Pages

December 26, 2008

New ez-link card from 2009 (Singapore)

အခုလက်ရှိ စင်္ကာပူမှာ မီးရထား၊ ကားစီးရာတွေမှာ အသုံးပြုနေတဲ့ EZ-Link Cards တွေကို Contactless ePurse Application (CEPAS) Standard မှီတဲ့ Cards အသစ်တွေနဲ့  အစားထိုးမယ်လို့  သိရပါတယ်။

၂၀၀၉ ဇန်န၀ါရီလမှ စပြီး အခုလက်ရှိအသုံးပြုနေတဲ့ Cards အဟောင်းတွေကို Cards အသစ်တွေနဲ့  (one-to-one exchange) လဲပေးမှာဖြစ်ကြောင်း သိရှိရပြီး ဘယ်လို ပုံစံလဲလှယ်ပေးမယ် ဆိုတဲ့ အသေးစိတ် အချက်အလက် တွေကို ၂၀၀၉ ဇန်န၀ါရီမှာ သတင်းထုတ်ပြန်မယ်လို့  သိရပါတယ်။


အသစ်နဲ့ အဟောင်း ဘာတွေကွာခြားသလဲဆို.. Card အသစ်တွေမှာ အခုလက်ရှိ အသုံးပြုနေတဲ့ ez-link card တွေလို deposit S$3 မပါတော့ပဲ card အသစ်ကို အသုံးပြုတဲ့အချိန်မှာ ကိုယ့်ရဲ့ card ထဲမှာ ကိုယ်သွားမယ့် ခရီးအတွက် လုံလောက်တဲ့ ပိုက်ဆံပမာဏ ရှိနေမှသာ အသုံးပြုလို့ ရမှာ ဖြစ်တယ်လို့  ရေးထားတယ်။

ကတ်အသစ်တွေမှာ ပြောထားတဲ့ လုံလောက်တဲ့ ပမာဏဆိုတာ MRT(ရထား) စီးမယ်ဆို S$3 လို့ ဆိုလိုခြင်း ဖြစ်တယ်လို့  သိရတယ်။ ကိုယ့်ရဲ့ ကတ်အသစ်မှာ S$2.99 ဒါမှမဟုတ် ဒီထက် နည်းတဲ့ ပမာဏပဲရှိနေမယ် ဆိုရင် MRT Counter တွေကို ကတ်လေး ကတ်လိုက်တဲ့အခါ အသံတွေ တတီတီမြည်ပြီး ဖြတ်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကားစီးမယ် ဆိုရင်တော့ ကိုယ်တက်တဲ့ Bus Stop ကနေ အဲဒီကား နောက်ဆုံးရောက်မယ့် Bus Top အထိ ကုန်ကျမယ့် ခရီးသွားစရိတ်ထက်များတဲ့ ပမာဏရှိနေမှာသာ ကတ်ကိုအသုံးပြုပြီး ကားစီးလို့ ရပါလိမ့်မယ်။ Bus တွေ သွားတဲ့ ခရီးအနီးအဝေးတွေက မတူတော့ ဘယ်လောက်ကုန်မယ် မှန်းမသိရင် အနည်းဆုံး S$3 လောက်ထည့်ထားပို့  တိုက်တွန်းပါတယ်လို့ ရေးထားတယ်။

ပထမ ဖတ်ကြည့်ပြီး စိတ်ထဲ Deposit S$3 ပါတဲ့ card အဟောင်းတွေနဲ့  Deposit မပါနဲ့  Card အသစ်တွေ ဘာမှ သိပ်မကွာဘူးလိုပဲ။

အခု လက်ရှိ Card တွေဆို Card ထဲမှာ Deposit ဆိုပြီး ပေးထားရတဲ့ ပိုက်ဆံ S$3 ရှိနေတဲ့ အတွက် အသုံးပြုချိန်မှာ အသုံးပြုလို့ ရတဲ့ ပိုက်ဆံ S$0.01 ရှိတယ်လို့  ပြနေရင် ရထားစီး၊ ကားစီးလုပ်လို့ ရပြီ။ ခရီးဆုံးတဲ့ အချိန်မှာ Card ကို ပိုက်ဆံဖြတ်တဲ့ အခါ အနှုတ်ဖြစ်သွားမယ်။ ကိုယ်သွားတဲ့ ခရီးက S$1.00 ကျတယ်ဆို Card မှာ ပိုက်ဆံ (0.01-1.00) -S$0.99 ဖြစ်သွားမယ်။ အဲလို အနှုတ် ဖြစ်နေရင်တော့ ပိုက်ဆံထပ် ဖြည့်ပြီးမှသာ အဲဒီကတ်ကို သုံးပြီး ခရီးဆက်လို့ ရတယ်။ Deposit S$3 ကြောင့် အနှုတ်ဖြစ်ခွင့်ပေး လိုက်တာ။

အသေအချာ ထပ်စဉ်းစားကြည့်တော့ ကွာတယ်ဆိုတာ သိလိုက်ရတယ်။

Deposit S$3 က ez-link card စ ၀ယ်ကတည်းက ထည့်ထားရပြီး၊ အနှုတ်တခါတလေ ဖြစ်လို့ ရတာက လွဲရင် ကိုယ်သုံးလို့ မရတဲ့ ပိုက်ဆံ။ ခရီးသွားတဲ့ ကိစ္စပဲ စဉ်းစားမယ်ဆို သိပ်မထူးခြားသလို ဖြစ်ပေမယ့် အခု နောက်ပိုင်းက ez-link card တွေကို ကား၊ ရထားစီးတဲ့ နေရာမှာတွေတင် အသုံးလို့ ရတာ မဟုတ်ဘူး။ တခြား payment တွေအတွက်ပါ သုံးလို့ ရလာတယ်။ အဲဒီနေရာတွေ အတွက်စဉ်းစားလိုက်ရင် Card ထဲရှိတဲ့ ပိုက်ဆံ အကုန် သုံးလို့ ရသွားတာဟာ ပိုကောင်းသွားတယ်။ ITL အနေနဲ့ လည်း ez-link card တိုင်းကနေ S$ 3 ယူထားပြီး သူတို့ လုပ်ချင်တာ လုပ်လို့ မရတော့ဘူး။

နောက်ထပ် ဘာပိုကောင်းလဲ မကောင်းလည်း စဉ်းစားတာကို ဒီလောက်နဲ့ ရပ်လိုက်တယ်။ ခေါင်းပူတယ်၊ အချိန်ကုန်ခံပြီး ထပ် မစဉ်းစားတော့ဘူး။ ကောင်းကောင်း မကောင်းကောင်း သုံးရမှာပဲလေ။

ကိုယ့်အတွက် အဆင်ပြေမပြေဆိုတာကိုပဲ ဆက်တွေးမိတယ်။ အခု Card တွေမှာ ခရီးအဆုံးအထွက် MRT Station ထဲက အထွက် card ကတ်လိုက်တယ်ဆို အနှုတ်ပြ သွားပြီဆို အနီရောင်ပြပေးတယ်။ ပိုက်ဆံရှိတယ်ဆို အစိမ်းရောင်။ အဲလိုနီသွားရင် ကျွန်မ ပိုက်ဆံ ဖြည့်လိုက်တယ်။ ဒါမှ နောက်တစ်နေ့ မနက် အလုပ်သွားတဲ့အခါ အဆင်ပြေမှာ။ အလုပ်သွားဖို့ ဆို အချိန်အတိအကျပဲ အိမ်ကထွက်လေ့ရှိတော့ မနက်ပိုင်းမှာ Card ကို ပိုက်ဆံဖြည့်ဖို အချိန်မရဘူး။ အခု card အသစ်တွေမှာရော S$3 အောက် ရောက်သွားရင် အနီရောင်ပြ မလား။

တချို့ သူတွေက ဘဏ်တွေကနေပြီး ez-link ကတ်ထဲကို ပိုက်ဆံအလိုအလျောက် ထည့်တာတို့ ၊ City Bank က SMRT Credit Card ကိုသုံးတာတို့ လုပ်ကြတယ်။ ဒီလူတွေအတွက် Bank တွေက အရင်လို ပိုက်ဆံကုန်မှ မဟုတ်ပဲ S$3 ထက် နည်းတယ်ဆို ပိုက်ဆံဖြည့်ပေးကြမယ် ထင်တယ်။ ဟိုးအပေါ်က ပြောသလို အနီရောင်ဖြစ် မဖြစ် စိတ်ပူနေမယ့် အစား ဒီအထက်က နည်းတွေ၊ City Bank ကတ်တွေသုံးပါလားဆို မသုံးချင်လို့  ရိုးရိုး ez-link ကတ်ပဲ သုံးနေတာ အလွယ်တကူတော့ ပြောင်းသုံးဖြစ်မှာ မဟုတ်ဘူး ထင်တယ်။

ez-link Card ကို အစားထိုးမယ့် Card အသစ် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အပြည့်အစုံကို အသေးစိတ်အချက်အလက်တွေကို သိချင်တယ် ဆိုရင် (Land Transport Authority Singapore) မှာ နဲ့  ပိုစတာ ကို ဒီနေရာ မှာသွားကြည့်နိုင်ပါတယ်။

နောက် စလုံးက MRT Station တွေမှာ ezlink card အသုံးပြုပုံ သိချင်တယ်ဆို How to ride MRT in Singapore မှာ ပုံတွေနဲ့  တကွ ကြည့်နိုင်ပါတယ်။

10 comments:

khin oo may said...

သူဋ္ဌေးဆိုတော့ သိတ်မတွေးပါဘူး . ။ အမြဲတမ်း ၁၀ အထက် ရှိတယ်။

Nay Nay Naing said...

သူဋ္ဌေး တွေးစရာလိုဘူးဆိုတော့ ကောင်းတာပေါ့။ အားကျတယ်။

မီယာ said...

MRT ကဒ်တွေပျောက်ကျတတ်လွန်းလို့ ကဒ်ဆိုကြောက်တယ်။ ပိုက်ဆံလည်းဆုံး ဒဏ်ကြေးလည်းဆောင်ရနဲ့ အရမ်းစိတ်ညစ်ရတယ်။

chocothazin said...

Electronic Road Pricing (ERP) တို့
Electronic Parking System (EPS) တို့ payment ပေးရင်လည်းပေးနိုင်သေးတယ်လေ
အရင် card အဟောင်းက အများဆုံး $100 ပဲထည့်လို့ရပေမယ့် အခု card အသစ်က $500 ထိထည့်ထားလို့ရတယ်တဲ့

Nay Nay Naing said...

မီယာ >> MRT ကတ် ၂ ခုလောက်တော့ အမြဲရှိတယ်။ တခုပျောက်ရင် တခုသုံးလို့ ရအောင်လို့ ။
ဒဏ်ကြေးဘာလို့ ဆောင်ရတာလဲ။ ကျောင်းသားမို့ လား။ တခြားကတ်တွေကို ပြောတာလား။
တခြားနိုင်ငံက တခြားကတ်တွေကိုပြောတာလား။

choco thazin >> information အတွက်ကျေးဇူးပါ။
MRT ကတ်သုံးပြီး ပေးလို့ ရတဲ့ နေရာတွေ ရှိတာ ကြားဖူးပေမယ့် တခါမှမပေးဖူးဘူး။
EPS တို့  ၊ ERP တို့ က ကိုယ်နဲ့ မရင်းနှီးတော့ ပိုပြီး သတိမထားမိဘူး။
၅၀၀ ဆိုတာ အတော်များတာပဲ။ ပျောက်သွားရင် နှမျောစရာကြီး။
အခုကတ်တွေမှာတော့ ပျောက်ရင် ထည့်ထားတဲ့ ပိုက်ဆံအကုန်ပါမှာ။
ဒါနဲ့ ကတ်အသစ်မှာ ကတ်ပျောက်သွားရင် ထည့်ထားတဲ့ပိုက်ဆံတွေ ပြန်ရဖို့နည်းလမ်းရှိတယ် ကြားမိသေးလား။

:P said...

ကတ်အသစ်အကြောင်း ဘယ်လိုကျော်ဖတ်သွားလည်း မသိပါဘူး...
ခုမှ သိတယ်။ ခေတ်နောက်ကျသွားတယ်....
ပိုက်ဆံမလောက်တုံးက 7-11 မှာ EZlink ကတ်နဲ့ ပိုက်ဆံ တစ်ခါချေဖူးသေးတယ်။

Nay Nay Naing said...

ကျွန်မ ရေးထားတာ နည်းနေလို့ ဆင်ဒဏ်လာက မမြင်ပဲ ကျော်ဖတ်သွားတာလားဟင်။
7-11 တွေမှာ ez-link card reader တွေ တွေ့ ဖူးတယ်။ ပေးတော့ မပေးဖူးဘူး။

Anonymous said...

This site explains in English:

http://www.jawaexpress.com/home/index.php?option=com_content&view=article&id=102

Anonymous said...

အနော်က ၁လပိုင်းကျရင် ရွာပြန်မှာဗျ..
သူတို့က၁လပိုင်းမှာအသစ်နဲ့အဟောင်းနဲ့စလဲမယ်ဆိုရင် အနော်ပြန်လာရင် ကဒ်အဟောင်းကြီးနဲ့ဖြစ်နေမှာပေါ့..
အဟောင်းနဲ့ရောဆက်သုံးလို့ရနေဦးမှာလား..
ပြန်လာမှကဒ်အဟောင်းနဲ့ရထားတက်စီးလို့မရဖြစ်မှာစိုးလို့ပါဗျာ..
သိရင်ဖြေပေးပါဦး

Nay Nay Naing said...

မမိုးမိုးအောင် (မိန်းကလေးလို့ ထင်ပါတယ်)
သတင်းပေးတာ ကျေးဇူးပါ။

နံငယ်ပိုင်း >> သုံးလို့ ရပါတယ်။ စိတ်ပူ စရာမရှိပါဘူး။ သတင်းကို Official ezlink card ဆိုဒ် နဲ့  lta ဆိုဒ်တွေ မှာ ကြည့်လို့ ရတယ်။
http://www.ezlink.com.sg/
http://www.lta.gov.sg/
ပိုစ့်တင်တုန်းက ကျွန်မ အဲဒီလင့်တွေ ထည့်ပေးဖို့ မေ့သွားတယ်။

မေးတဲ့သူတောင် ရန်ကုန်ပြန်သွားပြီထင်တယ်။ :D.. အလုပ်ရှုပ်နေရင် ကွန့် မန့် တွေပြန်ဖို့ ရှိတာ သတိရပေမယ့် အားတဲ့ အချိန်မှာ Blog ကို လာကြည့်ဖို့ မေ့မေ့ နေတယ်။