











သြဇာသီးကြီးတွေက အကြီးကြီးတွေပဲ။ နှင်းသီးတွေကလည်း လှတယ်။ ၀ယ်ချင်တာက အားလုံးပဲ။ တစ်ယောက်တည်း ဘယ်လိုမှ စားကုန်မှာ မဟုတ်တော့ စားချင်တဲ့ အသီး ၃-၄ မျိုးကို နည်းနည်းစီပဲ ၀ယ်လာလိုက်ရတယ်။ ရန်ကုန်မှာ တစ်အိမ်လုံးစာ ဈေးဝယ်နေကြမို့ လားမသိဘူး တစ်ခုခု ၀ယ်မယ်ဆို များများ ၀ယ်ရမှ ကျေနပ်တယ်။ ဟိုတစ်ယောက်ကို သတိရတယ်။ သူ နဲ့  သာဆို ကိုယ်ဝယ်သမျှ သူအကုန် စားပေးမှာ သေချာတယ်။
ပုံသေးသေးလေးတွေ ကြည့်ရတာ အားမရလို့  နည်းနည်းကြီးတာတွေ ကြည့်ချင်တယ်ဆို အပေါ်က လင့်ကို နှိပ်ပြီး ကြည့်လို့ ရတယ်။ စားချင်တယ် ဆိုရင်တော့ အိမ်လာစား။ ဒါပေမယ့် နည်းနည်းပဲ ကျန်တော့တယ်။ ဒီနေ့  ၀ယ်ထားသမျှ ကုန်အောင်စားမယ် ဆုံးဖြတ်ထားပါတယ်။
13 comments:
သြဇာသီးစိတ်ဝင်စားတယ်။ မတွေ့တာ ကြာပြီ။
အော်. မီးလွတ်စားနေတာကိုး။
အကြီးလဲချဲ့ကြည့်သွားတယ်။ စားချင်လို့။
သြဇာသီးနဲ့ပိန္နဲသီးစားချင်လိုက်တာ
တို့ကတော့ သြဇာမှသြဇာပဲ
ဟုတ်ကဲ့ အစ်မခင်ဦးမေ.... မီးလွတ်စားပြီး ကျင့်စင်တွေ ကျင့်ရင်ကောင်းမလားလို့ ..... သြဇာသီးကြီးတွေက အကြီးကြီးတွေ တကယ်လှတယ်။ စားကောင်းမယ့်ပုံပဲ။ စားရမှာ အလုပ်ရှုပ်လို့  ၀ယ်မလာခဲ့ဘူး။ အစ်မစားချင်တယ်ဆို ၀ယ်ပြီး အိမ်လာပို့ ပေးမယ်.. လိပ်စာပေး ...
မီယာက ဘယ်နိုင်ငံကလည်း မသိဘူး။ ဒီနိုင်ငံမှာနေတယ် ဆိုရင်တော့ နေရာ အတော်များများမှာ သြဇာသီး နဲ့  ပိန္နဲ ၀ယ်လို့ ရတယ်လေ။
ဆင်ဒဏ်လာက သြဇာသီးကြိုက်တယ်လား၊ ဒါမှမဟုတ်. တခြားသြဇာကို ကြိုက်တယ်ပြောတာလား။ သြဇာသီးဆို ကျွန်မ့ ညီမလေးလဲ အတော်ကြိုက်တယ်။ ကျွန်မ နဲ့  တခြားမောင်နှမတွေက သြဇာသီး သိပ်စားလေ့မရှိဘူး။ ရန်ကုန်မှာဆို သြဇာသီးပေါ်ချိန်ဆို ညီမလေး အတွက် သြဇာသီး အမြဲဝယ်ပေးရတယ်။ နည်းနည်း စိမ်းသေးတယ်ဆို ဆန်အိုးထဲ ထည့်ထားပေးရတာတယ်။ ဆန်အိုးဖွင့်ပြီး အသီးတွေ မှည့်မမှည့်ကြည့်ရတာကို မှတ်မိသေးတယ်။
ဘယ်လို သစ်သီးမျိုးတွေစားရင် ဘယ်လိုအကျိုးရှိတယ်ဆိုတဲ့စာအုပ်တအုပ် ကျနော် metacafe ကနေရထားတာ ရှိတယ်...မနေနေနိုင် သစ်သီးတွေစားရတာကြိုက်တယ်ဆိုလို့  ကျနော် file upload လုပ်ပေးထားတယ်..သိပြီးသားလားတော့မသိဘူးးးအချိန်ရရင် ဖတ်ကြည့် ပေါ့...
သစ်သီးတွေအများကြီးစားပြီးကျန်းမာပျော်ရွှင်ပါစေ..
http://www.zshare.net/download/511280187197a9f9/
သြဇာသီးစားချင်တယ်....
အကြိုက်ဆုံးအသီးကသြဇာသီးပဲ.... စင်္ကာပူမှာ သြဇာသီးရတာတခါမှမသိဘူး...
မစားရတာ ၈နှစ်လောက်ရှိမလားပဲ..... သွားရည်တွေကျသွားတယ်
သဘောကောင်းလှချည့် ကိုဂျူရက်စစ်...
ကျမကိုလဲ ၅၅၀ နိပါတ်တော်လေး ဒေါင်းပေးစမ်းပါတော်.. ဟဲဟဲ..
jurassic >> အခု နောက်ပိုင်းမှာ အသီးအနှံ ပိုစားမယ်စိတ်ကူးနေတာ... စာအုပ်ကိုဒေါင်းလုတ်လုပ် သိမ်းထားလိုက်တယ်.. အထူး ကျေးဇူးတင်ပါတယ်.. :-)
ရှင်မင်းညို >> စင်္ကာပူမှာ သြဇာသီးရပါတယ်။ အခု ဆိုင်မှ မဟုတ်ဘူး၊ တခြားဆိုင်တွေမှာလည်း တွေ့ မိတယ်။ ဒါပေမယ့် ဓာတ်ပုံရိုက်တဲ့ နေ့ က တွေ့ ခဲ့တဲ့ သြဇာသီးတွေက တော်တော်ကြီးကို ကြီးတယ်။ စားလို့ ကောင်းမယ့်ပုံပဲ.
!i! >> ၅၅၀ ဇာတ်နိပါတ်စာအုပ်လား.. မဖတ်ရတာ အတော်ကြာလို့ ပြန်ကြည့်ချင်တယ်.. ပုံလေးတွေနဲ့ ဆို ပိုပြီး ကောင်းမယ် ထင်တယ်..
ကိုဂျူရက်စစ်ကို မေးကြည့်ပါလား သူက ပိုကျွမ်းတယ်.. ရရင်လက်တို့အူးနော် တို့လဲ ကြည့်ချင်တယ်.. ဂယ်ပြောတာ..
ကျနော့်မှာ ဗုဒ္ဓ၀င်ဖြစ်စဉ်စာအုပ်တအုပ်တော့ရှိတယ်..ပုံတွေနဲ့ ပဲ.ဘယ်ဘလော့ကရခဲ့လဲမမှတ်မိတော့ ဘူး..ကိုညီလင်းဆက်ဆီကပဲထင်တယ်...အဲဒီသူကိုပဲကျေးဇူးတင်လိုက်ပါ..
http://www.zshare.net/download/51184639887352c4/
၅၅၀ ဇာတ်နိပါတ်တော်နဲ့ပတ်သက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ပို့ စ် တခုတော့ရှိတယ်.အချိန်ရရင် အဲဒီမှာသွားဖတ်ကြည့် စေချင်တယ်
http://solomonn.0fees.net/wordpress/?page_id=75
ဗုဒ္ဓ၀င်ဖြစ်စဉ်စာအုပ်တအုပ် ကိုလည်း ယူလိုက်မယ်၊ ပေးထားတဲ့ လင့်မှာလည်း သွားဖတ်ကြည့်လိုက်မယ်။ ကျေးဇူးတင်ပါတယ်။
Post a Comment