အရင်က Yahoo Messenger ကို အဓိကထားသုံးဖြစ်ခဲ့ပေမယ့် Gtalk Messenger ပေါ်လာပြီးနောက်ပိုင်းမှာ Gtalk ကိုပဲ အဓိက သုံးဖြစ်နေခဲ့တယ်။ Gtalk က ပေါ့ပေါ့ပါးပါးရှိတယ်၊ အသံကြည်တယ်၊ တခြား Fancy Features တွေ မပါဘူး။ သူ့ ရဲ့ Message Window က သေးသေးလေးဆိုတော့ အလုပ်မှာ သုံးရင်လည်း လူသိပ်မသိနိုင်တော့ သုံးရတာ အဆင်ပြေတယ်။ ကျွန်မနဲ့  ရင်းနှီးတဲ့ သူငယ်ချင်းတချို့ ကတော့ Yahoo နဲ့  MSN ကိုပဲ အဓိကထားသုံးနေကြတုန်းပဲ။ ဒီတော့ သူတို့ တွေကို ပြောစရာရှိတဲ့အခါတွေမှာဆို သူတို့ ရှိမယ့် Messenger တွေ ကို ၀င်ရတော့တယ်။ သူငယ်ချင်းတွေကို ဘာလို့  Gtalk မသုံးတာလဲလို့  မေးလိုက်တော့ Gtalk မှာ တခြား Messager တွေမှာလို့  စကားမပြောချင်တဲ့သူတွေကို မပြောပဲနေလို့  ရအောင် Hide (invisible) လုပ်တဲ့ Feature နဲ့  ကွန်ပြူတာနားမှာ မရှိဘူးဆိုတဲ့ Idle(Away) Status ပြောင်းထားလို့ ရတဲ့ Feature တွေ မပါဘူး။ ကိုယ်မပြောချင်လည်း လူမှု့ရေးတွေ၊ အားနာတာတွေ နဲ့ စကားပြန်ပြော နေရတာတွေ ရှိတယ်။ ဒါတွေကြောင့် မြန်မာပြည်ကလူတွေနဲ့ စကားပြောဖို့ ရှိမှသာ Gtalk ကို ၀င်တယ်တဲ့။ မဟုတ်ရင် ၀င်မထားဘူးတဲ့။
ဒါနဲ့  Gtalk နဲ့  ပတ်သက်ပြီး ကျွန်မ သိတာလေးတွေ သူငယ်ချင်းကို ပြောပြဖြစ်တယ်။ အခုအချိန်အထိတော့ Gtalk မှာ Idle Status ပြောင်းထားလို့ ရတာနဲ့  Invisible လုပ်ထားတဲ့ Features တွေ Default အနေနဲ့  မပါသေးပါဘူး။ ဒါပေမယ့် အဲ့လို လုပ်ချင်ရင် လုပ်လို့ ရတဲ့နည်းတွေရှိပါတယ်။ နည်းနည်းတော့ အလုပ်ပိုရှုပ်သွားတာပေါ့။
Idle (Away) လုပ်ဖို့ ကတော့ သိပ် မခက်ခဲပါဘူး။ အလွယ်ဆုံးနည်းကတော့ "
gAlwaysIdle" ဆိုတဲ့ Software တစ်ခုကို သွင်းထားလိုက်တာပါပဲ။ အဲ့ဒီ Software လေးကို သွင်းလိုက်ရင် အခုလက်ရှိ ကျွန်မတို့  သုံးနေတဲ့ Gtalk မှာပဲ Normal Idle , Always Idle နဲ့ Never Idle ဆိုပြီး Status လေးတွေရွေးဖို့  ပေါ်လာပါလိမ့်မယ်။ Task Bar ပေါ်က Gtalk Icon မှာ Right Click လုပ်ကြည့်လိုက်ရင်တွေ့ မှာပါ။ ကိုယ်အလိုရှိတဲ့ Status ကို ရွေးပြီး သုံးလို့ ရပါတယ်။

တစ်ခုရှိတာက Always Idle Status ကို ရွေးထားပေမယ့် တစ်ယောက်ယောက်နဲ့  စကားပြောနေတဲ့အချိန် (voice chat) ဆိုရင်တော့ ကိုယ့်ရဲ့ Status က Available အခြေအနေကိုပဲ ပြနေပါလိမ့်မယ်။
နောက်တစ်ခြား တစ်နည်းကတော့ Gtalk Messenger မသုံးပဲ Multi-protocol instant messaging Software တွေ ဖြစ်တဲ့ Pidgin (Gaim), iChat, Miranda, Psi and Trillian Pro စတာတွေကို Login ၀င်ပြီး ကိုယ်လိုချင်တဲ့ Status ကိုပြောင်းထားတာပါ။ ဒီနည်းကိုသုံးရင်တော့ Voice Chat လုပ်လို့ မရပါဘူး။ Gtalk Messenger ကို သုံးမှသာ Voice Chat Feature ကို သုံးလို့ ရနိုင်ပါတယ်။
Hide (Invisible) လုပ်ဖို့  အတွက်တော့ ကျွန်မသိသလောက်ဆိုရင် အခုအချိန်အထိ ရိုးရိုး Gtalk Messenger ကိုသုံးပြီး Login ၀င်ထားတဲ့ အခါတွေမှာဆို လုပ်လို့  မရပါဘူး။ တခြား Multi-protocol IM တွေသုံးပြီး လုပ်ရင်တော့ ရပါတယ်။ အင်တာနက်ပေါ်မှာ ရှာတွေ့ တဲ့ နည်း တစ်ခုကတော့ PSI ကို သုံးပြီး လုပ်တာပါ။ ကျွန်မကတော့ အဲ့ဒီနည်းကို တစ်ခါမှ စမ်းမကြည့်ဖူးဘူး။ အဲ့လောက် အလုပ်ရှုပ်မခံချင်တာလည်း ပါတယ်လေ။ ဒါပေမယ့် စိတ်ဝင်စားသူတွေ စမ်းကြည့်ချင်တယ်ဆို ဒီအောက်က Video နဲ့  Instruction တွေကို ကြည့်ပြီး လိုက်လုပ်ကြည့်လို့  ရပါတယ်။
Mutiple ID Login လုပ်တာက အတော်လေးလွယ် ပါတယ်။ အတော်များများလည်း သိကြမယ်ထင်ပါတယ်။ ကွန်ပြူတာ တစ်ခုတည်းကနေ ရိုးရိုး Gtalk Messenger ကိုသုံးပြီးပဲ User အများကြီးဝင်လို့ ရအောင် ဆိုရင်
- ပထမဆုံး Gtalk Shortcut ကို Desktop ပေါ်မှာ ထားရပါမယ်။
- အဲ့ဒီ Gtalk Shortcut Icon ပေါ်မှာ Right Click လုပ်ပြီး Properties ကိုရွေးပြီးရင် Shotcut Tap က Target မှာ ပြနေတဲ့ GoogleTalk exe ရှိနေတဲ့ line ရဲ့နောက်မှာ /nomutex ဆိုတာလေးကို ထည့်လိုက်ပြီး Save လုပ်လိုက်ရင် ရသွားပြီ။

Gtalk ကို တခြား ID တစ်ခုနဲ့  ၀င်ချင်တိုင်း Desktop ပေါ်မှာရှိနေတဲ့ Gtalk Shortcut ကို click လုပ်လိုက်။ နောက် Gtalk Window တစ်ခုပေါ်လာမယ်။ ဒါဆို ကွန်ပြူတာတစ်ခုတည်းကိုသုံးပြီး အလကားရတိုင်း ဖွင့်ထားသမျှ Gtalk Account အကုန်လုံးနဲ့  တစ်ပြိုင်နက် Login ၀င်လို့ ရသွားတယ်။