Pages

August 29, 2007

Busy Days



ခုရက်ပိုင်း အလုပ်တွေ ရှုပ်နေတယ်။

အလုပ်မှာလည်း ရှုပ်နေသလို၊ ကျန်တဲ့အချိန်ကြတော့လည်း အသက်ရှင်ဖို့  မရှိမဖြစ် လိုအပ်တဲ့ နေထိုင်၊ စားသောက်ခြင်း ဆိုင်ရာ ကိစ္စတွေနဲ့  ကိုယ်ဟာကိုယ် ရှုပ်ရှက်ခက်နေတယ် ဆိုရမယ်။ အလုပ်မှာ နည်းနည်း အားတဲ့ အချိန်တွေကြတော့ အင်တာနက်ပေါ်က မြန်မာပြည်အကြောင်း သတင်းတွေကို လိုက်ရှာ ဖတ်နေရတာနဲ့  တခြားဟာတွေ လုပ်ဖို့  အချိန် မရှိတော့ ပါဘူး။ အလုပ်တွေ အားလုံးပြီးလို့  အိမ်ကို ပြန်ရောက်ချိန်ကြတော့ တနေကုန် စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်လာလို့ ထင်ပါတယ်၊ တခြား ကိစ္စတွေကို လုပ်ဖို့  စိတ်မပါတော့ဘူး။ ဒီရက်ပိုင်း အရင် ပုံမှန်လုပ်နေကြ အလုပ်တွေထဲက လုပ်ဖြစ်နေတာဆိုလို့... အလုပ်လုပ်ရင်း သီချင်းနားထောင်၊ လမ်းသွားရင်း စာအုပ်တချို့ ဖတ်တာလောက်ပဲ ရှိတော့တယ်။

အလုပ်ရှုပ်၊ လူပင်ပန်း၊ စိတ်ပင်ပန်း ဖြစ်နေရတဲ့ နေ့ တွေ ပါပဲ။

3 comments:

Soe Moe said...

ဖတ်ရင်းဖတ်ရင်းနဲ့ နင့်ကိုငါ သနားလာပြီဟာ
Hope you'll not be busy in the coming days

TKLinn said...

အလုပ်တွေများနေသလား ညီမ ။ မတွေ့တာတောင်ကြာပေါ့

Nay Nay Naing said...

စိုးမိုး >> ကျေးဇူးပဲ..

မထက် >> ဟုတ်တယ်။ August တစ်လလုံး အလုပ်အရမ်း ရှုပ်နေတာ။ ခုတော့ ရှင်းသလောက်ရှိသွားပါပြီ။ နောက် အားလုံး အားတဲ့ တစ်ရက်ရက်မှာ တွေ့ ကြရအောင်လား။