Pages

December 29, 2008

Celebration Cake @ commIT(22-Dec-2008)


အခု ဓာတ်ပုံထဲက ကိတ်မုန့် ကြီး အရမ်းစားချင်လို့  ဒီပိုစ့် တင်ဖြစ်တာ။ ဗိုက်ဆာနေတယ်။
.....
ဓာတ်ပုံထဲက ကိတ် ပြီးခဲ့တဲ့ တနင်္လာနေ့ (22-Dec-2008)မှာ လုပ်တဲ့ commIT က ကိတ်မုန့် ။ စားလို့  တော်တော်လေး ကောင်းတယ်။ အရသာကြိုက်လို့ နှစ်ခေါက် သွားပြန်ယူစား ဖြစ်တယ်။ အဲဒီနေ့ က ကိတ်မုန့်  စားတာနဲ့  ဗိုက်ဝသွားပြီး နေ့ လယ်စာအဖြစ်ကျွေးတဲ့  တခြားအစားအသောက်တွေတောင် နည်းနည်းပဲ စားနိုင်တော့တယ်။

အလုပ်မှာ ပွဲတွေ လုပ်တဲ့ အခါတိုင်း ပွဲပြီးတဲ့အချိန်မှာ Cake မုန့်  အကြီးတစ်ခုကို သက်ဆိုင်သူတွေက ခွဲတဲ့ အလေ့တစ်ခု ရှိတယ်။ ဘာမှန်းတော့ မသိဘူး။ ကိတ်ခွဲတယ် ဆိုတာလဲ ဟန်ပြပါ။ စားချင်တဲ့သူ ကိုယ်စားချင်သလောက် ကိုယ့်သာသာ လှီးယူစားပဲ။

တခြားပွဲတွေတော့ အထိမ်းအမှတ်ကိုလိုက်ပြီး ဟိုလူကြီး၊ ဒီလူကြီးတွေ ဟန်ပြ ကိတ်ခွဲကြတယ်။ commIT မှာ ကျွေးတဲ့ ကိတ်တွေက အဲဒီလမှာ ကျရောက်တဲ့ မွေးနေ့  ရှင်တွေအတွက် ကိတ်ဖြစ်တာများတော့ မွေးနေ့ ရှင်တွေကို အရှေ့ ကိုဖိတ်ခေါ်၊ ကိတ်မုန့် ကြီးပေါ် ဓားလေးဝိုင်တင်ခိုင်းလို့  ကျန်တဲ့သူတွေက မွေးနေ့  သီချင်းတွေ ဆိုပြီး ဓာတ်ပုံရိုက်ကြတယ်။ ပြီးရင် ကုမ္ပဏီက တစ်လတစ်ခါထုတ်တဲ့ စာစောင်ထဲနဲ့  Staff net မှာ ပါတယ်လေ။ ဒီတခါ Cake က CMMI Level 3 ရတဲ့ အထိမ်းအမှတ် ကိတ်ဆိုတော့ ကုမ္ပဏီတစ်ခုလုံးနဲ့  ဆိုင်နေတဲ့အတွက် ဟန်ပြလေး ခွဲပေးမယ့် သူတောင် မရှိဘူး။ အီးဗီပီ ကလည်း မခွဲဘူး။ ကျွန်မ ဓာတ်ပုံရိုက်တဲ့ အချိန် အီးဗီပီနဲ့  တခြား သူတွေ အရှေ့ က ဘူဖေးစားဖို့ တန်းစီနေကြပြီ။

အဲဒီနေ့ က commIT လုပ်နေတုန်း ၁၂ နာရီထိုးခါနီး ကျွန်မ ဘေးနားမှထိုင် ၀မ်တင်းက ဟိုရှေ့ စားပွဲပေါ် တင်ထားတဲ့ ဗူးထဲက ကိတ်က ဘာဖြစ်မလဲ မှန်းကြည့်ကြမယ်လို့  အဖော်ညှိတယ်။ နှစ်ယောက်လုံး ရှေ့က ပြောနေတာတွေကို အရမ်းစိတ်ဝင်စား ကြတာလေ။ ကျွန်မက X'mas နားနီးနေတော့ ချောကလက်ကိတ် ဖြစ်မယ်ထင်တယ် မှန်းလိုက်တယ်။ သူက သရက်သီးကိတ် ဖြစ်မှာတဲ့။ ဘာလို အဲလိုမှန်းတာလဲ ဆိုတော့ သူစားချင်တာကို ပြောတာတဲ့လေ။ ပုံစံလှပေမယ့် ခရင်အများကြီးပါတဲ့ ကိတ်တွေကို သူရော၊ ကျွန်မရော မကြိုက်ကြဘူး။ ကိတ်ကိုကြည့်ပြီး မကြိုက်ဘူးဆို မစားပဲ ထမင်းပဲစားမယ်လို့  နှစ်ယောက်သားပြောဖြစ်ကြတယ်။ ၉ နာရီက စပြီး ထိုင်နားထောင် နေရတာ၊ ၁၂ ထိုးခါနီး မှာ ဘာပြောပြော စိတ်ဝင်စား၊ မကြားတော့ပဲ မကြာခင်စားရတော့မယ် အစားအသောက်အကြောင်းကိုပဲ တွေးမိတာ ကျွန်မတို့ အလွန် မဟုတ်ဘူး ထင်ပါတယ်။

5 comments:

:P said...

အပေါ်က လိမ်မော်ရောင်အတုံးလေးတွေက ဂျယ်လီတွေလားဟင်....စားချင်လိုက်တာ...

Nay Nay Naing said...

ကိုယ်တစ်ယောက်တည်း မဟုတ်တော့ဘူး။ ဓာတ်ပုံပြလိုက်တာ အဖော်ရသွားပြီ။ :D

အဲဒါတွေက ဂျယ်လီ မဟုတ်ဘူး။ အဖြူရောင်က ကြက်မောက်သီး အလုံးလိုက်တွေ၊ အ၀ါရောင်က Peach တွေကို လေးခြမ်းစိတ်ထားတာ။ အစိမ်းရောက် ကီဝီသီးတွေ။ အောက်က ကိတ် အသားကလည်း လုံးဝ မအီဘူး။ စားလို့ ကောင်းတယ်။

ThuHninSee said...

စားချင်လိုက်တာ။ အဲဒီကိတ် အရောင်လေး အတော်လှတယ်။

TKLinn said...

စားချင်လိုက်တာ.. ရှလွတ်..ရှလွတ်
နေနေရေ အရသာ ကောင်းတယ်ဆိုရင်
ဘယ်က မှာတာလည်း လို့ စုံစမ်းလို့ရရင် စုံစမ်းပေးပါဦးနော် လှလည်းလှတယ်တော့..

Nay Nay Naing said...

မထက် >> မထက် ကွန်မန့် ရေးတဲ့နေ့ ကတည်းက မေးလိုက်တယ်။ အဆင့်ဆင့်မေးနေရတယ် ထင်တယ်။ reply မလာသေးဘူး။ သိတဲ့အခါပြောပြမယ်။

မမွန် >> အပြင်မှာ ပိုလှတယ်။ အရင် Cake တွေဆို ဓာတ်ပုံရိုက်ဖို့ စိတ်ကို မ၀င်စားတာ။ ဒီကိတ်ကြတော့ လှလို့  ရိုက်ထားလိုက်တာ။ တကယ်ဆို ဘလော့မှာ ရေးဖို့  စိတ်ကူးမရှိဘူး။