Pages

July 02, 2008

The Last Movie I Watched - Wanted

Wanted ... ရုပ်ရှင်အစကတည်းက မဖြစ်နိုင်တာတွေက စပြပေမယ့် ကြည့်လိုတော့ အတော်လေး ကောင်းတယ်..

ဇာတ်ကောင်မင်းသား Wesley Gibson သူ့ နာမည် ကို Google ကြည့်ပြီး ဘာမှ ထွက်မလာတော့ စိတ်ပျက်နေတဲ့ အခန်းကြည့်ပြီး တွေးမိတယ်.. အဲ့ဒီမင်းသား အတော်တုန်းတာပဲလို့ ... Google မှာ ကိုယ့်နာမည်ရှာရင် တွေ့ ရဖို့ ဆိုတာ လွယ်လွယ်လေး.. တခြားဘာမှ ထွေထွေထူးထူး လုပ်စရာ မလိုဘူး.. Google ရဲ့ Blogger.com မှာ အလကားရတဲ့ Blog တစ်ခုလောက်ယူ၊ အချိန်နည်းနည်းပေးပြီး ရေးလိုက်.. နောက်ပိုင်း Google ပြန်လုပ်ကြည့်... ကိုယ့်နာမည်နဲ့  သက်ဆိုင်တဲ့လင့်တွေ အများကြီး ထွက်လာလိမ့်မယ်.. မယုံရင် ကျွန်မ့ နာမည်ကို Google လုပ်ကြည့် လိုက်ပါ..

ဒီရုပ်ရှင်ထဲက ကားမောင်းတဲ့ အခန်းတွေကိုကြည့်ပြီး ကားမောင်းတာ မကြိုက်တဲ့ ကျွန်မ မောင်းချင်စိတ် ပေါ်လာတယ်.. တကယ်အပြင်မှာ အဲ့လို မောင်းလို ဖြစ်တာ မဖြစ်တာ အသာထား ကြည့်လို့ တော့ ကောင်းသား.. အဲ့ဒီ ရုပ်ရှင်မှာ Bank Account ထဲမှာ ပိုက်ဆံတွေ အများကြီးရောက်တာ တွေ့ လိုက်ရပြီးနောက်ပိုင်းမှာ၊ Boss ကို မကျေနပ်တာတွေ အကုန်ပြောပြီး.. အလုပ်က ထွက်အလာ.. သစ္စာမရှိ၊ ဖောက်ပြန်တဲ့ သူငယ်ချင်းကို Keyboard နဲ့  ရိုက်လိုက်တဲ့ အခန်းကို ကြိုက်တယ်.. အပြင်မှာ Keyboard နဲ့  လူတစ်ယောက်ကို ရိုက်လိုက်ရင်ကော.. အဲ့ဒီလို စာလုံးတွေ ပျံထွက်လာ မလား.. သိချင်စိတ်နဲ့  စမ်းကြည့်ချင်မိတယ်..

ဒီရုပ်ရှင်ထဲက သေနတ်ပစ်ချက်တွေလို ကြည့်ပြီး သူတို့ လို ပစ်ကြည့်ချင်တယ်.. တစ်ယောက်ယောက်လောက်က ရုပ်ရှင်ထဲက ဂျိုလီလို ကျွန်မရဲ့ ပစ်မှတ်ရှေ့ မှာ ရပ်ပေးချင်စိတ်လေးပေါ်တယ်ဆို အချိန်မရွေး.. ကြိုဆိုပါတယ်.. :D

ရုပ်ရှင်ထဲကလို ရထားအမိုးပေါ်မှာ မတ်တပ်ရပ်ပြီး စီးချင်စိတ် ပေါ်လိုက်သေးတယ်။ ရထားလမ်းတွေကို သဘောကျတယ်။ အမိုးပေါ်က မစီးရတောင် အဲ့ဒီရထားလမ်းမှာ သွားနေတဲ့ ရထားတွဲတွေထဲမှာတော့ စီးခွင့် ရချင်ပါသေးတယ်။

တခြား အခန်းတွေတော့ မပြောတော့ပါဘူး။ မှတ်မိတာရေးရရင် ရုပ်ရှင်တစ်ခုလုံး အစအဆုံးပြီးသွားမယ်။ စိတ်ဝင်စားတယ်ဆို အချိန်ရရင် ကိုယ်တိုင်ပဲရုံမှာ သွားကြည့်လိုက်ကြပါ။ ရုံမှမကြည့်ချင်လို့  DVD ထွက်တဲ့အထိ စောင့်နိုင်လဲ စောင့်ပြီး ကြည့်ပေါ့လေ.. Wanted - Apple Trailers

ဒီရုပ်ရှင်ထဲက စကားပြောတွေ ထဲမှာ သတိထားမိလိုက်တဲ့ စကားအတော်များများ ရှိတယ်.. အမှတ်မိဆုံး ကတော့.. ပထမဆုံး အဆိုင်းမန့် အနေနဲ့  လူတစ်ယောက်ကို သတ်ဖို့  ဖြစ်လာတဲ့အခါ အဲ့ဒီလူက ကောင်းလားဆိုးလား မသိ၊ မသတ်ချင်လို့  လက်တွန့်  နေတဲ့ Wesley Gibson ကို Fox က ပြောတဲ့စကား...
"Kill one, save a thousand. That's what we believe. That's why we do it!!"
အပြင်မှာရော တကယ် အဲလို သတ်သင့်လား... စဉ်းစားစရာပဲ..

ဘာပဲဖြစ်ဖြစ် အစကနေ အဆုံးအထိ ပျင်းမနေရတဲ့ ရုပ်ရှင်မို့ ကြည့်ရတာ တန်တယ်လို့  ထင်တယ်.. ကလေးတွေတော့ မကြည့်သင့်ဘူး။ ကြည့်ပြီး ကျွန်မလို ရုပ်ရှင်ထဲက ပုံစံတွေကို လိုက်လုပ်ချင် စိတ်ပေါ်သွားရင် မိဘတွေ အတော်လေး ဒုက္ခရောက်နေမယ်။ အခုတလော အပတ်တိုင်း ရုပ်ရှင်ကြည့်ဖြစ်တာ ၃ ပတ်ဆက်တိုက် ရှိပြီ။ ဒီတစ်ပတ်လည်း ရုံတင်တာတွေ ထဲမှာ HanCock ကောင်းတယ် ပြောတယ်။ အချိန်ရရင် သွားကြည့်အုံးမယ် စိတ်ကူးတယ်။

Wanted Movie - Wiki

8 comments:

Anonymous said...

Wanted is so Cool ... :)
" Kill one, save a thousand. That's what we believe. " I believe it too. :P


NL :)

mmhan said...

It's quite an enjoyable movie, if you don't mind all those unbelievable-superhero-like-abilities of the characters.

But I'm sure, I wouldn't watch it again.

JulyDream said...

ma_chit_yin_ma_nay_naing_tar_ka_lwel_lo
Google မှာ Nay Nay Naing ဆိုပြီး ရှာလိုက်တာ မချစ်ရင် မနေနိုင် တာကလွဲလို့ ဆိုတဲ့ စာတွေပါ ထွက်လာတယ်။

မနေနေနိုင်တို့က အဲဒီလိုကို နာမည်ကြီးတာ... အဟီး

မချစ်ရင် မနေနိုင်...

Nay Nay Naing said...

NL, mmhan နဲ့  JulyDream .. comments တွေအတွကိ ကျေးဇူးပါ။ ကျွန်မ အလုပ်ရှုပ်နေတာနဲ့  reply ပြန်တာ နောက်ကျသွားတယ်။ ကျွန်မက ဒီရုပ်ရှင်ကြည့်ပြီး စိတ်ထဲမှာ ဘာမှ မကျန်ခဲ့တဲ့ အတွက် သဘောကျသွားမိတယ်။ တကယ်ဆို ကျွန်မက ရီစရာ၊ ကာတွန်းရုပ်ရှင်တွေကို သဘောကျတတ်တဲ့ သူမျိုး။ ဒီရုပ်ရှင်က မရီရပေမယ့် ကြည့်နေတုန်းလဲ စိတ်မညစ်ရဘူး၊ ကြည့်ပြီးတော့လည်း စိတ်ရှုပ်စရာ မကျန်ခဲ့ဘူး။ အပန်းပြေတာပေါ့။ :)

JulyDream မတွေ့ တာကြာပြီနော်။ ဒါနဲ့  လူမှု့ ရေး လုပ်ငန်းတွေနဲ့  အလုပ်တွေရှုပ်နေတယ် ကြားပါတယ်။ အဲလို မအားတဲ့ကြားက ကျွန်မ့ နာမည်ကို Google လုပ်ဖြစ်အောင် လုပ်လိုက်သေးတယ် .. မနေနိုင်နဲ့  နေနေနိုင်နဲ့  မတူဘူးလေ. "နေနေနိုင်" လို့ ရှာကြည့်ပါ. :P ဒါနဲ့  လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ အားလုံးအဆင်ပြေပါစေ ဆုတောင်းပေးနေတယ်။

Anonymous said...

I think that Wesley Gibson was in 'The Last King of Scotland'.. he acting as Scott Doc.. i havnt see 'Wanted' yet.. as u know.. here is v late for muvi they put on cinema..

Nay Nay Naing said...

The Last King of Scotland မကြည့်ဖူးဘူး။
ဒါနဲ့  အခု လက်ရှိ နိုင်ငံကနေ တခြား တစ်နိုင်ငံကို ပြောင်းသင့်ပြီလို့  မထင်မိဘူးလား.. :P

Anonymous said...

hehe no wonder u cant find the actor on google.. bcz that is not his name.. James McAvoy is the one,, i thought i saw him smwhere but yes he was in Atonement,, gosh i luv that muvi.. he was with Keira Knightly in that muvi..

and yes may b i might move country :D but all in good time my fren.. all in good time
=]

Nay Nay Naing said...

နိုင်ငံပြောင်းဖြစ်ခဲ့တယ်ဆိုရင် အကြောင်းကြားပါ။ :D ပြုတ်ကျသွားတဲ့ လက်မကြီးကို သတိရတယ်။