ရောင်းသူ
တချို့ က
လမ်းဘေးအစ
ဗန်းကလေးမ
ပန်းမွှေးလှလှရောင်းနေတယ်။
တချို့ ကြ
ချွေးတရွှမ်းရွှမ်း
ဘေးအထမ်းနဲ့ 
ရေထမ်းရောင်းနေတယ်။
တချို့ ကြ
ကိုယ်ပိုင်စွမ်းအား
"လုပ်အား" ရောင်းနေတယ်။
တချို့ က
တွေးဆကြံပွား
"ဥာဏ်အား" ရောင်းနေတယ်။
တချို့ ကြပြန်တော့
အလှနဲ့ 
ဘ၀ရောင်းနေတယ်။
အို.. စာရှုသူ
သင်မူဘာရောင်းပါသလဲ။
မောင်ကြည်မွန်
အောက်တိုဘာလ ၂၀၀၈ ခုနှစ်
ကလျာမဂ္ဂဇင်း
တချို့ က
လမ်းဘေးအစ
ဗန်းကလေးမ
ပန်းမွှေးလှလှရောင်းနေတယ်။
တချို့ ကြ
ချွေးတရွှမ်းရွှမ်း
ဘေးအထမ်းနဲ့ 
ရေထမ်းရောင်းနေတယ်။
တချို့ ကြ
ကိုယ်ပိုင်စွမ်းအား
"လုပ်အား" ရောင်းနေတယ်။
တချို့ က
တွေးဆကြံပွား
"ဥာဏ်အား" ရောင်းနေတယ်။
တချို့ ကြပြန်တော့
အလှနဲ့ 
ဘ၀ရောင်းနေတယ်။
အို.. စာရှုသူ
သင်မူဘာရောင်းပါသလဲ။
မောင်ကြည်မွန်
အောက်တိုဘာလ ၂၀၀၈ ခုနှစ်
ကလျာမဂ္ဂဇင်း
5 comments:
ဒီကဗျာလေးကြိုက်ပါတယ်...
ကြ=ကျ
ကဗျာက အတွေးနဲ့ စာချိုးထားတာလေးတွေ ကောင်းတယ်။
ဒါနဲ့
“သင်မူ ... ဘာရောင်းပါသလဲ” လို့ ခွဲရေးရမယ် ထင်တယ်။
အချိန် ကု ရောင်းပါတယ်။
love.. :P
ကွန်မန့် တွေအတွက် ကျေးဇူးတင်ပါတယ်။
ကျွန်မ ဒီကဗျာကို သဘောကျတာနဲ့  မဂ္ဂဇင်းမှာပါတဲ့ အတိုင်း တစ်လုံးမလွဲ ကူးပြီး ပြန်တင်ထားတာပါ။
ဟို အချိန်ရောင်းတယ်ဆိုတဲ့ အစ်မကြီး.. တကယ်ရောင်းမယ်ဆို အချိန်လေး နည်းနည်းလောက် ၀ယ်ချင်ပါတယ်။ ရှိသမျှ ၂၄ နာရီ အချိန်ရှိသမျှ ကိုယ်လုပ်ချင်တာတွေ လျှောက်လုပ်နေတာနဲ့  လုပ်သင့်တာတွေ လုပ်ဖို့  အချိန်မရဖြစ်နေလို့  ပါ။
Post a Comment