Pages

December 11, 2008

13th Month Payment or Bonus?

စင်္ကာပူက ကုမ္ပဏီတော်တော်များများမှာ ၁၂ လ အလုပ် လုပ်ပြီးရင် (13th Month Payment) ဆိုပြီး တစ်လစာ လခ ပေးတတ်ပါတယ်။ တချို့  ကုမ္ပဏီတွေက ဒီဇင်ဘာမှာ တစ်နှစ်အတွင်း ကိုယ်လုပ်ထားတဲ့ လနဲ့  တွက်ပေးတယ်။ တချို့ ကုမ္ပဏီတွေက ၁၂ လ ပြည့်တဲ့ အချိန်မှာမှ ပေးတယ်။ အဲဒီလို ၁၃ လစာ ရတာကို တချို့ က Bonus ၁ လစာ ရတယ်လို့  ပြောကြတယ်။ တကယ်တော့ ဒါဟာ Bonus မဟုတ်ပါဘူး။ အဲလို ၁၂ လ လုပ်ပြီး ၁၃ လစာ လခရတာကို AWS (Annual Wage Supplement) လို့ ခေါ်ကြတယ်။

ဒီနေရာမှာ စင်္ကာပူက ကုမ္ပဏီ အားလုံးမှာ တစ်နှစ်လုပ်ရင် ၁၃ လစာ (AWS) အမြဲ ပေးတယ်လို့ မဆို လိုပါဘူး။ AWS က ဒီစင်္ကာပူမှာ ကုမ္ပဏီတိုင်း အလုပ်သမားတွေကို မပေးမနေရ (Compulsory) အရာ တစ်ခု မဟုတ်ပါဘူး။ တချို့ ကုမ္ပဏီ တွေက ပေးတယ်၊ တချို့  မပေးပါဘူး။ ဒီနိုင်ငံမှာ တစ်နှစ်မှာ လခ ၁၂ လစာ ကလွဲရင် ဘာမှ အပိုမပေးတဲ့ ကုမ္ပဏီ တွေလည်း အများကြီး ရှိသလို၊ တစ်နှစ်ကို ၁၂ လစာ + AWS ပေးတဲ့ ကုမ္ပဏီ တွေနဲ့  တစ်နှစ်ကို ၁၂ လစာ + AWS + Bonus ပေးတဲ့ ကုမ္ပဏီ တွေလည်း ရှိပါတယ်။ အဓိက ပြောချင်တာက AWS က သတ်သတ်၊ Bonus က သတ်သတ် ဆိုတာပါပဲ။ အလုပ် လျှောက်ရင် AWS ပါလား၊ Bonus ရောပါသေးလား ကွဲကွဲပြားပြားမေးဖို့ လိုပါတယ်။

ကျွန်မ သိသလောက်တော့ AWS က 13th Month Payment ဆိုတဲ့အတိုင်း တစ်လစာပါ။ ဒီထက်ပိုရတဲ့သူ ရှိလား မသိဘူး ကျွန်မတော့ AWS ရမယ်ဆို ၁ လစာပဲ ရတယ်။ Bonus ကတော့ ပေးမယ်ပြောထားရင် ကုမ္ပဏီ ရဲ့ စီးပွါးရေး အဆင်ပြေမှု့  မပြေမှု့ အပေါ် မူတည်ပါတယ်။ အဆင်ပြေရင် ရမယ်၊ အဆင်မပြေရင် မရဘူး။ တချို့  ကုမ္ပဏီ တွေမှာ Bonus ပေးတဲ့နေရာမှာ ရတဲ့ လခ တူတာတောင်မှ တစ်ယောက်နဲ့  တစ်ယောက် ရတဲ့ ပမာဏခြင်း မတူဘူး။ ကိုယ့်ရဲ့ လုပ်ဆောင်မှု့ ပေါ်မူတည်ပြီး အနည်းအများ ကွာတာမျိုးတွေ ရှိတယ်။ Bonus ကို တချို့ က နှစ်ကုန်မှာပေးတယ်။ တချို့ က တရုတ်နှစ်ကူးမှာပေးတယ်။ တခြားအချိန်မှာ ပေးတဲ့ ကုမ္ပဏီ တွေလည်းရှိပါတယ်။ နှစ်ကုန်နဲ့  တရုတ်နှစ်ကူးမှာ ပေးတာတော့ များတယ်။ ဒါကြောင့် ဒီမှာ လူအများစုက အလုပ်ပြောင်းမယ် စိတ်ကူးရင် နှစ်ကုန်ပိုင်းနဲ့  တရုတ်နှစ်ကူး ကျော်ပြီးမှသာ ပြောင်းလေ့ ရှိကြတယ်။ Bonus ယူပြီးမှ ပြောင်းတဲ့ သဘောပေါ့။

AWS နဲ့  ပတ်သတ်ပြီး ကြားဖူးတာ တစ်ခုက...
ဗြိတိသျှတွေ ဒီမှာ အလုပ်လာလုပ်တဲ့ အချိန်က သူတို့ ကို လစဉ် မဟုတ်ပဲ အပတ်စဉ် လခပေးရ ပါတယ်။ ဒေသခံတွေကိုတော့ လစဉ်လခ ပေးတယ်။ အပတ်စဉ် လခရတဲ့ သူနဲ့  လစဉ် လခရတဲ့သူ တစ်နှစ်ပြည့်တဲ့ အခါ ရတဲ့ လခစုစုပေါင်းမှာ ကွာပါတယ်။
တစ်ပတ်ကို လုပ်ခ ၁၀၀ ရတယ်ထားပါ...
အပတ်စဉ် လခရမယ်ဆို တစ်နှစ်မှာ ၅၂ ပတ် ရှိတဲ့ အတွက်.. တစ်နှစ်လုံး အလုပ်လုပ်မယ်ဆို တစ်နှစ်မှာ စုစုပေါင်း လခ ၅၂၀၀ ရ ပါမယ်။
လစဉ် လခရမယ်ဆို တစ်လမှာ လေးပတ် ဆိုပြီး တွက်တဲ့အတွက် တစ်လမှ ၄၀၀၊ တစ်နှစ်မှာ ၁၂ လ ဆိုတော့ တစ်နှစ်လုံး လုပ်မယ်ဆို စုစုပေါင်း ၄၈၀၀ ပဲရပါတယ်။
အဲဒီလို တစ်နှစ်စာ စုစုပေါင်း ရငွေရဲ့ ကွာခြားချက်ကြောင့် လစဉ် လခရတဲ့သူတွေကို ၁၂ လ လုပ်ပြီးတဲ့ အခါတိုင်းမှာ တစ်လစာ အပိုပေးခြင်း ဖြစ်လို့  သိရပါတယ်။ ဒီအတွက် ၁၃ လစာ ရခြင်းရ Bonus ရခြင်းမဟုတ်ပဲ၊ ကိုယ်ရပိုင်ခွင့် ရှိတဲ့ လုပ်ခပိုက်ဆံကိုသာ ပေးခြင်း ဖြစ်ပါတယ်တဲ့။ ဖတ်ဖူးတာလေးပါ။

ဘာပဲဖြစ်ဖြစ် ပုံမှန် ၁၂ လ လုပ်ပြီး ပိုက်ဆံတွေ ပိုရတယ် ဆိုတာ ကောင်းတဲ့ ကိစ္စတစ်ခုပဲ မဟုတ်လား။ အားလုံးပဲ အလုပ်လုပ်ရာမှာ 12 Month Salary+ AWS+ Bonus ပေးတဲ့ ကုမ္ပဏီ တွေမှာ အလုပ်တွေ ရကြပြီး၊ ၁၂ လစာ လခတင်မကဘူး AWS လည်း ရ၊ ကုမ္ပဏီတွေ စီးပွါးရေး ကောင်းပြီး Bonus တွေလည်း များများ ရ ကြပါစေ။ တခြား OT (overtime payments) တွေ၊ Commissions တွေ၊ Allowances တွေ အကုန်ရကြပါစေ။

Update : အပေါ်မှာ ရေးတုန်းက MOM(Ministry of Manpower) ရဲ့ website မှာ ရေးထားတဲ့ လင့်ကို ထည့် ပေးထားပေမယ့် တကူးတကကြီးသွားပြီး မဖတ်ဖြစ်မှာ စိုးလို့  ဒီမှာ ထပ်တင်လိုက်တယ်။ စင်္ကာပူမှာ အလုပ်လုပ်နေသူတွေ အတွက်ပါ။

Annual Wage Supplement
Annual Wage Supplement (AWS) is commonly known as the 13th month payment. It is a single annual payment to employees that supplements the total amount of annual wage earned by them.
Payment of AWS depends on the contractual agreement between the employer and the employee i.e. whether it is provided for in the employment contract or collective agreement.
If it is not stipulated in the employment contract, AWS payment is subject to negotiation and mutual agreement between the employer and employee, or the trade union representing the employee.

An employer is not allowed to pay an AWS of more than three months' salary if:
  • He/she agreed (either by way of an employment contract or collective agreement) to pay an AWS of up to three months' wages before the commencement of the Employment (Amendment) Act 1988 on 16 August 1988.
  • However, the employer can negotiate with the employee, or the trade union representing the employee, to vary the quantum.
An employer is not allowed to pay an AWS of more than one month's wage if he/she:
  • Has not paid any AWS prior to 16 August 1988.
If business results are exceptionally poor for any year, an employer may negotiate with the employees, or the trade union representing the employees, to adjust the AWS downwards.

Bonus
Bonus is a one time payment usually paid to employees at the end of the year to reward them for their contributions to the company.

6 comments:

Anonymous said...

လုပ်ခ ကို တပတ်တစ်ခါ ရှင်းတာနဲ့ တစ်လတစ်ခါ ရှင်းတာဘယ်လိုကွာခြားသလဲဆိုတာ မစဉ်းစားမိ ခဲ့ ဖူးဘူး...အခုလိုသိရတဲ့အတွက်ကျေးဇူးတင်ပါတယ်

Nay Nay Naing said...

ကျောင်းတတ်နေတုန်းက အဆောင်နေတာနဲ့  အိမ်ခန်းငှါးနေတာမှာ လခကို အပတ်စဉ် ပေးတာနဲ့  လစဉ်ပေးတာတွေ အခန်းခ တောင်းတာ မတူတာ သတိထားမိပြီး အဲဒီနှစ်ခု ကွာတာကို မှတ်မှတ်သားသား ရှိခဲ့တယ်။

Anonymous said...

Thanks.

မီယာ said...

bonus တခါမှမရဖူးဘူး။ ပိုက်ဆံဈေးတွေ ကျနေလို့ အားကြီးစိတ်ညစ်နေတယ်။

ကိုပေါ said...

ဒီနှစ်တော့ နှစ်တိုးလည်းမရဘူး။ အေဒဗလျူအက်စ်ကလည်း လက်ထဲရောက်ပြီးမှ ဟင်းချနိုင်မှာ။ ဘောနပ်စ်ကတော့ အိပ်မက်ထဲတောင် အလည်မလာတော့ဘူးကွယ်။
မထူးပါဘူး။ အပြင်မှာ ပိုက်ဆံအကုန်အကျနည်းအောင် ဒီဘလော့ဂ်က စားစရာတွေပဲ လာလာချောင်းတော့မယ်။း-)

Nay Nay Naing said...

မီယာ >> Bonus ရတော့ ရဖူးတယ်။ ဒါပေမယ့် အများကြီးမဟုတ်ဘူး။ တစ်နှစ်ကို ၇ လ စာလောက် bonus ရမယ်ဆို ကောင်းမှာ။

Ko Paw >> နှစ်တိုးက ဘာလို့ မရတာလဲ။ AWS ရမှာပါ။ Bonus .. အိပ်မက်ထဲသာမလာတာ အပြင်မှာ တကယ်ချင်လာနေမှာ..
ကိုပေါ ပြောမှ စားစရာ အကြောင်းတွေတောင် မတင်ဖြစ်တာ ကြာပြီဆိုတာ သတိထားမိတယ်။ နောက်ရက်ပိုင်း ဓာတ်ပုံတွေ ရိုက်ပြီး တင်အုံးမယ်။