Pages

November 14, 2008

World of Warcraft: Wrath of the Lich King

ဒီနေ့  စင်္ကာပူမှာ WoW ရဲ့ Second expansion ( World of Warcraft:Wrath of the Lich King ) ထွက်တယ်။ သူငယ်ချင်း တစ်ယောက်က အဲဒီဂိမ်းအခွေကို (pre-order) ကြိုဝယ်ထားခဲ့ပြီး၊ ဒီနေ့  စထွက်တဲ့ နေ့  နေ့ လယ် ၁၂- ညနေ ၆ နာရီအတွင်း သူသွားထုတ်ဖို့  အဆင်မပြေတဲ့ အတွက် ကူညီပါဆိုလာတာနဲ့  နေ့ လယ်စာ စားချိန်မှာ AsiaSoft expects ကို သွားဖြစ်ခဲ့တယ်။
အရှေ့ မှာ ထောင်ထားတဲ့ ပိုစတာကို ရိုက်ထားတာပါ။
အားပါး... နည်းတဲ့ လူတန်းကြီး မဟုတ်ဘူး။ WoW ကို လူတော်တော် များများ ကစားကြတာ သိပေမယ့် ဒီလောက်များများမယ် ထင်မထားဘူး။ အတူသွားတဲ့ သူတွေ အားလုံး အံ့သြသွားကြတယ်။ တန်းနေတဲ့ လူတန်းကြီးက မရှိဘူးဆို လူ ၃၀၀-၄၀၀ အသာလေးပဲ။ ကျွန်မတို့ တွေ ရောက်သွားတဲ့ အချိန်က နေ့ လယ် ၁၂ စွန်းစွန်းလေးပဲ ရှိသေးတယ်။ အဲဒီ လူတန်းကြီးနဲ့  ၀င်တန်းစီလို့  ဘယ်လိုမှ မဖြစ်နိုင်တာနဲ့  ညနေမှ တစ်ခေါက်လာတော့မယ် ဆုံးဖြတ်လိုက်ကြပြီး ထမင်းသွားစားလိုက်ကြတယ်။ ထမင်းစားပြီး ပြန်အထွက်လာ လူတန်းကြီးက ခုနကထက် ၂ ဆလောက် ပိုများပြီး Hong Lim Park နားရောက်လုနီးပါး ရှိနေပြီ။
ညနေ ၅ နာရီလောက်မှာ နောက်တစ်ခေါက်သွားကြည့်တော့ လူနည်းနည်းပဲ ရှိတော့တာနဲ့  ဂိမ်အခွေလေးနဲ့  လက်ဆောင်ပစ္စည်းကို အောင်မြင်စွာ ထုတ်ယူရရှိခဲ့ ပါတယ်။ ပစ္စည်းထုတ်ဖို့ အတွက် ၆ ထပ်ကို ရိုရိုး လှေခါးနဲ့  တတ်လိုက်ရ အတော်လေးပင်ပန်းသွာတယ်။ လူများလွန်းလို့ လားမသိဘူး၊ ဓာတ်လေးခါးကို ပိတ်ထားတယ်။ အဲဒီက လှေခါးက ကျဉ်းပြီး မတ်တော့ တတ်တဲ့သူတိုင်း အပေါ်ရောက်ရင် အတော်လေး မောနေကြပြီ။ ဂိမ်းဝယ်တဲ့ သူငယ်ချင်းကတော့ ပြောပါတယ်၊ အဲဒီလို အပင်ပန်းခံပြီး သူရဲ့ ဂိမ်းခွေကို သွားထုတ်ပေးတဲ့ အတွက် ကျွန်မတို့ အားလုံးကို ညစာ လိုက်ကျွေးမယ်တဲ့။ ဘယ်တော့ ကျွေးမှာ လည်းတော့ မသိဘူး။

ဂိမ်းခွေထုတ်ပြီး အလုပ်ကို အပြန်လမ်းမှာ ကိုယ်လည်းမကစားရပဲနဲ့  အပင်ပန်းခံ သွားထုတ်တာနဲ့  တန်အောင်ဆိုပြီး Game Box နဲ့  အတူ ပုံစံမျိုးမျိုးနဲ့  ဓာတ်ပုံတွေ ရိုက်ကြတယ်။ အပေါ်နဲ့  အောက်ကပုံက Game ၀ယ်တဲ့ သူငယ်ချင်းကို ပြဖို့ ချက်ချင်း ရိုက်ထားတဲ့ပုံတွေပါ။

အဲဒီက အပြန် မဆော့တာကြာပြီ ဖြစ်တဲ့ Computer Game ပြန်ဆော့ချင်စိတ် ပေါ်သွားတယ်။ ဒါပေမယ့် စပြီးရင် ပြန်ရပ်ဖို့ က မလွယ်ဘူး။ အအိပ်ပျက်၊ အစားပျက်၊ အားတာနဲ့  ဂိမ်းပဲ ဆော့နေမိမှာ သေချာတယ်။ ဂိမ်းမဆော့ပဲနဲ့ တောင် တစ်နေ့  ၂၄ နာရီက သိပ်ပြီးလောက်ချင်တာ မဟုတ်ဘူး။ ဝေးလက်စနဲ့  ဆက်ပြီး ဝေးဝေးနေတာပဲ ကောင်းပါတယ် ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်ဆုံးမနေပါတယ်။

4 comments:

khin oo may said...

ကလေးမ.ဘယ်သူနဲ့သွားတာလဲ။ လူကြီးတွေ သိရဲ့လား။ :P

ThuHninSee said...

ဂိမ်းက မစမိတာကောင်းတယ်။ မမွန်ဆို ထမင်းမေ့ဟင်းမေ့ ဆော့တာ။

Phyo Evergreen said...

အစ်မနေနေနိုင်ရေ ဂိမ်းခွေဝယ်လို့ ရနိုင်တဲ့နေရာနဲ့ တန်ဖိုးကို သိချင်ပါတယ်...။

Nay Nay Naing said...

မခင်ဦးမေ >> အစ်မပြောရင် လူကြီးတွေ သိမှာမဟုတ်ဘူး အစ်မ .. မပြောနဲ့ နော်.. :P

မမွန် >> ဟုတ်တယ်မမွန်.. ဒါကြောင့်မဆော့ တာ ၊ အလွန်ဆုံး Game သေးသေးလေးတွေပဲ ကစားတော့တယ်။

ဖြိုး >> စာရွက်မှာ ကြည့်လိုက်တာ S$ 69 ကျော် ထင်တယ်။ သေချာမမှတ်မိဘူး။ နောက်နေ့ တွေ့ ရင် မေးကြည့်ပေးမယ်။ အခု အင်တာနက်ပေါ်ကြည့်တာတော့ ဒီလိုတွေတွေ့ တယ်..
DVD-ROM for Windows® XP/Vista and Macintosh® at a suggested retail price of $39.99.
A special Collector's Edition of the expansion is also available at a suggested retail price of $69.99.
Game က Game CD ရောင်းတဲ့ ဆိုင်တွေမှာဝယ်လို့ ရလိမ့်မယ် ။ Funan IT Mall က Game အခွေဆိုင်မှာ ၀ယ်လို့ ရပါလိမ့်မယ်။ သိရသလောက် Game ကစားတဲ့ သူငယ်ချင်းက အခွေတွေကို အွန်းလိုင်း နဲ့  Funan မှာ သွားဝယ်တာ များတယ်။