ရာသီဥတုကြောင့် အလုပ်လုပ်ဖို့ စိတ်မပါပဲ.. အိပ်ငိုက်နေပါတယ်..
မနက်စာ စားထားပေမယ့် ဗိုက်ကလည်း ဆာနေတယ်..
နေ့ လယ်စာ စားပြီးမှပဲ အလုပ်စလုပ်တော့မယ်..
လုပ်စရာ သိပ်မရှိဘူးဆိုတော့ ပြီးလောက်ပါတယ်..
အခု အပျင်းပြေ၊ အိပ်ချင်ပြေ.. website တွေ လျှောက်ကြည့်နေတယ်..
ဒါလေး သိကြလားမသိဘူး..
အပျင်းပြေပေါ့..
8 comments:
မသိဘူး အဲဒါဘာလဲ
မသိရင် ပုံပေါ်ကို Click လုပ်ကြည့်လိုက်လေ..
လုပ်လိုက်တယ်။ ပြုံးချင်စရာလေးးး
ဤဘလော့ဂါသည် ပို့စ်အတော်များများတွင် အစားအသောက်အကြောင်း၊ ဗိုက်ဆာသည့်အကြောင်းတို့ကို ထည့်ရေးတတ်လေသည်တကား။ အခုအချိန်မှာ သောကြာနေ့ ညနေ ငါးနာရီ ရှိပြီ။ ပို့စ်ကို အချိန်အခါမဟုတ် လာရောက်ဖတ်ရှုမိသူ ကျွန်ုပ်မှာလည်း ယခုပင်လျှင် ဗိုက်ဆာခြင်းကို ကူးစက်ခံစားရချေပြီတကား။း-)
Sin Dan Lar >> ပြုံးလိုက်ရင် ပျင်းနေတာလေးတွေ လျှော့သွားတယ်။
ဒါနဲ့  YES လား၊ NO လား။ ကျွန်မတော့ ပထမ NO click လုပ်ကြည့်ပြီး၊ နောက် YES ဆို ဘာဖြစ်မလဲသိချင်တာနဲ့  ထပ်နှိပ်ကြည့်သေးတယ်။
ကိုပေါ >>နေ့ လယ်စာ စားတုန်းက လက်အငြိမ်မနေ ရိုက်ထားတဲ့ စားစရာပုံတွေ ပိုစ့်တင်အုံးမလို့  စိတ်ကူးမိသေးတယ်.. အလုပ်ရှုပ်သွားတာ နဲ့  မတင်အားဘူးဖြစ်သွားတာ။ :"> နေ့ လယ် ၄ နာရီ ၅၀ လောက်က ဗိုက်ဆာလာတာနဲ့ Tea Break ယူအုံးမယ်ဆိုပြီး ထွက်သွားဖြစ်သေးတယ်။ အခု ၅ နာရီ ၁၄ မိနစ်မှာ ပြန်အရောက်၊ ကိုပေါရေးထားတဲ့ ကွန်မန့် တွေ့ လိုက်ရတာပဲ။ ဒီနေ့  Tea Break မှာ ပေါင်မုန့် ကြော်စားပြီး အအေးသောက်ဖြစ်ခဲ့ပါတယ်။
အစား အတော် ဝါသနာ ပါသလို အင်တာနက် ကိုလည်း အတော် ကလိနိုင်ပါတယ်။
နည်းနည်းပါ အစ်မရယ်.. :D
link ကို click ပြီးရီသွားတယ် နေနေရေ :)
Post a Comment