ့ ကွန်ပြူတာပုံးကြီးကို နည်းနည်း ပြန်တပ်လိုက်တယ်။ ပြီးတော့ ကျန်တဲ့ ပစ္စည်းတွေကို အိတ်တစ်အိတ်ထဲ စုပြီးထည့်လိုက်တယ်။ ကွန်ပြူတာကို ဆက်ပြီး ကလိမယ် စိတ်ကူးထားတော့ ရှိသမျှ ပစ္စည်းတွေ အကုန်သိမ်းလိုက်လို့  မဖြစ်ဘူးလေ။

ပြီးတော့ စာအုပ်တွေရှင်းတယ်။ ဖတ်မယ့် စာအုပ်တွေကလွဲရင် တခြားစာအုပ်တွေ အားလုံးကို နေရာတကျ ပြန်ထားလိုက်တယ်။ စာအုပ်တွေ ရှင်းတာ မြန်ပါတယ်။ ကြာတာက စာရွက်စာတမ်းတွေ ရှင်းတာ။ စာရွက်တွေ မရှင်းခင် သိမ်းထားတဲ့ ဖိုင်တွဲတွေ အရင်ထုတ်တယ်။ ပြီးတော့မှ အပြင်မှာ ဒီအတိုင်းရှိနေတဲ့ စာအိတ်တွေ အားလုံးကို ပြန်စစ်တယ်၊ မလိုတာတွေကို ပစ်၊ လိုတာတွေကို စနစ်တကျဖြစ်အောင် သိမ်းရတယ်။ ဖုန်း နဲ့  ခရစ်တစ်ကတ် Bill တွေ အားလုံးကို သူ့ နဲ့  သက်ဆိုင်တဲ့ ဖိုင်တွဲတွေထဲမှာ လအလိုက်စီပြီး ပြန်ထည့်သလို၊ တခြား စာရွက်စာတမ်းတွေ ကိုလည်း သက်ဆိုင်ရာဖိုင်တွဲထဲမှာ အစီအစဉ်တကျ ထည့်သိမ်းတယ်။ အဲဒါမှ လိုတဲ့အခါ ပြန်ရှာလို့ လွယ်မှာ။ ဖတ်ဖို့ ဆိုပြီး ပရင့်ထုတ်ထားတာတွေကလည်း ဟိုတစ်စ ဒီတစနဲ့  အတော်များတယ်။ မလိုတော့ဘူး ထင်တာအားလုံး ပစ်ပြီး ဖတ်ဖို့ လိုတာတွေ တကယ်ဖတ်ဖြစ်အောင် အိပ်ရာဘေးက ခုံပုလေးပေါ် စီပြီးတင်လိုက်တယ်။ အားလုံးလည်းရှင်းပြီးရော ပစ်စရာ စာအိတ်ခွံ တွေနဲ့  စာရွက်တွေကတင် ကျွတ်ကျွတ်အိတ် ၂ လုံး စာလောက်ရတယ်။ အမှိုက်ထုတ်ကို သွားပစ်ပြီး၊ ခုနက ထုတ်ထားတဲ့ ဖိုင်တွဲတွေအားလုံး သူ့ နေရာသူ ပြန်ထားလိုက်တဲ့အခါမှာ အခန်းက အတော်လေးရှင်း သွားတယ်။

ကျွန်မက အခန်းရှင်းတာတွေဘာတွေ လုပ်ဖို့  ၀ါသနာက မပါ။ (အိမ်ကတော့ ပြောတယ် အဲဒါ ၀ါသနာ မပါတာ မဟုတ်ဘူး၊ အပျင်းထူတာတဲ့) စိတ်ကူးပေါက်မှသာ ထရှင်းတာ။ ကိုယ့်ဘာသာရှုပ်ထားလို့ ၊ သူများ လာရှင်းပေးမယ်ဆိုလည်း မကြိုက်ဘူး။ ကိုယ့်ပစ္စည်း သူများကိုင်တာကိုလည်း မကြိုက်ဘူး။ ကိုယ့်အခန်း သူများဝင်တာလဲ မကြိုက်ဘူး။ အိမ်မှာထဲက အိမ်ကကောင်မလေးတွေကို ဘယ်တော့မှ ကျွန်မအခန်းကို ၀င်မရှင်း ခိုင်းဘူး။ ကြမ်းတိုက်၊ တံမြက်စည်းလှည်းမယ်ဆို အခန်းထဲမှာရှိနေတဲ့ ပစ္စည်းတွေကို မူလနေရာမပျက် ပြန်ထားခိုင်းတယ်။ အထူးသဖြင့် စာအုပ်တွေ ထားတဲ့နေရာမရှိပဲ နေရာလွဲနေရင် စိတ်တိုလာရော။ အမေကတော့ ၀င်ရှင်းပေးတာ၊ သိမ်းပေးတာ လုပ်ပေးတယ်။ မောင်နှမတွေထဲမှာ အစ်ကိုနဲ့  မောင်လေးက သူတို့ အခန်းကို သန့် ရှင်းနေအောင် ထားသလောက် ကျွန်မ နဲ့  ညီမလေးက ရှုပ်နေလည်း မရှင်းပဲနေတတ်တယ်။ ညီမလေးထက်စာရင်တောင် ကျွန်မက ပိုဆိုးမယ် ထင်တယ်။ ပစ္စည်းတွေ ရှုပ်ပွနေအောင်သာ ထားတာပါ၊ ညစ်ပတ်နေရင်တော့ ကျွန်မ လည်း မနေတတ်ပါဘူး။ ဒါတွေ ရေးရင်း အိမ်ကို သတိရသွားတယ်။

အခုနေတဲ့ အခန်းက အရင်နေခဲ့တဲ့အခန်းတွေ ထက်စာရင် ပိုကျဉ်းတယ်။ အရင်က အခန်းတွေဆို မရှင်းပဲနေတဲ့ အချိန်တောင်မှ အခန်းထဲ ခြေချစရာ နေရာကျယ်ကျယ် ရှိသေးတယ်။ အခု တစ်ခါတစ်ခါ ရှုပ်လိုက်ပြီဆို လူတောင်နေစရာ မရှိဘူး။ အခန်းက အဲယားကွန်းမပါတော့ ပူတယ်။ ထောင့်ခန်း မဟုတ်တော့ ပြူတင်းပေါက်ဖွင့်လို့  အဆင်မပြေဘူး။ ပြူတင်းပေါက်ကို ဖွင့်၊ လိုက်ကာတင်ပြီး၊ အခန်းတံခါးမကိုပါ ဖွင့်ထားမယ်ဆို လေနည်းနည်းရမယ် ထင်တယ်။ ကျွန်မကလည်း ကိုယ်နေတဲ့ အခန်းထဲဝင်တဲ့ တံခါးကို ဘယ်တော့မှ ဖွင့်မထား တတ်ဘူး။ အကျင့်တစ်ခု ဖြစ်နေတယ်။ ပူတော့ မီးပူတိုက်လို့  အဆင်မပြေဘူး။ ကြိုးစားကြည့်တယ်။ မီးပူတိုက်နေတုန်းနဲ့  မီးပူတိုက်ပြီး ပူတာကို လုံးဝ မခံနိုင်ဘူး။ အ၀တ်တွေလျှော်ပြီး ခြောက်သွားပြီဆို ဒီအတိုင်းလည်း ဗီဒိုထဲ မထည့်ချင်၊ မီးပူတိုက်ရမှာလည်း လန့် နဲ့  အခန်းထဲမှာ ရှုပ်နေရော။ ပူတော့ တော်ရုံတန်ရုံ အခန်းထဲမှာ လှုပ်လှုပ်ရှားရှားလည်း မလုပ်ချင်ဘူး။ ဟင်း.. အိမ်ကို ဖုန်းဆက်ရင် အမေက မေးတတ်တယ်။ ရှုပ်တုန်းပဲလားတဲ့။ ရှုပ်တုန်းပဲဆို အဖေက အိမ်ထောင်ကျရင် ယောက်ျား ရိုက်မယ်တဲ့။ ရိုက်မှာမဟုတ်ဘူး မလွန်ဆုံး ဆူယုံလောက်ရှိမှာ လို့ ပြန်ပြောလိုက်တယ်။ တကယ်ဆို ဟိုတစ်ယောက်က ဒီလိုကိစ္စတွေကို ဆူမှာ မဟုတ်ဘူးဆိုတာ အသေအချာ ပြောပြီသား။ စာမဖတ်ဘဲ အပျင်းထူနေမှသာ ဆူမှာ။ ပြောသာပြောတာ ခုတလော ဘာစာမှလည်း မဖတ်ဖြစ်ပါဘူး။

ရှုပ်တဲ့အကြောင်းတွေပြောပြီး၊ ရှင်းတဲ့အကြောင်းတွေလည်း ပြောအုံးမှ။ အဲဒီလိုတွေ ရှုပ်ထား တတ်ပေမယ့်၊ ရှင်းရင်လည်း အတော်လေး မြန်ပါတယ်။ ညက အခန်းရှင်းတာ ပစ္စည်းတွေ သိမ်းတာ၊ အ၀တ် ၄-၅ ထည်ကို လက်နဲ့ လျှော်၊ ရေချိုးတာ အားလုံးမှ ၁နာရီခွဲ လောက်ပဲ ကြာတယ်။ ဘာလုပ်လုပ် လျှပ်စီးလျှပ်နေသလိုပဲ။ အခန်းက ၆၀% လောက် ရှင်းသွားတယ်။ ပစ္စည်းတွေ၊ စာအုပ်ထုတ်တွေ နည်းနည်းရွှေ့ ဖို့ ရှိတယ်။ ညက သူများတွေ အိပ်ချိန်ဆိုတော့ အသံတွေ အရမ်းမြည်မှာစိုးလို့  မရွှေ့ လိုက်ရဘူး။ နောက်ရက်တွေ ညနေပိုင်း အလုပ်ပြန်ချိန်တွေမှာ နည်းနည်းစီ ထပ်ရှင်းမယ်စိတ်ကူးတယ်။ ဗီရိုထဲက အ၀တ်တွေလည်း အားလုံးကို မီးပူတိုက်ဖို့  ကြိုးစားကြည့် အုံးမယ်။ ရာသီဥတု ပူရင်တော့ မလုပ်နိုင်ဘူး။ ခုရက်ပိုင်း ရာသီဥတု အေးပါစေ ဆုတောင်းနေတယ်။ မဟုတ်ရင် နည်းနည်းရှင်းနေတဲ့ အခန်း၊ လုံးဝ ရှင်းလင်းတဲ့ အဆင့်မရောက်ပဲ ပြန်ရှုပ်သွားလိမ့်မယ်။


Photo Source : www.professionalorganizerorangecounty.com

December 08, 2008

Flying X'mas Tree

Flying Without Wings....



တနင်္ဂနွေနေ့ ညနေပိုင်းက SunTec City ရောက်ဖြစ်ရင်း X'mas Tree တွေ မိုးပေါ်ပျံနေတာ တွေ့ လို့  ဖုန်းနဲ့  ဓာတ်ပုံရိုက် မှတ်တမ်းတင် ဖြစ်သွားတယ်။ အပေါ်က ပုံတွေ အားလုံးကို လွတ်လွတ်ကျွတ်ကျွတ်ရှိတဲ့ ပထမ ထပ်က လှမ်း ရိုက်ထားတာ။ ပျံနေတဲ့ X'mas Tree တွေ အောက်တည့်တည့် မြေညီထပ်သွားပြီ ဓာတ်ပုံ မရိုက် ရဲဘူး။ မတော်လို့ အဲဒါတွေ ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ။ မသေချင် သေးဘူး။

နေ့ လယ်ပိုင်းက ညနေ IC Show သွားရင် ကောင်းမလား စိတ်ကူးမိသေးတယ်။ လက်မှတ် လက်ဆောင် ပေးမယ့်သူ မရှိတာနဲ့  မသွားတော့ပဲ သူငယ်ချင်းတစ်ယောက် အထိမ်းအမှတ်တစ်ခု အနေနဲ့  လိုက်ကျွေးတဲ့ ညစာကိုပဲ သွားစားလိုက်တော့တယ်။ Marina Square မှာ ကျွေးတဲ့ ညစာစားပြီး SunTec ဘက် လမ်းလျှောက် ဖြစ်ရင်း ပုံတွေ ရိုက်ခွင့် ကြုံလိုက်တာ။ SunTec ကို မရောက်တာ အနည်းဆုံး ၃-၄ လ လောက် ရှိပြီ။

သူငယ်ချင်းက ဘာအထိမ်းအမှတ်နဲ့  ညစာကျွေးတယ်ဆိုတာ အခုပြန်စဉ်းစားကြည့်တာ ဝေေ၀၀ါးဝါး ဖြစ်နေတယ်။ တစ်ခုခုအတွက် ကြောင့် လိုက်ကျွေးတာတော့ သေချာတာ။ ဘာပဲဖြစ်ဖြစ် ညစားကျွေးရတဲ့ ကုသိုလ်ကောင်းမှု့ ကြောင့် သူငယ်ချင်းကြီး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၊ သူလေးနဲ့ လည်း ဒီထက်အဆင်ပြေ၊ ကြည်နူး အေးချမ်းပျော်ရွှင်တဲ့ ဘ၀ ဘ၀တွေ ပိုင်ဆိုင်ပါစေ......

December 07, 2008

အိမ် - မိုဃ်းဇော်

အိမ်

အိမ်ကလေးကသေးတယ်
သဘောထာကြီးပါ ငါ့မိန်းမ။

ခြံကလေးကကျဉ်းတယ်
အမြင်ကျယ်ပါ ငါ့သမီး။

ခေါင်မိုးကနိမ့်တယ်
စိတ်ထားမြင့်ပါ ငါ့သား။

ဒုက္ခကများတယ်
အလိုနည်းပါ ငါ့ညီမ။

လူတွေကသေတယ်
သတ္တိမွေးပါ ငါ့ညီ။

ဘ၀ကတိုတယ်
စိတ်ရှည်ပါ ငါ့သူငယ်ချင်း။

သိပ်အထာမကျတဲ့
ကဗျာညမှာ
လိပ်ပြာလှအောင်နေကြစို့။

မိုဃ်းဇော်
( မဟော်သဓာ သုတရသစုံ မဂ္ဂဇင်း၊ အမှတ် ၁၈၊ ဇူလိုင် ၂၀၀ရ )

Credit to MgPo from MMCP forum ခံစားမှု့ ကဗျာစာစုများမှ

December 05, 2008

နေရာကမှား... အချိန်ကာလမှား...

ငါဟာ မှားပြီး ရောက်လာတဲ့သူ

လူမှား - ဇော်ဝင်းထွဋ်

ကျောက်ဖျာများ အထက်မှာ...ငါပျိုးကြဲ
ကန္တာရတို့ အလယ်မှာ ထွန်ယက်ခဲ့....
အလဟားသတ် လုပ်ရပ်များအတွက်
အချီးအနှီး အသီးအပွင့်တွေပဲ

ထုတည်ကြီးမားတဲ့ အချစ်များလည်း
အမှုန့် ဖြစ်သွားခဲ့တာ အကြိမ်ပေါင်းမနည်း..
လိုချင်တာ ငါ့မှာ မရှိတော့ဘူး..
ဘာကိုမှလည်း ငါမတက်မက်

မညီမျှတဲ့ လောက အလယ်....အမှန်ကလည်း မှားနေတယ်

ရည်ရွယ်တာများ...ဒီမှာအလကား
အံချော်သွားတဲ့ အဖြစ်တွေနဲ့ အတူ

နေရာကမှား... အချိန်ကာလမှား... ငါဟာ မှားပြီး ရောက်လာတဲ့သူ

Credit to SoeThawn

December 04, 2008

November : Movies or Move it?

ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းမှာ ရုပ်ရှင် တော်တော်များများ ကြည့်ဖြစ်တယ်။ ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်တွေက...
  1. Madagascar: Escape 2 Africa - Trailers , Official Site
  2. Body Of Lies - Trailers , Official Site
  3. Beverly Hills Chihuahua - Trailers , Official Site
  4. City Of Ember - Trailers , Official Site
  5. Four Christmases - Trailers , Official Site
Madagascar: Escape 2 Africa ၊ Beverly Hills Chihuahua နဲ့  City Of Ember က ကြိုက်လို့  ကြည့်ချင်လို့  သွားကြည့်တာ။ Body Of Lies က သူငယ်ချင်းတွေက ခေါ်လို့ ကြည့်ဖြစ်တာ။ Four Christmases ကတော့ X'mas နီးလာပြီးတာတာကြောင့် X'mas နဲ့ ပတ်သက်တဲ့ ခံစားမှု့ လေးရမလားဆို သွားကြည့်တာ။ သရုပ်ဆောင် မင်းသမီး (Reese Witherspoon) ကိုလည်း အရင်ကတည်းက ကြိုက်တယ်။ Four Christmases ကြည့်ပြီးတော့ ချစ်သူကို သတိရတယ်။

The official Madagascar 2 music video: I Like To Move It.

အခုရက်ပိုင်း ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်တွေမှာ အကြိုက်ဆုံးက Madagascar 2: Escape 2 Africa ။ အရင် Madagascar ကတည်းက ကြိုက်ခဲ့တာ။ အဲဒီကာတွန်း ဇာတ်လမ်းထဲက ခြင်္သေ့လေး Alex, မြင်းကျားလေး Marty, ကုလားအုပ်လေး Melman နဲ့  ရေမြင်းမလေး Gloria .. အားလုံးကို ကြိုက်တယ်။ ကာတွန်းကားတွေ ကြည့်ရတာ တကယ် စိတ်ချမ်းသာတယ်။

Body Of Lies မှာ နည်းနည်း ရက်စက်တဲ့ ပြကွက်လေးတွေ ပါပေမယ့် ကြည့်လို့ ကောင်းပါတယ်။ အဲဒီ ဇာတ်ကားမှာ Roger Ferris အဖြစ် သရုပ်ဆောင်ထားတာကို ကြည့်ပြီး Leonardo ကိုနည်းနည်း ကြည့်လို့ ရလာတယ်။ အရင်ကဆို Leonardo ကိုမကြိုက်လို့  သူပါတဲ့ ရုပ်ရှင်ဆို ဘယ်ရုပ်ရှင်တစ်ကားမှ ပြီးအောင် မကြည့်ဖူးဘူး။

Four Christmases ထဲမှာ မင်းသားက သူ X'mas မှာ အိမ်ပြန်မလာနိုင်တာ ဘာကြောင့်ဆိုတာ သူ့ အမေကို ဖုန်းထဲကနေ ညာပြောတဲ့ အခန်း (Merry Christmas in Burmese )။ အဲဒီမှာ မြန်မာလို "Merry Christmas" ကို ဘယ်လိုပြောတယ်ဆိုတာ ပါတယ်။ ခုနောက်ပိုင်း နိုင်ငံခြား ရုပ်ရှင်ကား အတော်များများမှာ Burma/Burmese ဆိုတာ ပါပါနေတာ သတိထားမိတယ်။ ကောင်းတဲ့ နေရာက ပါခြင်းမျိုးတော့ မဟုတ်ဘူး။

ရုပ်ရှင်ဇာတ်ကား Reviews ရေးဖို့  မရည်ရွယ်တဲ့အတွက် တခြားရုပ်ရှင်တွေအကြောင်း မရေးတော့ဘူး။ ကျွန်မ ကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေကို မသိလို့ ၊ သိချင်တယ်ဆို ကြည့်လို့ ရအောင် Trailers နဲ့ Official Sites လင့်တွေ အပေါ်မှာ ထည့်ပေးထားတယ်။ နိုဝင်ဘာလတုန်းက ရုပ်ရှင် ၅ ကားကြည့်တယ်။ အခု ဒီဇင်ဘာလမှာလည်း အချိန်ရတယ်၊ စိတ်ကူးပေါက်တယ်ဆို ရုပ်ရှင်တွေ ထပ်ကြည့်ချင် ကြည့်အုံးမယ်။ စိတ်မပါဘူး ဆိုရင်လည်း ဘာမှမကြည့်ပဲ နေချင်နေမယ်... အဆင်ပြေသလို ပေါ့....

ဟန်ဆောင်သူများ

ဟန်ဆောင်သူများ

သည်ဘက်စွန်း၌
နစ်မွန်းပျော်ပါး၊ ငါ ၀ံ့စားစွ
လင်သားအိမ်ထောင်၊ ကျပ်တည်းနှောင်လည်း
ဟန်ဆောင်နှုတ်မှ
ဗုဒ္ဓ၏လမ်း၊ လွတ်မြောက်နန်းသို့ 
ဖြတ်သန်းလိုပါ၊ တစာစာလျှင်
မုသာဝါဒ၊ စကားမဆိုချင်။

ဟိုဘက်စွန်းသို့ 
ပြတ်ရွှန်းလှမ်းခို၊ သွားရောက်လိုဟန်
ခိုတွယ်အားထား၊ ဘုရား တရား
စကားမျှပင်၊ ကျင်လည်သည်မှာ
လူ့ ဘာသာမှ၊ တစ်ဝါရှောင်ရုံ
တစ်ချုံကွယ်လျှိုး၊ သစ်ဝါးတိုးဟန်
ပြန်လာခေါက်ခေါက်၊ ဟိုသည်နှောက်၏
လွတ်မြောက်တကယ်၊ စွန့် ပယ်ဝံ့သူ
သည်မူ မဟုတ်နိုင်တကား။

ငါစွန့် ခွါလျှင်
ပြန်မလာတတ်၊ ကင်းရှင်းပြတ်အံ့
အို..... သူမြတ်တို့ 
မလွတ်မြောက်ခင်
ခုံမင်မြူးကြွ၊ လူ့ ဘ၀နှင့်
ခဏမြင်ဖူး၊ အသိထူးပြား
ကူးလူးချင်၍
ရှင်သန်ပါရမီ၊ ဖြည့်တင်းသည်ဟု
ယုံကြည်လိုက၊ ယုံကြည်ကြစေ
အရိယဟု ၊ အတ္တပြတ်ဟန်
ကြောက်ဖွယ်ဖန်လာ
မာန်မာနသာ၊ ကင်းပစေရှင့်။ ။

ကြည်အေး
ရှု့ မ၀မဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၇၁။

ဒီကဗျာကိုပဲ ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလထုတ် ရှု့ မ၀မဂ္ဂဇင်းမှာ "စွန့် ဝံ့သည်" ဆိုတဲ့ အမည်ဖြင့် နောက်တစ်ကြိမ် ဖော်ပြခဲ့တယ်လို့  သိရတယ်။ ကဗျာလေး ဖတ်ပြီး ဒီကဗျာဟာ မူလပေးထားတဲ့ " ဟန်ဆောင်သူများ " ဆိုတဲ့ ခေါင်းစဉ်နဲ့  ပိုလိုက်သလား၊ " စွန့် ဝံ့သည် " ဆိုတဲ့ ခေါင်းစဉ်နဲ့  ပိုလိုက်သလား...... အင်း.. အတွေးပွားနေ မိတယ်..

December 03, 2008

Myanmar Ebooks (Free Download)

ကျွန်မရဲ့ Bookmarks မှာ မှတ်ထားတဲ့ မြန်မာစာအုပ် (eBooks) တွေ ရရှိနိုင်တဲ့ နေရာတွေပါ။ အခု စုထားတဲ့ စာရင်းမှာပါတဲ့ ဆိုဒ်တွေအားလုံးဟာ Free Download လုပ်လို့ ရတဲ့ နေရာတွေကြီးပါပဲ။
eSnips မှ မြန်မာစာအုပ်များ...
တကယ်ဆို မှတ်ထားတဲ့ website တွေက အများကြီး၊ ဒီနေ့  တစ်ခုခြင်း ပြန်ကြည့်လိုက်မှ တချို့ ဆိုဒ်တွေ လုံးဝ မရှိတော့တာ တွေ့ လိုက်ရတယ်။ ချယ်ရီသစ္စာ ဆို အရင်က နာမည်ကြီးတဲ့ နေရာတစ်ခု.. အခုတော့ ဘာမှ မရှိဘူး.. နာမည်လေးရှိသေးတယ် ဆိုတော့ နောက်တစ်ချိန်မှာ ပြန်ရှိချင်လည်း ရှိလာနိုင်တယ်။

ကျွန်မအနေနဲ့  မြန်မာစာအုပ်တွေ ဖတ်ချင်တယ်ဆို အပေါ်ကလို File Sharing Websites တွေတင်မကဘူး မြန်မာဖိုရမ်တွေမှာပါ လိုက်ရှာ ဖတ်လေ့ရှိတယ်။ တချို့ ဖိုရမ်တွေမှာဆို မန်ဘာတွေက မြန်မာစာအုပ်တွေကို ကိုယ်တိုင်စာရိုက်ပြီး၊ ဒါမှမဟုတ် scan လုပ်ပြီး တင်ပေးလေ့ ရှိတယ်။ စာအုပ်တစ်အုပ်လုံးပြီးသွားရင်လည်း eBook တွေ လုပ်ပေးကြတယ်။ စာဖတ်ဖို့ သွားလေ့ရှိတဲ့ မြန်မာဖိုရမ်တွေ စာရင်းကိုတော့ နောက်မှပဲ ထပ်ညွှန်းပါတော့မယ်။

December 02, 2008

ကျန်းမာရေး မကောင်းပါ၊ ပုဇွန်ဟင်းချက်စားသည်..

ဤဘလော့ရေးသူသည် ယမန်နေ့  ညနေမှပိုင်းမှ စ၍ နေထိုင်မကောင်း ဖြစ်နေပါသဖြင့် ယနေ့  အလုပ်မသွားနိုင်ခဲ့ပါ။

ကျန်းမာရေး မကောင်းဘူးလား။ ဘာဖြစ်တာလဲဆို ဖျားတာမဟုတ်ဘူး၊ ခေါင်းကိုက်တာ။ ကိုက်နေတဲ့ ခေါင်းကို ပြန်ကိုက်ချင်ပေမယ့် ပြန်ကိုက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် ဆေးသောက်ပြီး သည်းခံ နေလိုက်ရတယ်။ မနေ့ ညက အိမ်ရောက်အောင် မနည်း ပြန်လာရတယ်။ သွားရလာရ သိပ်မဝေးတဲ့ နေရာမှာမို့  တော်သေးတယ်။ ခေါင်းကိုက်တော့ ထုံးစံအတိုင်း အစာမ၀င်တော့ဘူး၊ စားသမျှ အန်ပြန်ရော။ မလွယ်ပါဘူး။ စိတ်ကြီးတာကို ၊ ဒေါသကြီးတာကို ခေါင်းကိုက်မှာပေါ့တဲ့ ချစ်သူက ကြင်နာစွာ အားပေးစကား ဆိုရှာတယ်။ ပထမတော့ စိတ်ဆိုးတော့ မလို၊ (စိတ်ဆိုးလိုက်ပါသေးတယ် :D) နောက်မှ စဉ်းစားမိတယ်၊ သူပြောတာလဲ မမှားပါဘူး။ ကျွန်မကလည်း တစ်ခုခု စိတ်အနှောက်အယှက် ဖြစ်ပြီဆိုတာနဲ့  အဲဒီခေါင်းက ကိုက်လေ့ရှိတယ်လေ။ ခေါင်းကိုက်ပြီဆို ဘာမှ လုပ်မရဘူး၊ နောက်ဆုံး ဆေးသောက် အိပ်လိုက်မှပဲ ပျောက်တော့တယ်။ မနေ့ ကတော့ စိတ်နည်းနည်း ရှုပ်တာရော၊ နေ့ လယ်စားချိန် အပြင်ထွက်တာ အပူအအေး မမျှဖြစ်သွားတာရော၊ ညနေ ၃ နာရီလောက်ကတည်းက ခေါင်းစကိုက်နေပြီဆိုတာ သိရဲ့နဲ့  တေတာပေတာရောကြောင့် အတော်လေး ခံလိုက်ရတယ်။ ခေါင်းကိုက်ပြီဆို အမေ့ကို သိပ်သတိရတယ်။ အိမ်မှာဆို အမေက ပေါင်မုန့် ၊ ကော်ဖီပူပူ၊ ဒါမှမဟုတ် နွားနို့ နွေးနွေးလေးနဲ့  ဆေးနဲ့ ကို အိပ်ရာထဲ အထိ လာတိုက်လေ့ရှိတယ်။ ခုတော့လည်း ကိုယ့်ဘာသာ မိုင်လိုသောက်၊ ဆေးသောက် အိပ်လိုက်ရတာပေါ့။ ကျင့်သားတော့ ရနေပါပြီ။

အိမ်ရောက်ရောက်ခြင်း အိပ်လိုက်တာ ၁၁ ကျော်မှာ နိုးတယ်။ နည်းနည်းသက်သာနေပြီ။ ဒါကို ချက်ချင်းပြန် မအိပ်ပဲနေလိုက်တာ မနက်နိုးလာချိန်မှာ ခေါင်းကိုက်နေပြန်တယ်။ မနေ့ ညကလောက်တော့ မဆိုးဘူး။ ဒါပေမယ့် အလုပ်သွားဖို့  မဖြစ်နိုင်တာနဲ့  ဆေးခွင့်ယူပြီး ဆက်အိပ် နေလိုက်တယ်။ တစ်နေကုန် အိမ်မှာ ဘာလုပ်နေသလဲ။ အိပ်တယ်၊ ပြီးတော့ ဟိုးကမ္ဘာတစ်ခြမ်းမှာ ညနက်သန်းခေါင် အိမ်ပြန်လို့ မရ၊ အလုပ်တွေ အရမ်း ရှုပ်နေသူ တစ်ယောက်ကို စကားတွေပြောပြီး နှောက်ယှက်တယ်။ ဘာကြောင့်မှန်းမသိ ကျွန်မ ပုံမှန် အလုပ်သွားချိန်မှာ အလုပ်မသွား အိမ်မှာရှိတဲ့ ရက်တွေဆို ဟိုဘက်မှာ အလုပ်ကနေ ပုံမှန်အချိန်ပြန်မရ၊ မနက် ၄-၅ နာရီ လောက်မှ ပြန်နိုင်အောင်ကို အလုပ်ရှုပ်တတ်တယ်။

နေ့ လယ်ပိုင်း ခေါင်းကိုက်သက်သာတဲ့ အချိန်မှာ ပုဇွန်ဟင်းချက်ဖြစ်တယ်။ အင်း.. ၅ လအတွင်း ဒါပထမဆုံး ဟင်းချက်ခြင်းပဲ။ အခု နေတဲ့အိမ်ကို ပြောင်းလာကတည်းက ဘာမှ ချက်မစားဖြစ်ဘူး။ အခုတောင် ဒီပုဇွန်တွေကို ဟိုတလောက ဈေးသွားရင် တွေ့ တာ နဲ့  ၀ယ်ဖြစ်သွားတယ်။ ပုဇွန်ဟင်းကြိုက်တော့ ပုဇွန် လတ်လတ်၊ ဈေးတန်တာတွေ့ ရင် ၀ယ်ချင်တယ်။ လတ်တယ်ဆိုတာ အရှင်တွေကို ပြောတာမဟုတ်ဘူးနော်။ ဒီမှာက အလတ်ဆုံးဆို လတ်သလားမမေးနဲ့  အရှင် ၀ယ်လို့ ရတယ်။ တချို့ ဆိုင်တွေမှာ ပုဇွန်အရှင်တွေ ရောင်းတယ်လေ။ ရှင်းအောင်ပြောတာ။ အသက်မရှိတော့တဲ့ ပုဇွန် လတ်တာတွေ့ ရင် ၀ယ်ချင်တယ်။
ဒီလို ပုဇွန်တွေကို အခွံ့ ခွာပြီး...

ဒီနေ့ မှ ၀ယ်သာဝယ်ပြီး ဘယ်တော့ ချက်ဖြစ်မယ်မှန်းမသိတဲ့ ပုဇွန်တွေကို တကယ် ချက်ဖြစ်သွားတယ်။ ပုဇွန်က ဒီမှာဝယ်လို့ ရတဲ့ အထဲကဆို အကောင် သိပ်မသေးသလို၊ အရမ်းလည်း မကြီးဘူး ဆိုရမယ်။ အကောင် ၁၅-၂၀ လောက် ရှိမယ်။ ပုဇွန် S$4.30 ဖိုး ၀ယ်ထားတာ အကုန် ချက်လိုက်တယ်။ ချက်တာ လွယ်ပါတယ်။ ပုဇွန်ကို အခွံခွါ၊ ခေါင်းက ပုဇွန်ချီးအိပ်နဲ့  ကျောကဟာတွေ လှီးထုတ်ပြီး ကြက်သွန်ဖြူ နီ ဆီသတ်ပြီး ချက်တာ။ ဆားနဲ့  ဆီက လွဲရင် တခြား ဘာမှ မထည့်ဘူး။ ဟင်းချက်တယ်တောင် မခေါ်နိုင်ဘူးထင်တယ်၊ ကြော်သလို လုပ်တာ။ အဲလို ပုဇွန်ချက်တာကို အကြိုက်ဆုံးပဲ။ တခြား ဘာမှ ထည့်ချက်တာ မကြိုက်ဘူး။ အိမ်မှာလည်း အဲလိုပဲ လုပ်ပေးတယ်။ တခါတလေ ကြက်သွန်ဖြူ နီတောင် မထည့်ဘူး။ ဆီပြန်၊ အရည်ကျန်တာ မကြိုက်ဘူး။ ပုဇွန်ကို ပုဇွန်အနံ့ နဲ့  အရသာ မွှေးမွှေးလေး အတိုင်း ထမင်းကို ပုဇွန်ဟင်းထဲက ဆီးလေးနဲ့ နယ်ပြီး စားရတာ ကြိုက်တယ်။ CityHall မှာ သွားစားရင် အဲ့လို ပုဇွန်ချက်တာမျိုး မတွေ့ ဖူးဘူး။ ၀ယ်စားလို့ မရဘူး။ ရောင်းတဲ့ ဟင်းတွေမှာ အရည်တွေနဲ့  တခြား အနံ့ တွေပါတယ်။ မကြိုက်ဘူး။
ဟင်းချက်လိုက်တဲ့ အခါ

ပုဇွန်ဟင်းချက်မယ်ဆိုတော့ ကောင်းတယ်၊ စားချင်တာ စား၊ ပြီးရင် ဆေးသောက်ထားလိုက်ဆိုတဲ့ စကားအတိုင်း ပုဇွန်ဟင်းနဲ့  ထမင်းစားပြီး ဆေးထပ်သောက် အိပ်လိုက်မယ်။ မနက်ဖြန်ဆိုရင်တော့ ခေါင်းထပ်ကိုက်ဖို့  မရှိတော့ဘူး ထင်ပါတယ်။

သက်ဆိုင်သူသို့ 

သက်ဆိုင်သူ သို့ ...
ဒီပုံလေး သဘောကျလွန်လွန်းလို့  မမွန် ရဲ့ ဘလော့ကနေ ကူးယူလာတာပါ။

December 01, 2008

တင်အောင်နီ - ပြာဂလောင် ပြာလချောင် - ကံကောင်းလို့

ခေါင်းရှုပ်တယ်။ အလုပ် မလုပ်ချင်ဘူး။ ကာတွန်းပဲ ဖတ်နေချင်တော့တယ်။ ငယ်ငယ်က ဆို ပြာဂလောင် ပြာလချောင် မကြိုက်ဘူး။ ကိုယ့်ဘာသာ ကာတွန်းငှါးတယ်ဆို မငှါးဘူး။ သူများငှါးလာရင်တော့ ဖတ်တယ်။ ကာတွန်းဇာတ်ဆောင် အမွှာခြင်းတူတူ လေးမွန် ထွေးမွန် ပိုကြိုက်တယ်။ အခုတော့ မရရတာ ဖတ်ရတဲ့ အနေအထားဆိုတော့ တွေ့ သမျှ အကုန်ဖတ်တယ်။




ဒီကာတွန်းစာအုပ်ကို ၀ိညာဉ်သစ်ရဲ့ နေရာလေး မှာ တွေ့ တာပါ။ သွားနေကျ နေရာတစ်ခုပါပဲ။ အဲဒီမှာ တခြား မြန်မာစာအုပ် (eBooks) တွေ အများကြီးရှိတယ်။ eBooks တွေဖတ်ရတာ သိပ်မကြိုက်ပေမယ့် အပြင်မှာ စာအုပ်လုံးဝ ရှာလို့ မရတာဆိုရင်တော့ မရွေးနိုင်တော့ဘူး၊ eBooks လဲ ဖတ်ရတော့တာပဲ။