Pages

May 02, 2007

Dell Picks Ubuntu Linux For Consumer PCs

Dell က သူရဲ့ Desktops နဲ့  Laptop တွေမှာ Ubuntu 7.04 ကို လာမယ့် အပတ်ကစပြီး offer လုပ်မယ်လို့  သိရပါတယ်။ အားလုံးတော့ မဟုတ်သေး ပါဘူး။ ဒီလို ပြောထားပါတယ်။

"We will offer select consumer desktop and notebook products with Ubuntu 7.04 in the coming weeks," a Dell spokesman said in an e-mail.

ဈေးကဘယ်လောက်၊ ဘယ်လို support လုပ်မယ်ဆိုတဲ့ အသေးစိတ် သတင်းအချက်အလက်တွေကိုတော့ မထုတ်ပြန်သေးဘူးလို့ သိရပါတယ်။ Ubuntu က Free Opensource OS ဖြစ်နေတော့ ပိုက်ဆံပေးဝယ်ရတဲ့ Microsoft OSes တွေ သွင်းထားတဲ့ ကွန်ပြူတာတွေထက် ဈေးပိုပေါမှာတော့ သေချာသလောက် ပါပဲ။ ဒါပေမယ့် User တွေကို ဘယ်လို Support လုပ်ပေးမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

ဟိုတစ်လောကတင် ကျွန်မရဲ့ ကွန်ပြူတာမှာ Ubuntu သွင်းပြီး သုံးကြည့်လိုက်သေးတယ်။ သုံးရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် လူအများသုံးလေ့ရှိတဲ့ Window က Support လုပ်တဲ့ Software တချို့  Ubuntu မှာ သုံးလို့ မရပါဘူး။ ဒါပေမယ့် အရင်ကထက်စာရင်အများကြီး တိုးတက်လာတာတွေ့ ရတယ်။ ကျွန်မတို့  IT သမားတွေ အနေနဲ့  ကတော့ မရတာကို ရတာလေးတွေနဲ့  ရှာကြံ အစားထိုး သုံးနိုင်ကြတယ်။ ဒါပေမယ့် သာမန် ကွန်ပြူတာသုံးသူတွေ အတွက်တော့ မဖြစ်နိုင်ပါဘူး။ သူတို့ တွေ ဒါတွေကို သုံးဖို့  အဆင်သင့်ဖြစ်ဦးမယ် မထင်ဘူး။ ဒါကြောင့်လည်း selected consumer desktop and notebook လို့ ပြောထားတာ ဖြစ်မယ် ထင်တယ်။

ဘာပဲဖြစ်ဖြစ် ဒါဟာ Anti-Micorsoft တွေ အတွက်တော့ သတင်းကောင်းပါပဲ။ ကျွန်မကတော့ Microsoft ကို မကြိုက်ဘူး မဟုတ်ပေမယ့် OpenSource OS တွေနေရာပိုပြီး ရလာနိုင်တဲ့ လမ်းစဖြစ်တဲ့အတွက် ၀မ်းသာမိပါတယ်။ တစ်ခုခုဆို တစ်စုံတစ်ယောက်ကပဲ ချုပ်ကိုင်ထားတာဟာ User တွေအတွက် မကောင်းဘူး မဟုတ်လား။

Related Links : Informationweek.com, Dell.com, Ubuntu.com

3 comments:

Myo Kyaw Htun said...

မနေ...
ကျွန်တော် Ubuntu ရဲ့ Beryl ကို အခု တစ်ချို့ ဆိုဒ်တွေမှာ ရေးထားတာတွေ့လို့ စိတ်ဝင်စားနေတယ်။ interface နဲ့animation က Vista တို့ Os X တို့ထက် လန်ထွက်နေအောင် လုပ်ထားတာကြောင့်လဲပါတယ်။ အဲ့ဒါ့ကြီးကို install လုပ်ဖူးလားဗျာ ? ဘယ်လိုရှိလဲ မသိဘူး ။

Nay Nay Naing said...

rotating the desktop cube နဲ့  wobbly Windows ကတော့ ပါတယ်။ Setting ထဲသွားပြီး Turn on လုပ်လိုက်ရုံပဲ။ Dual boot စမ်းရင်းနဲ့  Boot loader ပြဿနာတတ်သွားလို့  ဆက်မစမ်းဖြစ်တော့ဘူး။ Beryl က Pre-Installed အနေနဲ့  မပါဘူး။ ကိုယ့်ဟာကို Install လုပ်ရမယ်။ သိသလောက်တော့ Beryl ရဲ့ Graphic Requirement က အတော်မြင့်တယ်။ 254 MB လိုမယ်။ ကျွန်မ လည်း Berl ကိုစမ်းကြည့်ချင်နေတာ။ ဒါပေမယ့် ကျွန်မ Computer ရဲ့ Graphic Card က 128 MB ပဲရှိတော့ စမ်းဖို့ မလွယ်ဘူး ဖြစ်နေတယ်။ ကျွန်မ ပထမဆုံး Install လုပ်တာက 6.10, နောက် 7.04 ထွက်လာတော့ Upgrade လုပ်ဖြစ်တယ်။ Version 6.10 ကနေ 7.04 ကို Upgrade လုပ်တာ Software Package တွေ Upgrade လုပ်သလိုမျိုး Click တစ်ချက်နှိပ်ပြီး Online ကနေ Upgrade လုပ်သွားလို့ ရတယ်။ ဒီတစ်ခုတော့ ကျွန်မ အတော်ကြိုက်တယ်။

Myo Kyaw Htun said...

အဲ့ဒီ့လောက်ရှိမှပဲ စမ်းကြည့်တော့မယ်။ သေသေချာချာ ရှင်းပြပေးတဲ့အတွက်လည်း ကျေးဇူးပါပဲဗျာ။