အလွမ်းခါးခါး
Alex + Kids For Future
ပေါင်းစည်းခွင့်မရှိတဲ့ နှလုံးသားတွေလား ... အသွင်ပြင်လည်း ခြားနားလို့  ...
အချစ်ရေ.. တို့ နှစ်ယောက်ဆိုတာ .. အိပ်မက်လေး ခဏလောက်မက်ကြ..
အဆုံးသတ်တော့ အလွမ်းကခါးခါး...
ဒါတွေသိတော့သိပါတယ်... ကိုယ်ချုပ်ထိန်းလို့ မရနိုင်ခဲ့တော့ အချစ်ရေ..
နီးခြင်းဝေးခြင်း အဓိကမကျဘူး.. ကိုယ်တိုင်က ပေးဆပ်ဖို့  အမိုက်ခံဆုံးဖြတ်တာပါ..
အိပ်မက်လေး ခဏပဲမက်ကြ... အဆုံးသတ်တော့ အလွမ်းကခါးခါး...
ဒါတွေ သိတော့ သိပေမယ့်... ကိုယ်ချုပ်ထိန်းလို့ မရနိုင်ခဲ့တော့ အချစ်ရေ..
ဒီအချစ်တွေ တစ်သက်လုံး ကိုယ့်အတွက် လုံလောက်သွားပြီ..
ကမ္ဘာကြီးပေါ်တစ်ယောက်တစ်ကွဲ ဝေးသွားခဲ့ရင်လည်း (oh baby...)
အစားထိုးလို့ မရတဲ့ အချစ်ကို အမြဲတမ်းအတွက် သိမ်းဆည်းပြီးတော့
ယုံနိုင်အုံးမလား... ကိုယ်ထပ်ပြီးတော့ အချစ်သစ်လိုက်မရှာ..

အချစ်ရေ.. တို့ နှစ်ယောက်ဆိုတာ .. အိပ်မက်လေး ခဏပဲမက်ကြ..
အဆုံးသတ်တော့ အလွမ်းကခါးခါး...
ဒါတွေသိတော့သိပါတယ်... ကိုယ်မြိုသိပ်လို့မရနိုင်တော့လည်း အချစ်ရေ..
နီးခြင်းဝေးခြင်း အဓိက မကျဘူး.. ကိုယ်တိုင်က ပေးဆပ်ဖို့  အသည်းအသန် ချစ်ခဲ့တာပါ..

ဒါတွေ သိတော့ သိပေမယ့်... ကိုယ်မြိုသိပ်လို့ မရနိုင်တော့လည်း.. အချစ်ရေ..

4 comments:
ဒီသချင်းလေးကိုနားထောင်မိတော့..ဂျီတော့ မှာတင်တင်နေကြတဲ့ ဟိုဆစ်ဂနေချာလေးကို သွားသတိရတယ်.ဘာတဲ့ ...ဪ..i dont care about the distance i just care about u ....:P
မနေနေနိုင်ကသီချင်းအေးအေးလေးတွေကြိုက်ပုံရတယ်..
လူလည်းအေးအေးလေးပဲထင်တယ်...
:-)
lol..but wat if such kind of love comes un-knocking..? xD
ဒီတခါတော့ မကြိုက်ဘူး ဆိုဟန်တွေအသံတွေက စတိုင်တွေ ဖမ်းထားပြီး ပေါ့ရွှတ်ရွှတ်နဲ့ ခံစားချက်မပါပဲ အင်ကြီးတွေ ကြားနေရသလိုပဲ.. ဆောရီးနော်..
i
jurassic >> အရမ်းဆူတဲ့ သီချင်းတွေကို ပုံမှန်ဆို သိပ်နားမထောင်ဖြစ်ဘူး။
ဒါပေမယ့် ခေါင်းအရမ်းရှုပ်လာရင်၊ ဘာဆိုဘာမှ မကြာချင်တော့တဲ့ အချိန်တွေဆိုရင်တော့ ဆူတဲ့သီချင်းတွေ နားထောင်ဖြစ်တယ်။
ကျွန်မကိုယ် ကျွန်မတော့ အေးတယ်လည်းမဟုတ်... မအေးဘူးလည်း မဟုတ်.. သာမန်ပဲလို့ ထင်ပါတယ်။
nemo >> ဒီမေးခွန်းကို ကျွန်မ ထပ်ဖြေစရာမလိုတော့ဘူး လို့ ထင်ပါတယ်။
anonymous >> ဒီတစ်ခါမကြိုက်ဘူးဆိုတော့ အရင်တင်တဲ့သီချင်းတွေကို နားထောင်ပြီး ကြိုက်တယ်လို့  ယူဆလိုက်မယ်။ ဆေားရီးပြောစရာ မလိုပါဘူး။ လူတစ်ကိုယ်အကြိုက်တမျိုးပေါ့။
Post a Comment