Pages

December 02, 2008

ကျန်းမာရေး မကောင်းပါ၊ ပုဇွန်ဟင်းချက်စားသည်..

ဤဘလော့ရေးသူသည် ယမန်နေ့  ညနေမှပိုင်းမှ စ၍ နေထိုင်မကောင်း ဖြစ်နေပါသဖြင့် ယနေ့  အလုပ်မသွားနိုင်ခဲ့ပါ။

ကျန်းမာရေး မကောင်းဘူးလား။ ဘာဖြစ်တာလဲဆို ဖျားတာမဟုတ်ဘူး၊ ခေါင်းကိုက်တာ။ ကိုက်နေတဲ့ ခေါင်းကို ပြန်ကိုက်ချင်ပေမယ့် ပြန်ကိုက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် ဆေးသောက်ပြီး သည်းခံ နေလိုက်ရတယ်။ မနေ့ ညက အိမ်ရောက်အောင် မနည်း ပြန်လာရတယ်။ သွားရလာရ သိပ်မဝေးတဲ့ နေရာမှာမို့  တော်သေးတယ်။ ခေါင်းကိုက်တော့ ထုံးစံအတိုင်း အစာမ၀င်တော့ဘူး၊ စားသမျှ အန်ပြန်ရော။ မလွယ်ပါဘူး။ စိတ်ကြီးတာကို ၊ ဒေါသကြီးတာကို ခေါင်းကိုက်မှာပေါ့တဲ့ ချစ်သူက ကြင်နာစွာ အားပေးစကား ဆိုရှာတယ်။ ပထမတော့ စိတ်ဆိုးတော့ မလို၊ (စိတ်ဆိုးလိုက်ပါသေးတယ် :D) နောက်မှ စဉ်းစားမိတယ်၊ သူပြောတာလဲ မမှားပါဘူး။ ကျွန်မကလည်း တစ်ခုခု စိတ်အနှောက်အယှက် ဖြစ်ပြီဆိုတာနဲ့  အဲဒီခေါင်းက ကိုက်လေ့ရှိတယ်လေ။ ခေါင်းကိုက်ပြီဆို ဘာမှ လုပ်မရဘူး၊ နောက်ဆုံး ဆေးသောက် အိပ်လိုက်မှပဲ ပျောက်တော့တယ်။ မနေ့ ကတော့ စိတ်နည်းနည်း ရှုပ်တာရော၊ နေ့ လယ်စားချိန် အပြင်ထွက်တာ အပူအအေး မမျှဖြစ်သွားတာရော၊ ညနေ ၃ နာရီလောက်ကတည်းက ခေါင်းစကိုက်နေပြီဆိုတာ သိရဲ့နဲ့  တေတာပေတာရောကြောင့် အတော်လေး ခံလိုက်ရတယ်။ ခေါင်းကိုက်ပြီဆို အမေ့ကို သိပ်သတိရတယ်။ အိမ်မှာဆို အမေက ပေါင်မုန့် ၊ ကော်ဖီပူပူ၊ ဒါမှမဟုတ် နွားနို့ နွေးနွေးလေးနဲ့  ဆေးနဲ့ ကို အိပ်ရာထဲ အထိ လာတိုက်လေ့ရှိတယ်။ ခုတော့လည်း ကိုယ့်ဘာသာ မိုင်လိုသောက်၊ ဆေးသောက် အိပ်လိုက်ရတာပေါ့။ ကျင့်သားတော့ ရနေပါပြီ။

အိမ်ရောက်ရောက်ခြင်း အိပ်လိုက်တာ ၁၁ ကျော်မှာ နိုးတယ်။ နည်းနည်းသက်သာနေပြီ။ ဒါကို ချက်ချင်းပြန် မအိပ်ပဲနေလိုက်တာ မနက်နိုးလာချိန်မှာ ခေါင်းကိုက်နေပြန်တယ်။ မနေ့ ညကလောက်တော့ မဆိုးဘူး။ ဒါပေမယ့် အလုပ်သွားဖို့  မဖြစ်နိုင်တာနဲ့  ဆေးခွင့်ယူပြီး ဆက်အိပ် နေလိုက်တယ်။ တစ်နေကုန် အိမ်မှာ ဘာလုပ်နေသလဲ။ အိပ်တယ်၊ ပြီးတော့ ဟိုးကမ္ဘာတစ်ခြမ်းမှာ ညနက်သန်းခေါင် အိမ်ပြန်လို့ မရ၊ အလုပ်တွေ အရမ်း ရှုပ်နေသူ တစ်ယောက်ကို စကားတွေပြောပြီး နှောက်ယှက်တယ်။ ဘာကြောင့်မှန်းမသိ ကျွန်မ ပုံမှန် အလုပ်သွားချိန်မှာ အလုပ်မသွား အိမ်မှာရှိတဲ့ ရက်တွေဆို ဟိုဘက်မှာ အလုပ်ကနေ ပုံမှန်အချိန်ပြန်မရ၊ မနက် ၄-၅ နာရီ လောက်မှ ပြန်နိုင်အောင်ကို အလုပ်ရှုပ်တတ်တယ်။

နေ့ လယ်ပိုင်း ခေါင်းကိုက်သက်သာတဲ့ အချိန်မှာ ပုဇွန်ဟင်းချက်ဖြစ်တယ်။ အင်း.. ၅ လအတွင်း ဒါပထမဆုံး ဟင်းချက်ခြင်းပဲ။ အခု နေတဲ့အိမ်ကို ပြောင်းလာကတည်းက ဘာမှ ချက်မစားဖြစ်ဘူး။ အခုတောင် ဒီပုဇွန်တွေကို ဟိုတလောက ဈေးသွားရင် တွေ့ တာ နဲ့  ၀ယ်ဖြစ်သွားတယ်။ ပုဇွန်ဟင်းကြိုက်တော့ ပုဇွန် လတ်လတ်၊ ဈေးတန်တာတွေ့ ရင် ၀ယ်ချင်တယ်။ လတ်တယ်ဆိုတာ အရှင်တွေကို ပြောတာမဟုတ်ဘူးနော်။ ဒီမှာက အလတ်ဆုံးဆို လတ်သလားမမေးနဲ့  အရှင် ၀ယ်လို့ ရတယ်။ တချို့ ဆိုင်တွေမှာ ပုဇွန်အရှင်တွေ ရောင်းတယ်လေ။ ရှင်းအောင်ပြောတာ။ အသက်မရှိတော့တဲ့ ပုဇွန် လတ်တာတွေ့ ရင် ၀ယ်ချင်တယ်။
ဒီလို ပုဇွန်တွေကို အခွံ့ ခွာပြီး...

ဒီနေ့ မှ ၀ယ်သာဝယ်ပြီး ဘယ်တော့ ချက်ဖြစ်မယ်မှန်းမသိတဲ့ ပုဇွန်တွေကို တကယ် ချက်ဖြစ်သွားတယ်။ ပုဇွန်က ဒီမှာဝယ်လို့ ရတဲ့ အထဲကဆို အကောင် သိပ်မသေးသလို၊ အရမ်းလည်း မကြီးဘူး ဆိုရမယ်။ အကောင် ၁၅-၂၀ လောက် ရှိမယ်။ ပုဇွန် S$4.30 ဖိုး ၀ယ်ထားတာ အကုန် ချက်လိုက်တယ်။ ချက်တာ လွယ်ပါတယ်။ ပုဇွန်ကို အခွံခွါ၊ ခေါင်းက ပုဇွန်ချီးအိပ်နဲ့  ကျောကဟာတွေ လှီးထုတ်ပြီး ကြက်သွန်ဖြူ နီ ဆီသတ်ပြီး ချက်တာ။ ဆားနဲ့  ဆီက လွဲရင် တခြား ဘာမှ မထည့်ဘူး။ ဟင်းချက်တယ်တောင် မခေါ်နိုင်ဘူးထင်တယ်၊ ကြော်သလို လုပ်တာ။ အဲလို ပုဇွန်ချက်တာကို အကြိုက်ဆုံးပဲ။ တခြား ဘာမှ ထည့်ချက်တာ မကြိုက်ဘူး။ အိမ်မှာလည်း အဲလိုပဲ လုပ်ပေးတယ်။ တခါတလေ ကြက်သွန်ဖြူ နီတောင် မထည့်ဘူး။ ဆီပြန်၊ အရည်ကျန်တာ မကြိုက်ဘူး။ ပုဇွန်ကို ပုဇွန်အနံ့ နဲ့  အရသာ မွှေးမွှေးလေး အတိုင်း ထမင်းကို ပုဇွန်ဟင်းထဲက ဆီးလေးနဲ့ နယ်ပြီး စားရတာ ကြိုက်တယ်။ CityHall မှာ သွားစားရင် အဲ့လို ပုဇွန်ချက်တာမျိုး မတွေ့ ဖူးဘူး။ ၀ယ်စားလို့ မရဘူး။ ရောင်းတဲ့ ဟင်းတွေမှာ အရည်တွေနဲ့  တခြား အနံ့ တွေပါတယ်။ မကြိုက်ဘူး။
ဟင်းချက်လိုက်တဲ့ အခါ

ပုဇွန်ဟင်းချက်မယ်ဆိုတော့ ကောင်းတယ်၊ စားချင်တာ စား၊ ပြီးရင် ဆေးသောက်ထားလိုက်ဆိုတဲ့ စကားအတိုင်း ပုဇွန်ဟင်းနဲ့  ထမင်းစားပြီး ဆေးထပ်သောက် အိပ်လိုက်မယ်။ မနက်ဖြန်ဆိုရင်တော့ ခေါင်းထပ်ကိုက်ဖို့  မရှိတော့ဘူး ထင်ပါတယ်။

10 comments:

Ko Boyz said...

ပုဇွန်လား...။ ကြိုက်သလိုလိနဲ့ မကြိုက်ဘူး...။ ပုဇွန်တုပ်ကြီးတွေ ဆိုရင်တော့ ဆီပြန်ချက်တာကို ကြိုက်တယ်...။

ခေါင်းကိုက်တာလား...။ တို့များတော့ ခေါင်းတော့ မကြိုက်ပေါင်...။ ကိုက်ခြင်းကိုက် ပေါင်ဖြစ်ဖြစ် ရင်အုံဖြစ်ဖြစ် ကိုက်မှာပေါ့...။ အသားက များတယ်လေ...။ ကေအက်ဖ်စီ စားရင် ပေါင်နဲ့ ရင်အုံပဲ မှာတာ...။

Anonymous said...

"နောက်ဆုံး ဆေးသောက် အိပ်လိုက်မှပဲ ပျောက်တော့တယ်။"

I read it as ဆေးလိပ်သောက် အိပ်လိုက်မှ.
My eyes!

Angel Thitsa said...

Sorry for hasseling you. I didn't know that you were not feeling well =((

Anonymous said...

တကယ်အလုပ်ရှုပ်တာပါ... သူမညာပါဘူး.... နားလည်ပေးလိုက်ပါ... တိုက်ဆိုင်လို့ ဖြစ်မှာပါ...

မီယာ said...

နေနေ you probably need a holiday!
ဟင်းချက်တတ်မှန်းမသိဘူး။ သိပ်တော်တာပဲ။

ThuHninSee said...

အေးဟယ်. မမွန်လဲခေါင်းကိုက်ကိုက်နေတယ်။
ဆင်ခြင်ပြီးနေပေါ့။

Anonymous said...

migrane ထင်တယ်။ ဒီနေ့ကော ကိုက်သေးလား။ ကောင်းသွားပြီလား။ သတင်းမေးရင်နဲ့ ပုစွန်ဟင်းကို စိတ်နဲ့ စားသွားတယ် :P

Nay Nay Naing said...

Ko Boyz >> ကိုဘွိုင်းတို့ စီမှာ ပုဇွန်မပေါဘူး မဟုတ်လား... ဒီလိုပဲ လူအတော်များများက ကိုယ်စားလေ့မရှိတဲ့ အစားအသောက်တွေဆို အများအားဖြင့် မကြိုက်တတ်ကြဘူး..

Everest >> Yes , Your Eyes.. Camera ကြီးကိုင်ပြီး ဟိုကြည့်ဒီကြည့်လုပ်တာများသွားလို့  မျက်မှန်တတ်ဖို့ လိုနေပြီ ထင်တယ် .

DOX >> မ.. ကိစ္စမရှိဘူး.. ဒီလူနဲ့  ဒီလူ ထွေထူးပြောဖို့ မှ အလိုတာ... မေးထားတာလေးတွေ သိရင် အကြောင်းပြန်လိုက်မယ် :-)

မုန်းစရာ >> တကယ်အလုပ်ရှုပ်တာပါ. သူမညာပါဘူး..ဆိုတာ ဘယ်သူကို ပြောတာလဲမသိဘူး......

ကျွန်မ ပိုစ့်မှာပါတဲ့ အလုပ်ရှုပ်နေသူကို ညွန်းတာဆိုရင်တော့.... သူ လုံးဝ မညာတာ ကျွန်မ အသိဆုံးပါ... ညာစရာ အကြောင်းလဲ မရှိဘူးလေ။ ဒါတင်မကဘူး... အဲဒီညက သူက အလုပ်လုပ်နေရင်း တချိန်လုံးနီးပါး ကျွန်မ နဲ့  စကားပြောနေခဲ့တယ်လေ.. အဲဒီတော့ သူဘာတွေ လုပ်နေတယ်.. ဘာတွေကြောင့် အလုပ်ရှုပ်နေတယ်ဆိုတာ .. ရှုပ်နေတာတွေကို ဘယ်လို ရှင်းလိုက်ရတယ် ဆိုတာ... ကျွန်မ မသိပဲနေနိုင်ယိုးလား...
ဘာပဲဖြစ်ဖြစ် ကျွန်မ အနေနဲ့  သူ့ ကို နာလည်မှု့ မပေးနိုင်ဘူးထင်လို့  ၀င်ရောက်ဖြေရှင်းပေးတာဆိုရင် ကျေးဇူးတင်ပါတယ်.. :-)

မီယာ >> Holiday ယူမလို့  စဉ်းစားနေတာကြာပြီ.. လက်တွေ့ တော့ အကောင်အထည်မဖော်ဖြစ်သေးဘူး
ဟင်းချက်တဲ့ အကြောင်းပြောရမယ်ဆို... အခုအချိန်အထိတော့ ကိုယ်စားချင်တဲ့ ဟင်းတွေကို ချက်တတ်ပါတယ်..

မမွန် >> အခုတလော ခြင် တွေ တွေ့ နေရတယ်.. ဆင်ကတော့ တရိစ္ဆာန်ရုံသွားကြည့်လိုက်မယ်..
မမွန်လည်း ကျန်းမာရေးဂရုစိုက်ပါ.. အေးလာပြီ...

A Linn Nyi >> နေ့ လယ်ပိုင်းအထိ နည်းနည်းကိုက်သေးတယ်.. အခုတော့ သက်သာသွားပြီ။ ကျေးဇူးပါ... စိတ်မှန်းနဲ့ မစားချင်ရင် အိမ်လာစား...

Soe Moe said...

ဟီး စားချင်လိုက်တာ N3 ရာ... ငါနဲ့ ကြယ် ကို ချက်ကျွေးပါလား... ငါတို့ နင့်ကို ကူချက်ပေးမယ်လေ...

နင်က ငါတို့ကို မကျွေးဘူး ပြောမှာပါ ငါသိပါတယ်...

Nay Nay Naing said...

ကိုရင်စိုးမိုး...
နင်က ငါဘာပြန်ပြောမယ်ဆိုတာ သိနေတာပဲ။ အေးလေ ရှားရှားပါးပါး ဒီသူငယ်ချင်းတွေပဲ ရှိတာ .. တစ်ယောက်အကြောင်း တစ်ယောက် မသိ ဘယ်ရှိမလဲ..