Pages

December 11, 2008

11 December 2008

စိတ်ပျက်တယ် .. တကယ်ပါပဲ.

အလုပ်လုပ်တာ ဘယ်လိုတွေ လုပ်နေကြလဲ မသိဘူး။ အလုပ်ကိုလည်း လုံးဝ လေးစားမှု့ မရှိကြဘူး။ ဘာကြောင့်ပဲ ဖြစ်နေပါစေ ကိုယ်တာဝန်ယူတဲ့ အလုပ်ကို အဆင်ပြေပြေဖြစ်အောင် လုပ်ပေးရမှာပေါ့။သူတို့ လုပ်ပုံ လုပ်နည်းတွေ မဟုတ်လို့  ဘယ်လို လုပ်လိုက်ရင် ဒီကိစ္စ အဆင်ပြေမယ်ဆိုတာ ပြောပြတော့လည်း နားမထောင်ဘူး။ မလိုတာတွေ လာပြောနေတယ်။ အပိုတွေ သိပ်လုပ်ချင်နေကြတယ်။ အဲဒါတွေ လုပ်ဖို့ မလိုဘူး။ ပြောတဲ့အတိုင်းလုပ်ပါဆိုတော့ ဟိုဘာဖြစ်မှာ စိုးတယ် ဒီဟာဖြစ်မှာ စိုးတယ်နဲ့ ။ သူတို့ အပိုတွေလုပ်တာ ကိစ္စမရှိဘူး အဲလို့  လုပ်မယ်ဆို တခြားသူတွေမှာ အချိန်ကုန်တယ်၊ ဒုက္ခရောက်တယ်။ Work Smartly ဆိုတဲ့ စကားကို နားမလည်ဘူးထင်တယ်။ ကိုယ့်တာဝန်မဟုတ်တော့ ငါနဲ့  မဆိုင်ဘူးဆိုပြီး ဝေးဝေးနေလို့ ရပေမယ့် ပြဿနာတတ်ပြီဆို ဟိုဘက်ကလူတွေက ကိုယ့်ကို အရင်ရှာတယ်၊ အကူအညီတောင်းတယ်။ တစ်ခုခု အဆင်မပြေဖြစ်ရင် ယူဆာတွေ တိုက်ရိုက်ဆက်ဆံရတဲ့သူတွေမှာ ဘယ်လောက် ပြဿနာတတ်ရှင်း ရတယ်ဆိုတာ သိနေတော့လည်း မဆိုင်သလို မနေနိုင်ပြန်ဘူး။ နောက်ဆုံး ပြောတဲ့ အတိုင်းလုပ်၊ အားလုံး ငါတာဝန်ယူတယ်၊ တစ်ခုခု ပြဿနာတတ်ရင် ငါ လုပ်တယ်ပြော၊ အခု မလုပ်တတ်ဘူးဆိုလည်း ကိုယ်တိုင် ၀င်လုပ်ပေးမယ် ပြောတာလဲ မရ။ တကယ် စိတ်ပျက်တယ်။

ပြောနေတုန်း ကိုယ့်ကို ရှေ့ မှာထားပြီး ကိုယ်နားမလည်တဲ့ ဘာသာစကားနဲ့  သူတို့ အချင်းချင်း ပြောကြသေးတယ်။ ဒီလိုလုပ်တာ အရမ်းရိုင်းတယ်ဆိုတာ တခါပြောပြီးပြီ။ မမှတ်သေးဘူး။ တခြားအချိန်မှာ ပြောကြပါ။ ဘယ်ဘာသာစကားနဲ့ ပြောပြော။ အခုလို အလုပ် ကိစ္စပြောနေတဲ့အချိန် တခြားသူနားမလည်တဲ့ ဘာသာစကားနဲ့ ချက်ချင်းကြီး ပြောင်းပြောတာ ရိုင်းတယ်။ တဘက်လူကို မလေးစားရာရောက်တယ် ပြောဘူးတယ်။ လူမျိုးတူခြင်းမို့  ကိုယ့်ဘာသာစကား ကိုယ်သုံးပြောတာ ဘာဖြစ်လဲတဲ့။ တချို့ ကိစ္စတွေမှာ ရှင်းရင်း ရှုပ်လာလို့  အင်္ဂလိပ်လို ပြောနေတာကနေ အချင်းချင်း ကိုယ်ပိုင်ဘာသာစကားတွေနဲ့  ပြောခွင့်တောင်းပြီး ပြောတာမျိုးကို နားလည်နိုင်သေးတယ်။ အခုအခါဟာက အားလုံးနားလည်တဲ့ အင်္ဂလိပ်လို ပြောနေရာကနေ ကိုယ်တွေအကြောင်း ပြောတာမို့  မသိစေချင်လို့  ဘာသာစကား ပြောင်းပြောတာ သိသာနေတဲ့ဟာကို။ ခက်တယ်။

အကူအညီလာတောင်းနေတဲ့ တစ်ဘက်ကို ကိုယ်တတ်နိုင်တဲ့ ဘောင်ထဲက ဟာတွေပဲ ရှင်းပြလိုက်တယ်။ သူတို့ ကလည်း ပြဿနာတွေ ထပ်တက်မယ်ဆို လူကြီးတွေကို ပြောရတော့မယ်တဲ့။ အရင်ကဆို တားနေမိသေးတယ်။ အခုတော့ လုံးဝ အဆင်မပြေဘူး၊ ပြောဖို့ လိုတယ် ယူဆနေရင် ပြောလိုက်ပါ.. လို့ ပဲ ပြန်ပြောလိုက်တော့တယ်။ ဟုတ်တယ်လေ။ အားလုံး အဆင်ပြေအောင်၊ လုပ်သင့်တာ၊ လုပ်ရမယ့်နည်းတွေကိုလည်း ပြောပြီးပြီ။ မလုပ်တတ်ရင် လုပ်ပေးမယ်လည်း ပြောပြီးပြီ။ ဒါမှ ဘူးခံပြီး လုပ်ချင်တာတွေ လျှောက်လုပ်ရင်တော့ ဖြစ်လာတဲ့ ပြဿနာတွေ ကိုယ့်ဘာသာ တာဝန်ယူကြပါ။

ခုရက်ပိုင်း...... အလုပ်များတယ်။ အင်တာနက်ကို သတင်းတွေ၊ စာဖတ်တာကလွဲရင် တခြားမှာမှ မသုံးဖြစ်ဘူး။ အားတဲ့ အချိန်တွေမှာ လုပ်သင့်တာတွေ လုပ်နေတယ်။ လိမ္မာနေတယ်လို့  ပြောလို့ ရမယ် ထင်တယ်။

3 comments:

:P said...

ဗုံးဖေါက်နေလား N2 ရေ....
ဒီလိုဖေါက်ခွဲလိုက်တော့လည်း နည်းနည်းပေါ့သွားတာပေါ့

Life is for Success said...

စလုံးတွေနဲ့ကတော့ဒီလိုပါပဲသူတို့လို၇င်တမျိုးမလို၇င်တမျိုးပါ။ တို့ကတော့နေသားကျနေပြီ။။။။။

Nay Nay Naing said...

ဆင်ဒဏ်လာ >> ဟုတ်တယ်။ တစ်ခါတလေ စိတ်ရှုပ်လာရင် စိတ်ထဲရှိတာတွေ ချရေးလိုက်တော့ စိတ်သက်သာရ ရသွားတာပေါ့။ :) နောက်ပြီး သူတို့ လို မလုပ်မိအောင် ကိုယ့်ကိုကိုယ် သတိပေးပြီးသားလည်း ဖြစ်သွားတယ်။ ရေးလိုက်တော့ မှတ်မိတာပေါ့။

Life is for Success >> ဒီကနေ့ ကြုံလိုက်ရတာတွေကတော့ စလုံးတွေ မဟုတ်ဘူး။ တခြား နိုင်ငံသားတွေ။