Pages

November 29, 2008

ငါတရားစီရင်တော်မူခန်း

ချစ်ခြင်းအားဖြင့်
ငါတရားစီရင်တော်မူခန်း
ထူးအိမ်သင်

အလင်းနှစ် သန်းပေါင်းများစွာ.....
ငါ နဲ့ ငါ့ဘ၀ ဝေးကွာ.... အတ္တတစ်ခု နဲ့ အတ္တကို ပြန်မြှောက်
ငါ့ကို ငါက ရှုံ့ ချ.... ငါ့ကို ငါပဲ အားကျ
အဆုံးအစမသိတဲ့ ခရီးမှာ... လမ်းပြကွန်းပတ်စ်လဲ မပါ
လောကပညတ်များထဲ ငါဘယ်မှာ
ငါ့ကို ငါက ရှုံ့ ချ.... ငါ့ကို ငါပဲ အားကျ

ငါ တည်ဆောက်ခဲ့ရသမျှ .... ပြန်ပြီး ဖြိုချ....
ငါ စုဆောင်းခဲ့ရသမျှ .... ငါ စွန့်လွှတ်လိုက်ရ..
ငါ သိထားခဲ့ရသမျှ... ငါ မေ့ဖို့ ကြိုးစား..
ငါ မရှိ... ငါ မသိ... ငါ ၏ ငါ အမှားများ . . .

ငါ သိပ်မသိသော ... ငါ့ရဲ့ နောက်တစ်ယောက်က..
ငါ နားမလည်သော ... ငါ့ရဲ့ အခြားတစ်ဖက်က..
ငါ အကျွမ်းမ၀င်သော ... ငါ့မှာ ...
ငါ့ကို ငါက ရှုံ့ ချ .... ငါ့ကို ငါပဲ အားကျ
ငါ ပျောက်နေဆဲ ... ငါ့ရဲ့  အနီးဆုံးမှ ...
ငါ လိုက်ရှာဆဲ ... ငါ့ရဲ့  အဝေးဆုံးက ...
ငါ နဲ့ ငါ ကြား ဗျာများနေဆဲ ... ငါ ...

လူ့ ကလပ်စည်းများ အတွင်းမှာ ...
ငါ စိုးသိပ်တိုး တဖျတ်ဖျတ်ခါ
အတ္တတစ်ခုက အတ္တကို စေစား
ငါ့ကို ငါက ရှုံ့ ချ.... ငါ့ကို ငါပဲ အားကျ

မီးများနဲ့ ကင်းဝေးရာ... ငါမီးထွန်းပြီးတော့ လိုက်ရှာ
ငါ့လမ်း ပညတ်များနဲ့ ငါ အလယ်မှာ
ငါ့ကို ငါက ရှုံ့ ချ.... ငါ့ကို ငါပဲ အားကျ

.....
.....

ငါ ပျောက်နေဆဲ ... ငါ့ရဲ့  အနီးဆုံးမှ ...
ငါ လိုက်ရှာဆဲ ... ငါ့ရဲ့  အဝေးဆုံးက ...
ငါ နဲ့ ငါ ကြား ဗျာများနေဆဲ ... ငါ ...

Credit to shinyehtut from NativeMyanmar

Other Post : ငါ - မင်းသုဝဏ်

3 comments:

khin oo may said...

ဘာဖြစ်လို့မှန်းမသိ။ N2 ကို ချစ်နေမိတယ.။် ကိုယ့်ညီမလေးလိုပါဘဲ။ အင်တာနက်ကိုမျှား ကမ္ဘာာလုပ်နေသလား ညီမလေးရေ.. နားထောင်သွားသည်။

Anonymous said...

ဒီသီချင်း တခါမှ နားမထောင်ဖူးဘူး...နားထောင်ကြည့်ရတာတော့ မောင်မောင်ဇော်လတ်တို့  လုပ်ထားတဲ့ စတိုင်မျိုးပဲ.linkinpark နားထောင်နေရသလို :D
mike shinoda ကိုတောင်သတိရလိုက်သေး...အမှန်အတိုင်းပြောရရင် ထူးအိမ်သင်ကို အရင်jazzစတိုင်မျိုးဆိုတာပဲကြိုက်တယ်
modern နဲ့ သိပ်မလိုက်ဘူးထင်လို့ ..
ဒါနဲ့  အဲဒီနေးတစ် မှာ ကိုဂျေအယ် ဆိုတဲ့ လူကြီး သီချင်းတပုဒ် လုပ်ထားတာနားထောင်ဖူးလိုက်တယ်...ငါမရှိ ငါမသိ...ငါကိုယ့် ငါ ဘာဆိုလား မသိဘူးး.အခုလိုစာသား ပုံစံမျိုး :D

Nay Nay Naing said...

အစ်မခင်ဦးမေ..
ဘာဖြစ်လို့  ချစ်နေတာပါလိမ့်။ သိချင်သွားတယ် အစ်မရယ်.. ဒါပေမယ့် အစ်မက ဘာဖြစ်လို့ မှန်းမသိဘူးလို့  ကြိုပြောသွားတော့ မမေးတော့ပါဘူး...
ဟုတ်တယ်။ အင်တာနက်က တချိန်လုံး သုံးနေတာပါပဲ။ အလုပ်မှာဆို အလုပ်က ကွန်ပြူတာကနေ သုံးတယ်။ အိမ်မှာဆို အိမ်က ကွန်ပြူတာက တချိန်လုံး ဖွင့်ထားတာ။ လမ်းသွားနေရင် ဖုန်းနဲ့  အင်တာနက်မှာ စာဖတ်တယ်။ အိပ်ချိန်ပဲ အင်တာနက် မသုံးတာ။

jurassic ... ဒီသီချင်းက .. အဓိက သီချင်း စာသားတွေကို သဘောကျတာ...
ကို JL ရဲ့ သီချင်းတွေက မိုက်တယ်. နေးတစ်မှာ တင်ပေးသမျှ နားထောင်ပြီး ကြိုက်တယ်။ :-)