Pages

May 18, 2007

ဖျက်သိမ်းရမည့် လူမှု့ ရေး အသင်းများ

ဟိုနေ့ က သူငယ်ချင်းတစ်ယောက်က လူမှု့ ရေးအသင်းတွေ ဖျက်ရမယ်ဆိုတာကို ကြားတယ်လို့  သတင်းပေးကတည်းက ဘယ်အဖွဲ့ တွေ အဖျက်ခံရမလဲ စိတ်ဝင်စားနေခဲ့တာ၊ ခုတော့ ဖျက်ခံရတဲ့ အဖွဲ့ တွေစာရင်းကို မိုးမခမှာတွေ့ လို ထပ်ဆင့် ဖေါ်ပြလိုက်ပါတယ်။

ဘာလို့  ဟို ကြံ့ဖွတ် အသင်းကိုကြတော့ မဖျက်တာပါလိမ့်။ ဖျက်မယ့်ဖျက် အဲ့ဒီ အသင်းကို အရင် ဖျက်ရမှာ။ ပြည်သူ့ ဆန္ဒခံပြီး ဖျက်မယ်ဆို အဲ့ဒီအသင်းက အရင် အဖျက်ခံရမယ် ဆိုတာ သေချာပါတယ်။

အဖျက်ခံရမယ့် စာရင်းမှာ နာရေးကူညီမှု့ အသင်းက ထိပ်ဆုံးက ပါမယ်ထင်တဲ့အတိုင်း ပါလာတာပါပဲ။ နာရေးကူညီမှု့  အသင်းကို မနာလိုဖြစ်နေပြီး လိုက်ကန့် သတ်နေတာတော့ အတော်ကြာပြီဆိုတာ သတင်းတွေအရတော့ သိနေခဲ့ရတယ်။ တခြားအဖွဲ့ တွေကို ဘာလို့ ဖျက်ခိုင်းတာလဲ မသိဘူး။ ဘာသာရေးအသင်းတွေတောင် ပါလိုက်သေးတယ်။ အင်း .. ကျွန်မတို့  မြန်မာပြည်မှာ အများအကျိုး၊ သာသနာ့အကျိုး ဆောင်ရွက်တာတောင် လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် မရှိပါလားနော်..

ပြည်ထဲရေးဝန်ကြီးဌာနကဖျက်သိမ်းကြောင်းကျေညာခဲ့သည့် အသင်းအဖွဲ့ များ

၁၊ သာရေးနာရေးအသင်း
၂၊ နာရေးကူညီမှု့ အသင်း
၃၊ တိုးတက်ရေးစာဖတ်သင်း (၁၉၅၄ စတင်တည်ထောင်)
၎၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း
၅၊ မြန်မာနိုင်ငံ ဗိသုကာများအသင်း
၆၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း
၇၊ ကချင်တိုင်းရင်းသား ရိုးရာနှင့် စာပေယဉ်ကျေးမှု့ အသင်း
၈၊ မင်းကွန်းပဋိပတ္တိ သာသနိနဂ္ဂ အသင်း
၉၊ တရုတ်ကုန်သည်များအသင်း
၁၀၊ အိန္ဒိယ- မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအသင်း
၁၁၊ ဂုရုနာနတ် အခမဲ့ဆေးပေးရုံနှင့် မျက်စိကုဌာန
၁၂၊ မြန်မာပြည် တရုတ်အမျိုးသား ချင်းအမျိုးအနွယ် အွဲကင်းစာအသင်း
၁၃၊ ဘော်လီဘောမိသားစု သာရေးနာရေးအသင်း
၁၄၊ SPA Scholarship Foundation
၁၅၊ ဗလငါးတန် အားမာန် လူငယ်ဖြွုံဖိုးရေးအသင်း
၁၆၊ မြန်မာ-ဂျပန် ဗုဒ္ဓဘာသာအသင်း
၁၇၊ လူဝင်မှု့ ကြီးကြပ်ရေးနှင့် ပြည်သူ့ ဝန်ထမ်းဟောင်းများအသင်း
၁၈၊ မြန်မာနိုင်ငံ ယာဉ်နှင့် စက်ကိရိယာပစ္စည်းလုပ်ငန်း
၁၉၊ ကျူလီ မွတ်ဆလင်သာသနာ ပြန်ပွားရေးအသင်း
၂၀၊ အရိဆမာဂ်ျ ကုသိုလ်ဖြစ် ဆေးရုံ
၂၁၊ မြန်မာနိုင်ငံလုံးဆိုင်ရာ က္ကုန္ဒရာဟိန္ဒူ အဖွဲ့ ချုပ်
၂၂၊ ပဲနွယ်ကုန်းအသင်း
၂၃၊ ခြောက်ထပ်ကြီး ရွှေသာလောင်း မဟာဗုဒ္ဓဝေယျာဝစ္စအသင်း
၂၄၊ မြန်မာပြည် တရုတ်တိုင်းရင်းဆေး သမားတော်များအဖွဲ့ 

(အမိန့် ကြော်ငြာစာတွင် “ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီများမှ ဆက်လက်ဖွဲ့ စည်းရန် မထောက်ခံသဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်ရန် တိုင်းအုပ်ချုပ်ရေးမှူး (ထွေ / အုပ်) များသို့  ပြည်ထဲရေး ၀န်ကြီးဌာနမှ စာအမှတ် ၂၀၀။၆၈-၁။ ဦး ၁ ဖြင့် ထုတ်ပြန်လိုက်သည် “ လို ပါရှိသည် )

Source : MoeMaKa





















Credit to : bleakm

6 comments:

Anonymous said...

တော်တော်ကြီးကို အဓိပ္ပာယ် မရှိတဲ့ လုပ်ရပ်ပဲ..

Nay Nay Naing said...

ခုတောင် ရဲတပ်ဖွဲတွေ့ နဲ့ တခြားအစိုးရဌာနတွေမှာ နာရေးကူညီမှု့ အသင်းတွေ ဖွဲ့ ခိုင်းနေတယ်လို့  DVB မှာရေးထားတာ ဖတ်လိုက်ရသေးတယ်။ http://burmese.dvb.no/news.php?id=765

MELODYMAUNG said...

စိတ်မကောင်းရုံကလွဲရင် ဘာ ဘာ ဘာမှ မတတ်နိုင် လက်မှိုင်ချ ငိုင်တွေရုံမှတပါး အခြားမရှိ စိတ်သွားတိုင်းကိုယ်ပါရင် ဒင်းတို့တွေ စိစိညက်ညက်ကြေပါစေ

စိုးဇေယျထွန်း said...

မဟုတ်ဘူး အဲဒါမှားနေကြတာဗျ။ သူက စာရွက်စာတန်းမစုံတဲ့ အသင်းတွေကို နှစ်တိုင်အဲဒီလို ထုတ်ပြန်တယ်။ ဒါပေမယ့် လူသိပ်မသိဘူး။ ဒီနှစ်သိသွားကြတယ်ဆိုတာက သတင်းထောက်တွေလက်ထဲကို မိတ္တူတွေရောက်သွားရာက ပွသွား

Anonymous said...

ကိုစိုးဇေယျ ပြောတာဆို 'ီအသ်ငးကြီးတွေက စာရွက်စာတမ်းမစုံဘူးပေါ့။ စာရါက်စုံအောင် မလုပ်နိုင်ကြဘူးပေါ့။ စာရါက်ထဲမှာ တိုင်းထောက်ခံချက်လိုတာကို ပြောချင်တာလာ်းဗျ။ ဘာက မှားနေတာလဲ နဲနဲပြောပြပါလား။

Thiha Kyaw Zaw said...

အထက်ပါ ထုတ်ပြန်ချက်မှာတော့ အဆိုပါအသင်း ၂၄ သင်းဟာ တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေး ကောင်စီမှ ဆက်လက်ဖွဲ့ စည်းရန် ထောက်ခံခြင်းမရှိပါသဖြင့် ဖွဲ့ စည်းခွင့်မပြုဟု ပါရှိပါသည်။ ဒီတော့က အဆိုပါအသင်းများသည် စာရွက်စာတမ်း မစုံလင်ဘူးဆိုတာထက် တိုင်းအေးချမ်းသာယာရေးနဲ့  ဖွံ့ ဖြိုးရေး ကောင်စီ ခွင့်ပြုချက် မရသဖြင့် ဖွဲ့ စည်းခွင့် မပြုဆိုသည်မှာ အလွန်တရာ ထင်ရှားပါသည်။ ဒီတော့ ကို Soe Zeya က အဆိုပါ အသင်းတွေဟာ စာရွက်စာတမ်းမစုံလင်ဘူး နှစ်တိုင်း ဒီလိုထုတ်ပြန်ပြီးပိတ်လေ့ရှိတယ်လို့  ဆိုထားသဖြင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေး ကောင်စီက ခွင့်ပြုချက်မရလို့  စာရွက်စာတမ်း မစုံလင်တဲ့ အသင်းတွေကို ခုလို ဖွဲ့ စည်းခွင့် ရုပ်သိမ်းတာဟာ မှန်တယ်လို ခင်ဗျားက ဆိုလိုချင်ပါသလား။

"ဒီနှစ်သိသွားကြတယ်ဆိုတာက သတင်းထောက်တွေလက်ထဲကို မိတ္တူတွေရောက်သွားရာက ပွသွား" ဟု့ လည်း ခင်ဗျားက ဆိုထားသဖြင့် သတင်းထောက်တွေ ဒီကိစ္စကို အခုလို သတင်းဖြန့် ချီတာ မှားတယ်လို့ ကော ခင်ဗျားက ဆိုလို ပါသလား။ အစိုးရ ဌာန တစ်ခု အနေနဲ့  ဘယ်လို စည်းမျဉ်းစည်းကမ်းတွေနဲ့  အဖွဲ့ အစည်းတစ်ခုကို ဖျက်သိမ်းတယ်၊ ဖွဲ့ စည်းခွင့်ပြုတယ်ဆိုတာကို အများပြည်သူ သိရှိအောင် ပွင့်ပွင့်လင်းလင်း တိတိကျကျ သတင်းထုတ်ပြန်ဖို့ တာဝန်ရှိပါတယ်။ ဒါဟာ စစ်ရေးလွှတ်ဝှက်ချက် မဟုတ်ပါ။ ခင်ဗျားရဲ့ အရေးအသားက ဒီလို နှစ်စဉ်နှစ်တိုင်း ခိုးကြောင်ခိုးဝှက်နဲ့ ထုတ်ပြန်တဲ့ အစိုးရ ကျေညာချက်တွေကို ထောက်ခံပြီး ၊ ဒါကို သတင်းရအောင် လိုက်ပြီး ရေးသားတဲ့ သတင်းထောက်တွေရဲ့ လုပ်ရပ်က မှားတယ်ဟု အဓိပ္ပါယ်ပေါက်နေပါသည်။