Pages

December 17, 2008

20081217 - Lunch

ဒီနေ့  နေ့ လယ်စာ ဒန်ပေါက် စားအုံးမလို့  စိတ်ကူးတာ၊ ဆိုင်ထဲရောက်မှ ရှိတဲ့ ဟင်းတွေ မကြိုက်တာနဲ့  အဲဒီဆိုင် အနီးအနားမှာရှိတဲ့ Food Court မှာ ငါးကြော် နဲ့  ထမင်းမှာ စားဖြစ်တယ်။ ဒန်ပေါက်ဆိုင်က မြန်မာဒန်ပေါက်လို့  လူပြောများတဲ့ ဆိုင်လေ။ ဆိုင်မှာ မြန်မာလို ကြိုဆိုပါ၏ လို့  ရေးထားတယ်။ နောက်နေ့ မှ ထပ်သွားကြည့်အုံးမယ်။ အဲဒီ Food Court မှာ ထမင်းသွားစားတိုင်း ဒီနေ့  စားတဲ့ ငါးကြော် ( Deep Fried Dory Fillet ) ကို အများဆုံး မှာစားလေ့ရှိတယ်။ ငါးကြော်က ကျွတ်ကျွတ်လေး စားလို့ ကောင်းတယ်။ ဆိုင်နာမည်က Fish Delights။
Deep Fried Dory Fillet

From Lunch
ငါးကြော်နဲ့  ထမင်းက S$4.00 ပေးရတယ်။ ကြက်ဥကြော် ထည့်မယ်ဆို S$0.50 ထပ်ပေးရတယ်။ ကြက်ဥကြော်က မထည့်လည်းရတယ်။ Meal ထဲမှာမပါဘူး။ ထမင်းစားရင်း အအေးသောက်တော့ အအေးက ထုံးစံအတိုင်း S$1.20 ပေးရတယ်။ ဒီနေ့  Coke မသောက်ဘူး။ သံပရာရည် ပဲ သောက်တယ်။ ဒီနေ့ နေ့ လယ်စာအတွက် အားလုံး စုစုပေါင်း S$5.70 ကုန်ခဲ့တယ်။

3 comments:

Anonymous said...

သြော်... ကြက်ဥလေးကို အဲလိုကြော်တာလေးလဲ လှတာပဲနော်။
မမွန်

Sweet Sweet said...

ဒန်ပေါက် ဆိုင် က ဘယ်မှာလဲ ဟင်။ ပြောပြပါ လား။ စား ချင် လို့။

Nay Nay Naing said...

မမွန်>> အဲဒီ ဆိုင်က ကြက်ဥကြော် မှာရင် ယောက်ျား၊ မိန်းမ ၀ယ်သူကိုလိုက်ပြီး ပုံစံမတူဘူး။ ၀ယ်တဲ့သူက မိန်းကလေးဆို ပန်းပွင့်ပုံ ကြော်ပေးတယ်။ ယောက်ျားလေးဆို အ၀ိုင်းပုံစံ ကြော်ထည့်ပေးတဲ့။

Sweet Sweet >> ဒန်ပေါက်ဆိုင်က South Bridge Road ပေါ်မှာ။

South Bride Road နဲ့  Mosque Street နဲ့  လမ်းထောင့်မှာရှိတာ။ Sir Mariaman Temple နဲ့  နီးတယ်။ အဲဒီ Temple က South Bridge Road နဲ့  Pagoda Street ဆုံတဲ့ နေရာမှာ။ Pagoda Street နဲ့  Mosque Street က ယှဉ်လျက်ရှိနေတဲ့ လမ်းတွေ။

MRT နဲ့ သွားမယ်ဆို China Town MRT နဲ့  အနီးဆုံးပဲ။ ဆိုင်နာမည်က Taj Authentic Indian Cuisineလို့ ခေါ်တယ်။ မေးထားတာတွေ့ လို့ ဒီနေ့  သေသေချာချာသွားကြည့်ပြီး ဆိုင်နာမည် မှတ်လာခဲ့တယ်။