Pages

November 30, 2008

Yummy Viet

ပြီးခဲ့တဲ့ သောကြာနေ့ က နေ့ လယ်စာ.... ဗီယက်နမ် စားသောက်ဆိုင်မှာ သွားစားဖြစ်တယ်။ အလုပ်က ဗီယက်နမ် သူငယ်ချင်းတစ်ယောက်က သူ့ ရဲ့ မင်္ဂလာပွဲ အထိမ်းအမှတ် အနေနဲ့  လိုက်ကျွေးတာပါ။ အဲဒီသူငယ်ချင်းက နိုဝင်ဘာလစမ်းပိုင်းက ဗီယက်နမ်ပြန်ပြီး မင်္ဂလာဆောင်ခဲ့တယ်။ ဒီမှာတော့ ဘာမှ ထပ်မလုပ်တော့ဘူး။ ဒါပေမယ့် ကျွန်မတို့  ရင်းနှီးတဲ့ သူငယ်ချင်းတွေကိုတော့ ထမင်းလိုက်ကျွေးမယ် ပြောနေတာကြပြီ။ အားလုံး အလုပ်ရှုပ်နေတာနဲ့  အချိန်ညှိလို့ မရဖြစ်နေခဲ့တယ်။ သောကြာနေ့ မှာတော့ တခြား သူငယ်ချင်း တစ်ယောက်ရဲ့ နောက်ဆုံးနေ့ လည်း ဖြစ်နေတဲ့ ထမင်းအတူ သွားစားဖြစ်ခဲ့ကြတယ်။ ဒါတောင် ၂ ယောက်က မအားလို့  မလိုက်နိုင်ဘူး။

အစားအသောက် အကြောင်းအရေးခင် သူငယ်ချင်းကို အရင်ဆုတောင်းပေးလိုက်အုံးမယ်။ မင်္ဂလာဆောင် ဓာတ်ပုံတွေ ကြည့်လိုက်ရတယ်။ ဗီယက်နမ်ဝတ်စုံဝတ်ထားတဲ့ ပုံလေးတွေက အတော်လေးကို လှတယ်။ သူကလည်း နဂိုထဲက ချောတယ်။ ရိုးရာဝတ်စုံနဲ့ ဆိုတော့ ပိုပြီးကြည့်လို့ ကောင်းနေတယ်။ ဓာတ်ပုံတွေ ရှိပေမယ့် ခွင့်မတောင်းထားမိလို့  ဒီမှာတော့ မတင်တော့ပါဘူး။

Congradulation Mai!!
May you have a lifetime of love and happiness.


မင်္ဂလာပွဲအတွက် ဆုတောင်းပြီးတော့ အစားအသောက်အကြောင်း ရေးတော့မယ်။ ဗီယက်နမ် အစားအသောက် ပထမဆုံး အကြိမ် စားဖူးခြင်းပါပဲ။ မဆိုးပါဘူး။ စားလို့  ကောင်းပါတယ်။ ဈေးလည်း မကြီးဘူး။ နောက်ထပ် သွားစားဖြစ်အုံးမယ် ထင်ပါတယ်။


အစားအသောက်ပုံအကြီးတွေကို ထုံးစံအတိုင်း အောက်မှာ ဖွက်ထားတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ကြည့်ပါ။

ထမင်းမစားခင် စားဖို့ ဒီ ၃ မျိုးကို ဗီယက်နမ်သူငယ်ချင်းက မှာပေးမယ်။ ကျွဲကော်သီးသုတ်၊ ကော်ပျံ့ စိမ်း နဲ့  ကော်ပျံ့ ကြော်။ ကျွဲကော်သီးကို ပုဇွန်၊ ကြက်သား နဲ့ ငရုတ်သီးစိမ်းနဲ့ သုတ်ထားတာ။ မြန်မာဆိုင်တွေမှာ စားနေကြ သူငယ်ချင်းတွေက ဗီယက်နမ် ဆလတ်က မြန်မာဆလတ်နဲ့  တူသလိုလိုနဲ့  မတူဘူးတဲ့။ ဘယ်တူမလဲ ကျွဲကော်သီသုတ်မှာ ငပိမှ မပါတာ။ အရသာက ပေါ့တယ်။ စားလို့ တော့ ကောင်းတယ်။ ဒါပေမယ့် စားရတာ၊ ကျွဲကော်သီက တခြား၊ ပုဇွန် နဲ့  ကြက်သား အရသာက တခြား၊ ငရုတ်သီးအစပ်က တခြား၊ မရသာ မရောပဲဖြစ်နေတယ်။

နောက်တစ်ခုက လွယ်လွယ် ကော်ပျံ့ စိမ်းလို့ ခေါ်လိုက်တာ။ ဒီက ကော်ပျံ့ စိမ်းတွေနဲ့ မတူဘူး။ ဗီယက်နမ်လို့  ဘယ်လို ခေါ်လဲဆိုတာ သူငယ်ချင်းက ပြောပြပါတယ်။ ဒါပေမယ့် မမှတ်မိဘူး။ ပုဇွန် ပါတာကိုတော့ ပုံမှာ မြင်နေရတယ်။ အထဲက အရွက်ထဲမှာ မုန့် ဟင်းခါးဖတ်နဲ့  ကြက်သားပြုတ်ပါတယ်။ အရသာ ပေါ့တယ်။ သူတို့ ပေးတဲ့ အချဉ်နဲ့ တို့ စားမှ စားလို့ ကောင်းတယ်။ အထဲမှာ ပါတဲ့ မုန့် ဖတ်တွေက ရန်ကုန်က မုန့် ဟင်းခါးဖတ် အတိုင်းပဲ။ တူနဲ့ မစားရဘူး။ အဲ့ဒီအလိပ်ကို ဒီတိုင်း လက်နဲ့ ကိုင်စားရမှ စားလို့ ကောင်းတယ်ဆိုလို့  လက်နဲ့ စားလိုက်ရတယ်။ မဆိုးပါဘူး ဒါလည်း စားလို့ ကောင်းသားပဲ။



ကော်ပျံ့ ကြော်နဲ့  ကော်ပျံ့ စိမ်းနဲ့  လုံးဝ မတူဘူး။ ရိုးရိုးကော်ပျံ့ ကြော်တွေ လိုပဲ အသားကြိတ် ထားတာတွေ ပါတယ်။ အထဲမှာ ဘာတွေပါတယ် ဆိုတာ ဗီယက်နမ် သူငယ်ချင်းက ရှင်းပြပါသေးတယ်။ ကိုယ်တိုင်လုပ်စားဖို့ စိတ်ကူးမရှိတဲ့အတွက် အမှတ်ထားလိုက်ဘူး။ စားဖို့ ပဲ စိတ်ထဲရှိနေတယ်လေ။ ဒီကော်ပျံ့ ကြော်ကို အားလုံးကြိုက်ကြတယ်။

တခြား အစားအသောက်တွေကိုတော့ ကိုယ်ကြိုက်တာ ကိုယ်မှာစားကြတယ်။ ကျွန်မက ဗီယက်နမ် ထမင်းကြော်နဲ့  ၀က်သားစားဖြစ်တယ်။ ၀က်သားက နည်းနည်းမာတယ်။ ဒါပေမယ့် ထမင်းကြော်က စားလို့ ကောင်းတယ်။ အရောင်က ခရမ်းရောင်သမ်းနေတယ်။ ငပိထည့်ကြော်ထားတာလား မသိဘူး။ ဒါပေမယ့် ငပိအနံ့ မရဘူး။

ထမင်းစားပြီး မကျည်းသီးဖျော်ရည်သောက်ဖြစ်တယ်။ ကျွန်မတို့  မြန်မာပြည်က မကျည်းဖျော်ရည်နဲ့  ဘာကွာလဲ သိချင်လို့ မှာ သောက်ကြည့်တာ။ ဗီယက်နမ် မကျည်းဖျော်ရည်မှာ မြေပဲထောင်းတွေ အပေါ်မှာ ထည့်ပေးတာ တွေ့ ရတယ်။ အောက်မှာတော့ မကျည်းသီးအဖတ်တွေ ပါတယ်။


Yummy Viet
28 Smith Street
Chinatown Food Street
Tel: 6222 5191


7 comments:

Anonymous said...

သရေယိုသွားတယ်....

Nay Nay Naing said...

jurassic ကို အားတောင်နာတယ်... ဒီကို လာလည်ဖြစ်တယ်ဆို ပြောပါ.. ဒီဘလော့မှာ ရေးဖူးတဲ့ အစားအသောက်တွေထဲက စာချင်တဲ့ဆိုင်ပြော.. လိုက်ဝယ်ကျွေးမယ်.

Anonymous said...

ကျေးဇူးတင်ပါတယ်ဗျာ..အခုလိုပြောဖော်ရတာနဲ့ ပဲ ဗိုက်ဝသွားပါပြီ....

Anonymous said...

စားချင်စရာကြီးနော် jurassic သားရည်ယိုမယ်ဆိုလည်း ယိုချင်စရာ :P

ThuHninSee said...

ဗီယက်နမ်စာ မကြိုက်ဘူး..
တစ်ခုခုလိုနေသလိုပဲ။

:P said...

ဗီယက်နမ်စာကိုအသာထားပါ။ ဒီလိုပဲ သူများမင်္ဂလာပွဲပဲ လိုက်စားနေတော့မှာလားးးးးးးးး :P:P:P

Nay Nay Naing said...

အစားအသောက်တွေက အရသာ ပေါ့ တာလား။ အလကား စားရလို့ လား.. စားတဲ့အချိန် နောက်ကျသွားလို့ လား မသိဘူး.. စားလို့ ကောင်းသား

တစ်ခုခု ထူးတယ်ဆို ပြောမှာပေါ့.. စိတ်ချ.. ခုအချိန်အထိတော့ သူများတွေကျွေးတာ စားနေတုန်းပဲ ရှိသေးတယ်..