Pages

July 16, 2008

Chinese Lessons For Geeks

Digg ကတဆင့်တွေ့ တာပါ။ ကြည့်ပြီး သဘောကျလို့  ဘယ်သူ ရေးထားတာလဲ ဆိုတာ သိချင်လို့  Google လုပ်ကြည့်တာ မတွေ့ ဘူး။ အဲ့ဒီထဲက "Desktop with two monitors" ကို အတော်လေး သဘောကျတယ်။ "Computer Network" ဆိုတဲ့ စာလုံးကိုလည်း ကြိုက်တယ်။
တရုတ်စာလုံးတွေက မူလအပြင်မှာ ပုံသဏ္ဍာန်နဲ့ အခြေခံပြီး ပေါ်လာတယ်ဆိုလား ဖတ်ဖူးတဲ့ ခုရေးတဲ့ မူရင်း တရုတ်စာလုံးတွေရဲ့ အဓိပ္ပါယ် ဘာလဲဆိုတာ စပ်စပ်စုစု သိချင်သွားတယ်။ ဒါနဲ့  အလုပ်က သူငယ်ချင်း တရုတ်တွေကို ဒီပုံထဲက စာလုံးတွေရဲ့ အဓိပ္ပါယ်တွေ ပြောပြပါဆိုပြီး တောင်းဆိုဖြစ်ခဲ့တယ်။

Server Rack - eyes
Chirstmas tree near a server rack - switch
Computer network - devices / mechine
Two server racks - bright (အဓိပ္ပါယ် အများကြီးရှိပေမယ့် ချက်ချင်း ဂရုပြုမိနိုင်တာက Bright လို့ ပြောပါတယ်)
Two server - member
Two servers with wires above them - manage
Server rack with a Wi-fi antenna - self
Desktop with two monitors - the old way to write "Open"

သူငယ်ချင်းတွေ ပြောပြတာ မှတ်မိသလောက်ရေးထားတာ။ တရုတ်စာ ဖတ်တတ်ပြီး ကျွန်မရေးထားတာ မှားနေတယ်ဆိုလဲ ပြင်ပေးသွားလို့ ရပါတယ်။ တရုတ်စာလုံးတွေထဲမှာ ကျွန်မ ဖတ်တတ်တာဆိုလို့  လူ ဆိုတဲ့ စာလုံးတစ်ခုပဲ ရှိတယ်။ စာတစ်လုံးကြီးများတောင် နားလည်တယ်။ တော်ပြီပေါ့။

Credit to PCY and CCK

4 comments:

Anonymous said...

lol :D

TZA said...

haha.. အိုင်ဒီယာလေးမဆိုးဘူး..

မှတ်မိသလောက်ရေးထားတာ အားလုံးမှန်တယ်၊ ဒါပေမဲ့ နောက်ဆုံးက the old way to write ဆိုတာ နည်းနည်းမှားနေတယ်၊ အဲဒါကို traditional chinese လို့ခေါ်တယ်၊ old way ဆိုရင် အခုမသုံးတော့ဘူးလို့ အဓိပ္ပါယ်သက်ရောက်သွားမှာပါ၊ အဲဒီစာလုံး အားလုံးဟာ traditional အရှည်ရေး စာလုံးတွေပါ၊ ထိုင်ဝမ်နဲ့ဟောင်ကောင်မှာသုံးပါတယ်၊ တရုတ်ပြည်မကြီးနဲ့ စင်္ကာပူကတော့ အတိုကောက်ပဲ ရေးကြတယ်၊ simplified chinese ပေါ့။ ဘယ်ဟာသုံးသင့်သလဲဆိုတာ ငြင်းခုန်နေကြတုန်းပဲ၊ ပြည်ကြီးတရုတ်တွေက လူအင်အားများတော့ သူတို့အတိုရေးတွေကို တခြားနိုင်ငံသားတွေ တနေ့နေ့မှာ လက်ခံလာလိမ့်မယ်လို့ ထင်ရတာပဲ၊ အောက်မှာ အတိုနဲ့အရှည်ကို ယှဉ်ရေးလိုက်ပါတယ်။

目 ─ 目
鈕 ─ 钮
器 ─ 器
明 ─ 明
員 ─ 员
管 ─ 管
自 ─ 自
開 ─ 开

အရှည်ရေးနည်း (ရိုးရာရေးနည်း) ကတော့ စာလုံးပုံသဏ္ဍန်ကြည့်ပြီး စာလုံးဖြစ်ပေါ်လာပုံ ဖြစ်စဉ်တချို့ကို သိနိုင်တယ်၊ ဥပမာ တံခါးကို 門 လို့ရေးတယ်၊ ဟိုးတုန်းက တံခါးတွေက အဲလိုပုံစံမို့ပါ။ ပိတ်တာကို 關 ဖွင့်တာကို 開 ၊ တံခါးအလယ်က သော့ခလောက်ကိုဖွင့်လိုက်တဲ့ ပုံစံပါပဲ။ ဒါပေမဲ့ အတိုရေးနည်းနဲ့ ရေးလိုက်ရင် 關 က 关 ဖြစ်သွားပြီး 開 ကတော့ 开 ပဲဖြစ်သွားမယ်၊ မူရင်းစာလုံးဖြစ်ပေါ်လာစေတဲ့ တံခါး 門 မရှိတော့ဘူး။

အတိုရေးနည်းက ပိုမြန်အောင်ရေးနိုင်ပေမဲ့ စာလုံးဖြစ်ပေါ်လာတဲ့ အချက်အလက်တွေကို ဆက်မထိန်းထားနိုင်ဘူး။ ကျနော်ကတော့ အရှည်ကိုပဲသဘောကျသူပါ။

Nay Nay Naing said...

ကျွန်မ ကြားဖူးတာ အရှည်ရေးနည်း ရိုးရာရေးနည်း အကြောင်းဖြစ်မယ်.. ပုံကိုကြည့်ပြီး စာလုံးတွေ ဖြစ်ပေါ်လာတယ် ဆိုတာ.. စာအုပ်တစ်ခုခုမှာ ဖတ်ခဲ့ဖူးတာ ဖြစ်မယ်... the old way to write ဆိုတာလည်း ပြင်လိုက်မယ်.. သူတို့ ပြောတာနဲ့  ဒီတိုင်း မှတ်ထားလိုက်တာ.. ဘာလဲ လို့  မမေးမိလိုက်ဘူး.. နည်းနည်းလိုသွားတယ်.. အခုလို အသေးစိတ်ရှင်းပြတာ ကျေးဇူးတင်ပါတယ်။

ကျွန်မ လည်း တရုတ်စာတတ်မယ်ဆို ကိုတီဇက်အေလိုပဲ ရိုးရာ ရေးနည်းကို သာ အားပေးမယ်..ကြိုက်မယ် ထင်တယ်.. ပုံလေးတွေကြည့် စာလုံးအနက်ဖော်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်

Soe Moe said...

I'm LOL when i read server rack with a Wi-fi antenna.

Thanks for brightening my day...