Pages

December 14, 2008

ယုံကြည်မှု

ယုံကြည်မှု ကို အလကားမရပါဘူး။ တစ်ခဏချင်းလည်း မရနိုင်ပါဘူး။ ယုံကြည်မှုအတွက် တည်ဆောက်ယူရပါတယ်။ အချိန် အတိုင်းအတာ တစ်ခု ပေးဆပ်ရပါတယ်။

၁။ ပွင့်လင်းမှု (Practice Openess)
၂။ မျှတမှု (Promote fairness)
၃။ ခံစားမှု (Express feeling)
၎။ ယုံကြည်မှု (Keep Confidence)
၅။ တစ်သမတ်ဖြစ်မှု (Be consistant)
၆။ ကတိစကားတည် (Keep promise)
၇။ အမှန်ပြော (Tell the truth)
၈။ အရည်အသွေးပြ (Show competence)

ပြောတဲ့အတိုင်း မလုပ်ရင် ယုံကြည်မှု မရပါ၊ မျှတမှု မရှိလျှင်လည်း ယုံကြည်မှု တည်ဆောက်လို့  မရပါ။ တောက်ပတဲ့ အရည်အသွေး မရှိရင်လည်း "ယုံပါ" လို့ ပြောရုံ နဲ့  ယုံကြည်မှု ကို မရပါ။ "ယုံစရာ" ရှိအောင် လုပ်နိုင်မှ ယုံကြည့်မှု ရမှာ ဖြစ်ပါတယ်။ ယုံကြည်ခံရမှု နဲ့  ခေါင်းဆောင်ဟာ တစ်သားမတ်တည်း ကျနေပါမယ်။

စာဖတ်သူတစ်ဦး၏ မှတ်စု... ယုံကြည်မှုနှင့် ခေါင်းဆောင် မှ ....
စိန်ခေါ်မှု များနှင့်အတူ - ဒေါက်တာနေဇင်လတ်

7 comments:

Ko Boyz said...

ယုံကြည်မှုကို ရရှိအောင် တည်ဆောက်ယူရတာ အချိန်ကာလ အပိုင်းအခြား တစ်ခု ယူရတယ်...။ တော်ရုံလူတစ်ယောက်ဆီကနေ ယုံကြည်မှု တစ်ခု ရဖို့ဆိုတာ မလွယ်ပါဘူး...။

ဒါပေမယ့် အဲဒီလို ခက်ခက်ခဲခဲနဲ့ တည်ဆောက်လာခဲ့ရတဲ့ “ယုံကြည်မှု” ကို အလွယ်တကူနဲ့ တစ်ခဏခြင်းမှာပဲ ဖျက်ဆီးဖို့ လွယ်ကူပါတယ်...။

ယုံကြည်မှု ဆိုတာ ပျက်ပြယ်သွားရင် ပြန်ပြီး အစကနေ တည်ဆောက်လို့ ရပေမယ့် ပြတ်သွားတဲ့ ကြိုးတစ်ချောင်းကို ပြန်ဆက်တစ်လိုပဲ ဆက်ထုံးပါတဲ့ ယုံကြည်မှုကိုပဲ ပြန်ရမှာပါ...။

လူတိုင်းလူတိုင်း တစ်ဦးနဲ့ တစ်ဦး အချိန်ပေးပြီး ဆောက်တည်လာခဲ့တဲ့ ယုံကြည်မှုကို တန်ဖိုးထားပါ...။

khin oo may said...

ဒါလေး ဆော့ဘူးလား။ (post နဲ့ဘာမှ မဆိုင်ဘူး။ )
http://www.pencilmation.com/

Life is for Success said...

N3,

How come? catch the rain again? take care....

Anonymous said...

ဟုတ်တယ်.... ယုံကြည်မှုနဲ့ နားလည်မှုတောင် မတူဘူး.... တခါတခါ နားလည်ပေးလို့ရပေမဲ့.. ယုံကြည်မှုကတော့ ခက်နေသလိုပဲ.... ကိုယ်ချင်းစာပေးနိုင်ပါတယ်... စိတ်ချမ်းသာပါစေ...

khin oo may said...

ခဏခဏ ဖျားနေတယ်။ ခမဲလိုလို့ ဖြစ်ရမယ်။

ကိုပေါ said...

ဟုတ်တယ်။ အပေါ်ကတယောက် ပြောသွားသလိုဘဲ။ ယုံကြည်မှုကို တည်ဆောက်ရ ခက်ခဲသလောက်၊ ပျက်ပြယ်ဖို့ကတော့ လွယ်တယ်။

Nay Nay Naing said...

Ko Boyz , မုန်းစရာ နဲ့  ကိုပေါ >>
မှတ်စရာလေးတွေ ထပ်ဖြည့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

မခင်ဦးမေ >> ပထမ ပေးထားတဲ့ လင့်ကို မသိဘူး။ ကျေးဇူးပဲ အစ်မ။ ဆော့စရာ တစ်ခုတိုးတယ်။
ခမဲလိုတာ မဟုတ်လောက်ဘူး။ ဖေဖေ ဆူမှာ ကြောက်ပြီး လန့် ဖျားဖျားတာ နေမှာပါ :D..

Life is for Success >>ကျွန်မ မိုးရွာတဲ့ အချိန်တွေဆို ချူချာတယ်။ မိုးနဲ့  အဲယားကွန်းနဲ့  နှစ်ခုပေါင်းသွားလို့  မရဘူး။