Pages

July 08, 2008

Branded Perfumes Sales

နာမည်ကြီးတံဆိပ် ရေမွှေးတွေ Sales ရှိကြောင်း နေးတစ်ဖိုရမ်မှာ ToMMyGiRL သတင်းပေးထားတာကိုတွေ့ မိတယ်။ ဖိုရမ်မှာ သတင်းပေးထားတာက သောကြာနေ့ ကတည်းက ဖြစ်ပေမယ့် ကိုယ့်ဟာကို အလုပ်ရှုပ်နေတာနဲ့  ၀င်မဖတ်ဖြစ်တာကြောင့် တနင်္ဂနွေ မနက်မှ တွေ့ မိ၊ ဖတ်မိတယ်။ တနင်္ဂနွေက ပိတ်တယ် ဆိုတော့ သွားကြည့်ချင်တောင်မှ သွားလို့ မရတာနဲ့  ဘယ်သူမှ မပြောဖြစ်ခဲ့ဘူး။ တကယ်ဆို ကျွန်မကလည်း ရေမွှေးကို မသုံးဖြစ်သလောက်ပဲဆိုတော့ သိပ်စိတ်မ၀င်စားဘူးလေ။ ဒါပေမယ့် ဒီနေ့  နေ့ လယ် ရေမွှေး စိတ်ဝင်စားတဲ့ သူငယ်ချင်းတစ်ယောက်ကို ဒီသတင်းပေးလိုက်တဲ့အခါ သူငယ်ချင်းက နာမည်ကြီး တံဆိပ်တွေပဲ သူသွားကြည့်မယ် ပြောလာတာကြောင့် တခြား ရေမွှေးနှစ်သက်သူ၊ စိတ်ဝင်စားသူတွေ သွားလို့  ရအောင် သတင်းပေးလိုက်တာပါ။

တနင်္လာကနေ စနေ နေ့ အထိ မနက် ၁၀ နာရီက ညနေ ၆ နာရီ အထိ ဖွင့်တယ်လို့  သိရပါတယ်။ ဒီတော့ ပုံမှန် အလုပ်ချိန်တွေမှာ အလုပ်လုပ်သူတွေ အနေနဲ့  စိတ်ဝင်စားလို့  သွားကြည့်ချင်တယ် ဆိုရင်တောင်မှ စနေနေ့ မှ သွားလို့  ရတော့မယ် ထင်တယ်။ နေးတစ်မှာ တော်မီသတင်းပေးထားတာကတော့ ရက်အတိအကျ မသိပေမယ့် နောက် ၂ ပတ်လောက်အထိ ရောင်းအုံးမယ်လို့  သိရပါတယ်။ Lmited Stock Only ဆိုတော့ စိတ်ဝင်စားတယ်ဆို ဒီရက်ပိုင်း သွားကြည့်နိုင်ရင် အကောင်းဆုံးပေါ့။ ရက်အတိအကျ မသိလို့  ဖွင့်မဖွင့် သေချာချင်တယ်ဆိုရင် အဲ့ဒီမှာ ပေးထားတဲ့ ဖုန်းကို မသွားခင် တစ်ချက်ဆက်ပြီး confirm လုပ်လိုက်ကြစေချင်ပါတယ်။
Happy Shopping!!

Branded Persumes Warehouse Sales
Payment by Cash and Net Only
Open Monday to Saturday 11 AM - 6 PM
10 Ubi Cresent Lobby B #07-30 Ubi Tech Park S 1408564
Tel: 6749 2265/ 6742 9252

ပုံကြီးကြီး ကြည့်ချင်တယ်ဆို ပုံပေါ်မှာ click လုပ်ပြီး ကြည့်လို့ ရပါတယ်။

Credit to ToMMyGiRL from NativeMyanmar

6 comments:

ThuHninSee said...

212 နဲ့ Gio ကြားက ရေမွှေးပုလင်း ကိုင်းကိုင်းလေးကချစ်စရာလေးနော်။

Welcome said...

wesheme ကိုသွားလည်တုန်းက တွေ့ခဲ့ပါ တယ်။ ရင်းနှီးမှု မရှိသေးတော့ ၀င်မလည် ဖြစ်ခဲ့ပါဘူး၊ Mybloglog ကတစ်ဆင့် လာလည် တာဖြစ်ပါတယ်။ ရင်းနှီးခွင့်ရတဲ့အတွက် ၀မ်းသာတယ်။ ရပ်ဝေးမြေမှာ အဆင်ပြေပါစေ

ဝင်းဇော်

Ko Boyz said...

ရေမွေးလား...။ ခုထိ ဘယ်တံဆိပ် ကောင်းတယ်လို့ ကောင်းကောင်း မသိသေးဘူး...။ စီကေကို သုံးဖူးပေမယ့် သိပ်မကြိုက်ဘူးလားလို့...။ တစ်ခါသားမယ် ယိုးဒယာူက လာတဲ့ ဘလူးဟက်ဒ် ဆိုတာ စမ်းသုံးကြည့်တော့ အနံ့လေးကြိုက်ဖူးတယ်...။ ရှန်နယ် ဖိုက် ဆိုပြီး ပြောတာ တွေ့ဖူးပါရဲ့...။ ဂျူတီဖရီးတွေမှာလဲ ခရီးထွက်တိုင်း တွေ့ဖူးတယ်...။ ဘာတံဆိပ်ကောင်းမှန်း ကိုယ်နဲ့မလိုက်မှန်း မသိတော့ ၀ယ်မလာဖြစ်ဖူး...။ တန်တယ်လို့တော့ ပြောကြတာပဲ...။ ၂၀၀ ကျော်လောက်တော့ ပေးရတာများတယ်...။ လုပ်ပါဦး... ယောကျာ်းလေးသုံး ရေမွေးလေးများ အကြောင်း...။ :D

Nay Nay Naing said...

မမွန်ပြောတဲ့ ရေမွှေးက Kenzo Flower ထင်တယ်။ ပုလင်းရှည်ရှည်သွယ်သွယ်လေး နဲ့  ပန်းနီနီလေးကြောင့် မှတ်မိနေတာ။ မျက်စိထဲသာမှတ်မိနေတာ ဘယ်လိုအနံ့ မျိုးရှိလဲတော့ တခါမှ စမ်းမကြည့်ဖြစ်လို့  မသိဘူး.။ :D

ဝင်းဇော် >> လာသွားတဲ့အကြောင်း ကွန့် မန် ထားပေးခဲ့တဲ့အပြင် အဆင်ပြေပါစေလို့  ဆုတောင်းပေးခဲ့တဲ့အတွက် ကျေးဇူးပါပဲ။

Ko Boyz>> ရေမွှေးအကြောင်း သိပ်မသိဘူး။ ဒါပေမယ့် ခုတလော ယောက်ျားလေးအတွက် ထုတ်တဲ့ ရေမွှေးတွေထဲမှာ စိတ်ဝင်စားနေတဲ့ ရေမွှေးအနံ့ တွေ ရှိတယ်။ စင်္ကာပူဒေါ်လာ ၇၀-၁၂၀ ကြားဆို လောက်ဆို ရပါတယ်။ ပုလင်းသေးဝယ်လဲရတာပဲ။ တကယ်ဝယ်မယ်၊ စိတ်ဝင်စားတယ်ဆို ပြောလေ။ ဆိုင်လိုက်ပို့ ပေး၊ သိသလောက်လေး အကြံဥာဏ်ပေး လုပ်နိုင်ပါတယ်။ ဒါပေမယ့် ၀ယ်တော့ မပေးနိုင်ဘူး (ကြိုပြောထားတာ။ :D ) တော်မီက ရေမွှေးအကြောင်း ပိုသိတော့ သူ့ ကို အကူအညီတောင်းလည်း ရလောက်တယ်။

Soe Moe said...

N3 ကောင်းမှုကြောင့် ဒီနေ့ ၁၀၀ ကြော်ထွက်သွားတယ်။ နေသာထိုင်သာ ရှိသွားတယ်ဆိုပါတော့။ Tester ရေမွှေးတွေရော Original တွေရော အဆုံရှိတယ်။ အနဲဆုံး ၅၀% ဈေးလျှော့ထားတယ်။ ၁၄၀ တန် ကို ၇၀ နဲ့ရတယ်။ ၁၂၀ တန်ကို ၆၀။ အပေါဆုံး Adidas ၂၀ တန်ကို ၁၀ ပဲရှိတယ်။ ချမ်းသာသူများ အခန်းတွင်း အနံ့အသက် ကောင်းအောင်လို့ Adidas ရေမွှေးကို ၁၀ ပေးပြီးဝယ်သွားတယ်။ Anyway, ကျေးဇူးပါ N3

Nay Nay Naing said...

၁၀၀ ကျော်ကို မပြောပါနဲ့ .. . ငါလည်း တစ်ရက်တည်း ၂၀၀ နီးပါး ကုန်သွားပါတယ်. :D