နောက်တစ်ခုက ဒီနိုင်ငံမှာ ညပိုင်း ၈ နာရီကျော်ဆို YouTube ကို သုံးမရတော့ဘူး။ Loading အရမ်းနှေးတယ်။ ကျွန်မ တစ်ယောက်တည်း ကြုံတွေ့ ရတာတော့ ဟုတ်မယ် မထင်ဘူး။ ကျွန်မ နေဖူးသမျှ အိမ်တွေမှာ ဘယ်သူမှ Download တို့  Upload တို့ အရမ်းလုပ်လေ့ မရှိဘူး။ ဒါပေမယ့် နှေးတာပဲ။ အင်တာနက်က လူသုံးများတဲ့ အချိန်ဆို သိသိသာသာကြီး နှေးသွာတယ်။ ၃ မိနစ်လောက်ရှိတဲ့ သီချင်း တစ်ပုဒ်လောက် ကြည့်ဖို့ ဆို Loading လုပ်တာ ၁၀-၁၅ မိနစ်၊ တခါတလေ ဒီထက်ကြာကြာ စောင့်ရတယ်။ စိတ်မရှည်ဘူး။ အဲဒီလို နှေးနေတဲ့ အချိန်တွေဆို တစ်ခုခု ကြည့်ချင်တယ်ဆို YouTube မသုံးပဲ တခြားနေရာမှာ တင်ထားတာတွေရှိမလား ဆိုပြီး လိုက်ရှာကြည့်လေ့ ရှိပါတယ်။ တချို့ နေရာတွေမှာ ကြည့်လို့  ရတတ်တယ်။ ကျွန်မ ရဲ့ အကျင့်တွေပေါ့။
![Blinkx (Vedio Search Engine)](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9N6bk5Fpv5wN8eJWJbxwNj0weqj0AsYk5-8W1ekjklNPWZA8qpBJpJbUEjr3-hSxG6YYEu95cDbRfQuEKcPv9dCMXwwHLsHJZfnzHHYPFmqhhuMm7ubOTMH4SbOlseVERDQ/s320/blinkx_logo.png)
Blinkx Search Engine ဟာ Video/Audio files တွေကို ရှာတာအခါမှာ Speech Recognition System ကိုပါ သုံးပြီး ရှာတယ်လို့ သိရတယ်။ ရှာတဲ့သူတွေ ရိုက်ထည့်လိုက်တဲ့ စာလုံးတွေကို Video/Audio file မှာပါဝင်တဲ့ အသံတွေနဲ့  တိုက်စစ်ပြီး တူတာတွေကို ရှာထုတ်ပေးတာပါ။ ပုံမှန်ဆို Search Engine အများစုက File Upload လုပ်တဲ့သူတွေ ထည့်ထားတဲ့ MetaData တွေ၊ File Name တွေ အပေါ် မူတည်ပြီးပဲ ရှာလေ့ ရှိကြတယ်လေ။ Blinkx ရဲ့ Audio/Video file တွေရှာဖွေတဲ့ နည်းပညာ ကို MSN service နဲ့  Live ရဲ့ တချို့ အစိတ်အပိုင်း တွေမှာ 2006 က စပြီးသုံးခဲ့တယ် သိရတယ်။ တခြား Lycos, Infospace, RealPlayer နဲ့  AOL မှာလည်း အသုံးပြုကြောင်း ဖတ်ရှု့ သိရှိခဲ့ရပါတယ်။
ကျွန်မ သုံးလေ့ရှိတဲ့ Video Search Engine တစ်ခုကို Share လုပ်လိုက်တဲ့ သဘောပါ။ တခြား ဒီထက်ကောင်းတဲ့ Video Search Engine တွေလဲ ရှိနိုင်ပါတယ်။ Vedio Search Engine တွေ အကြောင်း သိချင်တယ်၊ စမ်းကြည့်ချင်တယ် ဆိုရင် Wiki- Video Search Engine မှာ ကြည့်လို့  စမ်းလို့ ရပါတယ်။
နောက်ပြီး Blinkx မှာ Wall it ဆိုတဲ့ Feature ကို သဘောကျမိတယ်။ အောက်ကလို မျိုးလေး။ "Lay Phyu" ဆိုတဲ့ စကားလုံးကို ရှာပြီး Wall စမ်းကြည့်ထားတာပါ။
5 comments:
ကျေးဇူးတင်ပါတယ်...အခုလို သိထားတာလေးတွေဝေမျှပေးတဲ့ အတွက်...
be happy!
အား ။ ဆရာမကြီးပါလား။ လေးစားပါတယ်။ ငါးနဲ့မြှောက် ပါရစေ။
jurassic >> ကျွန်မ ရေးသမျှ စိတ်ဝင်စားစွာ ဖတ်ပေးတာ ကျေးဇူးပါ။ :-)
အစ်မခင်ဦးမေ >> ဆရာမလေးလားဆို ဟုတ်သေး.. ဆရာမကြီးလို့  ခေါ်ခံရလောက်အောင် အသက် အရမ်းမကြီးသေးပါဘူး အစ်မရယ် :P
တနေ.တခြားလေးစားမိပါတယ်။ ဆရာမရယ်။
ဆရာလေးလို့ ခေါ်မသွားတာ တော်သေးတယ်.. :D
Post a Comment