ထိုင်ခုံနေရာယူပြီး ကောင်တာမှာ ခေါက်ဆွဲတစ်ပွဲနဲ့  Coke တစ်ဘူး မှာပြီး ပိုက်ဆံပေးတဲ့အခါ ပြန်အမ်းတဲ့ ငွေက များနေတယ်။ မှားနေလား မသိဘူးလို့ ပြောလိုက်တာ ကောင်တာက အမျိုးသမီးက အအေးဖိုး မယူဘူးတဲ့။ သူ့ ဘေးက အမျိုးသမီးတစ်ယောက်ကို ညွှန်ပြပြီး ဆိုင်ပိုင်ရှင် Lady Boss ရဲ့ မွေးနေ့ ဖြစ်လို့  အအေး အလကား တိုက်တာပါလို့  ရီပြီ ခပ်တိုးတိုး ပြန်ပြောတယ်။ လူတိုင်းတော့ ဟုတ်မယ် မထင်ဘူး။ ကျွန်မလည်း ကျေးဇူးတင်ပါတယ် လို့  ခပ်မြန်မြန်ပြောပြီး ထွက်ခဲ့လိုက်တယ်။ နောက်မှာ တန်းစီနေတဲ့ သူတွေက အများကြီး မဟုတ်လား။ Happy Birthday တွေ ဘာတွေတောင် မလုပ်လိုက်ရဘူး။ မွေးနေ့ ရှင် ခေါက်ဆွဲဆိုင်ပိုင်ရှင် Lady Boss ကျန်းမာပျော်ရွှင် သက်ရာကျော်ရှည်စေကြောင်း ဆုတောင်းလိုက်ပါတယ်။
အခု စဉ်းစားနေမိတယ်။ ကျွန်မ သိတဲ့ သူတွေ ထဲမှာ ၁၁ ရက် ၁၁ လမှာ မွေးတဲ့ သူ ၂ ယောက် ရှိတယ်။ တစ်ယောက်က လွန်ခဲ့တဲ့ ၂ နှစ်လောက်က စသိခဲ့တဲ့ ညီမငယ်တစ်ယောက်။ သူက ဘလော့လည်း ရေးတယ်။ မနက်က ဒီနေ့ သူမွေးနေ့ ဆိုတာ သတိရတာနဲ့  အီးမေးပို့ ပြီး မွေးနေ့ ဆုတောင်း လုပ်လိုက်သေးတယ်။ နောက်တစ်ယောက်ကလည်း စာတွေ ရေးတယ်။ ဘလော့ရေးတာ မဟုတ်ဘူး။ နာမည်ကြီး အင်တာနက် သတင်းဆိုဒ်တွေမှာ ရေးတာ။ ကျွန်မနဲ့  အရမ်းတရင်းတနှီး၊ တိုက်ရိုက် အဆက်အသွယ် သိပ်မရှိပေမယ့် ကျွန်မ ချစ်သူ နဲ့ သာမက၊ ကျွန်မရဲ့ တခြား ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ ပါ အတော်လေး ရင်းနှီးသူ တစ်ယောက် ဖြစ်နေတာကြောင့် သတင်းတွေ အမြဲကြားသိနေရတော့ စိတ်ထဲမှာတော့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် လိုပါပဲ။ ဒီသူငယ်ချင်းရဲ့ မွေးနေ့ ကို သာမန်ဆို မမှတ်မိ၊ မသိရှိနိုင်ပေမယ့် ပြောတဲ့သူတွေက အမြဲပြောနေတာ့ မှတ်မိနေခဲ့တာပါ။ ဒါပေမယ့် မွေးနေ့ ဆုတောင်းတော့ တခါမှ မလုပ်ဖြစ်ဘူး။ ဒါကြောင့်လည်း လူမှု့ ဆက်ဆံရေးမှာ အတော်လေး လိုသေးတယ်လို့  ပြောခံရတာ ထင်တယ်။
4 comments:
ကျနော်လည်းဆုတောင်းပေးသွားတယ်။ ပုစွန်ကြီးကို ကြည့်ပြီး စားချင်သွားတယ်
nice. Nice wish, nice food. you much be a nice blogger
ညနေ ၆ နာရီ ၂၈ မိနစ်။
အံမယ်လေး…… ဂြီ…ဂြီ…ဂြီ….။
ငါကိုက အမှတ်မရှိတာပါလေ။ အချိန်ကောင်းမှာ လာဖတ်မိပြန်တာကိုး။း-)
၁၁ရက်….၁၁လ။ ဟုတ်တယ်။ ဒီနေ့ဟာ အကြိုနေ့ဘဲ။ ဆယ်လီဘရိတ် လုပ်ရမယ်။ ဂွတ်ထ…ဂွတ်ထ။
အစားအသောက်ပုံတွေ တင်ရမှာတောင် အားနာလာပြီ။ ဒါပေမယ့် အစားအသောက်အကြောင်း မရေးဘူးဆို တခြားဘာမှ ထွေထွေထူးထူး ရေးစရာမရှိလို့  ဒါမျိုးလေးတွေကို ရေးတင်မှတ်သားနေရခြင်း ဖြစ်တယ်ဆိုတာကို နားလည်ပေးနိုင်မယ် ထင်ပါတယ်. :">
ကိုပေါ... အကြိုနေ့ ဆယ်လီဘရိတ် လုပ်မယ်ဆိုလို့  ဘာလဲမသိဘူး ဆိုတွေးနေတာ.. အခုသိပြီ...
၈ နှစ်ကြီးများတောင်ရှိပြီ....
အိုအောင်မင်းအောင်ပေါင်းရပါစေကြောင်း..
ချမ်းမြေ့အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘ၀ကို ဆက်လက်တည်ဆောက်နိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်..
Post a Comment