Pages

December 15, 2008

4 Days Diary


ဒီရက်ပိုင်း နေလို့ မကောင်းပေမယ့် တချိန်လုံး အပြင်ထွက်နေရတယ်။ ဖေဖေ ရောက်နေလို့  ။ အခုတော့ ပြန်သွားပြီ။ ဒီမနက် 2 AM flight နဲ့ ။ ဒီနေ့  အလုပ်မသွားဘူး၊ မနက်ပိုင်း ဆေးခန်းသွားပြီး အိမ်မှာ နားတယ်။ ဆေးသောက်ပြီး တစ်နေကုန် အိပ်တယ်။ အခုတော့ အတော်လေး သက်သာပြီ၊ မနက်ဖြန်မှာတော့ အလုပ်သွားနိုင်မယ် မျှော်လင့်တယ်။

ဒီနေ့  ဒီရက်ပိုင်း ကြုံရတာလေးတွေ ချရေး ဖြစ်တယ်။ မထူးခြားပါဘူး။ ဟိုရောက် ဒီရောက်၊ စိတ်ကူးတည့်ရာ ရေးမှတ် ထားတာပဲ။ ဦးနှောက် ပုံမှန် အလုပ် မလုပ်ဘူး။ ဘာမှ မစဉ်းစားနိုင်ဘူး။ လူက နုံးနေတယ်။

5 comments:

Ko Boyz said...

လူနုံးနေလို့ ဒိုင်ယာရီတွေ ချရေးနိုင်တယ်။
နုံးများ မနုံးရင် ဘယ်လောက် ရေးမလဲ မသိဘူး...။

မီယာ said...

နေကောင်းအောင်နေ နေနေရေ

Anonymous said...

နေမကောင်းတဲ့သူ သွားထားတဲ့ခရီးစဉ်ကလဲ ဘုရား ဘုရား
နေမကောင်းလို့ သာပေါ့ နေများကောင်းရင်တော့ အင်းးး

Life is for Success said...

n3,

i also agree with u about"song of the sea"show, i can not feel better than water fountain last 3 yrs ago.This "song of the sea" show also quite long already, i think they will change sooner or later....

Nay Nay Naing said...

မီယာ >> ကျေးဇူးပါ။ နားလိုက်တော့ သက်သာသွားပြီ။

အမည်မသိ >> ဒီတစ်ခါ နေမကောင်းတာ အိမ်မှာ မှာမနေပဲ (အိပ်ချိန်ကလွဲရင်) အပြင်မှာ ကြီးပဲ။ မသွားမဖြစ် ဆိုတော့လည်း သွားရတာပါပဲ။

Ko Boyz >> ရေးလိုက် အိပ်လိုက်၊ တစ်နေကုန်မှ ဒါလေးပဲ ပြီးတာ။

Life is for Success >> ကိုယ်တစ်ယောက်တည်း မကောင်းဘူးထင်တာလားလို့ ။ အခုတော့ အဖော်ရှိပြီ။ အခု" Song of the Sea" ဇာတ်လမ်းက လုံးဝ မကောင်းဘူး။ တခြားဟာ အမြန်ပြောင်းသင့်ပြီ။