Pages

December 04, 2008

November : Movies or Move it?

ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းမှာ ရုပ်ရှင် တော်တော်များများ ကြည့်ဖြစ်တယ်။ ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်တွေက...
  1. Madagascar: Escape 2 Africa - Trailers , Official Site
  2. Body Of Lies - Trailers , Official Site
  3. Beverly Hills Chihuahua - Trailers , Official Site
  4. City Of Ember - Trailers , Official Site
  5. Four Christmases - Trailers , Official Site
Madagascar: Escape 2 Africa ၊ Beverly Hills Chihuahua နဲ့  City Of Ember က ကြိုက်လို့  ကြည့်ချင်လို့  သွားကြည့်တာ။ Body Of Lies က သူငယ်ချင်းတွေက ခေါ်လို့ ကြည့်ဖြစ်တာ။ Four Christmases ကတော့ X'mas နီးလာပြီးတာတာကြောင့် X'mas နဲ့ ပတ်သက်တဲ့ ခံစားမှု့ လေးရမလားဆို သွားကြည့်တာ။ သရုပ်ဆောင် မင်းသမီး (Reese Witherspoon) ကိုလည်း အရင်ကတည်းက ကြိုက်တယ်။ Four Christmases ကြည့်ပြီးတော့ ချစ်သူကို သတိရတယ်။

The official Madagascar 2 music video: I Like To Move It.

အခုရက်ပိုင်း ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်တွေမှာ အကြိုက်ဆုံးက Madagascar 2: Escape 2 Africa ။ အရင် Madagascar ကတည်းက ကြိုက်ခဲ့တာ။ အဲဒီကာတွန်း ဇာတ်လမ်းထဲက ခြင်္သေ့လေး Alex, မြင်းကျားလေး Marty, ကုလားအုပ်လေး Melman နဲ့  ရေမြင်းမလေး Gloria .. အားလုံးကို ကြိုက်တယ်။ ကာတွန်းကားတွေ ကြည့်ရတာ တကယ် စိတ်ချမ်းသာတယ်။

Body Of Lies မှာ နည်းနည်း ရက်စက်တဲ့ ပြကွက်လေးတွေ ပါပေမယ့် ကြည့်လို့ ကောင်းပါတယ်။ အဲဒီ ဇာတ်ကားမှာ Roger Ferris အဖြစ် သရုပ်ဆောင်ထားတာကို ကြည့်ပြီး Leonardo ကိုနည်းနည်း ကြည့်လို့ ရလာတယ်။ အရင်ကဆို Leonardo ကိုမကြိုက်လို့  သူပါတဲ့ ရုပ်ရှင်ဆို ဘယ်ရုပ်ရှင်တစ်ကားမှ ပြီးအောင် မကြည့်ဖူးဘူး။

Four Christmases ထဲမှာ မင်းသားက သူ X'mas မှာ အိမ်ပြန်မလာနိုင်တာ ဘာကြောင့်ဆိုတာ သူ့ အမေကို ဖုန်းထဲကနေ ညာပြောတဲ့ အခန်း (Merry Christmas in Burmese )။ အဲဒီမှာ မြန်မာလို "Merry Christmas" ကို ဘယ်လိုပြောတယ်ဆိုတာ ပါတယ်။ ခုနောက်ပိုင်း နိုင်ငံခြား ရုပ်ရှင်ကား အတော်များများမှာ Burma/Burmese ဆိုတာ ပါပါနေတာ သတိထားမိတယ်။ ကောင်းတဲ့ နေရာက ပါခြင်းမျိုးတော့ မဟုတ်ဘူး။

ရုပ်ရှင်ဇာတ်ကား Reviews ရေးဖို့  မရည်ရွယ်တဲ့အတွက် တခြားရုပ်ရှင်တွေအကြောင်း မရေးတော့ဘူး။ ကျွန်မ ကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေကို မသိလို့ ၊ သိချင်တယ်ဆို ကြည့်လို့ ရအောင် Trailers နဲ့ Official Sites လင့်တွေ အပေါ်မှာ ထည့်ပေးထားတယ်။ နိုဝင်ဘာလတုန်းက ရုပ်ရှင် ၅ ကားကြည့်တယ်။ အခု ဒီဇင်ဘာလမှာလည်း အချိန်ရတယ်၊ စိတ်ကူးပေါက်တယ်ဆို ရုပ်ရှင်တွေ ထပ်ကြည့်ချင် ကြည့်အုံးမယ်။ စိတ်မပါဘူး ဆိုရင်လည်း ဘာမှမကြည့်ပဲ နေချင်နေမယ်... အဆင်ပြေသလို ပေါ့....

6 comments:

Anonymous said...

tiako ianao

မီယာ said...

trailer ကြည့်ပြီးဘာပြောရမှန်းမသိဘူး။ ရုပ်ရှင်ကတော့ရီရမယ်ထင်တယ်။ dvd ထွက်မှငှားကြည့်ဦးမယ်။

Thinzar said...

Madagascar 2 က 1 လောက်တော့ ဇာတ်လမ်းမကောင်းပေမယ့် အစကနေ အဆုံးထိ ရီနေရတယ်နော်။ အကောင်လေးတွေက အရမ်းချစ်ဖို့ကောင်းတယ်။

Nay Nay Naing said...

jurassic >> tiako ianao ဆိုတာ Madagascar မှာနေတဲ့ Malagasy လူမျိုးတွေရဲ့ စကားနဲ့  I love you လို့ ပြောတာ မဟုတ်လား။

မီယာ >> Madagascar II လား။ ကောင်းတယ်.. ကြည့်ဖြစ်အောင် ကြည့်ပါ။

သဉ္ဇာ >> ဟုတ်တယ် အကောင်လေးတွေ စကားပြောတာ ရီနေရတာ။ ဒီလို ရုပ်ရှင်တွေ ကြည့်ရတာ အပန်းပြေတယ်။

Anonymous said...

oui,je t'aime

Nay Nay Naing said...

ကျွန်မ က ဘာသာစကားဆို တခြား ဘာသာစကားတွေ မပြောနဲ့  မွေးကတည်းက ပြောလာရတဲ့ မြန်မာစာနဲ့  အခု အသုံးမဖြစ် သုံးနေရတဲ့ အင်္ဂလိပ်စာကိုတောင် သိပ်ပြီး နှံစပ်တာမဟုတ်ဘူး။ မှန်ကြောင်းကို ပြင်သစ်လို ပြောသွားတာပဲ။ Google ကျေးဇူ အထူးကြီးမားလှ ပါတယ်။