Pages

September 23, 2008

ပုဇွန် ၀က်နံရိုး ခေါက်ဆွဲ

ဒီနေ့  သွားစားဖြစ်တဲ့ နေ့ လယ်စာ။ စားလို့ ကောင်းပြီး အလုပ်နဲ့ လည်း နီးတာကြောင့် အဲဒီ ဆိုင်မှာ ခနခန စားဖြစ်တယ်။ အရင်ကဆို တစ်ပတ်ကို ၃ ခါလောက်သွား စားဖြစ်တယ်။ အမြဲစားလေ့ရှိတော့ ဆိုင်ကလူတွေက မှတ်မိနေပြီး မလာတာကြာရင် ဘာလို့ ပျောက်နေတာလဲဆို မေးလေ့ရှိတယ်။ အဲဒီမှာ ခေါက်ဆွဲကို Dry နဲ့  Soup ကိုယ်ကြိုက်တာ မှာလို့  ရတယ်။ ကျွန်မကတော့ Dry ပဲ စားလေ့ ရှိတယ်။ ခေါက်ဆွဲ အမျိုးအစားလည်း ၄-၅ မျိုး ကြိုက်တာ မှာလို့ ရတယ်။ Size ကတော့ Small/Medium/Larger ဆိုပြီး သုံးမျိုးရှိတယ်။ ပါတဲ့ ခေါက်ဆွဲ ပမာဏက တူတူပါပဲ၊ အသား နည်းတာများတာသာ ကွာသွားတာပါ။ အသားကတော့ ပုဇွန်၊ ၀က်သား၊ ၀က်နံရိုး ကြိုက်တာ မှာလို့ ရတယ်။ အဲဒီက ခေါက်ဆွဲက အရမ်း အစားကြီးတဲ့ သူတွေအတွက်ဆို ၂ ပွဲလောက် စားမှ ၀လောက်မယ် ထင်တယ်။ ကျွန်မကတော့ ခေါက်ဆွဲတစ်ပွဲ နဲ့  အအေးတစ်ခွက် ဆို နေ့ လယ်စာ အတွက် လုံလောက်ပြီ။ တစ်ခါတလေလဲ Black Carrot Cake တစ်ပွဲမှာပြီး တခြားသူတွေနဲ့  မျှစားလေ့ရှိတယ်။ Black Carrot Cake ကလည်း စားလို့ ကောင်းတယ်။ Carrot Cakeမှာလည်း အစပ်နဲ့  ပုံမှန် ၂ မျိုး မှာလို့  ရတယ်။ အစပ်ဆိုပေမယ့် သိပ်မစပ်တာကြောင့် စားတဲ့အခါတွေမှာ အစပ်ပဲမှာ စားလေ့ရှိတယ်။ အဲဒီမှာ ပေါက်စီ၊ ၀က်သားပေါင်း၊ ကြက်ဥနဲ့  ခရုကြော်၊ အီကြာကွေးကျော်ကို အချိုရေတွေစမ်းထားတာ ( ဘယ်လိုခေါ်လဲတော့ မသိဘူး၊ မကြိုက်လို့  နာမည် မမှတ်မိဘူး)၊ တခြား အကြော်တွေ ရတယ်။

ဆိုင်နာမည်ရေးမယ် စဉ်းစားတဲ့အခါ စဉ်းစားမရဘူး။ တရုတ်နာမည်ဆိုတော့ မမှတ်မိတော့ဘူး။ မေ့သွားပြီ။ နောက်နေ့ မှ သွားပြန် ကြည့်လိုက်အုံးမယ်။ ဆိုင်က အတော်လေးကြီးတော့ ရှာရလွယ်ပါတယ်။ အဲဒီ Prawn Noodle ဆိုင်က နာမည်ကြီးတယ်လို့  ပြောကြတာပဲ။ ဖွင့်တာလဲ အတော်ကြာပြီ။ နေရာက China Square Food Centre နဲ့  လမ်းမပဲ ခြားတယ်။ China Square Food Centre အခု ပိတ်သွားတာ အတော်ကြာပြီ။ Renovations တွေလုပ်နေပြီး Office Buliding လုပ်မယ် ကြာတယ်။ ဒီ ခေါက်ဆွဲဆိုင်ရဲ့ မျက်နှာချင်းဆိုင်မှာ Toast Box လည်းရှိတယ်။ အဲဒီ Prawn Noodle ဆိုင်က တစ်နေကုန် ဖွင့်တဲ့ ဆိုင်ဖြစ်ပါတယ်။


ဒီနေ့ တော့ ဗိုက်ဆာနေတာကြောင့် ခေါက်ဆွဲတပွဲနဲ့  မ၀လို့  နောက်ထပ် ကော်ပြန့် ကြော်နဲ့  ဘာတွေ မှန်းမသိတဲ့ အကြော်နှစ်ခု ထပ်စားလိုက်သေးတယ်။ ဓာတ်ပုံကတော့ ခေါက်ဆွဲ နဲ့  အအေးကိုပဲ ရိုက်ဖြစ်လိုက်တယ်။ ခေါက်ဆွဲလေး စားလိုက်၊ ၀က်ဆီဖတ်ကြော်လေး နည်းနည်းစားလိုက်၊ ပုဇွန် နဲ့  ၀က်နံရိုးကို ငံပြာရည်နဲ့ တို့ ပြီးစားလိုက်၊ ငရုတ်သီး နီနီသေးသေးလေးတွေကို စားလိုက်တဲ့ အခါ စပ်သွားလိုက်၊ အအေးလေးသောက်လိုက်နဲ့  စားလို့  အတော် ကောင်းတယ်။ ပုံမှန် ငရုတ်သီး မကြိုက်ပေမယ် လက်ဖက်သုတ်စားတဲ့ အခါနဲ့  Prawn Noodle စားရင်တော့ ငရုတ်သီး နီနီလေးတွေ စားဖြစ်တယ်။ မှတ်မှတ်ရရ ဒီဆိုင်က ခေါက်ဆွဲစားဖြစ်တာကနေ ကျွန်မ တူနဲ့  နည်းနည်းစားတတ်လာခဲ့တာ။ အရင်ကဆို တူနဲ့ လုံးဝ မစားတတ်ခဲ့ဘူး။

အဲမျိုးတွေက ကိုယ့်ဟာကို လုပ်စားဖို့ လွယ်မယ် ထင်တယ်။ အခုတော့ မလုပ်တတ်သေးဘူး။ လုပ်တတ်ဖို့ လဲ မလိုသေးဘူးလေ။ အခုအခြေအနေက ဆိုင်မှာ လွယ်လွယ်ကူကူ သွားဝယ် စားလို့ ရနေတာကို။ စားကလည်း စားချင်၊ ရောင်းတဲ့ဆိုင်မရှိလို့  ၀ယ်စားလို့ မရတဲ့ အခြေအနေမျိုးတွေ ကြုံလာရင်တော့ ချက်တောင်အောင် လုပ်ပြီး စမ်းချက်စားဖြစ်မယ် ထင်ပါတယ်။ ပြောသာ ပြောတာ ကိုယ်ဟာကိုယ် ချက်စားမှ စားရမယ်ဆို ၊ ပေါ်လာတဲ့ စားချင်စိတ်လေးဟာ တခြားစိတ်ဝင်စားတာတွေ နဲ့  နှိုင်းယှဉ်လိုက်ရင် မှေးမှိန်ပြီး ပျောက်သွား နိုင်တယ်။ တစုံတစ်ယောက်က စားချင်တယ်ဆိုရင်တော့ ကြိုးစား ချက်ကျွေးမိမလား။ ဒါလည်း မသေချာဘူး။ အချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ်...

9 comments:

Steve Evergreen said...

I think you should try at home. You can buy easily those stuffs. Just need to mix at home after minimal heating. Yes when I was in Burma, everything difficult. here all are ready, already cleaned and packed. sure similar thing in Singapore.

Btw, You know that great cooks are only men in the world:)

Moe Cho Thinn said...

နံမည်လေး ဖတ်ပြီးကို စားချင်လွန်းလို့ ကိုAndy ဘလော့ဂ်ကနေ လိုက်လာတယ်။ ပုံကိုကြည့်ပြီး သွားရည်ကျသွားတယ်။

Anonymous said...

never try myanmar dan pauk near hindu temple?

ThuHninSee said...

တစုံတစ်ယောက်က စားချင်တယ်ဆိုရင်တော့ ကြိုးစား ချက်ကျွေးမိမလား။တဲ့။
သဘောကျတယ်ကွယ်။

P.Ti said...

အနံ့သိပ်မနံပဲ စားလို့ကောင်းတယ်ဆိုရင်တော့ ဆိုင်နာမည်လေးပါညွှန်းပေးပါဦးနော်... ဘယ်လိုသွားရတယ်ဆိုတာလေးပါ ရေးပေးပါ.. :D

ကျေးဇူး..

Nay Nay Naing said...

Steve Evergreen >> အခုလက်ရှိ နေတဲ့ အိမ်မှာ ဘာမှချက်မစားဖြစ်သလောက်ပါပဲ။ ချက်ခွင့်ရှိပေမယ့် မီးဖိုက ကျဉ်းလို့  တော်ရုံမီးဖိုထဲ မ၀င်ဖြစ်တော့ဘူး။ ကိုယ်တိုင်ချက်စားကြည့်ဖို့  အကြံပေးတာ ကျေးဇူးပါပဲ။ ယောက်ျားလေးတွေ ဟင်းချက်ဖို့  စိတ်ဝင်စားတယ်ဆို သူတို့ ချက်တဲ့ဟင်းတိုင်းနီးပါးက အရသာရှိတယ်၊ ဟင်းချက် အရမ်းကောင်းတယ် ဆိုတာတော့ ထောက်ခံတယ်။ ကျွန်မ သူငယ်ချင်းယောက်ျားလေး အတော်များများ ဟင်းမျိုးစုံကို အရသာရှိရှိချက်တတ်ကြတယ်။ ဟင်းချက်တာက အိုးကြီးချက်တို့  အထက်မီးအောက်မီးနဲ့ ချက်တာတို့ ဆို ယောက်ျားတွေမှ အားအင်အပြည့်နဲ့  လုပ်နိုင်တာ။ ယောက်ျားလေးတွေက အပင်ပန်းခံနိုင်သလို ၊ အရသာခံလည်း ကောင်းကျ၊ အကောင်း ကြိုက်ကြတာလည်း များသယ်လေ။ ကျွန်မ ဆို စာဖိုမှူးလုပ်ဖို့ မပြောနဲ့  ကိုယ်စားဖို့ အတွက် ဟင်းတခါချက်ပြီးရင်တောင်မှ မောနေတာနဲ့  စားမ၀င်တော့ဘူး။

ဒါနဲ့  ကမ္ဘာပေါ်မှာ နာမည်ကြီး စားဖိုမှူးတွေမှ မဟုတ်ပါဘူး၊ နာမည်ကြီး ဖက်ရှင် ဒီဇိုင်းတီထွင်သူတွေ၊ နာမည်ကြီး မိတ်ကပ်အလှဆင်သူတွေကလည်း မိန်းမတွေထက်စာရင် ယောက်ျားလေးတွေ ပိုများတယ်။

မမိုးချိုသင်း >> ချက်နည်းရေးထားတာ မဟုတ်တော့ အစ်မ ကိုယ်ဟာကိုယ် ချက်စားကြည့်လို့ မရဘူး ဖြစ်သွားတယ် ထင်တယ်။ :D ဒီကို လာလည်ရင်ပြောလေ။ ဆိုင်မှ အ၀ လိုက်ဝယ်ကျွေးမယ်။

Anonymous>> Hindu Temple နားက ဒန်ပေါက် မစားဖူးဘူး။ ဘယ်နားမှာလဲ။ လိပ်စာ ဖြစ်ဖြစ် ၊ ဘယ်လိုသွားရတယ် ဆိုတာဖြစ်ဖြစ် ပြောပြနိုင်မယ်ဆိုရင် သွားစားကြည့်ချင်ပါတယ်။

မမွန် >> နေနေ ရေးထားတာကို သဘောကျတယ် လား။ :D မသေချာဘူးလို့ လည်း ဆက်ပြောထားပါတယ်ကွယ်.. :P

PTi >> အနံသိပ်မရှိဘူး။ ညှီလည်းမညှီဘူး။ အဲဒါမို့ စားလို့ ရတယ်။ ဒီနေ့  PTi ကို ပြောဖို့  ဆိုင် နာမည်ထပ်သွားကြည့်တဲ့ အနေနဲ့  အဲဒီမှာ နေ့ လယ်စာ သွားစားလိုက်တယ်။ ဆိုင်နာမည်က Ta Lu Prawn Noodle လို့ သိရတယ်။ နောက်လ ၁၀ ရက်နေ့  ဆိုင်က နေရာပြောင်းတော့မယ် ဆိုတာ သလိုက်ရလို့  ပြောင်းမယ့် လိပ်စာအသစ်ကို ဓာတ်ပုံရိုက်ယူလာပြီး အပေါ်က ပိုစ့်မှာ တင်ထားပါတယ်။ :)

P.Ti said...

ကျေးဇူးပါပဲ မနေနေနိုင်။ လမ်းကြုံတဲ့အခါသွားစားလို့ရတာပေါ့...

မြန်မာဒန်ပေါက်ဆိုတာ mosque street နဲ့ south bridge road ထောင့်က ဆိုင်ကိုပြောတာထင်ပါတယ်။ ကျောင်းကပွဲတွေများလည်း မှာကျွေးလေ့ရှိတယ်။ စားလို့မဆိုးပါဘူး။

တရုတ်တန်းမှာက mosque street မှာ ကိုရီးယားစာ စားလို့ကောင်းတယ်... :)

Anonymous said...

Hi , thk for the address.

The shop name is taj maha ( i think so). The owner orgin is from burma. It is on the main road. don't turn left on your chicken rice shop. just go straght after cross small road u can see the shop with green signboard. But i think now their u boke days should be the shops will close.
i like their phaluda.

Nay Nay Naing said...

ဒန်ပေါက်ဆိုင်ကို သိသလိုပဲ.. လမ်းဒေါင့်မှာရှိတဲ့ မြန်မာလို ကြိုဆိုပါ၏ လို့  ရေးထားတဲ့ ဆိုင်ထင်တယ်။ အဲဒီဆိုင်ရှေ့ ကိုမရောက်ဖူးပေမယ့် ဘေးလမ်းက ဆိုင်မှာ တခါတလေ ထမင်းစား သွားစားလေ့ရှိတယ်။ တခါတောင် အလုပ်ကလူတွေကို ဟိုဘက်မှာ မြင်ရတဲ့စာက မြန်မာလို ရေးထားတာဆိုပြီး ပြောမိလိုက်သေးတယ်။ အခုမှ ပြန်မှတ်မိတော့တယ်။ ဒန်ပေါက်စားပြီး ဖာလူဒါသွားသောက်မယ်...

ကိုရီးယားအစားအသောက်ဆို အသားကင်ကို ပိုကြိုက်တယ်။ ခုမှပဲ အဲဒီနားက အစားအသောက်ကောင်းကောင်းရတဲ့ ဆိုင်တွေကို သိရတော့တယ်။ စားဖြစ်အောင် သွားစားကြည့်ပါအုံးမယ်။ သတင်းပေးတာ ကျေးဇူးပါပဲ...