Pages

October 04, 2007

Outsourcing! We are just a continent away

ဒီနေ့ တော့ movie chip လေးတစ်ခုကြည့်ပြီး ရယ်ဖြစ်သွားတယ်။ ရယ်လိုက်တော့ စိတ်တင်းကျပ်မှုတွေ နည်းနည်းတော့ လျော့သွားတာပေါ့။US မှာနေထိုင်သူတစ်ယောက်ကို "We are just a continent away" လို့ နောက်ဆုံးမှာ ပြောပြီး ကူညီဖို့  ဖုန်းဖြေကြားနေတဲ့ Operator က India ကပါ။ အသေအချာ နားထောင်ကြည့်မယ်ဆို အဲ့ဒီ Operator က တစ်ချိန်ထဲမှာ service အများအပြားကို ကူညီဖြေကြား ပေးတာတာဖြစ်ကြောင်းသိရတယ်။ Service တွေကတော့ အစုံပါပဲ။

ဒါလေးကြည့်ရင်း ရှိသမျှ US က Services တွေ အကုန်လုံးရဲ့ HelpDesk, Information Service မှန်သမျှကို India ကိုပဲ Outsourcing ပေးထားသလားထင်နေရအောင် တစ်ခုခုသိချင်လို့ ပဲဖြစ်ဖြစ်၊ အကူအညီလိုလို့ ပဲဖြစ်ဖြစ်၊ Customer Service ဖုန်းနံပါတ်တွေ ခေါ်လိုက်ရင် Indian တွေနဲ့ ပဲ တိုးနေရတယ် ဆိုတဲ့ သူငယ်ချင်းတွေ ငြီးကြတဲ့ စကားကို သတိရမိတယ်။။ တစ်ခါလည်း သူငယ်ချင်းတစ်ယောက်က သူအိမ်ပြောင်းလို့  အင်တာနက် service လျှောက်တာ ပြဿနာတတ်နေလို့  Live chat လုပ်ပြီး မေးစရာရှိတာတွေ မေးရင်း တဘက်ကလူကို ဘယ်ကနေ ချက်နေတာပါလဲ မေးလိုက်တော့ India ကပါလို့  ပြန်ဖြေတာကြုံဖူးတဲ့အကြောင်း ပြောဖူးတယ်။

ခုနောက်ပိုင်းဆို နိုင်ငံကြီးတွေမှာ လူကိုယ်တိုင်ကိုယ်ကျ သွားရောက်လုပ်ကိုင်ဖို့ လိုတဲ့ ကိစ္စမျိုးတွေမဟုတ်ရင် ဈေးသက်သာတဲ့ နိုင်ငံတွေကို Outsourcing ပေးနေကြတာများပါတယ်။ အထူးသဖြင့် Helpdesk လို အလုပ်မျိုးဆို အင်္ဂလိပ်လို အပြော၊အရေး မဆိုးဘူးဆိုရမယ့် အိန္ဒိယလို ဖိလစ်ပိုင်လို နိုင်ငံမျိုးတွေကို Outsourcing ပေးတာများပါတယ်။ အဓိကတော့ အိန္ဒိယဖြစ်တယ်ဆိုတာ အားလုံးသိနေပြီးသားပါ။

Credit to THKZ
Other Links:
ADG Security: We're Just a Continent Away!(YouTube)

October 02, 2007

Free Burma

Take action on Burma with your blog and join the International Bloggers' Day for Burma on the 4th of October.
International bloggers are preparing an action to support the peaceful revolution in Burma. We want to set a sign for freedom and show our sympathy for these people who are fighting their cruel regime without weapons. These Bloggers are planning to refrain from posting to their blogs on October 4 and just put up one Banner then, underlined with the words "Free Burma!"Use the tag “Free Burma” with:
For Bloggers:One blogpost for Burma
For website owners:One text for Burma
For commenters: One Keystroke for Burma

ကိုယ့်ရဲ့ Blog ,Bulletin Board, Forum, Blog, Social Network, Static Website… တွေမှာ Free Burma ဆိုတဲ့ Title , Tags တွေတပ်လို အောက်တိုဘာ ၄ ရက်နေ့ မှာ ပိုစ့်တွေတင်ကြပါ။ အဲ့ဒီပိုစ့်တွေမှာ “Free Burma” ဆိုတဲ့ စာလုံးပါတဲ့ပုံကို ကိုယ်တိုင် စိတ်ကြိုက်ဖန်တီးပြီး အသုံးပြုနိုင်သလို၊ ဒီနေရာတွေကနေပြီး [
Flickr Group, Flickr Photo Tags - FreeBurma] တခြားသူတွေ ရေးဆွဲ၊ မျှဝေထားတဲ့ ပုံတွေထဲက ကိုယ်နှစ်သက်ရာပုံကို အဆင်သင့် ယူသုံးလို့ လဲရပါတယ်။

Digg မှာပါလာတဲ့ သတင်းနဲ့  ညီမငယ် Mayvelous ရဲ့ Take part in this action for a Free Burma တွေက တဆင့် သိလိုက်ရတာပါ။ ကျွန်မတို့  အားလုံး ကိုယ်တတ်နိုင်တဲ့ တစ်ထောင့်နေရာကနေ ပါဝင် ဆင်နွှဲလိုက်ကြရအောင်..

Others Related Links:
About Free Burma
Free Burma! 04th October 2007!" - beautifultobehold
Support Burma International Bloggers Day at 4th Oct - Digg

Security : Dalai Lama Message is Malicious Virus

မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေသူတွေအတွက် တိဘက် ဒလိုင်းလာမားရဲ့ message ဆိုပြီး ဖြန့် ဝေလာတဲ့ အီးမေးတစ်ခု မှာ virus ပါဝင်နေတဲ့ အကြောင်း သတင်းတစ်ခု ဖတ်ရပါတယ်။ အခုအချိန်မှာ မြန်မာ့အရေးကို အားလုံးက စိတ်ဝင်စားနေကြချိန်၊ မြန်မာနိုင်ငံအတွင်းက အင်တာနက်စတဲ့ ဆက်သွယ်ရေးတွေ အားလုံးကို ဖြတ်တောက် ခံထားရတော့ ဘယ်နေရက သတင်းတွေများ ရမလည်းဆိုပြီး မျှော်နေရတဲ့ အခ်ျိန် ဆိုတော့ အဲ့ဒီလို ခေါင်းစဉ်၊ အကြောင်းအရာ နဲ့  အီးမေးမျိုးရရင် ရရှိသူတွေဟာ ဖွင့်ကြည့်ဖို့  ၀င်လေးကြမယ် မထင်ဘူး။ အခု ပြောတဲ့ အီးမေးမှာ hhdl burma_001.doc ဆိုတဲ့ Attachment file တစ်ခု ပါဝင်နေပြီး၊ အဲ့ဒီ file ကို download လုပ် ဖွင့်ကြည့်လိုက်တာနဲ့  ကိုယ့်ရဲ့ ကွန်ပြူတာထဲကို Trojan တစ်ခုသွင်းပြီးသွား ဖြစ်သွားမှာပါ။ ဒလိုင်းလာမားစီက ဆိုပြီး ပို့ နေတဲ့ အီးမေး ပုံစံနဲ့  အသေးစိတ် အချက်အလက်တွေကို သိချင်တယ်ဆို ဒီမှာ [Burmese demonstrations social engineering] ဖတ်ကြည့်လို့ ရပါတယ်။

စိတ်ချယုံကြည်ရသူစီက မဟုတ်ရင် ကိုယ်ရတဲ့ အီးမေးတွေရဲ့ attachetment files တွေကို အလွယ်တကူ ဖွင့်မကြည့်လိုက် ကြပါနဲ့ ။ သတိထားကြပါ။

October 01, 2007

Infront of Myanmar Embassy (Singapore - 30 Sept 2007)

မနေ့ ညနေက စင်္ကာပူသံရုံးရှေ့ မှာ ပြုလုပ်တဲ့ပွဲ ..
  • ၃၀ စက်တင်ဘာ ညနေက စင်္ကာပူမှာရှိတဲ့ မြန်မာသံရုံးရှေ့ မှာ ပြုလုပ်သော petition ကို ခေါင်းဆောင်တာ မြန်မာတွေမဟုတ်ပဲ.. စင်္ကာပူက အတိုက်အခံပါတီ (Singapore Democratic Party) မှ Dr Chee Soon Juan က ဦးဆောင်ပြုလုပ်တာဖြစ်ပါတယ်
  • မြန်မာပြည်တွင်းမှာ မတရား သတ်ဖြတ်ခံရသူတွေကို ရည်စူးပြီး ဖယောင်းတိုင်တွေထွန် ဆုတောင်းတဲ့ ပွဲကိုလည်း ပြုလုပ်ခဲ့ကြတယ်
  • သံရုံးအရှေ့  ကိုက်တရာ လောက်အထိ ဖယောင်းတိုင်မီးတွေ ထွန်းညှိခဲ့ကြတယ်...
  • စင်္ကာပူလူမျိုးတစ်ချို့ နဲ့  မြန်မာတစ်ချို့  သံရုံးရေ မနက် ၄ နာရီအထိ တစ်ညလုံး နေကာ မီးထွန်းခဲ့ကြတယ်
  • မနေ့ ညက လက်မှတ် ၄၀၀ ကျော်စုဆောင်းရရှိခဲ့ပြီး မြန်မာနိုင်ငံသားတွေသာမက တခြားနိုင်ငံသားတွေပါ လက်မှတ်ထိုးခဲ့ ကြတယ်
  • Petition မှာ လက်မှတ်ထိုးချင်တယ်ဆို မြန်မာသံရုံးရှေ့ မှာ 03 Oct 2007 အထိ ရက်တိုးမြှုင့်ပြီး လက်မှတ်တွေ စုဆောင်းနေပါတယ်
  • မီးထွန်းညှိ ဆုတောင်းပွဲကိုလည်း ဆက်လက်ပြုလုပ်သွားပါဦးမယ်
  • ဒါပေမယ့် အခုလို လုပ်ဆောင်တာတွေအတွက် စင်္ကာပူအစိုးရစီက တရားဝင်ခွင့်ပြုချက် ရယူထားနိုင်ခြင်း မရှိဘူး ....
စတဲ့  အချက်တွေကို သိရတယ်၊ ကြားရပါတယ်..

ဒီစင်္ကာပူအစိုးရအကြောင်းလည်း သိကြတယ်.. ခွင့်ပြုချက်ရတယ်ဆိုတာ မဖြစ်နိုင်မှန်းသိကြပေမယ့် မြန်မာသံရုံးရှေ့ သွားပြီး လက်မှတ်ထိုးကြသူတွေ၊ မီးထွန်းညှိဆုတောင်းပွဲမှာ ပါဝင်ခဲ့ကြသူတွေ အားလုံးကို လေးစားပါတယ်။

When a permit is required for compassion - disgusting
Video - Petition-signing at Burmese embassy in Singapore (YouTube)
News - Over 400 visit Burmese Embassy To Sign Petition (The Online Citizen)
Photo - 30 September at Myanmar Embassy (Singapore)
Shameful LEEgime mata obstructing Peaceful Vigil (uncleyap-news.blogspot.com)
Sign letter of protest outside Burmese embassy
Singapore police warns Dr Chee at Myanmar Embassy
Singapore government adds to Myanmar oppression


ဒီမှာ ပါဝင်တဲ့ သတင်းတွေ၊ ဆိုဒ်လင့်တွေ၊ ဓာတ်ပုံလင့်တွေကို စုစည်း ဝေမျှပေးကြတဲ့ ညီအစ်ကို မောင်နှမများ အာလုံးကို ကျေးဇူးတင်ပါတယ်။

Myanmar Massacre - Cartoons

msnbc မှာ တွေ့ ရတယ့် လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို သရုပ်ဖော်ရေးဆွဲထားတဲ့ Professional Cartoonists တွေရဲ့ ကာတွန်းပုံတွေပါ။ [Myanmar Massacre - Cartoons]



ဗုဒ္ဓဘာသာ ထွန်းကားရာ မြန်မာနိုင်ငံမှာ လက်ရှိ စစ်အစိုးရက မြတ်ဘုရားရဲ့ သားတော်တွေ ဖြစ်တဲ့၊ သသာနာတော် အဓွန့် ရှည် ပြန့် ပွါးအောင် ဆောင်ရွက်ရမှာ အဓိကအရေးပါလှတဲ့ ရဟန်းသံဃာတော်တွေကို ဘယ်လို ဆက်ဆံနေသလဲဆိုတာကို ဖော်ညွန်းနေတဲ့ ကာတွန်းပုံတွေကို ကြည့်ကြပါ။


Credit to THKZ
Photo Source: Daryl Cagle's Professional Cartoonists - Myanmar Massacre

September 29, 2007

28 Sept 2007

ဒီနေ့  နေ့ လယ်ပိုင်းက စလို့  မြန်မာပြည်တွင်းက အင်တာနက် ကွန်နက်ရှင်တွေအားလုံးကို ဖြတ်တောက်လိုက်ပြီ ဆိုတဲ့အကြောင်း သိလိုက်ရတယ်။ MTP ကတော့ Server Maintenance လုပ်ဖို့ ပိတ်ရခြင်းဖြစ်တယ်ဆိုပြီး အကြောင်းပြ ပြောဆိုတယ်လို့ ကြားသိရတယ်။ ဒါပေမယ့် ဒီလိုအချိန်မှာ ပြည်တွင်းက အင်တာနက် ကွန်နက်ရှင်တွေကို ဒီစစ်အစိုးရက ဖြတ်ပစ်တာ ဘာကြောင့်လဲဆိုတာ အသိသာကြီးပါ။
God of the rain is Tearing,
White courage is in Blooding,
Monks and Peoples are Running,
Junta are Killing.
Internet is cutting.
All sites are banning.
I'm crying!,
UN man to Burma will be Lying.
Tomorrow how many lives will be dying.

ဒီစာသားတွေကို သူငယ်ချင်းတစ်ယောက် သူ့ ဘလော့မှာ ရေးထားတာကို တွေ့ လို့  ကူယူဖော်ပြလိုက်တာပါ။

ဒီလို ဆက်သွယ်မှု့ လမ်းကြောင်းတွေ အကုန်ဖြတ်တောက်ပြီး စစ်အစိုးရက ဘာလုပ်တော့မှာလဲ... ဆက်ပြီး မတွေးရဲအောင် ပါပဲ.. အားလုံးရဲ့ ရင်ထဲမှာ စိုးရိမ်သောကတွေ အပြည့်နဲ့ ဖြစ်နေပါပြီ... အရင်ကလည်း စိုးရိမ်ကြပေမယ့် သတင်းတွေရနေတော့ ဘာတွေဖြစ်နေလဲ သိရသေးတယ်လေ။ ဒီနေ့  တစ်နေ့ လုံး သတင်းတွေကို မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့ကြတယ်.. ဒီနေ့  ပြည်တွင်းကလာတဲ့ သတင်းတွေဟာ အရင်နေ့ တွေကထက် နည်းသွားပါတယ်.. ဒီလို သတင်းနည်းသွားတယ်ဆိုတာ ပြည်တွင်းမှာ ဘာမှမဖြစ်ဘူး၊ ငြိမ်းချမ်းနေတယ် ဆိုတာမျိုး မဟုတ်ကြောင်း အားလုံးသိနေတယ်။ အားလုံးရဲ စိုးရိမ်မှု့ တွေ၊ သောကတွေ တိုးလာတာပဲရှိတယ်..

သူငယ်ချင်းတစ်ယောက် ပြတာနဲ့  Singapore Changi International Airport မှာ က ဒီနိုင်ငံက The Straits Times သတင်းစာကနေပြီး မြန်မာပြည်ကပြန်လာသူတွေ၊ မြန်မာပြည်ကို သွားမယ့်သူတွေ နဲ့  အင်တာဗျူးလုပ်ထားတဲ့ 2 min 10 sec စာ အပိုင်းလေး ကြည့်လိုက်ရပါတယ်။ ဘာကြောင့် အမှန်အတိုင်း မပြောရဲကြတာလဲ။ ကြောက်ရွံ့ မှု တွေကို နားလည်ပါတယ်။ ဒါပေမယ့် မသိဘူးလို့ ဖြေလိုက်တာ၊ မဖြေချင်ဘူးလို့ ငြင်းလိုက်တာဟာ ဒီလို ဖြေတာထက် ပိုကောင်းပါလိမ့်မယ်။ ကိုယ်မဖြေချင်တာကို အတင်းဖြေခိုင်းမယ် မထင်ပါဘူး။ ဒီနိုင်ငံမှာ ဒီလောက်တော့ ငြင်းဆန်ခွင့်၊ ကိုယ့်သဘောအတိုင်းလုပ်ခွင့် ရှိမှာပါ။ ဒီ စင်္ကာပူသတင်းစာ ကိုလည်း သိပ်မယုံကြည်ရပါဘူး။ အခြေအနေ မကောင်းဘူး ပြောသူတွေနဲ့  အင်တာဗျူးခဲ့ရတာတွေကို မပြပဲ၊ အားလုံးကောင်းပါတယ်ဆိုတဲ့ သူတွေနဲ့  ဗျူးတာတွေကိုပဲ ရွေးပြတာလဲ ဖြစ်နိုင်ပါတယ်။ [Straits Times' Interview (Myanmar crackdown: Panic? Not Us) ]

ဒီနေ့  ည ၇ နာရီမှာ စင်္ကာပူနိုင်ငံ Toa Payoh ဘုန်းကြီးကျောင်းမှာ ၀တ်ရွတ်၊ ဆုတောင်းပွဲလုပ်တယ်။ ဒီနေ့ တင်မကဘူး နောက်ရက်တွေ ( စနေနေ့  နဲ့  တနင်္ဂနွေနေ့ ) မှာလည်း ပွဲတွေရှိတယ်လို့  သိရပါတယ်။ ဒီနေ့ တော့ စုစည်း လာရောက် သူတွေကို "မြန်မာနိုင်ငံတွင်းမှ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အတွက် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ချက်" ဆိုတဲ့ စာရွက်တွေ၊ လက်မှာ ပတ်ဖို့ အနီရောင် ပိတ်စတွေ နဲ့  ရှေ့ နဲ့  နောက်မှာ "STOP Bloodshed in Myanmar" အနီရောင်စာလုံးတွေ ရေးထားတဲ့၊ အနီရောင် မြန်မာပြည်ပုံလေး ပါဝင်တဲ့ အဖြူရောင် T Shirt တွေ ဝေပေးတယ်။ "သံဃာနှင့်လူထု သွေးစွန်းခြင်း အထိမ်းအမှတ်" အနေနဲ့ အနီရောင် ၀တ်စုံတွေ ၀တ်ဆင်ကြပါလို့  နှိုးဆော်ချက် အတိုင်း လူအများစုဟာ အနီရောင် အ၀တ်အစားတွေ ၀တ်ဆင်လာကြပါတယ်။ ဘုန်းကြီးကျောင်းတစ်ခုလုံး ရဲရဲတောက်သွားခဲ့တယ်။ လူတွေအများကြီးပါ။ ဘာသာခြားတွေလည်း ပါပါတယ်။ လာရောက်သူ အနည်းဆုံး တစ်ထောင်ကျော်လောက် ရှိပြီး အားလုံး စုပေါင်းကာ ဘုရားရှိခိုး၊ မေတ္တာသုတ်ရွက်၊ မောရသုတ်ရွက်ပြီး သေဆုံးသွားသူတွေအတွက် မေတ္တာပို့  အမျှဝေခဲ့ကြတယ်။ တရားတိုင်ပေးတဲ့ ဘုန်းတော်ကြီးက လက်ရှိ မြန်မာ နိုင်ငံထဲက လှုပ်ရှားမှု့တွေ၊ သေဆုံးမှု့ တွေနဲ့ ပတ်သက်ပြီး ဘာမှ သိပ်မပြောဘူး။ ရှေ့ ပိုင်းပြောတဲ့ စကားတချို့ မှာ ရည်ရွယ်ကြတဲ့ လှုပ်ရှားမှု့ တွေ အောင်မြင်ပါစေ ဆိုတဲ့ သဘောမျိုးလေး နည်းနည်းပါတာလောက် ရှိပေမယ့်၊ ဆုတောင်းမေတ္တာပို့ ချိန်မှာ သေဆုံးသူတွေ အားလုံးဆိုတဲ့ ခြုံငုံပြောဆိုတဲ့ စကားကလွဲရင် တခြားဘာမှ ထည့်ပြီး ပြောမသွားတော့တာကို သတိထားမိလိုက်တယ်။ ဘာကြောင့် ဒီအချိန်၊ ဒီနေရာမှာ အားလုံး လာရောက် စုစည်းကြတယ် ဆိုတာကို သိမှာပါ။ ပြောစရာမလိုအောင် အသိသာကြီးပါ။ သိတိုင်းလည်း ပြောလို့ မရ၊ မှန်တိုင်းလည်း ပြောခွင့်မရှိတာ၊ ပါးစပ်ပေါက်တွေ အတင်း အပိတ်ခံနေရတာ တို့ ဗမာပြည်တစ်ခု ထဲ မဟုတ်ပါလား ဆိုတာကို ပိုပြီး သိလာရတယ်။ ဘုန်းကြီးကျောင်းရှေ့ မှာလည်း သတင်းယူတဲ့သူတွေ၊ ရဲကားတွေကလည်း အဆင်သင့်ပဲလေ။

နာမည်ကြီး ဆရာတော်ကြီးတွေ ပျောက်ဆုံးနေတယ်လို့  သိရတယ်။ ဒကာတွေ တောင် မသိလိုက်အောင် ဘယ်သူတွေက ပင့်ဖိတ်ခေါ်ယူသွားတာလဲ။ အဆက်သွယ်ရေး လမ်းကြောင်းတွေကလည်း ပြတ်နေတော့လည်း ဆရာတော်တွေ သတင်း စုံစမ်းရတာ အရမ်းခက်ခဲနေပါတယ်။ သေချာတာတစ်ခုကတော့ ဆရာတော်ကြီးတွေက ဒကာ၊ ဒကာမတွေ စိုးရိမ်စိတ်ပွါးအောင် လုပ်မှာ မဟုတ်တဲ့အတွက် သူတို့ ဘာသာသူတို့  ဘယ်သူမှ အသိမခံပဲ တနေရာရာကို တိတ်တဆိတ် ကြွသွားတာ လုံးဝ မဖြစ်နိုင်ပါဘူး။

ရန်ကုန်မှာ အင်တာနက်ကွန်နက်ရှင်တွေ တချို့ ပြန်ရတယ် ကြားပေမယ့် ကျွန်မသိရသလောက်တော့ အင်တာနက် ကွန်နက်ရှင်တွေ ပြတ်တောက်နေတုန်းပဲ။ သာမန် အိမ်ဖုန်းတွေကို မနက်နဲ့ ညဘက်တွေမှာ ခေါ်လို့  ရတတ်ပေမယ့် နေ့ လယ် ပိုင်းမှာတော့ ဆက်သွယ်လို့ မရသလောက်ပါပဲ။ ဒါပေမယ့် အရေးပါသူတွေရဲ့ ဖုန်းလိုင်းတွေကတော့ ဘယ်အချိန်မှာမှ ခေါ်ဆိုမရအောင် ဖြတ်တောက်ခြင်းခံထားရတယ်။ ဒီလို ဆက်သွယ်မှု့ တွေ ဖြတ်တောက်မှု့ ကြောင့် သတင်းပြန့် နှုန်း နှေးသွားပေမယ့် မြန်မာပြည်တွင်းက သတင်းတွေကတော့ ဆက်လက် ထွက်ရှိနေဆဲ ပါပဲ။ DVB မှာ ဒီနေ့  (၂၈ ရက်) နေ့  သတင်းတွေ တက်လာတာတွေ့ ရတယ်။ ဓာတ်ပုံတွေလည်း တွေ့ ရတယ်။
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)
ရိုးမ ၃
ဟစ်တိုင်
ခေတ်ပြိုင်
ဧရာဝတီ

News and Video
Yangon marchers 'not afraid to die' - aljazeera.net
On the ground in Yangon - 28 Sep 07 (YouTube)
28 September 2007 Photos from niknayman

September 27, 2007

Bloody Day - 27 Sept 2007

ဒီနေ့ ကို ... အားလုံးက ပြောနေကြတယ်... သွေးစွန်းသောနေ့ တဲ့ ... မနေ့ က သွေးစွန်းသော ဥပုသ်နေ့.. ဒီနေ့  အခြေအနေကတော့ မနေ့ ကထက်တောင် ပိုပြီးဆိုးရွားလှပါတယ်... ၂၆ ရက်ကုန်လို့  ၂ရ ရက်နေ့ အကူး အချိန်လေးမှာတင် ငွေကြာရံ ဘုန်းကြီးကျောင်းက သံဃာတော်တွေရဲ့ သွေးမြေကျရုံမက၊ တစ်နေ့ လုံးလည်း သံဃာတော်တွေ၊ ကျောင်းသားလူငယ်တွေနဲ့  ပြည်သူတွေရဲ့ သွေးတွေ မြေခခဲ့ရပြီး အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။

Bloody Day - 27 September 2007

CNN မှာ ကြေငြာသွားတဲ့ သတင်အရတင် ဒီနေ့  မြန်မာပြည်မှာ စစ်အစိုးရရဲ့ အကြမ်းဖက် ပစ်ခတ်မှု့ ကြောင့် ဂျပန်နိုင်ငံသား သတင်းထောက် တစ်ဦးအပါအ၀င် လူ ၁၀ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့  သိရတယ်။ ဂျပန်နိုင်ငံသား သေဆုံးတဲ့အကြောင်း သတင်းနဲ့  ဓာတ်ပုံကို ဒီမှာ ကြည့်နိုင်ပါတယ်။

တစ်နေ့ လုံး ဖတ်နေ၊ ကြားနေ ၊ ကြည့်နေရတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေအရ ပစ်ခတ်မှု့ တွေကြောင့် ဗမာပြည်သူတွေ လူအများအပြား သေဆုံးကြကြောင်း သိရတယ်။ သေဆုံးသူတွေရဲ့ အလောင်းတွေကို စစ်တပ်က ယူဆောင်သွားကြောင်း သိရတယ်။ ဒီနေ့ အကြောင်းကို စစ်အစိုးရ သတင်းစာတွေကနေ ဘယ်လိုများ လိမ်ညာလှည့်ဖျားပြီး သတင်းမှားတွေ လွှင့်ဦးမလဲ မသိဘူး။ ထုံးစံအတိုင်း လူစုခွဲရုံ ခြိမ်းခြောက်တဲ့ အနေနဲ့  မိုးပေါ်ထောင်ပစ်တာပါလို့  ပဲ ပြောဦးမလား။ အခုဆို သူတို့ ဘယ်လောက် လိမ်ညာပြီး ပြောနေပါစေ။ ဘယ်သူမှ သူတို့ စကားကို ယုံကြည်ကြတော့မှာ မဟုတ်ပါဘူး။ ( အရင်ကလည်း ဘယ်သူမှ ယုံမယ်မထင်ပါဘူး။ အခုတော့ ပိုပြီး သက်သေ အခိုင်အလုံနဲ့ ပေါ့။ ) အခုရက်တွေမှာဆို ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို အမှန်တရားကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေရဲ့ စွန့် စား သတင်းယူနိုင်မှု့  တွေကြောင့် စစ်တပ်ရဲ့ ပစ်ခတ်မှုတွေ၊ သတ်ဖြတ်မှုတွေအကြောင်း သတင်းအမှန်တွေကို တကမ္ဘာလုံးသိအောင် အချိန်မခြား ဖြန့် ဝေလိုက်နိုင်ပါတယ်။ မြန်မာပြည်ထဲကနေပြီး သတင်းပေးပို့ သူတွေ၊ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးသူ တွေ နဲ့  ဖြန့် ဝေသူ အားလုံးကို လေးစားစွာ ဦးညွှတ်လိုက် ပါတယ်။ ဒါပေမယ့် ဂရုစိုက်ကြပါ။ စစ်အစိုးရက သူတို့ သတင်းတွေ မပြန့် အောင် နည်းမျိုးစုံနဲ့ ကြိုးစားတားဆီးနေတယ်ဆိုတဲ့ အကြောင်း dvb မှာ ဖတ်လိုက်ရပါတယ်။ ပြည်တွင်းကလှုပ်ရှားမှု့ တွေ၊ သတင်း၊ အခြေအနေ အမှန်တွေ ကမ္ဘာကို ဖြန့် နိုင်ဖို့ ဆိုတာ ဒီအချိန်မှာ အရေးကြီးနေပါတယ်။ လျှို့ ဝှက်ကြပါ။ အလွန်သတိရှိစွာ လှုပ်ရှားဖို့ လိုနေပါတယ်။

Source : Reuters.com
Military officials release smoke canisters after firing upon a crowd of thousands, which took to the streets of Yangon's city centre to protest, September 27, 2007.

ဓာတ်ပုံတွေ၊ ဗီဒီယို အပိုင်းအစတွေ ကြည့်ရတာ အားလုံးရဲ့ ကြွေးကြော်သံတွေကို ကြားရတာ စိတ်ဓာတ်တွေ တတ်ကြွလာသလို ၊ တဖက်ကလည်း သွေးသန်ရဲရဲ ဓာတ်ပုံတွေ မြင်ရတဲ့ အခါတွေနဲ့  စစ်သားတွေရဲ့ အတင်း အားဓမ ဖမ်းဆီးခေါ်ဆောင်မှုကို ခံနေရသူတွေကို မြင်ရတာတော့ ၀မ်းနည်းဖို့ ကောင်းပါတယ်။ ဒါပေမယ့် လူထုအင်အားလျှော့မသွားပဲ လူတွေများသထက်များလာကာ ရှေ့ ဆက်ပြီး လူထုဆန္ဒတွေကို ဖော်ထုတ်ဖို့  ကြိုးပန်းနေကြတာကို သိရတော့ အားတတ်မိတယ်။ အောင်မြင်ကြပါစေ။

တွေးနေမိတာတစ်ခုရှိတယ်။ ဒီရက်ပိုင်းမှာ မနက်စောစော အိမ်ကထွက်ခွါသွားတော့ ကောင်းကောင်းမွန်မွန်နဲ့ ပေါ့၊ ဒါပေမယ့် ညနေမိုးချုပ် အိမ်ပြန်ချိန်တိုင်လို့ အိမ်ပြန်ရောက်မလာပဲ ဘယ်စီရောက်သွားမှန်းမသိ သတင်း စုံစမ်းမရပဲ လမ်းစပျောက်ဆုံး သွားသူတွေ ဘယ်လောက်များ ရှိနေပြီလဲ။ ဘေးကင်းကြပါစေ။ ပျောက်ဆုံး သွားသူတွေနဲ့  သူတို့ ရဲ့ မိသားစုဝင်တွေ ပြန်လည် စုံတွေ့ နိုင်တဲ့ နေ့ အမြန်ဆုံး ရောက်ရှိပါစေ။


Source : Mandalay Gazette

Monks Praying soldiers shooting in burma -2007-09-27 (YouTube)
Photos show 'death' of Japanese man in Burma - telegraph.co.uk
Myanmar troops threaten to shoot - reuters.com
သတင်းတွေမပြန့် အောင် ကြိုးစားနေတဲ့ စစ်တပ်ရဲ့ လုပ်ဆောင်မှု့ တွေ (dvb)
Protesters and police face off this morning on the streets of Rangoon -guardian.co.uk

ငွေကြာရံဘုန်းကြီးကျောင်းအား ၀င်ရောက်ရိုက်နှက်ဖမ်းဆီး

ညက တောင်ဥက္ကလာက ငွေကြာရံဘုန်းကြီးကျောင်းကို စစ်သားတွေဝင်ရောက်ပြီး ဘုန်းတော်ကြီးတွေကို အကြမ်းဖက် ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်း ကြားခဲ့ရတယ်။ မယုံနိုင်စရာ သတင်းတစ်ခု ဖြစ်ပေမယ့် နေရာစုံကနေပြီး အဲ့ဒီ သတင်းဟာ မှန်ကန်ကြောင်း confirm လုပ်တဲ့ သတင်းပေးချက်တွေ ကို တွေ့ နေခဲ့ရတယ်။ အခုတော့ မိုးမခ ဘလော့မှာ သက်သေအဖြစ် ဓာတ်ပုံတွေနဲ့  တကွ တင်ပေးထားတာတွေ့ ရပါတယ်။ ညကြီးမိုးချုပ်မှာ ဘုရားသားတော် ဘုန်းတော်ကြီးများကို အကြမ်းဖက် ၀င်ဖမ်းတယ်ဆိုတာ တကယ့်ကို ယုတ်မာ ရိုင်းစိုင်းချက်ကတော့ ကမ်းကုန်လွန်းနေပြီးလို့  ဆိုရမယ်။


မနေ့ ညက စစ်သားတွေ ၀င်ဆီးသွားခြင်းခံရတယ်ဆိုတဲ့ ဘုန်းကြီးကျောင်းများစာရင်းပါ။ ( နစ်နေမန်း cBox ကတွေ့ တာပါ)
  • ဘုန်းကြီးကျောင်းများ ငွေကြာရံ(တောင်ဥက္ကလာ)၊ စစ်ကိုင်း (သုဝဏ္ဏ) ၊ မိုးကောင်း(တောင်ဥက္ကလာ)၊ သိပ္ပံ(ရွှေဂုံတိုင်) ၊ မဂ္ဂင်(သင်္ဃန်းကျွန်း)၊ သိမ်ဖြူဂုံးဆင်းက ဘုန်းတော်ကြီးကျောင်း
  • ငွေကြာရံမှာ မနက်က ထွက်ပြေးလွှတ်မြောက်သွားတဲ့ဘုန်းကြီးတွေပြန်ရောက်နေကြပီ ။ အဲဒီဘုန်းကြီးတွေ ဆွမ်းစားနေတဲ့အချိန်ကိုအခုပြန်ဝင်ဖမ်းနေတယ်မိုးပေါ်ကိုသေနတ်ပေါက် ပီး ပြန်လည်ဝင်ဖမ်းနေပါတယ် (((ခိုင်လုံသောသတင်း))) ထို့ ကြောင့်လူထုက ငွေကြာရံကျောင်းမှ လုံခြုံရေးတပ်ကို ၀ိုင်းထားသည်ဟု သိရသည်။

26 September 2007

၂၆ စက်တင်ဘာ ၂၀၀၇
၁၃၆၉ တော်သလင်းလပြည့်နေ့ 

အလွန် အရုပ်ဆိုးလှတဲ့ နေ့ တစ်နေ့  အဖြစ် သမိုင်းမှတ်တမ်းဝင်သွားခဲ့ပြီဲ...
သာသနာ့ အာဇာနည် သံဃာတော်များသွေး မြေကျရသောနေ့ 
Flickr Photos
Niknayman Photos
မေတ္တာပို့ သချီတတ်ခဲ့သော သံဃာတော် (၅) ပါး ပျံလွန်တော်မူ

September 26, 2007

အေးချမ်းစွာ ဆန္ဒပြစေလို

ရန်ကုန်မြို့ မှာ ပစ်ခတ်မှု့ တွေ စတင်နေပြီလို့  ဘလော့တွေ၊ cBox တွေက သတင်းအရသိရပါတယ်။ သတိပြုဖို့  အထူးလိုအပ်နေချိန်မို့  သတိပြုစရာ တစ်ခုကို မျှဝေလိုက်ပါတယ်။ အားလုံး ကိုယ်ပတ်ဝန်းကျင်ကလူတွေကို သတိပေးကြပါ။ ဂရုစိုက်ကြပါ။

" အချို့သော လူစုမှာ အစိုးရဘက်ကဟု ထင်ရဖွယ်ရှိသည်။ သူတို့သည် လူထုကြားထဲတွင် ၀င်ရောက် ရောရောင်ကာ အကြမ်းဖက်ရန် လှုံဆော်နေကြသည်။ အရိုက်ခံရသည် ဆိုသော သူအများစုမှာလည်း ခေါင်းမှ ပတ်တီးတွင် သွေးစပင် မရှိကြောင်းသိရှိရသည်။ ၄င်းဖြစ်ရပ်အားကြည့် ခြင်းဖြင့် အတုအယောင် များသည် လူထုကြားတွင် ၀င်ရောက်နေကြောင်းသိရှိရသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ကိုယ့်ဘက်က စသောကြောင့် ဖြစ်စေလိုခြင်း ဖြစ်သဖြင့် အထူးသတိထားကြပါရန်။ စစ်တပ်မှ လာသော သတင်းများအရ ၄င်းတို့ သည် ဆူပူပြီး ရိုက်နှက်မှုပြုမှပင် ပစ်ခွင့်ရှိကြောင်းကို သိရှိရသည်။ ထို့အတွက်ကြောင့် အေးချမ်းစွာ ဆန္ဒပြစေလိုပါသည်။ "

ခုချိန်မှာ နောက်ဆုံး သတင်းတွေ အမြန်ဆုံး တင်ပေးနေတာကတော့ niknayman's cBox ပါ။

အလှူဒါန ပြုကြသူငါ

ဗမာပြည်တွင်းမှ သပိတ်မှောက်ကံဆောင်နေတဲ့ သံဃာတော်တွေအတွက် ပြည်ပရောက် မြန်မာတွေရဲ့ သဒ္ဓါတရား ထက်သန်စွာနဲ့  လှူဒါန်းနေကြတဲ့ သတင်းတွေကို ကြားရလို့  ၀မ်းမြောက်ဝမ်းသာစွာနဲ့  သာဓု ခေါ်ဆိုမိပါတယ်။

ဒီစင်္ကာပူနိုင်ငံမှာဆိုရင် Peninsula Plaza ငါးထပ်မှာ ရှိတဲ့ လမ်းပြကြယ် မြန်မာစာကြည့်တိုက်မှာ သွားရောက် လှူဒါန်း နိုင်ပါတယ်။ မလှူရသေးသူများ ကိုယ်တတ်နိုင်သမျှပမာနကို လှူဒါန်းကြပါ။ နည်းတယ်၊ များတယ်ဆိုတာ မရှိပါဘူး။ အခုအချိန်မှာ ကျွန်မတို့  လုပ်ပေးနိုင်တာ ဒါပဲရှိပါတယ်။ ကိုယ်တတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာ ကနေပြီး စွမ်းဆောင်နိုင်သမျှ ပန့် ပိုးကူညီပေးကြပါ။
လမ်းပြကြယ် မြန်မာစာကြည့်တိုက်
#05-12A Peninsula Plaza
(Tel: 63371569)


Please donate for the protesting monks in burma now.
No food collection due to daily protest.
No robes to change due to rain and sweat.
No place to stay due to some abbot lock out the protesting monks.
Monks are falling sick due to maching in all weather.
No hat. Some bare food.
This is the time you need to donate for "PYIT SEE LAY PAR".
Please donate to the nearest group.
City Hall Lan Pya Kyal library

(Source SMS Message)

September 24, 2007

Moethee Zun's message

Burma Latest News

ဗမာပြည်က နောက်ဆုံး သတင်းတွေကို ချက်ချင်းသိနိုင်အောင် ဒီအောက်ကလင့်တွေကနေ စောင့်ပြီး ဖတ်နေပါတယ်။ သတင်းပေးပို့ နေကြသူများ အားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း
Burma Latest News
လူအချင်းချင်းနှိပ်စက်ခြင်း
ကင်းရှင်းကြပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ။
ဓမ္မသည်သာ အောင်ပွဲခံရမည်မှာ လောကနိယာမ ဖြစ်ပေသည်။

September 22, 2007

Journey into Life

၂၂ စက်တင်ဘာ
ခရီးရှည်တစ်ခုကို အစပြုလာတာ..
၇ နှစ်..
ဘာမှမကြာလိုက်သလိုပါပဲ..
ပန်းတိုင်ရှိမယ့်နေရာကို မျှော်မှန်းဦးတည်
အားမာန်တင်းလို့ 
ခရီးနှင်ဆဲ..

September 21, 2007

ရန်ကုန်မိုး

သည်းကြီးမဲကြီးရွာနေလိုက်တာ..
သည်းလိုက်တဲ့မိုး.. ကောင်းလိုက်တဲ့မိုး..
ရွာချင်သလောက်ရွာပါ.. သည်းချင်သလောက်သည်းပါ..
ဒါပေမယ့် ပွဲဖျက်တဲ့မိုး မဖြစ်ပါစေနဲ့ ...
ဒီမိုးဒီရေ ဒီလမ်းတွေပေါ်မှာ အမိုးအကာမပါပဲ လျှောက်နေကြတဲ့ သံဃာတော်များ...

ကျန်းမာကြပါစေ၊ ရောဂါကင်းကြပါစေ၊ အနှောက်အယှက်ကင်းကြပါစေ၊ အစစအရာရာ အဆင်ပြေကြပါစေ။

အဲယားကွန်းတတ်ထားလို့  ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ အခန်းထဲမှာ အနွေးထည်ထူထူဝတ်လို့  ရေနွေးကြမ်းပူပူ ထိုင်သောက်နေတဲ့ ကျွန်မ ကိုယ့်စီးပွါးအတွက် ပိုက်ဆံရှာတဲ့ အလုပ်တွေလုပ်ရင်း ဒီစကားတွေ တိတ်တဆိတ် ဆိုနေရုံ၊ စာလေး ဟိုနည်းနည်း ဒီနည်းနည်း ထိုင်ရေးနေရုံ၊ သတင်းတွေ စောင့်ဖတ်နေရုံ ကလွဲလို့  တခြားဘာမှ မလုပ်နိုင်ပါဘူး။

အတွေးများ နဲ့  မျော်လင့်ခြင်း

ဒီသတင်း (88 Generation Students Leaders Hospitalized After Being Severely Tortured) ကို ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်။ ငါသာ သူတို့ နေရာမှာဆိုတာမျိုးကို အတွေး စိတ်ကူးနဲ့ တောင် ခံစားမကြည့်ရဲအောင် ဖြစ်ရပါတယ်။ သူတို့  ၄ ယောက်မှ မဟုတ်ပါဘူး၊ တခြားသူတွေ ..... သူတို့ တွေ ဒါတွေလုပ်ရင် ဒီလိုတွေ တစ်နေ့  ကြုံရမယ် ဆိုတာ သိကြပေမယ့် မကြောက်မရွံ့  နောက်မဆုတ်ပဲ ကြိုးစားနေကြတဲ့ သူတွေ။

ဘာကြောင့် သူတို့ တွေ ဒီလောက် ရဲရင့်နေကြတာလဲ။ သူတို့ ကိုယ် သူတို့ ၊ သူတို့  မိသားစု တစ်စုစာ အတွက်လောက်နဲ့ တော့ သူတို့  ဒီလို ခံစားနေစရာ မဟုတ်ပါဘူး။ တစ်ယောက်စာ၊ တစ်မိသားစုစာ၊ ဆွေမျိုးတစ်စုစာ အတွက်လောက်ဆို ... နေတတ်ရင်၊ ယူတတ်ရင် ပြည့်စုံရုံမက ပိုလျှံအောင် ရနိုင်တဲ့ အခွင့်အရေးတွေ၊ လုပ်နည်းလုပ်ဟန်တွေကို သူတို့ လည်း သိကြမှာပါ။ ဒါပေမယ့်.. သူတို့ .... အားလုံးအတွက် ရဲရင့်နေကြတယ်။ ကိုယ့်မှာ မရှိတဲ့ သတ္တိတွေ သူတို့ မှာ အပြည့်ရှိအောင် ဘယ်လို အရာတွေက တွန်းအားပေးနေတာလဲ။ ကိုယ်လည်း ဒီမြေမှာ မွေး၊ ဒီရေကို သောက်ပြီး ကြီးပြင်းလာခဲ့တာပဲ။ ဒါပေမယ့် ကိုယ်နဲ့  သူတို့ တွေကြားမှာ ရှိနေတဲ့ စွန့် လွှတ်နိုင်အား၊ စွန့် စားနိုင်အား၊ ပေးဆပ်နိုင်အား ကွာခြားချက်တွေက များပြားလှတယ်။ လေးစားပါတယ်။

ဖတ်ခဲ့ဖူးတဲ့ ကိုမင်းကိုနိုင်ရဲ့ ကဗျာတစ်ပုဒ်ထဲက စာသားတွေ ခေါင်းထဲရောက်လာခဲ့တယ်။ ကဗျာထဲမှာ သူက ဒီလို ရေးထားခဲ့တယ်..

ငါတို့တွေကိုက...
တိုက်ဆင်တွေလို အရေထူဖို့ ကြိုးစားနေရတာ
တိုက်ပွဲကြမ်းကဒါဏ်ရာ အောင်ပွဲမှပြကြေးကိုး။


ဆုတောင်းပါတယ်။ သူတို့ သာဆိုရင် သစ္စာပြုပါတယ်ဆိုတဲ့ စကားကိုပဲ သုံးနှုန်းကြမှာ။ သူတို့ ရဲ့ သစ္စာတရားတွေ။ သူရေးသားခဲ့သလို အရေထူပြီး မတရားသူတွေရဲ့ တရားမဲ့  နှိပ်စက်မှုဒါဏ်ကို ခံနိုင်ရည်ရှိကြပါစေ။ အမှန်တရားအတွက် ဆက်လက်ကြိုးစား တိုက်ပွဲဝင်နိုင်ကြပါစေ။ တစုံတရာ ဆိုးဆိုးရွားရွား ဘာမှ မဖြစ်ကြပါစေနဲ့ ။ တိုက်ပွဲက ရခဲ့သမျှ ဒါဏ်ရာတွေကို ပြသခွင့်ရနိုင်မယ့် စွန့် လွှတ်၊ စွန့် စား၊ သစ္စာတရားကို ယုံကြည်ကြသူတွေရဲ့ အောင်ပွဲနေ့ ရက် မကြာခင် ရောက်ရှိလာနိုင်ပါစေ...

မျော်လင့်ခြင်း - မင်းကိုနိုင် .....

Poem Credit to THKZ
Poem Source : mizzimaburmese.com

September 20, 2007

Breaking News

အတော်များများတော့ သိကြမယ် ထင်တယ်။ ဒါပေမယ့် မသိသေးတဲ့ သူငယ်ချင်းတွေ သိအောင် ပြောလိုက် ပါတယ်။ မြန်မာပြည်မှာ အခု လက်ရှိ ဖြစ်ပျက်နေတာတွေကို ချက်ချင်း သိချင်တယ်ဆိုရင် ဒီအောက်က လင့်တွေမှာ သွားကြည့်လို့  ရပါတယ်။ သတင်းတွေရဲ့ အမှား၊ အမှန် ပမာဏကိုတော့ ချင့်ချိန် တွေးပြီး စဉ်းစားကြပါ။
၁၈ ရက်နေ့ က သတင်းဓာတ်ပုံတွေ ဖြန့် ဝေပေးခဲ့တဲ့ မိုးဇတ်ရဲ့ ဘလော့က မနေ့ ညနေကတည်းက ကြည့်လို့ မရတော့ပါဘူး။ "မြန်မာ့မီဒီယာ၊ပညာရေးနှင့် ဖွံဖြိုးမှုစောင့်ကြည့်လေ့လာရေး" ဆိုတဲ့ ဘလော့တစ်ခုမှာ ၁၉ ရက်နေ့ နဲ့  ဒီနေ့  ၂၀ ရက်နေ့  ဓာတ်ပုံတချို့  နဲ့  သတင်းတွေ တင်ပေးထားတာ တွေ့ရပါတယ်။ ကိုထိုက် ဆိုသူရဲ့ ဘလော့မှာလည်း သတင်းတွေ တင်ထားတာ တွေ့ မိတယ်။

September 18, 2007

ရန်ကုန်မြို့ မှ သံဃာတော်များ

ဒီနေ့  (၁၈ ရက်နေ့ )မှာ ရန်ကုန်မြို့တော်ကြီးမှာ သံဃာတော်တွေ ရွှေတိဂုံဘုရားကို စုံစုံညီညီ သွားဖူးကြတယ်၊ ဆူးလေဘုရားကို လည်း ပတ်ပြီး ဖူးမျှော်ကြည်ညို ကြတယ်လို့  အစ်မတစ်ယောက်က သတင်းပေးပါတယ်။ ကုသိုလ်ကောင်မှု လုပ်တာမို့ အားပေးပါတယ် ပြန်ပြောဖြစ်ပြီး သံဃာတော်တွေ ဘယ်လို ဘုရားဖူးကြတယ်ဆိုတဲ့ သတင်းကို သိချင်တာနဲ့  Mizzima Breaking news မှာ လိုက်ဖတ် ကြည့်ဖြစ်ခဲ့ ပါတယ်။ သူငယ်ချင်း တစ်ယောက်က ရွှေတိဂုံဘုရားကို သွားရောက်ကြတဲ့ သံဃာ့တော်တွေပုံကို ကြည့်လို့ ရတဲ့ လင့်တစ်ခု ပေးပါတယ်။ သိချင်သူတွေ ဒီမှာ သွားကြည့်နိုင် ပါတယ်။
ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ ( more photos & info )

ဆူးလေဘုရားက ပတ်ပြီး ပူဇော်ကြတဲ့ပုံတွေကိုတော့ တခြား သူငယ်ချင်း တစ်ယောက် ပို့ ပေးပါတယ်။ ဒီမှာ ကြည့်လို့ ရပါတယ်။
သတင်းတွေ နဲ့  ဓာတ်ပုံတွေ ပို့ ပေးတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်။

delicious and deliGoo

ပြီးခဲ့တဲ့ ရက်တွေက del.icio.us Search Engine ဖြစ်တဲ့ deliGoo ကို စမ်းသုံးကြည့်ခဲ့တယ်။ ကျွန်မအတွက် အသုံးဝင်တဲ့ အရာတစ်ခု ဖြစ်တာကြောင့် firefox မှာ install လုပ်ထားလိုက်တယ်။ deliGoo ကို Firefox (2.0+) နဲ့  Internet Explorer (6.0+) မှာ extension အနေနဲ့  ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

delicious Search Engine လို့ ဆိုထားတဲ့ အတိုင်း အင်တာနက်ပေါ်မှာ ရှိနေတဲ့ အရာတိုင်းကို ရှာပေးတာ မဟုတ်ပဲ ကိုယ်ရဲ့ del.icio.us account မှာ ကိုယ် မှတ်ထားတာတွေထဲက ပြန်လိုက်ရှာပေးတာပါ။ ဒီနေရာမှ del.icio.us ဆိုတာ ဘာလဲ သိဖို့ လို ပါတယ်။ del.icio.us ဆိုတာ social bookmarking web service တစ်ခုပါ။ အလွယ်ဆုံး ပြောရရင်တော့ ကိုယ်မှတ်ထားချင်တဲ့ Website Links တွေကို မှတ်ထားတဲ့ နေရာ တစ်ခုပါ။ ကွန်ပြူတာ တစ်လုံးထဲက အင်တာနက်ကို အမြဲ သုံးတယ်ဆိုရင်တော့ ကိုယ်မှတ်ထားချင်တဲ့ Website တွေကို ကိုယ်အသုံးပြုနေကြ Browser မှာပဲ လွယ်လွယ်ကူကူ မှတ်ထားပြီး နောက်လိုတဲ့ အခါ ပြန်ကြည့်လို့  ရတာပေါ့။ ဒါပေမယ့် အင်တာနက်ကို တစ်နေရာထဲ၊ ကွန်ပြူတာ တစ်လုံးထဲက မသုံးပဲ အဆင်ပြေတဲ့ နေရာ၊ ကြုံတဲ့နေရာက သုံးလေ့ရှိသူတွေ အတွက်တော့ Online Bookmarking Service တွေဟာ အလွန်အသုံးဝင် ပါတယ်။ အဲဒီလို အသုံးဝင်တဲ့ Online Bookmarking Service အများအပြား ရှိပေမယ့် ကျွန်မကတော့ del.icio.us ကိုပဲ အဓိကထား သုံးဖြစ်ပါတယ်။
Photo credit: Jpwain
del.icio.us လိုဆိုဒ်မှာ Account တစ်ခုဖွင့်ထားပြီး ကိုယ်မှတ်ချင်တဲ့ Links တွေကို အဲ့ဒီမှာ မှတ်ထားလိုက်ရင် ဘယ်နေရာပဲ ရောက်နေနေ၊ အင်တာနက်ရှိတဲ့ နေရာတိုင်းကနေ ကိုယ်မှတ်ထားတာတွေကို အလွယ်တကူ ပြန်ရှာ ကြည့်နိုင်တယ်။ Computer ကို လိုအပ်လို့  Format လုပ်လိုက်ရရင်လည်း Browser မှာ ကိုယ်မှတ်ထားတဲ့ လင့်တွေ ပျောက်ပျက်ကုန်မှာ မစိုးရိမ်ရတော့ ပါဘူး။ Website Links တွေကို မှတ်တဲ့ အခါမှာလည်း ပြန်ရှာရလွယ်အောင် Tags လေးတွေခွဲပြီး စနစ်တကျ မှတ်လို့ ရပါတယ်။ delicious ကိုသုံးပြီး ကိုယ် စိတ်ဝင်စားတဲ့ Website Links တွေကို သူငယ်ချင်းတွေနဲ့  share လုပ်နိုင်တယ်။ WebSite တစ်ခုကို မှတ်လိုက်ရင် အဲ့ဒီ Website ကို del.icio.us မှာ လူဘယ်နှစ်ယောက်က၊ ဘယ်အချိန်က၊ ဘယ်လို Tags တွေနဲ့  မှတ်ထားတယ် ဆိုတာကို ပြပေးတယ်။ အဲ့ဒီက တဆင့် ကိုယ်နဲ့  စိတ်ဝင်စားမှု တူသူတွေရဲ့ Account တွေကို သွားကြည့်ပြီး သူတို့ မှတ်ထားတဲ့ တခြား အသုံးဝင်မယ့် Website တွေကို အလွယ်တကူ ရှာဖွေ ကြည့်ရှု နိုင်ပါ သေးတယ်။ ကိုယ့် သူငယ်ချင်းတွေ၊ ကိုယ်နဲ့  စိတ်ဝင်စားမှု့ တူသူတွေကို ကိုယ့်ရဲ့ Network မှာ မှတ်ထားပြီး သူတို့ အသစ်မှတ်သမျှ Website Link တွေ ကို အမြဲကြည့်ရှု့ လို့ လည်း ရပါတယ်။ နောက်ပြီး Privacy အတွက် ကိုယ် မှတ်ထားတဲ့ Links တွေကို တခြားသူတွေ မသိ မမြင်စေချင်ရင် Private အနေနဲ့ မှတ်လို့ ရတဲ့ feature တစ်ခု del.icio.us မှာ ရှိပါတယ်။ delicious ကိုစတင်အသုံးပြုတော့မယ်ဆို ကိုယ်အရင် IE တို့ ၊ Firefox တိုမှာ မှတ်ထားတဲ့ Bookmarks တွေကို del.icio.us ကို အလွယ်တကူ Import လုပ်ယူလို့ ရပါတယ်။ အဲဒီလိုပဲ del.icio.us မှာမှတ်ထားတဲ့ Links တွေကိုလည်း Export/Backup လုပ်ယူလို့ ရပါတယ်။ တကယ့်ကို အသုံးဝင်တဲ့ Web Service တစ်ခုပါ။

ကျွန်မ del.icio.us ကို စွဲစွဲမြဲမြဲ သုံးလာတာ ၁ နှစ်ကျော် ၂ နှစ်ထဲရောက်လာပြီဆိုတော့ ဘယ်လိုပဲ Tags တွေခွဲထားပေမယ့် ကျွန်မရဲ့ Lists မှာ မှတ်ထားတာတွေ အတော်များပြီး တစ်ခုခုလိုချင်ပြီဆို လိုက်ရှာရ ခက်ပါတယ်။ ဟိုတလောကဆို Website တစ်ခုကို၊ မှတ်ထားတာတော့ မှတ်မိတယ် ဒါပေမယ့် ဘယ် Tags နဲ့ မှတ်လိုက်တယ်ဆိုတာ မမှတ်မိတော့လို့  လိုချင်တဲ့ ဟာတွေ့ အောင် အတော်လေး အချိန်ယူပြီး ရှာလိုက်ရတယ်။ အခု deligoo မှာ User name ၊ Tags နဲ့  ကိုယ်ရှာချင်တဲ့ Search Word ကို ထည့်ပြီး ရှာနိုင်ပါတယ်။

ကိုယ်ရှာခိုင်းတဲ့ Words ကို ရှာဖွေတဲ့အခါ del.icio.us မှာ ကျွန်မတို့  သိမ်းထားတဲ့ Description တို့  Tags name တွေအပေါ်မှာ ရှာမှာမဟုတ်ပဲ တကယ့် Website Link နဲ့  ဆိုဒ်တွေရဲ့ Page Content တွေပေါ်မှာ ရှာတာဖြစ်ကြောင်း သိရပါတယ်။ Google Search Engine ကို သုံးထားတာဖြစ်လို့  Google က Search Engine အလုပ်လုပ်ပုံအတိုင်း ရှာတာပါ။ ဒါကြောင့်လည်း နာမည်ကို delicious နဲ့  google ကိုပေါင်းပြီး deliGoo Search Engine လို့ ပေးထားတာဖြစ်မယ်။

၂၀၀၃ နှစ်ကုန်ပိုင်းမှာ စတင်ခဲ့တဲ့ del.icio.us ကို 9 December 2005 မှာ Yahoo က US$15 million နဲ့  US$30 million အကြားပေးပြီး ၀ယ်ယူခဲ့တယ်။ ဒီ စက်တင်ဘာ လဆန်းကတင် Del.Lcio.Us ဆိုတဲ့ နာမည်၊ URL ကနေပြီး delicious.com ကို ပြောင်းလဲသုံးစွဲ တော့မယ်ဆိုတဲ့ အကြောင်း သတင်းတွေမှာ ဖတ်လိုက်ရ ပါတယ်။ အသစ်ဖြစ်တဲ့ delicious.com မှာ အခုလက်ရှိ del.icio.us ထက် ပိုပြီး ကောင်းမွန်တဲ့ Features တွေပါဝင်မယ်လို့  သိရတယ်။ အသစ်ဆိုတော့ အဟောင်းထက် ပိုပြီး ကောင်းမှာတော့ သေချာသလောက် ပါပဲ။ အခု လက်ရှိအချိန်မှာတော့ delicious.com ဟာ preview အဆင့်မှာပဲရှိသေးပြီး တချို့  selected users တွေပဲ စမ်းသပ်တဲ့ အနေနဲ့  အသုံးပြုခွင့် ပေးထားပါသေးတယ်။ ဘယ်လို ပုံစံရှိလည်း သိချင်တယ်၊ ဘာ Features အသစ်တွေပါဝင်မယ်ဆိုတာ ကြိုတင် သိချင်တယ် ဆိုရင်တော့ ဒီမှာ သွားကြည့်နိုင် ပါတယ်။

Related Links:
New Del.Icio.Us is Delicious
www.search.deligoo.com ,www.deligoo.com
www.delicious.com , del.icio.us
delicious bookmark (Firefox add-on)
Social Bookmarking Services And Tools

September 17, 2007

My Weekend

သောကြာနေ့  ညနေက စလို့  တနင်္ဂနွေ ညအထိ... တကယ်ဆို မထူးခြားပါဘူး..

ဒီတစ်ပတ် အားလပ်ရက်မှာ သောကြာနေ့ ည တစ်ညကလွဲရင် စိတ်ညစ်စရာမရှိ အေးအေး ဆေးဆေးပဲ ကုန်ဆုံးသွား ခဲ့တယ်ဆိုရမယ်။ အရာရာကို စိတ်ရှည် သည်းခံပါဆိုတဲ့ တည်ငြိမ်တဲ့ တိုက်တွန်း စကားတစ်ခွန်းကို ကြိုးစားနားထောင် ဖြစ်ခဲ့ပါတယ်။ သောကြာ ညနေအလုပ်က အပြန်မှာတော့ သူငယ်ချင်း တစ်ယောက်နဲ့  အပြင်သွား ဖြစ်ခဲ့ပေမယ့် စနေရော တနင်္ဂနွေရော ဘယ်မှ မသွားပဲ အိမ်မှာပဲ နေဖြစ်ပါတယ်။ အားလပ်ရက် တွေကို အိပ်ရေးဝအောင်အိပ်၊ စာအုပ်တချို့ ဖတ်၊ အေးအေးဆေးဆေး စကားပြော၊ အ၀တ်လျှော်၊ အိမ်ခန်းရှင်း၊ မ၀င်တာ ကြာပြီ ဖြစ်တဲ့ မီးဖိုချောင်ထဲဝင် ထမင်းဟင်းချက်စားပြီး သက်တောင့် သက်သာလေးပဲ ကုန်ဆုံးသွားစေ ခဲ့တယ်။ သီချင်းအတော်များများ နားထောင်ဖြစ်တယ်၊ သတင်းတွေတော့ အတော်များများ လိုက်ဖတ်ဖြစ်တယ်။ တကယ်ဆိုရင် ပျော်ရွှင်မှုကို အမြဲရှာဖွေလိုသူတွေ အတွက်ဆို ဘာမှ ထူးထူးခြားခြား မရှိပျင်းစရာ ကောင်းတဲ့ WeekEnd တစ်ခုလို့  ဆိုနိုင်ပါတယ်။ ဒါပေမယ့် စိတ်ရှုပ်စရာမရှိ တည်ငြိမ် အေးဆေးစွာ ဖြတ်သန်းခဲ့ရတဲ့ အားလပ်ရက်တွေ မို့  ဒီလို အားလပ်ရက်တွေကို ကျွန်မကတော့ သဘောကျ နှစ်ခြိုက်ပါတယ်။

အားလုံး ငြိမ်ချမ်းပျော်ရွှင်တဲ့ အားလပ်ရက်တွေကို အစဉ် ပိုင်ဆိုင်နိုင်ပါစေ။