Pages

June 11, 2008

Personality Test for Programmer

ဒီနေ့  အလုပ်မှာ သိပ်ပြဿနာ မတတ်ဘူး။ ဒီတစ်ပတ် တနင်္လာ နဲ့  အင်္ဂါ မှာ အရမ်း အလုပ်ရှုပ်တယ်။ အဲဒီနှစ်ရက်ကဆို အလုပ်ရောက်ကတည်းက ရှင်းလိုက်ရတဲ့ အီးမေးတွေ၊ ဖြေလိုက်ရတဲ့ ဖုန်းတွေ ညနေ ၆ နာရီ အထိ မရပ်မနားပါပဲ။ လက်ကို စက်တပ်သလို လုပ်နေရတယ်။ ဒီနေ့  အလုပ် နည်းနည်းရှုပ်ပေးမယ် Manage လုပ်နိုင်တဲ့ Level မှာရှိတယ်။ အချိန်ရတာနဲ့  နေ့ လည် ၂ နာရီကနေ ၄ နာရီ ခွဲ အထိ Knowledge Sharing Session တစ်ခုသွား သွားတတ် ဖြစ်လိုက်သေးတယ်။ ပြန်လာတော့ အီးမေးတချို့ ပြန်ပြီး လုပ်စရာ မရှိတော့လို့  အိမ်ပြန်မယ့် အချိန်စောင့်ရင်း နေးတစ်ဖိုရမ်မှာ KalvinAlexander အသစ် တင်ထားတဲ့ Personality Test for Programmer Topic က Test ကို ဖြေကြည့် ဖြစ်တယ်။ အချိန်လည်း ရတယ်၊ စိတ်ဝင်စားတယ် ဆိုရင် စမ်းကြည့်နိုင်အောင် ကယ်ဗင် တင်ပေးထားတဲ့ လင့်ကို ပြန်မျှလိုက် ပါတယ်။
အဖြေရွေးရာမှာ ဘာက ပိုကောင်းတယ်၊ ဘာကို ဖြေသင့်တယ် ဆိုပြီး မရွေးပဲ ကိုယ်လုပ်မယ့်ဟာကို သာရွေးဖြေသင့်တယ် ပြောထားတယ်။ ကျွန်မ ဖြေကြည့်လိုက်တော့ PLTC လို့  ထွက်လာတယ်။ တချို့ မေးခွန်းတချို့ အတွက် ပေးထားတဲ့ အဖြေနှစ်မျိုးမှာ တကယ်အပြင်မှာ ကျွန်မ လုပ်မယ့်ပုံစံ မပါတာတွေ ရှိတယ်။ နှစ်ခုထဲက တစ်ခု ရွေးရမယ်ဆို ဘာလုပ်မယ် တွေးပြီး ရွေးလိုက်တယ်။ နောက်ဆုံး ထွက်လာတဲ့ အဖြေမှာ ရတဲ့တဲ့ ပုံစံက အပြင်က ကျွန်မ ပုံစံနဲ့  တူမတူတော့ မပြောတတ်ဘူး။ ကျွန်မ အကြောင်း ကောင်းကောင်းသိသူ တချို့ ကတော့ ကျွန်မဟာ အဲဒီလိုပုံစံ ဟုတ်မဟုတ်ကို ပြောနိုင်မယ် ထင်တယ်။ ဘာပဲဖြစ်ဖြစ် ဦးနှောက်စားတဲ့ အမေးအဖြေတွေ မဟုတ်တော့ ဖြေကြည့်ရတာ သဘောကျပါတယ်။ မှန်တာ မှားတာ အသာထား ဖြေကြည့်ရတာ အပျင်းပြေတယ်။

What is PLTC?

Credit to KalvinAlexander

3 comments:

mmhan said...

I'm a DLSC :D

Nay Nay Naing said...

ဒါဆို *L*C တော့ တူတာပေါ့။ သူငယ်ချင်းတစ်ယောက်ကတော့ ဒီ Test မှာ Planning & TeamWork ကို Test လုပ်တာ သိပ် obvious မဖြစ်ဘူး ပြောတယ်။

mmhan said...

အင်း.. ဟုတ်တော့ဟုတ်တယ်.. လူတစ်ယောက်ရဲ့ character ကို ဒီလောက် မေးခွန်းနည်းနည်းလေးနဲ့ ဘယ်လိုလုပ် ခန့်မှန်းလို့ရမလဲ..