Pages

October 10, 2008

Interestingness Photo Wall

ဓာတ်ပုံလှလှလေးတွေ ကြည့်နေရတာ စိတ်ချမ်းသာဖို့  အရမ်းကောင်းပါတယ်..

အချိန်ရရင် ရသလို Google နဲ့  Yahoo က Image Search တွေကို သုံးပြီး ပုံတွေလိုက်ရှာကြည့်နေဖြစ်တယ်...
ကျွန်မလိုပဲ အင်တာနက်ပေါ်မှာ ဓာတ်ပုံ လှလှလေးတွေ လိုက်ရှာကြည့်ရှု့ ရခြင်းကို နှစ်သက်သူများ နှင့် Photography ၀ါသနာပါသူများ အတွက်...

Interestingness - the power of attracting or holding one's attention

interes.tingness.com : Flickr မှာ တင်ထားတဲ့ ဓာတ်ပုံတွေကို ဆွဲယူပြီး Photo Wall တစ်ခု အနေနဲ့ ပြပေးတဲ့ နေရာ တစ်ခုပါ။ နေ့ စွဲ အလိုက် တည်ဆောက်တဲ့ Photo Wall တစ်ခုစီမှာ ပုံ ၅၀၀ ကျော် ပါရှိတယ်။ ပထမဆုံး ကြည့်မယ်ဆိုရင် ဒီနေ့ အတွက် Photo Wall ကို ပြပေးပါတယ်။ အရင် နေ့ တွေက Photo Wall ကို ကြည့်ချင်တယ် ဆိုရင်လည်း Dateကို ပြောင်းပြီး ကြည့်လို့ ရတယ်။ ကိုယ်ကြည့်ချင်တဲ့ ပုံသေးလေးပေါ်ကို Click လုပ်လိုက်ရင် မူရင်းပုံ ဆိုဒ်အကြီးကို ပြပေးပါတယ်။ တဆက်တည်း မူရင်း Flickr Link (Visit Contributors) ကိုပါ ပေးထားလို့  အဲဒီဓာတ်ပုံကို တင်ထားသူရဲ့ Flickr အကောင့်မှာ ရှိနေတဲ့ တခြားဓာတ်ပုံတွေကိုလည်း စိတ်ဝင်စားရင် စိတ်ဝင်စားသလို လိုက်ရှာကြည့် နိုင်ပါတယ်။

Photo Wall အတွက် ပုံတွေကို ရွေးထုတ်ရာမှာ Interestingness Algoritham (Flickr API) ကို သုံးပြီး ဖော်ပြတယ်လို့  သိရတယ်။ Interestingness Algoritham ဆိုတာလာလဲ စိတ်ဝင်စားလို့  နည်းနည်း လိုက်ဖတ်ကြည့်ဖြစ်တယ်။ Google က Website တွေကို Page Rank ပေးသလိုပဲ Flickr ကလည်း သူစီမှာ တင်ထားတဲ့ ပုံတွေကိုလည်း Interestingness ဆိုပြီး ပုံကိုကြည့်တဲ့ အရေအတွက်၊ ကွန်မန့်  အရေအတွက်.. favourite အနေနဲ့  add ထားတာ ဘယ်လောက်ရှိသလဲ.. စသည်ဖြင့် အချက်အလက် အတော်များများ ပေါ်မူတည်ပြီး Rank ပေးတယ် သိရတယ်။ ခုမှ သိတော့တယ်။ read more ...


A Daily Dose Of Interesting Photographic Inspriation from Flickr

interes.tingness.com မှာ ပထမဆုံး Photo Wall စတင်တဲ့ နေ့ က 1st June 2004 လို့ ဖတ်လိုက်ရလို့ ... ပြောထားတဲ့ အတိုင်း ဟုတ်မဟုတ် သိချင်လို့  အဲဒီနေ့ ထက် စောတဲ့ နေ့  ထည့်ကြည့်တာ မရဘူး။ အစောဆုံး 07-01-2004 (mm-dd-yyyy) ကိုပဲ လက်ခံတယ်။ ဘာရယ်မဟုတ် အကျင့်ပါနေတာနဲ့  စမ်းကြည့်မိသွားတာပါ :"> Photo Wall (07-01-2004) မှာပါတဲ့ ပုံတွေက ခုနောက်ပိုင်းရက်စွဲက ပုံတွေလောက် မလှဘူး။ အဲဒီ အချိန်တုန်းက Flickr ကို သုံးတဲ့သူ နည်းပြီး၊ အခုနောက်ပိုင်းမှ လူသုံးများလာတာကြောင့် ပုံကောင်းကောင်းတွေ များလာတာ ဖြစ်မယ်။

ဒီနေ့ လျှောက်ကြည့်ရင်း သတိထားမိသွားတဲ့ Website (interes.tingness.com) တစ်ခုကို သဘောကျတာနဲ့  ရှယ်ယာ ပြန်လုပ်လိုက်တာပါ။ Photo Wall... ဒီရက်ပိုင်း Wall ဆိုတဲ့ စကားလုံးနဲ့  အတော် နီးစပ်နေတယ်။ ဓာတ်ပုံတွေ ကြည့်ဖြစ်တယ်။ ပုံလေးတွေက လှသလား မမေးနဲ့ ။ ကြည့်ရတာ အရမ်း စိတ်ချမ်းသာဖို့ ကောင်းတယ်။

4 comments:

Anonymous said...

Thanks for sharing!
Definitely a must see site.

MELODYMAUNG said...

လာ ဝေါ အဲလေ ဝေါတာတွေ လာဖတ်သွားတယ် စစ်
သိုင်းခရု

Anonymous said...

ကျနော်ကတော့ ဓါတ်ပုံလှလှလေးတွေကြည့်ချင်ရင် metacafe မှာရှာကြီး ကြည့်တယ်.အဲဒီမှာ ဓါတ်ပုံတွေက ကွာလတီအရမ်းကောင်းလို့ wallpaper ကောင်မလေးလှလှလေးတွေရဲ့  ပုံလည်းရှာလို့ ရတယ်လေ :D

thanks for the sharing u know.
be happy!

Nay Nay Naing said...

အားလုံးပဲ အားပေးတဲ့အတွက်... ကျေးဇူးပါ...

jurassic >> metacafe ကို သိပ်ပြီး သုံးလေ့မရှိဘူး... စမ်းရှာကြည့်အုံးမယ်။