Pages

May 28, 2007

မင်းကိုနိုင် နှင့် ပြည်သူတို့  တိုင်တည်ခဲ့သော သစ္စာအဓိဌာန်စကား (၂၇-၀၅-၂၀၀၇)

၁၉၉၀ ပြည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်ပွဲခံသည့် (၁၇) နှစ်ပြည့်နှစ်ပတ်လည်နေ့ (၂၇-၀၅-၂၀၀၇) တွင် အန်အယ်လ်ဒီရုံး ရှေ့ တွင် ကိုမင်းကိုနိုင်က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လိုက်ပါလာသော ပြည်သူလူထုနှင့်အတူ သစ္စာအဓိဌာန်ပြု၍ ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ ...

မင်းကိုနိုင် ပြောကြားခဲ့သော မိန့် ခွန်း အပြည့်အစုံ (၂၇-၀၅-၂၀၀၇) ( 7 Minutes)

ခေတ်ပြိုင်မှာ ဖေါ်ပြထားတဲ့ Mp3 မိန့် ခွန်းမှာ အပြည့်အစုံမပါတဲ့ အတွက် DVB သတင်းမှနေပြီး ကိုမင်းကိုနိုင်ရဲ့ မိန့် ခွန်း အပြည့်အစုံကို ရယူထားပါတယ်။ ၇ မိနစ်ကျော်ကြာတဲ့ ဒီ MP3 File ကို နားထောင်ကြည့်ကြပါ။ အဲ့ဒီနေ့ က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ သတင်းအစုံကို အောက်မှ ပေးထားတဲ့ လင့်တွေမှာ ဖတ်ကြည့်လို့ ရပါတယ်။

ကျွန်မ DVB မှာရေးထားတဲ့ ကိုမင်းကိုနိုင်ရဲ့ ပြောဆိုချက်တွေကို ဖတ်ကြည့်တဲ့ အခါ၊ လွဲနေတာတွေ တွေ့ ရလို့  audio ကို အသေအချာ ပြန်နားထောင်ပြီး ပြန်ရေးလိုက်ပါတယ်။ ကိုမင်းကိုနိုင် အားမာန်အပြည့်နဲ့  ပြောကြားခဲ့တဲ့ စကားသံတွေနဲ့  ပြည်သူတို့ နဲ့ တူဆုတောင်း သစ္စာအဓိဌာန်ပြုသံတွေကို နားထောင်ရင်း ဖတ်ကြည့်ကြပါ။
* * * * * * * * * ** * * * ** * * * ** * * * ** * * * ** * * * ** * * * ** * * * *
အားလုံး ကြွရောက်လာကြတဲ့ ဒီမိုကရေစီ မြတ်နိုးတဲ့ ကျွန်တော်တို့ ရဲ့ ပြည်သူအပေါင်းတို့  ......

ဒီနေ့ ဟာဆိုရင် ကျွန်တော်တို့ ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျ ခံထားရတာ ၄ နှစ်ပြည့်မြောက်တဲ့ နေ့ ဖြစ်ပါတယ်။ အဲ့ဒီ အကျဉ်းကျ ခံထား ရမှု့ ဟာ တရားသလား၊ မတရားဘူးလား ဆိုတာ အားလုံးပြည်သူတွေ သိပါတယ်။

" မတရားပါဘူး။ မတရားပါဘူး။ မတရားဘူးဟေ့။ "

ကောင်းပြီ........ ကျွန်တော်တို့ တတွေ ဒီနေရာမှာ လက်နက်မပါပဲ ငြိမ်းချမ်းစွာလာပြီး စုဝေးနေကြတယ်ဆိုတာ အမှန်တရားအတွက် မတရားရင် ခေါင်းငုံမခံဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ဟုတ်တယ် မဟုတ်လား။

" ဟုတ်ပါတယ် "

ကျွန်တော်တို့ အားလုံး ဘ၀များစွာ စတေးခဲ့ပြီးပြီ၊ လမ်းတွေပေါ်မှာ အသက်ပါ ပေးခဲ့ပြီးပြီ။ ကျွန်တော်တို့ ကို ဘယ်ခြိမ်းခြောက်မှုမျိုးနဲ့ မှ ခြိမ်းခြောက်လို့  ကြောက်မဲ့လူလား။

" မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ မဟုတ်ပါဘူး။"

အဲ့ဒါကို သက်ဆိုင်ရာ အာဏာပိုင်တွေ သဘောပေါက်ပါ။ ပြည်သူလူထု အရေခြုံထားတဲ့ လူလိမ်လူညာတွေ နားလည်ပါ။ ကမ္ဘာနိုင်ငံက ကမ္ဘာပြည်သူတွေအားလုံး အသိအမှတ်ပြုဖို့  ကျွန်တော်တို့  သတ္တိရှိတယ်ဆိုတာကို ပြမယ် မဟုတ်လား။

" ပြမယ်။ ပြမယ်။ ပြမယ်။ "

သတ္တိ ရှိတယ်ဆိုတာဟာ....... ကျွန်တော်တို့  သတ္တိရှိတယ်ဆိုတာကို ပြဖို့ ဆိုရင် ဒီကနေ့  ကျွန်တော်တို့  ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းမှုကို ဘယ်သူတွေ ခွင့်ပြုပြု၊ မပြုပြု ဟောဒီနေရာကနေပြီးတော့ ရွှေတိဂုံဘုရားကို ဦးတည်ပြီးတော့ ၀တ်ပြုဆုတောင်းပွဲလုပ်မယ်....သဘောတူလား။

" ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။ "
အဲ့ ဒီလို ၀တ်ပြုဆုတောင်းပွဲလုပ်ခြင်းအပေါ်မှာ မည်သို့ သော အာဏာပိုင် အဖွဲ့ အစည်းကဖြစ်စေ၊ မည်သည့် အရေခြုံအဖွဲ့ အစည်းကဖြစ်စေ ကျွန်တော်တို့ အပေါ်မှာ ကြိုက်သလို ခြိမ်းခြောက်နိုင်တယ်။ ကြိုက်တဲ့ အရေးယူမှုမျိုးကို လုပ်နိုင်တယ်။ ကျွန်တော်တို့  တည်တည်ကြည်ကြည် သတ္တိရှိရှိ ရင်ဆိုင်ရဲတယ် မဟုတ်လား။

"ရင်ဆိုင်ရဲတယ်။ ရင်ဆိုင်ရဲတယ်။ ရင်ဆိုင်ရဲတယ်။ "

ကျွန်တော်တို့ ဟာ ငြိမ်းချမ်းတဲ့ နည်းနဲ့ ၊ အကြမ်းမဖက်တဲ့ နည်းနဲ့  တလျှောက်လုံး ကျင့်သုံး ခဲ့တာ အားလုံးအသိပါ။ ဒီကနေ့ ပဲ စည်ကမ်းရှိရှိနဲ့  ကျွန်တော်တို့ လုပ်ချင်တဲ့ အလုပ်၊ တရားမျှတတဲ့ အလုပ်အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဟောဒီ ရွှေတိဂုံလမ်းက မြေပေါ်မှာ သစ္စာပြုပြီး သက်သေတည်ခဲ့မယ်။ သဘောတူလား။

" တူပါတယ်။ တူပါတယ်။ "

လေးစားအပ်တဲ့ ပြည်သူလူထုကြီး ခင်ဗျာ၊ ကျွန်တော်တို့ ရဲ့ ခေါင်းဆောင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေဟာ မတရားဖမ်းဆီးခံနေရတယ်ဆိုတာ အားလုံး သဘောတူပြီး ဖြစ်တဲ့ အတွက် သူတို့ ရဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့  ဂုဏ်ယူနေကြောင်း ကျွန်တော်တို့  သူတို့ နဲ့ တသားတည်း ရှိကြောင်း၊ သူတို့ ရဲ့ ရဲစွမ်းသတ္တိနဲ့  အနစ်နာခံမှု၊ စွန့် လွှတ်မှု တွေကို လေးစားဂုဏ်ပြုကြောင်း ပြောချင်တယ်မို့ လား။

" ပြောချင်ပါတယ်။ ပြောချင်ပါတယ်။ "

မင်းကိုနိုင် နှင့် ပြည်သူတို့  တိုင်တည်ခဲ့သော သစ္စာအဓိဌာန်စကား

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ
နိုင်ငံရေး အကျဉ်းသားအားလုံး
ကြားပါစေသား
သိပါစေသား
အများအတွက်
တိုင်းပြည်အတွက်
ကိုယ်ကျိုးစွန့် ၍
အနစ်နာခံ၍
နိုင်ငံရေးလုပ်ရင်း
မိမိယုံကြည်ချက်အတွက်
အကျဉ်းထောင်များ၌
နေအိမ်များ၌
မတရား ဖမ်းဆီးခံနေရသော
သူရဲကောင်းအပေါင်းအား
ငါတို့  ပြည်သူလူထုကြီးက
ဦးညွှတ်လိုက်ပါတယ်
ဂုဏ်ပြုလိုက်ပါတယ်
သင်တို့ ရဲ့ စွန့် လွှတ်မှု့ များကို
ငါတို့ အတုယူရင်း
သင်တို့ ရဲ့ လုပ်ဆောင်မှုများအတိုင်း
ငါတို့ လည်း ပေးဆပ်ဖို့ 
အဆင်သင့်ရှိနေပါပြီ
မြင့်မြတ်တဲ့
တော်လှန်ရေးရဲဘော်အပေါင်းတို့ 
တို့ တိုင်း တို့ ပြည်
ဒီမိုကရေစီရှိမှ
လူ့ အခွင့်အရေးရမှ
ကမ္ဘာအလယ်မှာ
ဂုဏ်သိက္ခာမြင့်မားသော
လူမျိုးနဲ့ တိုင်းပြည်အဖြစ်
ရပ်တည်နိုင်မှာမို့ 
ဒီမိုကရေစီရသည်အထိ
ငါတို့ အားလုံး
မဆုတ်မနစ်
ဇွဲမလျှော့ပဲ
သတ္တိမွေး၍
သင်တို့ ထုံးကို နှလုံးမူကာ
ဆက်လက်၍
အရေးတော်ပုံကြီးကို
ဆင်နွှဲသွားမည်ဖြစ်ကြောင်း
ငါတို့ ပြည်သူလူထုကြီးက
အကျဉ်းကျခံ ရဲဘော်အပေါင်းအား
ဤ ရွှေတိဂုံခြေတော်ရင်းမှာ
အခိုင်အမာ
သစ္စာဆိုပါတယ်။ ။
* * * * * * * * * ** * * * ** * * * ** * * * ** * * * ** * * * ** * * * ** * * * *


Source :
ခေတ်ပြိုင်သတင်း (27-05-2007)
ဟန့် တားခံရသည့် (၈၈) ကျောင်းသားများ၏ ဒေါ်စုလွတ်မြောက်ရေး ၀တ်ပြုပွဲ (၂)
ဟန့် တားခံရသည့် (၈၈) ကျောင်းသားများ၏ ဒေါ်စုလွတ်မြောက်ရေး ၀တ်ပြုပွဲ (၁)
ဒေါ်စု လွတ်မြောက်ရေး ဆုတောင်းသူများ နှောင့်ယှက်ဟန့်တားခံရ (ဧရာဝတီ)
အနှောင့်အယှက်များကြားမှ ရွေးကောက်ပွဲ ၁၇ နှစ်ပြည့် အခမ်းအနား (ဟစ်တိုင်)

3 comments:

(တေးမွန်) said...

အမနေ..ရေ..
ဒီလို သတင်းမျိုးမျှဝေပေးတဲ့ အတွက်.ကျေးဇူးတင်ပါတယ်။
ကျွန်တော် Blog မှာကဗျာကိုဖော်ပြပြီး.. အမနေရဲ့  blog ကိုညွန်းထားပါတယ်။

နိုင်းနိုင်းစနေ said...

အခန်းထဲမှာ မိုက်ခ်ကို အဆုံးစွန့်ထိ မြင့်ပြီး
ဖွင့်ပစ်လိုက်တယ်။ ကြက်သီးတွေ တဖြန်းဖြန်း ထသွားတဲ့အထိပဲ...
ဒါပဲ လုပ်နိုင်ခဲ့တယ်း(
ကျေးဇူးနေနေ...

Unknown said...

Thanks for the info.