Pages

November 05, 2008

ဘာရောင်းပါသလဲ...

ရောင်းသူ

တချို့ က
လမ်းဘေးအစ
ဗန်းကလေးမ
ပန်းမွှေးလှလှရောင်းနေတယ်။

တချို့ ကြ
ချွေးတရွှမ်းရွှမ်း
ဘေးအထမ်းနဲ့ 
ရေထမ်းရောင်းနေတယ်။

တချို့ ကြ
ကိုယ်ပိုင်စွမ်းအား
"လုပ်အား" ရောင်းနေတယ်။

တချို့ က
တွေးဆကြံပွား
"ဥာဏ်အား" ရောင်းနေတယ်။

တချို့ ကြပြန်တော့
အလှနဲ့ 
ဘ၀ရောင်းနေတယ်။

အို.. စာရှုသူ
သင်မူဘာရောင်းပါသလဲ။

မောင်ကြည်မွန်
အောက်တိုဘာလ ၂၀၀၈ ခုနှစ်
ကလျာမဂ္ဂဇင်း

5 comments:

:P said...

ဒီကဗျာလေးကြိုက်ပါတယ်...
ကြ=ကျ

Anonymous said...

ကဗျာက အတွေးနဲ့ စာချိုးထားတာလေးတွေ ကောင်းတယ်။

ဒါနဲ့

“သင်မူ ... ဘာရောင်းပါသလဲ” လို့ ခွဲရေးရမယ် ထင်တယ်။

khin oo may said...

အချိန် ကု ရောင်းပါတယ်။

Anonymous said...

love.. :P

Nay Nay Naing said...

ကွန်မန့် တွေအတွက် ကျေးဇူးတင်ပါတယ်။
ကျွန်မ ဒီကဗျာကို သဘောကျတာနဲ့  မဂ္ဂဇင်းမှာပါတဲ့ အတိုင်း တစ်လုံးမလွဲ ကူးပြီး ပြန်တင်ထားတာပါ။
ဟို အချိန်ရောင်းတယ်ဆိုတဲ့ အစ်မကြီး.. တကယ်ရောင်းမယ်ဆို အချိန်လေး နည်းနည်းလောက် ၀ယ်ချင်ပါတယ်။ ရှိသမျှ ၂၄ နာရီ အချိန်ရှိသမျှ ကိုယ်လုပ်ချင်တာတွေ လျှောက်လုပ်နေတာနဲ့  လုပ်သင့်တာတွေ လုပ်ဖို့  အချိန်မရဖြစ်နေလို့  ပါ။