Pages

June 05, 2008

3rd Present for Year 2008

03-June-2008He bought this present at 26th May 2008 and I got it at 3rd June 2008. :-)

ဒီတစ်ခါက ပါဆယ်နဲ့ ပို့ တာ မဟုတ်ပဲ လူကြုံနဲ့  ထည့်ပေးလိုက်တဲ့ လက်ဆောင်။

ဟိုးအရင် လက်ဆောင်တွေ ရရင် လက်ခံရရှိတဲ့ နေ့ တွေကိုပဲ မှတ်ထားလေ့ရှိပြီး၊ ဘာတွေပါတယ်၊ ဘာတွေရတယ် ဆိုတာ မှတ်ထား၊ ရေးထားလေ့ မရှိဘူး။ အခု ဒီအိတ်လေးကို လက်ခံရရှိတဲ့နေ့ က အရင်အခါတွေမှာ ရခဲ့တဲ့ လက်ဆောင်တွေ အကြောင်း ပြန်ပြီး စဉ်းစားကြည့်တော့ အဲ့ဒီအချိန်တွေက ပါဆယ်ထုတ်ထဲမှာ ပါလာတဲ့ ပစ္စည်းစာရင်းတွေကို အတိအကျ မမှတ်မိတော့ဘူး။ ပို့ မယ်ဆိုပြီး အသေအချာ ပြောထားတဲ့ အရာဝထ္ထုတွေကို မှတ်မိပေမယ့် တခြားပါလာတဲ့ ပစ္စည်း သေးသေးလေးတွေကို သေချာ စဉ်းစားမရတော့တာပါ။ လက်ဆောင်ကို ဘာအတွက်ဆိုပြီး သီးသန့် ပေးတာမဟုတ်ပဲ အဆင်ပြေတယ် ထင်တာလေးတွေရှိရင် ၀ယ်ထည့်ပေးလိုက်တာမျိုး။ ပစ္စည်းဆိုတာမျိုးက သုံးလိုက်ရင် ဟောင်းနွမ်းပြီး နောက်ဆုံး ဘယ်ပျောက်သွားမှန်မသိ ဖြစ်တတ်တယ်။ မပျက်ဆီးအောင် မသုံးပဲ ဒီအတိုင်း သိမ်းထားလို့ လဲ မဖြစ်ဘူး။ သုံးစေချင်လို့  ၀ယ်ပေးတဲ့ ပစ္စည်းတွေကို သုံးမှပဲ ပေးသူတွေက ကျေနပ်မယ် ထင်ပါတယ်။ ဟိုးနှစ်ဆန်းပိုင်းက ပို့ တဲ့ အထဲမှာ ပါတဲ့ ပစ္စည်းတချို့ ဆို သုံးလို့  ဟောင်းတာဟောင်း၊ ပျက်တာ ပျက်၊ ကုန်တာကုန် ဖြစ်ကုန်ပြီ။ အမှတ်တရလည်းဖြစ်အောင် (အဓိကက ကိုယ်မေ့တာ လူမသိအောင် :D) နောက်ဆို လက်ဆောင်တွေရရင် ဘာတွေရလဲဆိုတဲ့ စာရင်းနဲ့ အဆင်ပြေတယ်ဆို ပုံလေးတွေနဲ့ ပါ ဒီမှာ မှတ်ထားမယ် စိတ်ကူးတယ်။ ဒီနေရာက ကျွန်မ ရေးချင်တာတွေကို Diary သဘောမျိုး ရေးတဲ့ နေရာဖြစ်တော့ ဘယ်သူ့ အတွက်မှလဲ အနှောက်အယှက်ဖြစ်မယ် မထင်ပါဘူး။ ဒီလက်ဆောင်ကို သယ်လာပေးတဲ့ မမကြီး (Ma WNNW) ကိုလည်း ကျေးဇူးတင်ပါတယ်။ :-) ဒီအိတ်သွားယူတဲ့ နေ့ က မမကြီးက အင်္ကျီတစ်ထည် နဲ့  ချောကလက်ပါပေးလို့  တစ်နေ့ တည်း ပစ္စည်း ၃မျိုး လက်ခံရရှိခဲ့ပါတယ်။ လက်ဆောင်ရတဲ့ အိတ်က ကျွန်မ အမြဲသုံးလေ့ရှိတဲ့ အညိုရောင် ဖြစ်သလို၊ လက်ဆောင်ရတဲ့ အင်္ကျီကလဲ ကျွန်မ ၀တ်လေ့ရှိတဲ့ ပန်းရောင်။

1st Present for Year 2008
2nd Present for Year 2008

5 comments:

Anonymous said...

အညိုရောင်ဆိုတော့အသားအရောင်နဲ့
ဟတ်နေတာပေါ့နော်...ဟိ..ဟိ..

Nay Nay Naing said...

ဟားဟား.. ဟုတ်တယ်.. လိုက်အောင်ရွေးဝယ်ပေးတာ ဖြစ်မယ်..:D
နောက်ပြီး သူက ကိုယ့်အကျင့်တွေ သိနေလို့ လဲ ဖြစ်နိုင်ပါတယ်.. ကိုင်တဲ့ပစ္စည်းတွေကို ဂရုတစိုက် လုပ်မနေတတ်ပဲ. နေရာမရွေး အဆင်ပြေတဲ့နေရာကို ချတတ်တယ်လေ.. အရောင်နုနု ပစ္စည်းလေးတွေဆိုတာက သူတို့ ကို အမြဲဂရုစိုက်နေမယ့် သူတွေနဲ့ သာ လိုက်တာ..

Soe Moe said...

ပျက်သွားတဲ့လက်ဆောင်အတွက်တော့ ဘာလို့ပျက်ရသလဲကို စဉ်းစားလို့မရဘူးဟာ၊ ငါလဲ အဲလိုပစ္စည်းမျိုးတွေ သုံးဘူပါတယ် (ကင်မရာကို ပြောတာနော်၊ တမျိုးမထင်နဲ့)။ ဝယ်တဲ့နေ့ကနေ ဒီနေ့အထိ ကောင်းအတိုင်းရှိတုန်းပဲ။ သုံးတဲ့သူ အသုံးကြမ်းတာလား၊ ပစ္စည်းကပဲ မကောင်းလို့လား။ ဖြစ်နိုင်ခြေအရှိဆုံးကတော့ သုံးတဲ့သူ အသုံးကြမ်းလို့ပဲ ဖြစ်ရမယ်။ ငါ့သူငယ်ချင်းကတော့ မကောင်းတာ (ဈေးပေါတာ ဝယ်ထည့်ပေးမဲ့သူမဟုတ်ပါဘူး)

ThuHninSee said...

အိတ်လေးကလှတယ်ဗျို့.
ပေးတဲ့သူ တော်တယ်။

Nay Nay Naing said...

Soe Moe >> အသုံးကြမ်း မကြမ်းတော့ မသိ၊ နူးနူးညံ့ညံ့ မရှိတာတော့ သေချာတယ်..သုံးသာသုံး ပျက်ရင် အသစ်ထပ်ဝယ်ပေးမယ်ဆိုတဲ့ စကားကြောင့် ပျက်သွားတာလားတော့ မသိပါဘူး

Ma Mon>> ပေးတဲ့သူက သူဝယ်ပေးတာလေး လှတယ်၊ ၀ယ်တာ တော်တယ်ပြောလို့  သဘောကျနေမှာ.. :D