ဟိုနေ့ က သူငယ်ချင်းတစ်ယောက်က လူမှု့ ရေးအသင်းတွေ ဖျက်ရမယ်ဆိုတာကို ကြားတယ်လို့  သတင်းပေးကတည်းက ဘယ်အဖွဲ့ တွေ အဖျက်ခံရမလဲ စိတ်ဝင်စားနေခဲ့တာ၊ ခုတော့ ဖျက်ခံရတဲ့ အဖွဲ့ တွေစာရင်းကို မိုးမခမှာတွေ့ လို ထပ်ဆင့် ဖေါ်ပြလိုက်ပါတယ်။
ဘာလို့  ဟို ကြံ့ဖွတ် အသင်းကိုကြတော့ မဖျက်တာပါလိမ့်။ ဖျက်မယ့်ဖျက် အဲ့ဒီ အသင်းကို အရင် ဖျက်ရမှာ။ ပြည်သူ့ ဆန္ဒခံပြီး ဖျက်မယ်ဆို အဲ့ဒီအသင်းက အရင် အဖျက်ခံရမယ် ဆိုတာ သေချာပါတယ်။
အဖျက်ခံရမယ့် စာရင်းမှာ နာရေးကူညီမှု့ အသင်းက ထိပ်ဆုံးက ပါမယ်ထင်တဲ့အတိုင်း ပါလာတာပါပဲ။ နာရေးကူညီမှု့  အသင်းကို မနာလိုဖြစ်နေပြီး လိုက်ကန့် သတ်နေတာတော့ အတော်ကြာပြီဆိုတာ သတင်းတွေအရတော့ သိနေခဲ့ရတယ်။ တခြားအဖွဲ့ တွေကို ဘာလို့ ဖျက်ခိုင်းတာလဲ မသိဘူး။ ဘာသာရေးအသင်းတွေတောင် ပါလိုက်သေးတယ်။ အင်း .. ကျွန်မတို့  မြန်မာပြည်မှာ အများအကျိုး၊ သာသနာ့အကျိုး ဆောင်ရွက်တာတောင် လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် မရှိပါလားနော်..
ပြည်ထဲရေးဝန်ကြီးဌာနကဖျက်သိမ်းကြောင်းကျေညာခဲ့သည့် အသင်းအဖွဲ့ များ
၁၊ သာရေးနာရေးအသင်း
၂၊ နာရေးကူညီမှု့ အသင်း
၃၊ တိုးတက်ရေးစာဖတ်သင်း (၁၉၅၄ စတင်တည်ထောင်)
၎၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း
၅၊ မြန်မာနိုင်ငံ ဗိသုကာများအသင်း
၆၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း
၇၊ ကချင်တိုင်းရင်းသား ရိုးရာနှင့် စာပေယဉ်ကျေးမှု့ အသင်း
၈၊ မင်းကွန်းပဋိပတ္တိ သာသနိနဂ္ဂ အသင်း
၉၊ တရုတ်ကုန်သည်များအသင်း
၁၀၊ အိန္ဒိယ- မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအသင်း
၁၁၊ ဂုရုနာနတ် အခမဲ့ဆေးပေးရုံနှင့် မျက်စိကုဌာန
၁၂၊ မြန်မာပြည် တရုတ်အမျိုးသား ချင်းအမျိုးအနွယ် အွဲကင်းစာအသင်း
၁၃၊ ဘော်လီဘောမိသားစု သာရေးနာရေးအသင်း
၁၄၊ SPA Scholarship Foundation
၁၅၊ ဗလငါးတန် အားမာန် လူငယ်ဖြွုံဖိုးရေးအသင်း
၁၆၊ မြန်မာ-ဂျပန် ဗုဒ္ဓဘာသာအသင်း
၁၇၊ လူဝင်မှု့ ကြီးကြပ်ရေးနှင့် ပြည်သူ့ ဝန်ထမ်းဟောင်းများအသင်း
၁၈၊ မြန်မာနိုင်ငံ ယာဉ်နှင့် စက်ကိရိယာပစ္စည်းလုပ်ငန်း
၁၉၊ ကျူလီ မွတ်ဆလင်သာသနာ ပြန်ပွားရေးအသင်း
၂၀၊ အရိဆမာဂ်ျ ကုသိုလ်ဖြစ် ဆေးရုံ
၂၁၊ မြန်မာနိုင်ငံလုံးဆိုင်ရာ က္ကုန္ဒရာဟိန္ဒူ အဖွဲ့ ချုပ်
၂၂၊ ပဲနွယ်ကုန်းအသင်း
၂၃၊ ခြောက်ထပ်ကြီး ရွှေသာလောင်း မဟာဗုဒ္ဓဝေယျာဝစ္စအသင်း
၂၄၊ မြန်မာပြည် တရုတ်တိုင်းရင်းဆေး သမားတော်များအဖွဲ့ 
(အမိန့် ကြော်ငြာစာတွင် “ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီများမှ ဆက်လက်ဖွဲ့ စည်းရန် မထောက်ခံသဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်ရန် တိုင်းအုပ်ချုပ်ရေးမှူး (ထွေ / အုပ်) များသို့  ပြည်ထဲရေး ၀န်ကြီးဌာနမှ စာအမှတ် ၂၀၀။၆၈-၁။ ဦး ၁ ဖြင့် ထုတ်ပြန်လိုက်သည် “ လို ပါရှိသည် )
Source :
MoeMaKa

Credit to : bleakm