Pages

March 31, 2010

တွေးမိပါတယ်..

She ဆိုတဲ့ သီချင်းကို နားထောင်ရင်းနဲ့  Notting Hill ထဲက ဈေးတန်းလေး ကြည့်ပြီး ကျောင်းပိတ်ရက် လန်ဒန် မှာနေဖြစ်တုန်းက အချိန်တွေကို သတိရသွားတယ်။ အဲဒီနှစ်တွေက ဘလော့မရေး ဖြစ်သေးတာ နာတယ်၊ မဟုတ်ရင် ဟိုလျှောက်ရေး ဒီလျှောက်ရေးနဲ့  ဒီထက် အများကြီး ရေးဖြစ်မှာ။ ရေးဖြစ်ခဲ့ရင် နောက်တစ်ချိန်မှာ ပြန်ဖတ်စရာတွေလည်း အများကြီး ရှိနေမှာ။ အဲဒီအချိန်မှာ တွေ့ ကြုံခဲ့ရတဲ့ အပြောင်းအလဲက ကွာခြားချက်က အရမ်းကြီးတယ်လေ။ အရာရာတွေ့ သမျှ မြင်သမျှ အသစ်အဆန်းတွေ၊ နယ်မြေသစ်၊ ပတ်ဝန်းကျင်အသစ်၊ ပေါင်းသင်းဆက်ဆံရတဲ့ သူတွေကလည်း အသစ်တွေ။ တခါမှ မကြုံဖူးတာတွေ ကြုံတွေ့ ရတယ်။ အဲဒီတုန်းက အခုလို အတွေ့ အကြုံ မှတ်တမ်းမျိုးသာ ရေးဖြစ်ခဲ့ရင် လေ့လာစူးစမ်းစပ်စုမှု့ တွေလည်း ပိုပြီး လုပ်ဖြစ်ခဲ့မယ် ထင်တယ်။ ကျောင်းသားဘ၀ဆိုတော့ အားတဲ့ အချိန်လည်း များတယ်။

အခုအချိန်မှာ အဲဒီတုန်းက ကြုံခဲ့ရတာတွေ ပြန်စဉ်းစားတဲ့အခါ အကုန်လုံးကို ဘယ်မှတ်မိနိုင်တော့မလဲ။ နောက်ဆို ဒီထက်ပိုပြီး မေ့ကုန်မယ်။ တွေးနေမိပါတယ်..

March 30, 2010

Diary in Pet Society (Facebook)

ဒီနေ့  ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် လုပ်ရင်း Pet Society မှာ Diary ဆိုတဲ့ Feature တစ်ခု အသစ်တိုးနေတာ သတိထားမိ လိုက်တယ်။ ဖွင့်ကြည့်လိုက်တော့ အဲဒီ ဒိုင်ယာရီဟာ ကိုယ်ဘယ်တုန်းက Pet Society ကို စအသုံးပြုခဲ့တာလဲ၊ ကိုယ့်ရဲ့ လယ်ဗယ်က ဘယ်လောက် ရှိနေပြီလဲ၊ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိလဲ ... စတဲ့ အချက်အလက် အရေအတွက်တွေကို ပြပေးတဲ့ နေရာမှန်း သိလို်က် ရတယ်။ တိုက်ဆိုင်တယ် ဆိုရမလား.... ဒီနေ့ ဟာ ကျွန်မ Pet Society ကို စပြီး အသုံးပြုခဲ့တာ ၁ နှစ်တင်းတင်း ပြည့်တဲ့နေ့  ပဲဆိုတာ တွေ့ လိုက်ရတယ်။

Hazard was born on the 30 March 2009


ဟုတ်မယ်။ လွန်ခဲ့တဲ့ နှစ် ၂၀၀၉ အီစတာပွဲတော် အချိန်ဝင်ကျင်က စတာပဲ။ အရင်က (fluff)Friend ဆော့တယ်။ fluffကို နေ့ စဉ် အမြဲမှန်မှန် ဆော့တာမဟုတ်ဘူး။ ပွဲတော်တစ်ခုခု ထူးခြားတာရှိမှ ဆော့တာ။ ထူးခြားတယ် ဆိုတာ သူများတွေစီ သွားလည်ရင် လက်ဆောင် လေးတွေရတာမျိုးကို ပြောတာပါ။ အီစတာပွဲ နီးတော့ fluff မှာ သူများ စီသွားလည်ရင် ကြက်ဥလေးတွေ၊ ပန်းလေးတွေ၊ ခြင်းလှလှလေးတွေ ရတာကို သဘောကျပြီး နေ့ တိုင်းဝင်ဆော့ ဖြစ်နေတုန်း သူငယ်ချင်းတွေက Pet Society မှာလည်း အပင်တွေ ၀င်တိုးရင် မိုးပေါ်က ဥတွေကျလာတယ်ဆိုပြီး သတင်းပေး၊ ဖိတ်ကြတာနဲ့  စိတ်ဝင်စားပြီး PS ကို join ဖြစ်သွားတယ်။

အကောင်လေး လုပ်တယ်၊ အိမ်ပြင်ထွက်ပြီး အပင်တွေတိုးတယ် ဒီလောက်ပဲ။ နောက်ပိုင်း ပွဲတော်အချိန်ပြီးတော့ ဆက်မဆော့ဖြစ်ဘူး။ ပျင်းတဲ့အခါတွေမှာတော့ PS ထဲဝင်ပြီး Paw Point ရအောင်၊ ပိုက်ဆံရအောင်တော့ သူငယ်ချင်းတွေ အိမ်လျှောက် လည်ဖြစ်တယ်။ ဘာမှတော့ မ၀ယ်ဖြစ်ဘူး။ အကောင်လေးကို လှတပတလေး ဖြစ်အောင် လုပ်တာ၊ အိမ်တွေ အလှဆင်တာမျိုးတွေ ကျွန်မမှ စိတ်မ၀င်စားတာ။ ရန်ကုန် အလည်ပြန်တာ ဘာညာနဲ့  လုံးဝ မ၀င်ဖြစ်သလောက်ဖြစ်သွားတယ်။ တစ်ရက် မထက်တို့ အိမ်သွားလည်ရင်း မထက်က ဒီ ပီအက်စ်က GMB ဖောက်နည်း၊ ဘယ်လိုတွေ ဆော့လို့ ရတယ်ဆိုတာ ပြောပြတာနဲ့  စိတ်ဝင်စားလို့  ပြန်ဆော့ဖြစ်သွားတယ်။ ဒီလိုမျိုးဆို သိပ်စိတ်ဝင်စားတယ်။

Pet Society မှာ အဓိက စုထားဖြစ်တာက အရုပ်လေးတွေပါပဲ။ အဲဒီထဲက ရှားရှားပါးပါးပစ်စည်းလေးတွေနဲ့  အရုပ်လေးတွေ သဘောကျတယ်။ Pet Society မှာ အရုပ်စုရတာ လူသက်သာတယ်။ ဖုန်တတ်မှာ မစိုးရိမ်ရဘူး။ Pet Society စပေါ်ကတည်းက ခုချိန်ထိ ပိုက်ဆံနဲ့  ပေးဝယ်ရတဲ့ အရုပ်တွေကလွဲရင် တခြား ထွက်ခဲ့သမျှ အရုပ်အကုန်ရှိတယ်။



ဒါက ၂၀၀၉ နိုဝင်ဘာက ကိုယ့်စီမှာရှိနေတဲ့  အရုပ်တွေကို စီပြီး သူများတွေမြင်အောင်ပြထားတာ။
နောက်ပိုင်း အရုပ်တွေ ထပ်ထပ်စုပေမယ့် အဲ့ဒီလိုတော့ မစီကြွားဖြစ်သေးဘူး။
ဖြုတ်ရ တတ်ရတာ စိတ်မရှည်လို့ ။


အများဆုံး သိမ်းထားနိုင်တဲ့ (Hotel City Plushie) ၉ ၉ ခု စီထားရင် ဘယ်လိုနေ မလဲသိချင်လို့ စမ်ထားတာ။


ဒါက ပြီးခဲ့တဲ့ အပတ်က ပျင်းလို့  အသစ်ရတဲ့ အပင်လေးတွေ စီကြည့်ဖြစ်ခဲ့တယ်။



ဒါက မနေ့ ညက မအိပ်ခင် တစ်ချက်စမ်းထားတာ။ ကြက်ဥတွေ မိုးပေါ်က ကျလာတယ်။

ခုနောက်ပိုင်း နေ့ စဉ်ဆော့တာမျိုး မဟုတ်ပေမယ့် တစ်ပတ် ၂ ခါ ၃ ခါတော့ ၀င်ဖြစ်တယ်။ တနင်္လာနေ့ တိုင်း အသစ်တင်လေ့ရှိတဲ့ "This Week Special Items" ဆိုတာမျိုးတွေ ၀င်ဝယ်တာပါ။ နောက်စိတ်ကူးပေါက်ရင် အခန်းဆင်တာမျိုး မဟုတ်ပဲ (အပေါ်က ပုံတွေလို) ပစ်စည်း ခပ်သေးသေးလေးတွေကို ဟိုလျှောက်ထည့် ဒီလျှောက်ထည့် လုပ်တတ်ပါသေးတယ်။ ဒီလောက်ပါပဲ။ အဲ... တခါတလေ သူငယ်ချင်းတွေ အကူအညီလိုရင်လည်း (ဂိမ်းထဲမှာ) ရှာဖွေကူညီပါတယ်။

Other Related Posts:
To Have Fun in Pet Society
Happy New Year - 2010
X'mas at Pet Society

March 26, 2010

Breakfast @ TaungGyi

မြန်မာပြည်ပြန်တုန်းကပေါ့။ တစ်မနက် တောင်ကြီးမြို့  ကျိုင်းတုံ ရွှေညောင်ပင် ခေါက်ဆွဲဆိုင်မှာ မနက်စာစာ ဖြစ်ခဲ့သေးတယ်။ တကယ်ဆို အဲဒီမနက်ကလည်း အမေ့တူမ အိမ်မှာ မနက်စာ စားပြီးသား ဆိုတော့ ဗိုက်က မဆာဘူး။ ဒါပေမယ့် အဖေက ရောက်တုန်းလေး အပြင်မှာလည်း စားဖူးတယ်ရှိအောင် စားကြတာပေါ့ဆိုလို့  စားဖြစ်သွားတယ်။ စားလို့ ကောင်းတယ် ဆိုတာ ထူးပြီး ထပ်ပြောနေဖို့ တောင်မလိုဘူး။

ကြက်မှာ အရိုး.... (ဒီတစ်ပွဲစားလို့ အကောင်းဆုံးပဲ)
From Burmese Food
အဲ့လို အစားအစာတွေ စားနေတုန်းဆို အရမ်းကို သတိရပါတယ်။ အပိုပြောတာမဟုတ်ဘူး။ အစားကောင်း စားရရင် ချစ်သူခင်သူတွေကို သတိရတာ သဘာဝပဲ မဟုတ်လား။ ဒီအစားအသောက်တွေ အခုအချိန် လိုက်ဝယ် မကျွေးနိုင်ပေမယ့် အခု လုပ်ပေးနိုင်တာလေး တစ်ခုလုပ်ပေးထားပါတယ်။၊ ရှင်းရှင်းလင်းလင်း ကြည့်နိုင်ဖို့  ပုံတွေကို ခပ်ကြီးကြီး တင်ပေးလိုက်တယ်။

From Burmese Food


From Burmese Food


From Burmese Food



From Burmese Food


From Burmese Food


စားပြီးရင် ရှမ်းပြည်က ရေနွေးကြမ်းလေးသောက်လိုက်ပါအုံးလို့  အဖေက ပြောခဲ့တယ်
From Burmese Food

အဲဒီမနက်က စားသမျှ ဓာတ်ပုံ မရိုက်ဖြစ်ဘူး။ ကိုယ့်ရှေ့ မှာ မြည်းဖို့ လာပေးတဲ့ အစားအသောက်တွေပဲ ရိုက်ဖြစ်လိုက်တယ်။ အဖေတို့ က တစ်ဝိုင်းထိုင်တော့ အဖေတို့ စားတာတွေ မရိုက်ဖြစ်ဘူး။ နောက်ပြီး အစားအသောက် နာမည်တွေလည်း သေချာမ မမှတ်မိဘူး။ ထင်တာတွေရေးလိုက်တယ်။ တောင်ကြီးသူတောင်ကြီးသားတွေ နာမည်မှားနေတယ်ဆို ပြင်ပေးကြပါ။

From Burmese Food


From Burmese Food


From Burmese Food

March 25, 2010

... မြ ...

... မြ ...

အခါတစ်ပါး၌ သူမ၏လက်ဝယ်
ထက် " မြ " သော မြားတစ်စင်းတည်၏။
သို့သော် " တေး " မရှိ။
ထိုအခါ
ငါ၏လက်ဝယ်
ချို " မြ " သော စောင်းတစ်အိုးတည်၏။
သို့သော် " ကြိုး " မရှိ။

သျှပ်မှူးကျော်၊ မောင်မိုးကျော်၊ အရိုင်းဖြူ

March 24, 2010

ကူ ကူ ကူး......

ဆော့ဖြစ်တာ သိပ်မကြာသေးပါဘူး။ အရင်က လုံးဝ မဆော့ဘူး။ ခရီးသွားရင်း၊ ရထားစီးရင်း၊ ကားစီးရင်း တခြားသူတွေ ဆော့နေတာ မြင်ဖူးတယ်။ တချို့ က ဖုန်းနဲ့ ဆော့တယ်။ တချို့ က သတင်းစာ ဒါမှမဟုတ် မဂ္ဂဇင်း တစ်ခုခုပေါ်မှာ ပါလာတာလေးတွေကို ခဲတံ၊ ဖောင်တိန်လေးတွေနဲ ဟိုခြစ်ဒီခြစ် ဆော့တယ်။ တချို့ က Print လုပ်၊ Copy ကူးထားတဲ့ စာရွက်လေးတွေနဲ့ ၊ တခါဆို စာအုပ်လိုက် သည်းကြီးမဲကြီး ဆော့နေတဲ့သူမျိုး တောင်တွေ့ ဖူးသေးတယ်။ အင်တာနက်ပေါ်မှာလည်း တွေ့ ပါတယ်၊ ဒါပေမယ့် ဘာလို့ မှန်း မသိဘူး လုံးဝ မစမ်းကြည့်ဖြစ်ခဲ့ဘူး။

၂၀၀၉ နှစ်လည်ပိုင်းက ထင်တယ်၊ တစ်ရက် သူငယ်ချင်းတွေနဲ့ တွေ့ ပြီး အပြန်၊ ရထားပေါ်မှာ မပူးကောင် Print လုပ်ထားတဲ့ စာရွက်တစ်ခု ထုတ်ဆော့တာ တွေ့ မိမှ ဘယ်လိုဆော့ရလဲ မေးပြီး သူရှင်းပြလို့  ဆော့နည်း သိခဲ့တယ်။ ပုံမှန်ဆို ဂိမ်းဆို စိတ်ဝင်စားတယ်။ Puzzle ဆို ပိုစိတ်ဝင်စားတယ်၊ အဲဒီလို ကိန်းဂဏန်းတွေဆို စိတ်ဝင်စားဆုံး ဖြစ်ပေမယ့် မဆော့ဖြစ် ခဲ့ပြန်ဘူး။ လွန်ခဲ့တဲ့ ၁-၂ လလောက်က မပူး ရဲ့ သားလေး Justin ဓာတ်ပုံတွေ၊ video လေးတွေ ကြည့်ရင်း အဲဒီဂိမ်းကို ဖျက်ကနဲ သတိရသွားတယ်။ ကလေးလေးက ချစ်ဖို့ ကောင်းတယ်။ ဘာမှ မဆိုင်ပါဘူး၊ ဒါပေမယ့် ကလေးကတစ်ဆင့် သူအမေကို သတိရတယ်၊ ဒီကတစ်ဆင့် ဂိမ်းကို သတိရပြီး ဆော့ချင်စိတ် ပေါက်သွားပါတယ်။ iTune Store သွားပြီး Free ပေးတာလေး ရှိမလား လိုက်ရှာ၊ ဖုန်းထဲ Download လုပ်ထည့်ပြီး ဆော့ဖြစ်သွားပါတယ်။ ဂိမ်းနာမည် မသိလို့  Google လုပ်လိုက်ရသေးတယ်။

Sudoku and Garfield

Sudoku ရဲ့ အဓိပ္ပါယ်။
From Garfield


ဂိမ်းဆော့ နေတုန်း ဂါဖီးလို လာရှုပ်လို့ ကတော့ ကိုယ်လည်း အော်မိမှာပဲ။
From Garfield


From Garfield


From Garfield

တခါ အမ်စီယူဖို့  ဆေးခန်းသွားတုန်းက ဆရာဝန်က ပြောဖူးတယ်။ တစ်နေကုန် အလုပ်တွေများပြီး လူက အိပ်ချင်တယ်၊ ဒါပေမယ့် ဦးနှောက်က အိပ်ချိန်တန်လို့ မအိပ်၊ အိပ်လို့ မရဖြစ်နေရင် Sudoku လေးဆော့လိုက် အိပ်ချင်စိတ် ပေါ်သွားမယ်တဲ့။ သူက ၀ါသနာမပါလို့ ဖြစ်မယ်။ ကျွန်မ အတွက်ကတော့ အိပ်ခါနီး ဒီလိုတွက်ချက်ရတဲ့ ဂိမ်းမျိုးသွား ဆော့လိုက်ရင် တညလုံး အိပ်လိုက်ရမယ် မထင်ဘူး။

ဒီကာတွန်းထဲက လောက်တော့ မဆိုးပါဘူး။
From Garfield

ဒါလေးရေးရင် ဟိုးအရင် ကျောင်းတတ်တုန်းက အမြဲဆော့လေ့ရှိတဲ့ Yahoo က dominoes ဆိုတဲ့ ဂိမ်းလေးသတိရသွားပြန်ပြီ။ မဆော့ဖြစ်တာ နှစ်နဲ့ ချီကြာနေပြီ။ ဒီနေ့  အိမ်စောစောပြန်ပြီး ၁ နာရီလောက် အချိန်ပေး ဆော့လိုက်အုံးမယ်။

March 22, 2010

Today I....


Today I smiled, and all at once things didn't look so bad.
Today I shared with someone else, a bit of hope I had.

Today I sang a little song, and felt my heart grow light,
And walked a happy little mile, with not a cloud in sight.

Today I worked with what I had and longed for nothing more,
And what had seemed like only weeds, were flowers at my door.


Today I loved a little more and complained a little less,
And in the giving of myself, I forgot my weariness.

Written By: Author Unknown

ဖတ်မိတာလေးပါ။ ရေးတဲ့သူ ဘယ်သူဆိုတာ မသိရဘူး။ ရှာလို့ လည်းမတွေ့ ဘူး။ ပုံလေးတွေကတော့ စိတ်လက်ပို ပေါ့ပါးအောင် အင်တာနက်ပေါ်မှာ လိုက်ရှာပြီး ထည့်တားတာပါ။ ပုံပိစိလေးတွေ ကြည့်ပြီး သဘောကျသလား မမေးနဲ့ ။ ဒီလိုပဲ နေ့ ရက်တွေကို ဖြတ်ကျော်ရင်း...

March 21, 2010

Highway To The Danger Zone

You'll never know what you can do
Until you get it up as high as you can go

Out along the edges
Always where I burn to be
The further on the edge
The hotter the intensity

Highway to the Danger Zone
Gonna take you
Right into the Danger Zone

Highway to the Danger Zone

March 18, 2010

18 March 2010

ဒီနေ့ . အလုပ် မသွားပါ။ မိုးရွာသောကြောင့် အလုပ် မသွားခြင်း မဟုတ်ရပါ။ မနက်ပိုင်းက နေသာပါတယ်။ ပြီးမှ မိုးတွေ ရွာလာတာ။ ဒီနိုင်ငံက မိုး အစိုးမရဘူး။ ရွာချင်တဲ့အချိန် ရွာတာပဲ။ တနေကုန် မိုးလေး စိမ့်စိမ့်နဲ့  အိပ်လို့ ကောင်းကောင်း နဲ့  အိပ်လိုက်တာ အခုမှ နိုးတယ်။ နေ့ လယ်ပိုင်းက ထမင်းစားထွက်ရင် ဒီနားတစ်ဝိုက် ဓာတ်ပုံတွေ လျှောက်ရိုက်တယ်ထားတာ ဒီနေရာမှာ တင်ဦးမလို့ ပဲ။ ပုံတွေ ကွန်ပြူတာထဲ ကူးထည့်ပြီး အိပ်ချင်စိတ်က တားမရတာနဲ့  အိပ်ဖြစ်သွားတယ်။

ပုံတွေက မထူးဆန်းပါဘူး။ လမ်း တစ်လျှောက်တွေ့ တာတွေ ရိုက်လိုက်တာ။ လမ်းလျှောက်ရင်း ရိုက်တာဆိုတော့ အရမ်းတော့ နည်းနည်းတော့ စွေတာစောင်းတာလေးတွေ ရှိတာပေါ့။ မိုးလည်းရွာ အလုပ်လည်းသွားနေကြလို့ ထင်တယ် လူရှင်းတယ်။

From Singapore
အမ်အာတီ။ ရထားစီးတာ အဲဒီမှာ။ လူရှင်းနေတယ်။
From Singapore
လူသိပ်မရှိဘူးဆိုပေမယ့် မှတ်တိုင်နေရာမှာ ကားစောင့်နေတဲ့သူတွေများတဲ့အတွက် ဒီနားကပဲ ဓာတ်ပုံရိုက်လိုက်တယ်။
From Singapore
ခုတော့ လူရှင်းတယ်။
ကားမှတ်တိုင်ရှေ့ နဲ့  အဲ့ဒီနေရာက ညနေပိုင်းဆို လူသိပ်များတဲ့နေရာ။
မိုးရွာရင် လမ်းမှာ ရေအိုင်နေတတ်လို့  အတော်လေး သတိထားသွားရတယ်။

From Singapore
Taxi စောင့်တဲ့နေရာ။ ဒီထက် အနားတိုးပြီးရိုက်ချင်တာ ကိုယ်ဓာတ်ပုံရိုက်တာကို ဘေးမှာ ရပ်နေတဲ့သူတွေ ကြည့်နေလို့  ရှိုးတို့ ရှန်းတန်း တမျိုးဖြစ်သွားပြီး ဒီလောက်ပဲ ရိုက်ဖြစ်ခဲ့တယ်။
နောက်ဆို ဒါမျိုး အဖြစ်မခံဘူး၊ ဘာဖြစ်နေနေ ကိုယ်ရိုက်ချင်တာ ရအောင် ရိုက်မယ်။

From Singapore


ဒီဆိုင်က ဈေးပေါတယ်။ နည်းလည်းနည်းတယ်။ ထမင်းသိပ်မစားချင်တဲ့ နေမျိုး အဲဒီက ၀ယ်စားဖြစ်တယ်။
From Singapore
ဒီနိုင်ငံ ထုံးစံ၊ ဟိုပြင်ဒီပြင် ဟိုဆောက်ဒီဆောက် လုပ်နေတဲ့ အတွက် အကာအရံတွေ နဲ့  ဖြစ်နေတယ်။
From Singapore

From Singapore
စားသောက်ဆိုင်တွေနဲ့  ဈေးကိုလည်း ပြင်ဖို့  ပိတ်ထားတာတွေ့ တယ်။
From Singapore
အပင်ကြီးတွေနဲ့ မို့  ဒီနေရာလေးကို သဘောကျတယ်။ ထိုင်ဖို့ တော့ စိတ်မ၀င်စားဘူး။ ငှက်တွေပေါတော့ ကြောက်ရတယ်။
From Singapore

အဲဒီမှာ ရှိတဲ့ မြန်မာဆိုင်မှာ စားစရာသွားဝယ်တာပါ။
From Singapore

အဲဒီက မုန့် ဟင်းခါး ကောင်းတယ်။ ကိုယ်ကြိုက်တဲ့ပုံစံဆိုတော့ အမြဲစားဖြစ်တယ်။ တစ်ပွဲမှ S$2.50။ အုန်းနို့ ခေါက်ဆွဲ၊ အသုတ်တွေလည်း ကောင်းတယ်။ ဟင်းချက်တာလည် မဆိုးဘူး သူငယ်ချင်းတွေက ပြောပါတယ်။ ကျွန်မကတော့ ထမင်းဟင်း စားခဲတယ်။ စားလည်း အခြောက်အခြမ်း ဆိုတော့ အရသာ သိပ်မသိဘူး။ ဒီနေ့ ကလည်း ထမင်းမစားချင်လို့  မုန့် ဟင်းခါးသွား ၀ယ်စားတာပါ။ အဲဒီဆိုင် ရောက်တိုင်း ဟိုးအဝေးတနေရာက အစ်မကြီးကို သတိရမိပါတယ်။ သူကလည်း မုန့် ဟင်းခါး ကြိုက်တယ်လေ။

အပြန်လမ်းမှာတော့ ဖုန်းကတစ်ဖက်၊ အစားအသောက် ထုတ်တွေက တစ်ဖက်နဲ့  လက်နှစ်ဖက်လုံး မအားတဲ့အတွက် ဓာတ်ပုံ မရိုက်နိုင်တော့ဘူး။ ဒီနေ့ အတွက် ဒီလောက်ပဲ။ နောက်နေ့ မှ လမ်းသွားရင်း ရိုက်ဖြစ်သမျှ သူများတွေ မြင်အောင် ပြအုံးမယ်။ မဟုတ်ရင် ဘယ်သူမှ ကြည့်ခွင့်မရ ကွန်ပြူတာထဲ အလကား ဖြစ်နေမှာ။

* * * * * * * * * * * * * * *

Update : အစ်မကြီး မခင်ဦးမေ တောင်းဆိုချက်အရ Google လုပ်ပြီး လိပ်စာလေးရှာ ထည့်ပေးလိုက်ပါတယ်။ သွားစားဖြစ်အောင် သွားစားပါ။ ပြီးရင် ဓာတ်ပုံလေး ရိုက်ပြီး ပြပါ။ ဒီအောက်ကလင့်မှာ အဲဒီဆိုင်အကြောင်း တခြားတစ်ယောက် ရေးထားတာ ဖတ်ကြည့်လို့ ရတယ်။
Aung Myanmar Food ( By aromacookery.com)
Aung Myanmar Food
San Po Food Court
Blk 432, Clementi Ave 3 #01-296.
Singapore 120432
From Everything

March 17, 2010

Being Computer Guys

From ThePhotoILike

အရင်လိုပါပဲ။ မပြောင်းလဲဘူး။

March 16, 2010

Penang : Snake Temple

Temple of the Azure Clouds (Snake Temple)
ပီနန် မြွေဘုရားကျောင်း။

From Penang - Snake Temple

ခရီးသွားဧည့်သည်တွေ လာလေ့ရှိတဲ့ နေရာတစ်ခု။ ပုံစံက မြင်နေကြ တရုတ် ဘုံကျောင်းတွေလိုပဲ ခပ်ရိုးရိုး၊ ခပ်ဟောင်းဟောင်း ပုံစံ။ ကျွန်မ တို့ ရောက်တဲ့ အချိန်က ဘုံကျောင်းရှေ့ မှာ ပြင်ဆင်မှု့ တွေ လုပ်နေတယ်။

ဘုံကျောင်းရှေ့ မှာ ၀င်ပေါက် ၃ ခုရှိတယ်။ ဘယ်တံခါးပေါက်က၀င်ဝင် အခန်းတစ်ခု ထဲရောက်တယ်။ ယောင်းတိုင်တွေ၊ အမွှေးတိုင်တွေထွန်းပြီး ရှိခိုးဆုတောင်းတဲ့ အခန်း။ အခန်းက သိပ်မကျယ်ပါဘူး။ အခန်းတစ်ခုလုံး မီးခိုးငွေ့ တွေ မွှန်းနေသလိုပဲ။ အဲဒီအခန်းထဲမှာ ဘုံကျောင်းကို စတင်တည်ထောင်ခဲ့တဲ့ တရုတ်ဘုန်းကြီးရဲ့ ရုပ်ထု ရှိနေပြီး ဘေးတစ်ဘက် တစ်ချက်မှာ ကြိမ်အ၀ိုင်းအခွေ နှစ်ခုလည်း ရှိနေတယ်။
From Penang - Snake Temple

ကြိမ်ဝိုင်းတွေ ပေါ်မှာ မြွေအစိမ်ရောင်လေးတွေ ခွေနေတာ တွေ့ ရပါတယ်။ မြွေတွေ အရှင်လားအသေလား သိချင်စိတ်နဲ့  သွားထိကြည့်ကြမှာ စိုးရိမ်လို့ ထင်ပါတယ်၊ ဘေးမှာ မြွေတွေက အရှင်တွေ၊ သွားမထိပါနဲ့ ဆိုပြီး အင်္ဂလိပ်လို ရေးထားတာ တွေ့ ရတယ်။ ဒါနဲ့  အသေချာ ကြည့်ကြည့်တော့ ဟုတ်သား၊ မြွေတွေက အရှင်တွေ၊ ငြိမ်မနေဘူး၊ ခေါင်းလေးတွေ လှုပ်တုတ် လှုပ်တုတ်နဲ့ ။ အမွှေးတိုင်တွေ နဲ့  ဆုတောင်းနေတဲ့သူတွေအကြား မနည်းတိုး ကြည့်ခဲ့ရတယ်။
From Penang - Snake Temple


From Penang - Snake Temple

ကျောင်းထဲက နံရံမှာ ကပ်ထားတဲ့ စာရွက်ထဲ ပြထားတာ ကြိမ်ဝိုင်းတွေပေါ်မှာ မြွေတော်တော်များတယ်။ အောက်မှာ ကြည့်ပါ။ တကယ် တွေ့ ရတာတော့ အဲဒီလောက် မများဘူး။ (သိမ်းထားတာ ထင်တယ်။)
From Penang - Snake Temple

အခန်းထဲ လှည့်ပတ်ကြည့်တယ်၊ တရုတ်လို ရေးထားတာတွေကြီးပဲ၊ တစ်လုံးမှ နားမလည်ပါဘူး။ ဒါနဲ့  တွေသမျှ ထူးဆန်းတယ်ထင်တာ အကုန် လျှောက်ကြည့်၊ ဓာတ်ပုံရိုက်တယ်။ အဲဒီအခန်းရဲ့ ညာအခြမ်းကိုသွားကြည့်တယ်၊ ဘာမှမရှိဘူး။ တံခါးမှာတော့ အရုပ်ပုံတွေ တွေ့ တယ်။ ဘာမှန်း မသိဘူး။ နောက်တစ်ပုံ ဘယ်ဘက်ကိုထွက်တဲ့ တံခါးမှာလည်း ရှိနေတယ်။

From Penang - Snake Temple
တံခါးကြားမှာ ဒါတွေလည်း တွေ့ ခဲ့ပါတယ်။ မီးရှူးမီးပန်းဖောက်ဖို့  ထင်တယ်။
From Penang - Snake Temple
ဝင်ပေါက်သုံးခုထဲက ဘယ်ဘက် ၀င်ပေါက်တည့်တည့် အပေါ်မှာ ခေါင်းလောင်း တစ်လုံး ရှိနေတယ်။ ခေါင်းလောင်းအောက်က ဖြတ်သွားရင်း ခေါင်းပေါ် ပြုတ်ကြရင်တော့ ဒုက္ခပါပဲလို့  စိတ်ထဲတွေးမိပြီး လန့် သွားသေးတယ်။ လန့် တာက တခြား အပေါ်က ကြိုးကိုတော့ ဆွဲထို့ ကြိုးစားလိုက် မိပါတယ်။ ဒါပေမယ့် အရပ်က ပုတယ်၊ ကြိုးကို မမှီဘူး။
From Penang - Snake Temple

ဘယ်ဘက်ဘေး အခန်းမှာ မြွေတချို့ ကို ဖန်ပေါင်းချောင်တွေထဲ ထည့်ပြထားတယ်။ အဲဒီမှာ မြွေကိုကိုင်ပြီး၊ ပခုံးပေါ်တင်ပြီး ဓာတ်ပုံရိုက်လို့ ရတယ်။ လာကြည့်သူတချို့  ဓာတ်ပုံရိုက်နေတာ တွေ့ ခဲ့တယ်။ သတ္တိရှိ ပါတယ်။ ဒါပေမယ့် မြွေတွေကို ကိုင်ပြီးတော့ ဓာတ်ပုံ မရိုက်ဖြစ်ခဲ့ဘူး။

အဲဒီအခန်းထဲမှာပဲ နောက် ခေါင်းလောင်းတစ်ခု နဲ့  ဘုံကျောင်းငယ် တစ်ခုတွေ့ တယ်။ တရုတ်လိုပဲ ရေးထားတယ်။ ဘာမှန်း မသိဘူး။ ဓာတ်ပုံရိုက်ဖို့  မမေ့ပါဘူး။ နည်းနည်း ၀ါးသွားတယ်။
From Penang - Snake Temple

From Penang - Snake Temple
အဲဒီအခန်း ဘေးဘက်မှာပဲ လူတွေ တန်းစီနေတာတွေ့ တယ်။ ဘာလဲသွားကြည့်ကြတော့ Snake Farm ကို ၀င်ကြည့်လိုရတယ်လို့  သိလိုက်ကြရတယ်။ လူကြီးဆို တစ်ယောက်ကို RM5 ပေးရမယ် ဆိုလို့  ရောက်တုန်းရောက်ခိုက် ဘာရှိလည်းသိရတာပေါ့ ဆိုပြီး ၀င်ကြည့်ဖြစ် ခဲ့တယ်။ ကလေးဆို RM1 ၀င်ကြေးပေးရပါတယ်။ ၀င်လိုက်တော့ ဘုံကျောင်း အနောက်ကို ရောက်သွားတယ်။ အထဲမှာ ဘာတွေရှိတွေ့ ခဲ့လည်းဆို ဘေးပတ်လည် မှန်ခန်းတွေထဲ ထည့်ပြထားတဲ့ မြွေတချို့ ၊ မျောက် နဲ့  လိပ် ၃-၄ ကောင် တွေ့ ခဲ့ပါတယ်။ မြွေတွေက ဒေသခံမြွေတွေလို့ ပြောတာပဲ။ တစ်ကောင်ချင်းလိုက်တော့ ကြည့်တယ် ဘာမြွေတွေမှန်း မမှတ်မိပါဘူး။
From Penang - Snake Temple
အဲဒီ မှာ ပုတ်သင်ညို (ထင်တာပဲ) အကြီးကြီးတစ်ကောင်လည်းတွေ့ တယ်။ မကြောက်တတ်ရင် ဓာတ်ပုံ တွဲရိုက်လို့ ရတယ်။ ရိုက်ဖို့ ကြိုးစား ကြည့်ဖြစ်ခဲ့ပါတယ်။ သူများတွေ ဓာတ်ပုံရိုက်တာ အကုန် အဆင်ပြေတယ်။ ကျွန်မ အလှည့်ကြမှ ပုတ်သင်ညိုကို ကျွန်မ ပခုံးပေါ် အတင်၊ အောက်က မျောက်က ကျွန်မ လွယ်ထားတဲ့ ကျောပိုးအိတ်က တွဲလောင်းကျနေတဲ့ ကြိုးကို ခိုဆွဲပြီးတတ်လာ၊ ပုတ်သင်ညိုကလန့် ပြီး ပခုံပေါ်မှာ ငြိမ်မနေပဲ ဟိုရွှေ့ ဒီရွှေ့ လုပ်ပါလေရော။ ကျွန်မလား ဘယ်ငြိမ်နေမလဲ၊ အော်တော့တာပါ။ ၀တ်ထားတာ TShirt၊ ပုတ်သင်ညိုလက်တွေက ကုတ်ထားတာ အသားကို ထိနေတယ်။ ယားတယ် တကယ်။ မနည်းအား တင်ထားရတာ၊ ရွေ့ သွားတော့ မနေနိုင်တော့ဘူး။ ကျွန်မက အော်တော့ မျောက်က လည်းအော်၊ ပုတ်သင်ညိုကလည်း ပြေး၊ တခနလေးအတွင်း ထိမ်းနဲ့ သူ ခင်မျာ အတော်လေး အလုပ်ရှုပ်သွားတယ်။ ဒါနဲ့  ဓာတ်ပုံရိုက်တာ ပျက်သွားပါတယ်။ ထပ်ရိုက်မလား မေးပါသေးတယ်။ တော်ပါပြီ။ ခပ်ဝေးဝေး နေလိုက်တာပဲ ကောင်းပါတယ်။

ဒီနေရာမှ ပြောရရင် ကျွန်မသူငယ်ချင်းတစ်ယောက် အလွန် ညံ့ပါတယ် :D. Camera နဲ့ ချိန်ထားရဲ့နဲ့  အဲဒီ အခိုက်အတန့် လေးကို မှတ်တမ်း မတင်လိုက်နိုင်ဘူး။ မဟုတ်ရင် ကမ္ဘာကျော်သွားမယ့် ပုံကောင်းတစ်ခုလောက် သူ ရလိုက်လိမ့်မယ်။ ;)

ဒါက တွဲပြီး ဓာတ်ပုံရိုက် ခွင့်မရလိုက်တဲ့ အကောင်ကြီး။ Google လုပ်ပြီး ရှာထားတာပါ။
From : esthertye.blogspot.com

မြွေ၊ လိပ်၊ မျောက် ကိုတွေ့ ခဲ့ကြောင်း သက်သေ။
From Penang - Snake Temple
ဒီပုံထဲက မျောက်ပါ။ ငြိမ်ငြိမ်မနေပဲ အိတ်ကကြိုးကို ဆွဲတတ်တာ။
From Penang - Snake Temple
ဒီအောက်က ပုံတွေက မြွေကျောင်းရှေ့ က ကြော်ငြာနဲ့  ဈေးဆိုင်တန်းက ငှက်ပုံ။ ဘာရယ် မဟုတ်ဒီလိုပဲ ဆိုင်တန်းတွေထဲ လျှောက်ကြည့်ရင်း ငှက်ကလေး သဘောကျတာနဲ့ ဓာတ်ပုံ ရိုက်ယူထားလိုက်ပါ။ ကြော်ငြာက ဘာလဲသိချင်ရင် ပုံကြီးချဲ့ကြည့်ပါ။
From Penang - Snake Temple
ဟိုအကောင်ပုံလိုက်ရှာရင်း ဖတ်ကြည့်မှ ဒီ Snake Tample ကို ၁၈၅၀ က တည်ထားတာဖြစ်ပြီး ကမ္ဘာပေါ်မှာ ရှေးအကျဆုံး တရုတ်ဘုန်ကျောင်းတွေမှာ တစ်ခု အပါတ၀င်လို့  သိလိုက်ရတယ်။ ဒါကြောင့်ကြည့်ရတာ အရမ်းကို ဟောင်းနွမ်းနေသလို ခံစားခဲ့ရတာပဲ။ တံခါးက ပုံတွေက Door Gods တွေတဲ့။ အဲဒီ ဘုံကျောင်းထဲမှာ ရေတွင်းနှစ်ခုရှိတယ် ဖတ်ရတယ်။ သွားခဲ့တုန်းက လုံးဝ သတိမထားမိခဲ့၊ မတွေ့ ခဲ့ရဘူး။ နာမည်က နဂါးမျက်လုံး (Dragon Eye Wells) လို့  ရေးထားလို့  ဘာရယ်ညာရယ်မဟုတ် ကြည့်ဖူးချင်တာပါ။ ဒီဘုံကျောင်းကို စင်္ကာပူနဲ့  ထိုင်ဝမ်က တရုတ်တွေ ဘုံကျောင်းကို စတင်တည်ထောင်တဲ့ ဘုန်းတော်ကြီးရဲ့ မွေးနေ့  တရုတ်ပြက္ခဒိန် ပထမဆုံးလရဲ့ ၆ ရက်မြောက်နေ့ မှာ လာရောက်လေ့ ရှိတယ်၊ ဒီအတွက် မြွေများများ တွေ့ ချင်ရင် တရုတ်နှစ်ကူး အချိန် မသွားပါနဲ့ ၊ အဲဒီအချိန်ဆို လာကြည့်သူတွေများတဲ့ အတွက် မြွေနည်းနည်းပဲ ပြထားတယ်လို့ ဖတ်လိုက်ရပါတယ်။

ကားပေါ်မတတ်မှီ နောက်ဆုံး လှမ်းမျှော် နှုတ်ဆက်ခြင်း .....
From Penang - Snake Temple

အဲဒီကတစ်ဆင့် ကွမ်ရင်မယ်တော်ကျောင်းကို သွားဖြစ်ခဲ့တယ်.....

More Detail : Snake Temple , Penang
Location : Sungai Kluang, Bayan Lepas (near the airport) in Penang, Malaysia.
Opening hours: 6 AM to 7 PM daily
ပီနန်းခရီးစဉ်တလျှောက် ပုံတွေအကုန် ဖုန်းနဲ့ ရိုက်တာဆိုတော့ သိပ်မကောင်းဘူး။ လှတပတပုံလေးတွေ ကြည့်ချင်တယ်ဆို Snake Temple ဆိုပြီး Google ကြည့်ပါ။ အများကြီးတွေ့ ရမယ်။