Pages

November 16, 2008

ညစာ

ဒီနေ့ စားတဲ့ ညစာ မဟုတ်ပါဘူး။ ဟိုပြီးခဲ့တဲ့ တစ်နေ့  က ညစာ။ အခု ဗိုက်ဆာတာနဲ့  သတိရပြီး ရိုက်ထားတဲ့ ပုံလေးတွေ တင်လိုက်တာပါ။ အလုပ်က သူငယ်ချင်း တစ်ယောက်က ညစာ အတူသွားစားကြရအောင် အကြံပြုတာကို အားလုံးထောက်ခံပြီး သွားစားခဲ့ကြတယ်။ အဲဒီနေ့ က မိုးတွေ အရမ်း ရွာနေခဲ့တယ်။


အဲဒီဆိုင်က China Square Central အရှေ့ မှာ ရှိတယ်။ မိုးတွေ ရွာနေတော့ ဆိုင်နာမည်ကို သေချာမကြည့်လိုက်မိဘူး။ Menu က ပုံ ကိုတော့ ဓာတ်ပုံရိုက်ထား လိုက်တယ်။ ဆိုင်နာမည်လား၊ ဘာလား မသိဘူး။ အဲဒီဘာသာစကား မတတ်တဲ့အတွက် ဘာရေးထားတယ်ဆိုတာ မပြောပြနိုင်ပါ။ နောက်ပိုင်း အချိန်ရမှ နေ့ လယ်ပိုင်း အဲဒီဆိုင်မှာ ထပ်သွားစား ကြည့်အုံးပြီး ဆိုင်နာမည်မှတ်လာခဲ့မယ်။


ပထမဆုံးစားတာက ပုဇွန်။ အဲဒီ ပုဇွန်က အေးရင် မာသွားပြီး စားရခက်မှာစိုးလို့  ဘာမှ မစားခင် ပုဇွန်ကင်ကို အရင်စားလိုက်ကြတယ်။ မလေး နဲ့ စလုံး သူငယ်ချင်းတွေက သူတို့ စားဖူးတဲ့ ပုဇွန်မှာ ဒီပုဇွန်က တော်ကြီး တယ်တဲ့။ ကျွန်မ အတွက်တော့ မဟုတ်ဘူးလို့ ပြောလိုက်တယ်။ ရန်ကုန်က ပုဇွန်ချိုချို ကွေးကွေးကြီးတွေကို သတိရပြီး အရမ်းစားချင်သွားတယ်။ အဲဒီဆိုင်မှာ မှာစားတဲ့ အစားအစာတွေမှာ Duck Soup က အတော်လေး သောက်လို့ ကောင်းတယ်။ Coffee Pork Rip ကို အဲဒီနေ့ ကမှ ပထမဆုံး အကြိမ်စားဖူးခဲ့တာ။ ၀က်နံရိုးကို ကိုက်လိုက်တိုင်း ကော်ဖီအနံ့ လေးရပြီး၊ နည်းနည်းခါးသက်သက် အရသာလေးရတာ တမျိုးလေးပဲ၊ စားလို့ ကောင်းတယ်။ ကြိုက်တယ်။ ဂျပန် တို့ ဖူးခေါ်မှလား တို့ ဖူး ၀ိုင်းဝိုင်းလေးတွေ ကိုတော့ အရင်ကတည်းက မကြိုက်လို့  နည်းနည်းပဲ စားဖြစ်တယ်။ ကိုက်လန်ကြော်၊ ကြက်ကင်၊ ပုဇွန်ကင် နဲ့  ဟင်းတွေ အားလုံး ကောင်းပါတယ်။

12 comments:

:P said...

သြော်..ဒီအချိန်ဒီလာမိတာငါ့အမှား....
ရှေ့မှာလည်း ကိုပေါ အမှားကြီးမှားပြီးပြီ...
ညစာစားချိန် ဒီလာလည်မိတာ...:(
ဗိုက်ချာလိုက်တာ.....

Nay Nay Naing said...

ကျွန်မက တနင်္ဂနွေညဆို ညစာ မစားဖြစ်တာများတယ်။ ဒီနေ့ တော့ ညစာစားဖြစ်အောင် ဒီပိုစ့်ကို တမင် ရေးတင်လိုက်တာပါ။ ညနေကလည်း ဗိုက်ဆာပေမယ့် ထွက်မစားချင်ဘူး ဖြစ်နေခဲ့တယ်လေ၊ ဒီပိုစ့်လည်း ရေးပြီးရော မနေနိုင်လို့  ညစား ထွက်ဝယ်စားဖြစ် သွားတယ်။

ဆောင်း said...

တနင်္ဂနွေမှာ ဥပုသ်စောင့်လို့လား။ စီဘောက်လေး ထားပါလားဟင်

khin oo may said...

တို့ထမင်းကြော်အိုးကြီး ဂုဏ်ယူစွာပြမိတယ်/ှရှက်လိုက်တာနော်။ :P

khin oo may said...

ဟုတ်တယ် ဟင်းတွေ အားလုံးကောင်းတယ်ဒါပေမဲ့ဝက်သားကိုတော့ ကော်ဖီနံနဲ့မစားချင်ဘူး။

မီယာ said...

နေနေရေသွားရေတောင်ယိုတယ်။ ၀ိတ်တွေတက်နေဦးမယ်နော်။

Moe Cho Thinn said...

အိပ်မက်ထဲတောင် ထည့်မက်တော့မှာပဲ။ :))

Nay Nay Naing said...

ဆောင်း >>ဥပုသ်မစောင့်ပါဘူး.. အပြင်မထွက်ချင်လို့  မစားဖြစ်တာပါ..

အမခင်ဦးမေ >> ဆိုင်ကဟင်းတွေ နဲ့  အိမ်ထမင်း အိမ်ဟင်း မယှဉ်နိုင်ပါဘူး... ဒါနဲ့  ပဲပြုတ် ထမင်းကြော် စားချင်တာကြာပြီ.. စားချင်တယ်..
ဝက်နံရိုးကြော်က ကော်ဖီအနံ့ အရမ်းမရဘူး.. စားလို့ ကောင်းပါတယ်..

မီယာ >> အခုအထိတော့ ၀ိတ်မတက်သေးဘူး.. အသက်ကြီးလာမှ ၀ လာ မလားမသိဘူး..

အမမိုးချိုသင်း>> ဘလော့ပိုင်ရှင်ကို အိပ်မက်ထဲ ထည့်မက်တော့မှာလားလို့  :D

Angel Thitsa said...

a myin cat yae :(

Nay Nay Naing said...

အမြင်မကပ်ပါနဲ့ . :D နောက်တစ်ခါ ဒီလာလည်တဲ့အခါ ဒီနေရာမှာ ရေးထားတဲ့ ဆိုင်တွေမှာ လိုက်ကျွေးမယ်လေ

Anonymous said...

အာပါပါး
မနာလိုလိုက်တာနော်။
:P

Nay Nay Naing said...

မနာလိုမဖြစ်ပါနဲ့ ..
ဒီမှာ နေရာတိုင်း လိုလိုမှာ ဒါမျိုးအစားအသောက် ရောင်းတဲ့ဆိုင်တွေ ရှိတယ်.. ဈေးလည်း သိပ်မကြီးဘူး...
အခု ဒီပိုစ့်က ပုံတွေကြည့်ရင်း ဗိုက်ဆာလာတယ်..
နေ့ လယ်စာ စားဖို့ အချိန် မြန်မြန်ရောက်ပါစေ..